သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ေကာင္စီလက္ေအာက္ ရိုဟင္ဂ်ာဒုကၡသည္ေတြ ဌာေနျပန္နိုင္ေရး အလားအလာ


Rohingya refugees walk in market area inside a refugee camp in Ukhia on April 6, 2021 during the second day of weeklong government-imposed lockdown amid an increase of COVID-19 coronavirus cases. (Photo by Miraj KATEB / AFP)


စစ္ေကာင္စီလက္ေအာက္ ရိုဟင္ဂ်ာဒုကၡသည္ေတြ ဌာေနျပန္နိုင္ေရး အလားအလာ

{{Zawgyi/Unicode}}
ဘဂၤလားေဒ့ရွ္ႏိုင္ငံကေန ရုိဟင္ဂ်ာဒုကၡသည္ေတြ ျမန္မာျပည္ ျပန္ႏုိင္ေရး ေဝဝါးေနဆဲျဖစ္တယ္လုိ့ ရခုိင္ရုိဟင္ဂ်ာသမဂၢ(ARU) ကေန၊ OIC ႏုိင္ငံတကာအစၥလမၼစ္အဖြဲ့ အပါအဝင္၊ ႏုိင္ငံတကာအစုိးရေတြနဲ့ အဖဲြ့စည္းအသီးသီးကုိ ေပးပုိ့တဲ့အစီရင္ခံစာထဲမွာ ေဖၚျပထားပါတယ္။ ဒါ့အျပင္ ျမန္မာႏုိင္ငံက ႏုိင္ငံေရးပဋိပကၡေတြမွာ ၿပိဳင္ဘက္ႏုိင္ငံေရးအင္အားစုေတြကုိ ထုိးႏွက္ဖုိ့အတြက္ ရုိဟင္ဂ်ာေတြကုိ ခုတုံးလုပ္ေရးသား ေျပာဆုိတာမ်ိဳးေတြကုိလည္း ရပ္တန့္ဖုိ့ေဖၚျပထားပါတယ္။ အျပည့္အစုံကုိ ကုိေဇာ္မုိးေက်ာ္ ကတင္ျပေပးပါမယ္။

၂၀၁၇ ခုႏွစ္ အၾကမ္းဖက္တုိက္ခုိက္မွုေတြေၾကာင့္ ဘဂၤလားေဒ့ရွ္ဘက္ကုိထြက္ေျပးသြားတဲ့ ရုိဟင္ဂ်ာဒုကၡသည္ ၁ သန္း ၂ သိန္း ေနရပ္ျပန္ေရးဟာ ၅ ႏွစ္ၾကာတဲ့အထိ မေရမရာျဖစ္ေနစဲပဲလုိ့ ရခုိင္ရုိဟင္ဂ်ာသမဂၢ ARU ရဲ့ ဇႏၷ၀ါရီလ ၃၁ ရက္ေန့ေန့စဲြနဲ့ ထုတ္ျပန္တဲ့ OIC ႏုိင္ငံတကာ အစၥလမၼစ္အဖဲြ့အပါအ၀င္ ႏုိင္ငံတကာအဖဲြ့အစည္း အသီးသီးကုိေပးပုိ့တဲ့ အစီရင္ခံစာထဲမွာေဖၚျပထားပါတယ္။ ဒါေပမယ့္လည္း ၿပီးခဲ့တဲ့ ဇႏၷ၀ါရီလ ၂၇ ရက္ေန့က ျမန္မာစစ္ေကာင္စီနဲ့ ဘဂၤလားေဒ့ရွ္အစိုးရတုိ့ ဒုကၡသည္ေတြ ေနရပ္ျပန္ႏုိင္ဖုိ့ စီစစ္ေရးကိစၥေတြနဲ့ ပတ္သက္ၿပီး ေဆြးေႏြးခဲ့တဲ့အတြက္ ေနရပ္ျပန္ေရးဟာ ခပ္ေရးေရး ေမွ်ာ္လင့္ခ်က္ေတြျဖစ္ေပၚလာရေၾကာင္း ေဖၚျပထားပါတယ္။

