သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဘာဆန္ခ်ာကြ်န္းက ႐ိုဟင္ဂ်ာကေလးငယ္ေတြကို UNICEF ကာကြယ္ေဆးထိုး


Bangladesh Rohingya

ကုလသမဂၢရဲ့ ပံုမွန္ ကေလးသူငယ္ ကာကြယ္ေဆးထုိးႏွံတဲ့ အစီစဥ္ကေန ဘဂၤလားေဒ့ရွ္ႏိုင္ငံ ဘာဆန္ခ်ာကၽြန္းက ရိုဟင္ဂ်ာ ဒုကၡသည္ ကေလးငယ္ေတြကို ဒီသီတင္းပတ္ထဲမွာ ကာကြယ္ေဆး ထိုးႏွံေပးေနၿပီျဖစ္ေၾကာင္း ကုလသမဂၢ ကေလးမ်ားရံပံုေငြအဖြဲ႔ UNICEF က ၾကာသပေတးေန႔မွာ သတင္းထုတ္ျပန္ပါတယ္။

ဘာဆန္ခ်ာကြ်န္းက ႐ိုဟင္ဂ်ာကေလးငယ္ေတြကို UNICEF ကာကြယ္ေဆးထိုး

{{Zawgyi/Unicode}}
ကုလသမဂၢရဲ့ ပံုမွန္ ကေလးသူငယ္ ကာကြယ္ေဆးထုိးႏွံတဲ့ အစီစဥ္ကေန ဘဂၤလားေဒ့ရွ္ႏိုင္ငံ ဘာဆန္ခ်ာကၽြန္းက ရိုဟင္ဂ်ာ ဒုကၡသည္ ကေလးငယ္ေတြကို ဒီသီတင္းပတ္ထဲမွာ ကာကြယ္ေဆး ထိုးႏွံေပးေနၿပီျဖစ္ေၾကာင္း ကုလသမဂၢ ကေလးမ်ားရံပံုေငြအဖြဲ႔ UNICEF က ၾကာသပေတးေန႔မွာ သတင္းထုတ္ျပန္ပါတယ္။

ဘာဆန္ခ်ာကၽြန္းက ကေလးငယ္ေတြ ကာကြယ္ေဆး ထိုးႏွံႏိုင္ေအာင္ UNICEF က ဘဂၤလားေဒ့ရွ္ အစိုးရကို နည္းပညာနဲ႔ ေငြေၾကးဆိုင္ရာ အေထာက္အပံေတြ ေပးေနတာပါ။ ကေလးငယ္ေတြ ဒီကၽြန္းေပၚ စေရာက္ကတည္းက သူတုိ႔အတြက္ ခ်မွတ္ထားတဲ့ အထူးအစီစဥ္ ၂ ခုနဲ႔ ကာကြယ္ေဆးေတြ ထိုးေပးေနတာ ျဖစ္ၿပီး ဒီသီတင္းပတ္ထဲမွာေတာ့ ပထမဆံုး ပံုမွန္ ကာကြယ္ေဆး ထိုိးႏွံတဲ့ အစီစဥ္ စတင္လိုက္တာ ျဖစ္ပါတယ္။

ဘာဆန္ခ်ာကၽြန္းက ဒုကၡသည္ ရိုဟင္ဂ်ာ ကေလးငယ္ေတြ ကာကြယ္ေဆးထိုးဖုိ႔ လုိအပ္ေနၿပီး ေဆးမထိုးရင္ အသက္ဆံုးတဲ့ အထိ အႏၱရာယ္ ႀကံဳရႏိုင္တာေၾကာင့္ အခ်ိန္ေတြ အလဟႆ အျဖစ္ မခံႏိုင္ဘူးလို႔ ဧၿပီလ ၂၀ နဲ႔ ၂၁ ရက္ေတြမွာ ဘာဆန္ခ်ာကၽြန္းကို သြားေရာက္ခဲ့တဲ့ ေတာင္အာရွ ဆိုင္ရာ UNICEF အႀကီးအကဲ George Laryea-Adjei က ေျပာပါတယ္။

ဘဂၤလားေဒ့ရွ္ အစိုးရရဲ့ EPI တိုးခ်ဲ႕ ကာကြယ္ေဆးထိုးအစီစဥ္အတိုင္း ကုလသမဂၢက ကာကြယ္ေဆး ထိုးႏွံတဲ့ အစီစဥ္ကို ေဆာင္ရြက္ေနတာျဖစ္ၿပီး ဆံုဆို႔နာ၊ ၾကက္ညွာေခ်ာင္းဆိုး၊ ေမးခိုင္ပိုး၊ အသဲေရာင္ ဘီပိုး၊ ေသြးမတိတ္ေရာဂါ၊ ပိုလီယို၊ နမိုးနီးယား၊ TB ၊ ဝက္သက္နဲ႔ ရူဘဲလာ ဂ်ာမန္ဝက္သက္ ေရာဂါဆိုင္ရာ ကာကြယ္ေဆး ထိုးႏွံဖို႔ေတြ ပါဝင္ပါတယ္။