ဒါေပမယ့္ ဒီအစီရင္ခံစာထဲမွာ စစ္တပ္က အာဏာမသိမ္းမီ ၃ ေလာက္အလုိမွာ ဝန္ႀကီးေဟာင္း၊ ေရတပ္ဗုိလ္ခ်ဳပ္ေဟာင္း ဦးစုိးသိမ္း ထုတ္ေ၀ခဲ့တဲ့စာအုပ္ထဲမွာ ေဒၚေအာင္ဆန္းစုၾကည္ကေန ရုိဟင္ဂ်ာအေရး ဦးေဆာင္လွုပ္ရွားေနသူ ေဒါက္တာ ၀ါကာအူဒင္ကုိ စာေရးသားျပီး ေရြးေကာက္ပဲြမွာ NLD အႏုိင္ရေရး ကူညီဖုိ့နဲ့ ရုိဟင္ဂ်ာေတြအေပၚဖိႏွိပ္မွု က်ဴးလြန္သူေတြကိုအေရးယူႏုိင္ဖုိ့ ဥပေဒျပဌာန္းေပးမယ္လုိ့ေဖာ္ျပခဲ့ပါတယ္။ အဲဒီလုိေဖၚျပသလုိ ေဒၚေအာင္ဆန္းစုၾကည္ဆီက စာရရွိခဲ့ဖူးပါသလား၊ ဘာေၾကာင့္ဒီလုိေရးသားေဖၚ ျပတယ္လုိ့ထင္ပါသလဲလုိ့ေမးၾကည့္တဲ့အခါ ေဒါက္တာ ဝါကာအူဒင္ က အခုလိုေျဖဆုိခဲ့ပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ရယ္၊ ေနာက္ NLD အစိုးရရတယ္၊ ေနာက္ NLD ပါတီကေရာ ဘယ္သူဆီကမွ က်ေနာ္ဆီကို စာမေရးခဲ့ပါဘူး၊ က်ေနာ္ဘယ္သူဆီကမွ စာမရခဲ့ပါဘူး။ က်ေနာ္ထင္တာကေတာ့ ေဒၚေအာင္ဆန္းစုၾကည္ NLD နဲ့ယွဥ္ၿပိဳင္တဲ့ အဖဲြ့ USDP ျဖစ္ျဖစ္၊ တပ္မေတာ္ျဖစ္ျဖစ္၊ က်ေနာ္ကေတာ့ အတိအက်ေျပာလုိ့မရဘူး။ ဒါေပမယ့္ က်ေနာ္နားလည္တာကေတာ့ ေဒၚေအာင္ဆန္းစုၾကည္ကုိ မႏွစ္သက္တဲ့၊ ေဒၚေအာင္ဆန္းစုၾကည္NLD နဲ့ ယွဥ္ၿပိဳင္တဲ့အဖဲြ့ေတြက အဲဒါကုိဖန္တီးၿပီးေတာ့ေရးပါတယ္။ ဘာျဖစ္လုိ့လဲဆုိေတာ့ အဲဒီရုိဟင္ဂ်ာရဲ့အေရးကုိ၊ ရုိဟင္ဂ်ာရဲ့ Genocide (လူမ်ိဳးတုံးသတ္ျဖတ္မွု) အေၾကာင္းကုိသုံးၿပီးေတာ့ ေဒၚေအာင္ဆန္းစုၾကည္ NLD ဆုံးရွုံးသြားေအာင္၊ ျမန္မာျပည္သူေတြက သူ့ကိုမဲမေပးေအာင္ အဲဒါဖန္တီးၿပီးေတာ့ ေရးတယ္လုိ့က်ေနာ္ထင္ပါတယ္။ အခုလုိ ရုိဟင္ဂ်ာေတြကုိခုတုံးလုပ္ေရးသားတာမ်ိဳး ေနာက္ေနာင္စာအုပ္ စာတမ္းေတြျဖန့္ ေဝတာမ်ိဳးမလုပ္ဖုိ့၊ ဒီအစီရင္ခံစာထဲမွာေဖၚျပထားပါတယ္။

ေဇာ္မုိေက်ာ္။ ။ေနာက္တခုက ဒီအစီရင္ခံစာထဲမွာဘဂၤလားေဒ့ရွ္မွာ ရုိဟင္ဂ်ာ ၁ သန္း ၂ သိန္းေက်ာ္ရွိတယ္လို့ ေဖၚျပထားပါ တယ္။ အဲဒီဒုကၡသည္ေတြ ျမန္မာျပည္ျပန္ရႏုိင္မယ့္ေမွ်ာ္လင့္ခ်က္ကဘယ္လုိရွိပါသလဲ။

၀ါကာအူဒင္။ ။က်ေနာ္ကေမွ်ာ္လင့္ပါတယ္။ က်ေနာ္ကျဖစ္မယ္လုိ့ေမွ်ာ္လင့္ပါတယ္။ ဘာျဖစ္လုိ့လဲဆုိေတာ့ ဒီျမန္မာအစုိးရ ျမန္မာတပ္မေတာ္က ျမန္မာႏုိင္ငံရဲ့ တုိင္းရင္းသားျဖစ္တဲ့ ရုိဟင္ဂ်ာကုိ ျပန္ေခၚဖုိ့အတြက္ သူမွာတာ၀န္ရွိပါတယ္။ World Court ICJ (ကမၻာခုံရုံး ICJ, ႏုိင္ငံတကာရာဇ၀တ္မွုခုံရုံး) မွာလည္း Genocide (လူမ်ိဳးတုံးသတ္ျဖတ္မွု) ျပႆနာျဖစ္တယ္၊ ျမန္မာအေနနဲ့၊ ျမန္မာတပ္မေတာ္အေနနဲ့ သူတုိ့ကုိ (ရုိဟင္ဂ်ာေတြကုိ) အျမန္ဆုံး ျပန္ေခၚသြားဖုိ့အတြက္ က်ေနာ္တို့ေမွ်ာ္လင့္ခ်က္ အၿမဲတမ္းရွိပါတယ္။

ေဇာ္မုိးေက်ာ္။ ။ ေနာက္တခုကေတာ့ ျမန္မာႏုိင္ငံမွာ စစ္တပ္ကအာဏာသိမ္းထားပါတယ္။ ၂၀၁၇ ခုႏွစ္တုန္းက အဲဒီစစ္တပ္နဲ့ ဒီလုံၿခုံေရးတပ္ဖဲြ့၀င္ေတြက အၾကမ္းဖက္တုိက္ခုိက္မွုေတြ၊ က်ဴးလြန္ခဲ့တယ္ဆုိၿပီးေတာ့ ဒီႏုိင္ငံတကာခုံရုံးေရာက္တဲ့အထိ တရားစဲြဆုိထားတာရွိပါတယ္။ အဲဒီေတာ့ဒီစစ္တပ္က တုိင္းျပည္ကုိအာဏာသိမ္းထားတဲ့ အခ်ိန္မွာျပန္မယ္ဆုိလိုရွိရင္လုံၿခဳံပီးေတာ့ လူ့ဂုဏ္သိကၡာနဲ့ အညီျပန္ရႏုိင္ဖုိ့ ဆုိတာျဖစ္ႏုိင္ပါ့မလား။

၀ါကာအူဒင္ ။ ။ျပန္ႏုိင္ပါတယ္ ျမန္မာအစိုးရက အဲဒါတပ္မေတာ္ကနားလည္သင့္ပါတယ္။ သူတုိ့ ရုိဟင္ဂ်ာကုိ ၂၀၁၇ ခုႏွစ္မွာလုပ္ခဲ့သလုိ အခုျပန္လုပ္မယ္ဆုိရင္ ဘာျဖစ္မယ္ဆုိတာ သူတုိ့နားလည္ပါတယ္။

ေဇာ္မုိးေက်ာ္။ ။ဒီလက္ရွိျဖစ္ေနတဲ့ ရုိဟင္ဂ်ာျပႆနာေပါ့ေနာ္၊ ရုိဟင္ဂ်ာကိစၥ ေျပလည္သြားဖုိ့ဆုိလုိ့ရွိရင္ အဓိကဘယ္အခ်က္ကုိရွင္းရမွာလည္းခင္ဗ်။ ဘယ္အခ်က္က အဓိကျပႆနာျဖစ္ေနပါလဲခင္ဗ်။

၀ါကာအူဒင္။ ။ ဒီကအခ်က္ကတုိင္းရင္းသား။ ရုိဟင္ဂ်ာလူမ်ိဳးဟာ ရခုိင္ျပည္မွာ ေနတာဘယ္ေလာက္အထိၾကာၿပီလည္း သူတုိ့ Historically (သမုိင္းေၾကာင္းအရ) သူတုိ့အဲဒီ ေဒသက လူေတြ၊ တုိင္းရင္းသား၊ ႏုိင္ငံသား၊ တုိင္းရင္းသား၊ ေနာက္ၿပီးေတာ့ ရုိဟင္ဂ်ာဆုိတာ လူမ်ိဳးတမ်ိဳး၊ ရုိဟင္ဂ်ာဆုိတာလူမ်ိဳးရဲ့နာမည္၊ အဲဒါကုိအသိအမွတ္ျပုဖုိ့၊ ရုိဟင္ဂ်ာရဲ့ ျပည္နယ္တခု၊ ရုိဟင္ဂ်ာရဲ့ႏုိင္ငံတခု ေျပာတာမဟုတ္ပါဘူး။”

ၿပီးခဲ့တဲ့အစုိးရ လက္ထက္တုန္းကလည္း ရုိဟင္ဂ်ာလုိ့ တရား၀င္ သုံးစဲြခဲ့တာမ်ိဳးမရွိသလုိ၊ ျမန္မာစစ္တပ္နဲ့ စစ္ေခါင္းေဆာင္ေတြကလည္း ရုိဟင္ဂ်ာဆုိတဲ့ အသုံးအႏွုန္းကုိ အသိအမွတ္ျပု လက္ခံထားျခင္းမရွိပါဘူး။

ျမန္မာႏုိင္ငံမွာ ရုိဟင္ဂ်ာနဲ့ မြတ္ဆလင္ေတြကုိ ႏုိင္ငံေရးအရ ခုတုံးလုပ္အသုံးခ်ၿပီး ၀ါဒျဖန့္တာမ်ိဳးေတြရွိသလုိ စစ္တပ္ကအာဏာသိမ္းဖုိ့ကိစၥမွာလည္း NLD ႏုိင္ရင္ အမ်ိဳးဘာသာသာသနာ ကြယ္ေပ်ာက္မယ္ဆုိတာမ်ိဳးေတြနဲ့ ၿခိမ္းေျခာက္ဖန္တီးၿပီးေတာ့ စစ္တပ္ကေန အာဏာသိမ္းေအာင္လွုံေဆာ္ခဲ့တယ္ဆုိတာမ်ိဳးေတြသုံးသပ္ ေျပာဆုိတာေတြရွိပါတယ္။ ဒီကိစၥနဲ့ပတ္သက္လုိ့ကေတာ့ NUG အစုိးရကခန့္အပ္ ထားတဲ့ ASEAN ဆုိင္ရာ သံအမတ္ႀကီးဦးဘုိလွတင့္က အခုလုိမွတ္ခ်က္ျပုေျပာဆုိပါတယ္။

“ ဒါဟာလုံး၀အေျခအျမစ္မရွိတဲ့သုံးသပ္ခ်က္လုိ့ က်ေနာ္တုိ့ေျပာခ်င္ပါတယ္။ စစ္တပ္အာဏာသိမ္းတာက စစ္တပ္က အခြင့္ထူးခံ လူတန္းစားတရပ္အေနနဲ့ ဥပေဒရဲ့အထက္မွာေနၿပီးေတာ့ တုိင္းျပည္ကုိ စုိမုိးခ်ဳပ္ကုိင္ခ်င္တယ္။ NLD ႏုိင္ရင္ တုိင္းျပည္ဟာ သာသနာေပ်ာက္မယ္ဆုိရေအာင္ ၂၀၁၅ ခုႏွစ္မွာ NLD ႏုိင္ၿပီးေတာ့ ၅ ႏွစ္အုပ္ခ်ဳပ္တဲ့ကာလမွာ အဲဒီအခ်င္းအရာေတြ ျပည္သူလူထုထဲက ထြက္လာတာဘာမ်ားရွိသလဲလုိ့ ျပန္ၿပီးေတာ့ က်ေနာ္တုိ့ေမးခြန္းထုတ္ရမွာျဖစ္ပါတယ္။ က်ေနာ္တုိ့တုိင္းျပည္လြတ္လပ္ေရးရၿပီးတဲ့ကာလမွာလည္းဘဲ ျပည္သူလူထုၾကားထဲမွာ မြတ္ဆလင္နဲ့ ဗုဒၶဘာသာ အဓိကရုန္းေသာ္လည္းေကာင္း၊ က်န္တဲ့ခရစ္ယန္နဲ့ ဗုဒၶဘာသာ အဓိကရုန္းမ်ိဳးေသာ္လည္းေကာင္း မရွိခဲ့ပါဘူး၊ ဒါေပမယ့္ စစ္အာဏာရွင္ေတြ အာဏာသိမ္းၿပီးတဲ့ ၁၉၆၂ ခုႏွစ္ ေနာက္ပုိင္းမွာမွ တရုတ္ဗမာအေရးအခင္းကုိဖန္တီးတာမ်ိဳး၊ မြတ္ဆလင္ ဗုဒၶဘာ သာအေရးအခင္းကုိဖန္တီးတာမ်ိဳးေတြဟာအစဥ္တစုိက္ စစ္အာဏာရွင္ေတြက လုပ္ခဲ့တဲ့ လုပ္ရပ္ေတြဘဲျဖစ္ပါတယ္။

.............................................................

တိုက္႐ိုက္ လင့္ခ္


စစ်ကောင်စီလက်အောက် ရိုဟင်ဂျာဒုက္ခသည်တွေ ဌာနေပြန်နိုင်ရေး အလားအလာ

{{Zawgyi/Unicode}}
ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ရိုဟင်ဂျာဒုက္ခသည်တွေ မြန်မာပြည် ပြန်နိုင်ရေး ေ၀ဝါးနေဆဲဖြစ်တယ်လို့ ရခိုင်ရိုဟင်ဂျာသမဂ္ဂ(ARU) ကနေ၊ OIC နိုင်ငံတကာအစ္စလမ္မစ်အဖွဲ့ အပါအဝင်၊ နိုင်ငံတကာအစိုးရတွေနဲ့ အဖွဲ့စည်းအသီးသီးကို ပေးပို့တဲ့အစီရင်ခံစာထဲမှာ ဖေါ်ပြထားပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံက နိုင်ငံရေးပဋိပက္ခတွေမှာ ပြိုင်ဘက်နိုင်ငံရေးအင်အားစုတွေကို ထိုးနှက်ဖို့အတွက် ရိုဟင်ဂျာတွေကို ခုတုံးလုပ်ရေးသား ပြောဆိုတာမျိုးတွေကိုလည်း ရပ်တန့်ဖို့ဖေါ်ပြထားပါတယ်။ အပြည့်အစုံကို ကိုဇော်မိုးကျော် ကတင်ပြပေးပါမယ်။

၂၀၁၇ ခုနှစ် အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်ကိုထွက်ပြေးသွားတဲ့ ရိုဟင်ဂျာဒုက္ခသည် ၁ သန်း ၂ သိန်း နေရပ်ပြန်ရေးဟာ ၅ နှစ်ကြာတဲ့အထိ မရေမရာဖြစ်နေစဲပဲလို့ ရခိုင်ရိုဟင်ဂျာသမဂ္ဂ ARU ရဲ့ ဇန္နဝါရီလ ၃၁ ရက်နေ့နေ့စွဲနဲ့ ထုတ်ပြန်တဲ့ OIC နိုင်ငံတကာ အစ္စလမ္မစ်အဖွဲ့အပါအဝင် နိုင်ငံတကာအဖွဲ့အစည်း အသီးသီးကိုပေးပို့တဲ့ အစီရင်ခံစာထဲမှာဖေါ်ပြထားပါတယ်။ ဒါပေမယ့်လည်း ပြီးခဲ့တဲ့ ဇန္နဝါရီလ ၂၇ ရက်နေ့က မြန်မာစစ်ကောင်စီနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရတို့ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ဖို့ စီစစ်ရေးကိစ္စတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့တဲ့အတွက် နေရပ်ပြန်ရေးဟာ ခပ်ရေးရေး မျှော်လင့်ချက်တွေဖြစ်ပေါ်လာရကြောင်း ဖေါ်ပြထားပါတယ်။

ဒါပေမယ့် ဒီအစီရင်ခံစာထဲမှာ စစ်တပ်က အာဏာမသိမ်းမီ ၃ လောက်အလိုမှာ ဝန်ကြီးဟောင်း၊ ရေတပ်ဗိုလ်ချုပ်ဟောင်း ဦးစိုးသိမ်း ထုတ်ဝေခဲ့တဲ့စာအုပ်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကနေ ရိုဟင်ဂျာအရေး ဦးဆောင်လှုပ်ရှားနေသူ ဒေါက်တာ ဝါကာအူဒင်ကို စာရေးသားပြီး ရွေးကောက်ပွဲမှာ NLD အနိုင်ရရေး ကူညီဖို့နဲ့ ရိုဟင်ဂျာတွေအပေါ်ဖိနှိပ်မှု ကျူးလွန်သူတွေကိုအရေးယူနိုင်ဖို့ ဥပဒေပြဌာန်းပေးမယ်လို့ဖော်ပြခဲ့ပါတယ်။ အဲဒီလိုဖေါ်ပြသလို ဒေါ်အောင်ဆန်းစုကြည်ဆီက စာရရှိခဲ့ဖူးပါသလား၊ ဘာကြောင့်ဒီလိုရေးသားဖေါ် ပြတယ်လို့ထင်ပါသလဲလို့မေးကြည့်တဲ့အခါ ဒေါက်တာ ဝါကာအူဒင် က အခုလိုဖြေဆိုခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရယ်၊ နောက် NLD အစိုးရရတယ်၊ နောက် NLD ပါတီကရော ဘယ်သူဆီကမှ ကျနော်ဆီကို စာမရေးခဲ့ပါဘူး၊ ကျနော်ဘယ်သူဆီကမှ စာမရခဲ့ပါဘူး။ ကျနော်ထင်တာကတော့ ဒေါ်အောင်ဆန်းစုကြည် NLD နဲ့ယှဉ်ပြိုင်တဲ့ အဖွဲ့ USDP ဖြစ်ဖြစ်၊ တပ်မတော်ဖြစ်ဖြစ်၊ ကျနော်ကတော့ အတိအကျပြောလို့မရဘူး။ ဒါပေမယ့် ကျနော်နားလည်တာကတော့ ဒေါ်အောင်ဆန်းစုကြည်ကို မနှစ်သက်တဲ့၊ ဒေါ်အောင်ဆန်းစုကြည်NLD နဲ့ ယှဉ်ပြိုင်တဲ့အဖွဲ့တွေက အဲဒါကိုဖန်တီးပြီးတော့ရေးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီရိုဟင်ဂျာရဲ့အရေးကို၊ ရိုဟင်ဂျာရဲ့ Genocide (လူမျိုးတုံးသတ်ဖြတ်မှု) အကြောင်းကိုသုံးပြီးတော့ ဒေါ်အောင်ဆန်းစုကြည် NLD ဆုံးရှုံးသွားအောင်၊ မြန်မာပြည်သူတွေက သူ့ကိုမဲမပေးအောင် အဲဒါဖန်တီးပြီးတော့ ရေးတယ်လို့ကျနော်ထင်ပါတယ်။ အခုလို ရိုဟင်ဂျာတွေကိုခုတုံးလုပ်ရေးသားတာမျိုး နောက်နောင်စာအုပ် စာတမ်းတွေဖြန့် ဝေတာမျိုးမလုပ်ဖို့၊ ဒီအစီရင်ခံစာထဲမှာဖေါ်ပြထားပါတယ်။

ဇော်မိုကျော်။ ။နောက်တခုက ဒီအစီရင်ခံစာထဲမှာ ဘင်္ဂလားဒေ့ရှ်မှာ ရိုဟင်ဂျာ ၁ သန်း ၂ သိန်းကျော်ရှိတယ်လို့ ဖေါ်ပြထားပါ တယ်။ အဲဒီဒုက္ခသည်တွေ မြန်မာပြည်ပြန်ရနိုင်မယ့်မျှော်လင့်ချက်ကဘယ်လိုရှိပါသလဲ။

ဝါကာအူဒင်။ ။ကျနော်ကမျှော်လင့်ပါတယ်။ ကျနော်ကဖြစ်မယ်လို့မျှော်လင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီမြန်မာအစိုးရ မြန်မာတပ်မတော်က မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားဖြစ်တဲ့ ရိုဟင်ဂျာကို ပြန်ခေါ်ဖို့အတွက် သူမှာတာဝန်ရှိပါတယ်။ World Court ICJ (ကမ္ဘာခုံရုံး ICJ, နိုင်ငံတကာရာဇဝတ်မှုခုံရုံး) မှာလည်း Genocide (လူမျိုးတုံးသတ်ဖြတ်မှု) ပြဿနာဖြစ်တယ်၊ မြန်မာအနေနဲ့၊ မြန်မာတပ်မတော်အနေနဲ့ သူတို့ကို (ရိုဟင်ဂျာတွေကို) အမြန်ဆုံး ပြန်ခေါ်သွားဖို့အတွက် ကျနော်တို့မျှော်လင့်ချက် အမြဲတမ်းရှိပါတယ်။

ဇော်မိုးကျော်။ ။ နောက်တခုကတော့ မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းထားပါတယ်။ ၂၀၁၇ ခုနှစ်တုန်းက အဲဒီစစ်တပ်နဲ့ ဒီလုံခြုံရေးတပ်ဖွဲ့ဝင်တွေက အကြမ်းဖက်တိုက်ခိုက်မှုတွေ၊ ကျူးလွန်ခဲ့တယ်ဆိုပြီးတော့ ဒီနိုင်ငံတကာခုံရုံးရောက်တဲ့အထိ တရားစွဲဆိုထားတာရှိပါတယ်။ အဲဒီတော့ဒီစစ်တပ်က တိုင်းပြည်ကိုအာဏာသိမ်းထားတဲ့ အချိန်မှာပြန်မယ်ဆိုလိုရှိရင်လုံခြုံပီးတော့ လူ့ဂုဏ်သိက္ခာနဲ့ အညီပြန်ရနိုင်ဖို့ ဆိုတာဖြစ်နိုင်ပါ့မလား။

ဝါကာအူဒင် ။ ။ ပြန်နိုင်ပါတယ် မြန်မာအစိုးရက အဲဒါတပ်မတော်ကနားလည်သင့်ပါတယ်။ သူတို့ ရိုဟင်ဂျာကို ၂၀၁၇ ခုနှစ်မှာလုပ်ခဲ့သလို အခုပြန်လုပ်မယ်ဆိုရင် ဘာဖြစ်မယ်ဆိုတာ သူတို့နားလည်ပါတယ်။

ဇော်မိုးကျော်။ ။ဒီလက်ရှိဖြစ်နေတဲ့ ရိုဟင်ဂျာပြဿနာပေါ့နော်၊ ရိုဟင်ဂျာကိစ္စ ပြေလည်သွားဖို့ဆိုလို့ရှိရင် အဓိကဘယ်အချက်ကိုရှင်းရမှာလည်းခင်ဗျ။ ဘယ်အချက်က အဓိကပြဿနာဖြစ်နေပါလဲခင်ဗျ။

ဝါကာအူဒင်။ ။ ဒီကအချက်ကတိုင်းရင်းသား။ ရိုဟင်ဂျာလူမျိုးဟာ ရခိုင်ပြည်မှာ နေတာဘယ်လောက်အထိကြာပြီလည်း သူတို့ Historically (သမိုင်းကြောင်းအရ) သူတို့အဲဒီ ဒေသက လူတွေ၊ တိုင်းရင်းသား၊ နိုင်ငံသား၊ တိုင်းရင်းသား၊ နောက်ပြီးတော့ ရိုဟင်ဂျာဆိုတာ လူမျိုးတမျိုး၊ ရိုဟင်ဂျာဆိုတာလူမျိုးရဲ့နာမည်၊ အဲဒါကိုအသိအမှတ်ပြုဖို့၊ ရိုဟင်ဂျာရဲ့ ပြည်နယ်တခု၊ ရိုဟင်ဂျာရဲ့နိုင်ငံတခု ပြောတာမဟုတ်ပါဘူး။”

ပြီးခဲ့တဲ့အစိုးရ လက်ထက်တုန်းကလည်း ရိုဟင်ဂျာလို့ တရားဝင် သုံးစွဲခဲ့တာမျိုးမရှိသလို၊ မြန်မာစစ်တပ်နဲ့ စစ်ခေါင်းဆောင်တွေကလည်း ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို အသိအမှတ်ပြု လက်ခံထားခြင်းမရှိပါဘူး။

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာနဲ့ မွတ်ဆလင်တွေကို နိုင်ငံရေးအရ ခုတုံးလုပ်အသုံးချပြီး ဝါဒဖြန့်တာမျိုးတွေရှိသလို စစ်တပ်ကအာဏာသိမ်းဖို့ကိစ္စမှာလည်း NLD နိုင်ရင် အမျိုးဘာသာသာသနာ ကွယ်ပျောက်မယ်ဆိုတာမျိုးတွေနဲ့ ခြိမ်းခြောက်ဖန်တီးပြီးတော့ စစ်တပ်ကနေ အာဏာသိမ်းအောင်လှုံဆော်ခဲ့တယ်ဆိုတာမျိုးတွေသုံးသပ် ပြောဆိုတာတွေရှိပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ကတော့ NUG အစိုးရကခန့်အပ် ထားတဲ့ ASEAN ဆိုင်ရာ သံအမတ်ကြီးဦးဘိုလှတင့်က အခုလိုမှတ်ချက်ပြုပြောဆိုပါတယ်။

“ ဒါဟာလုံးဝအခြေအမြစ်မရှိတဲ့သုံးသပ်ချက်လို့ ကျနော်တို့ပြောချင်ပါတယ်။ စစ်တပ်အာဏာသိမ်းတာက စစ်တပ်က အခွင့်ထူးခံ လူတန်းစားတရပ်အနေနဲ့ ဥပဒေရဲ့အထက်မှာနေပြီးတော့ တိုင်းပြည်ကို စိုမိုးချုပ်ကိုင်ချင်တယ်။ NLD နိုင်ရင် တိုင်းပြည်ဟာ သာသနာပျောက်မယ်ဆိုရအောင် ၂၀၁၅ ခုနှစ်မှာ NLD နိုင်ပြီးတော့ ၅ နှစ်အုပ်ချုပ်တဲ့ကာလမှာ အဲဒီအချင်းအရာတွေ ပြည်သူလူထုထဲက ထွက်လာတာဘာများရှိသလဲလို့ ပြန်ပြီးတော့ ကျနော်တို့မေးခွန်းထုတ်ရမှာဖြစ်ပါတယ်။ ကျနော်တို့တိုင်းပြည်လွတ်လပ်ရေးရပြီးတဲ့ကာလမှာလည်းဘဲ ပြည်သူလူထုကြားထဲမှာ မွတ်ဆလင်နဲ့ ဗုဒ္ဓဘာသာ အဓိကရုန်းသော်လည်းကောင်း၊ ကျန်တဲ့ခရစ်ယန်နဲ့ ဗုဒ္ဓဘာသာ အဓိကရုန်းမျိုးသော်လည်းကောင်း မရှိခဲ့ပါဘူး၊ ဒါပေမယ့် စစ်အာဏာရှင်တွေ အာဏာသိမ်းပြီးတဲ့ ၁၉၆၂ ခုနှစ် နောက်ပိုင်းမှာမှ တရုတ်ဗမာအရေးအခင်းကိုဖန်တီးတာမျိုး၊ မွတ်ဆလင် ဗုဒ္ဓဘာ သာအရေးအခင်းကိုဖန်တီးတာမျိုးတွေဟာအစဉ်တစိုက် စစ်အာဏာရှင်တွေက လုပ်ခဲ့တဲ့ လုပ်ရပ်တွေဘဲဖြစ်ပါတယ်။

XS
SM
MD
LG