မႏွစ္ကမွ Cox’s Bazar ဒုကၡသည္ စခန္းေတြကေန ဘာဆန္ခ်ာကၽြန္းကို မိသားစုလိုက္ ေျပာင္းေရႊ႕လာၾကတဲ့ ရိုဟင္ဂ်ာဒုကၡသည္ ေတြထဲမွာ ကေလးငယ္က ၁၀ ၀၀၀ ေက်ာ္ရွိမယ္လို႔ ခန္႔မွန္းၾကပါတယ္။ သူတုိ႔အတြက္ က်န္းမာေရးနဲ႔ တျခားလိုအပ္တာေတြကို UNICEF, UNHCR, WHO နဲ႔တျခားမိတ္ေဆြအဖြဲ႔ ေတြက အကူညီေတြ ေပးေနတာပါ။

တိုက္႐ိုက္ လင့္ခ္

............................................

ဘာဆန်ချာကျွန်းက ရိုဟင်ဂျာကလေးငယ်တွေကို UNICEF ကာကွယ်ဆေးထိုး

{{Zawgyi/Unicode}}
ကုလသမဂ္ဂရဲ့ ပုံမှန် ကလေးသူငယ် ကာကွယ်ဆေးထိုးနှံတဲ့ အစီစဉ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘာဆန်ချာကျွန်းက ရိုဟင်ဂျာ ဒုက္ခသည် ကလေးငယ်တွေကို ဒီသီတင်းပတ်ထဲမှာ ကာကွယ်ဆေး ထိုးနှံပေးနေပြီဖြစ်ကြောင်း ကုလသမဂ္ဂ ကလေးများရံပုံငွေအဖွဲ့ UNICEF က ကြာသပတေးနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ဘာဆန်ချာကျွန်းက ကလေးငယ်တွေ ကာကွယ်ဆေး ထိုးနှံနိုင်အောင် UNICEF က ဘင်္ဂလားဒေ့ရှ် အစိုးရကို နည်းပညာနဲ့ ငွေကြေးဆိုင်ရာ အထောက်အပံတွေ ပေးနေတာပါ။ ကလေးငယ်တွေ ဒီကျွန်းပေါ် စရောက်ကတည်းက သူတို့အတွက် ချမှတ်ထားတဲ့ အထူးအစီစဉ် ၂ ခုနဲ့ ကာကွယ်ဆေးတွေ ထိုးပေးနေတာ ဖြစ်ပြီး ဒီသီတင်းပတ်ထဲမှာတော့ ပထမဆုံး ပုံမှန် ကာကွယ်ဆေး ထိုးနှံတဲ့ အစီစဉ် စတင်လိုက်တာ ဖြစ်ပါတယ်။

ဘာဆန်ချာကျွန်းက ဒုက္ခသည် ရိုဟင်ဂျာ ကလေးငယ်တွေ ကာကွယ်ဆေးထိုးဖို့ လိုအပ်နေပြီး ဆေးမထိုးရင် အသက်ဆုံးတဲ့ အထိ အန္တရာယ် ကြုံရနိုင်တာကြောင့် အချိန်တွေ အလဟဿ အဖြစ် မခံနိုင်ဘူးလို့ ဧပြီလ ၂၀ နဲ့ ၂၁ ရက်တွေမှာ ဘာဆန်ချာကျွန်းကို သွားရောက်ခဲ့တဲ့ တောင်အာရှ ဆိုင်ရာ UNICEF အကြီးအကဲ George Laryea-Adjei က ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် အစိုးရရဲ့ EPI တိုးချဲ့ ကာကွယ်ဆေးထိုးအစီစဉ်အတိုင်း ကုလသမဂ္ဂက ကာကွယ်ဆေး ထိုးနှံတဲ့ အစီစဉ်ကို ဆောင်ရွက်နေတာဖြစ်ပြီး ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုး၊ မေးခိုင်ပိုး၊ အသဲရောင် ဘီပိုး၊ သွေးမတိတ်ရောဂါ၊ ပိုလီယို၊ နမိုးနီးယား၊ TB ၊ ဝက်သက်နဲ့ ရူဘဲလာ ဂျာမန်ဝက်သက် ရောဂါဆိုင်ရာ ကာကွယ်ဆေး ထိုးနှံဖို့တွေ ပါဝင်ပါတယ်။

မနှစ်ကမှ Cox’s Bazar ဒုက္ခသည် စခန်းတွေကနေ ဘာဆန်ချာကျွန်းကို မိသားစုလိုက် ပြောင်းရွှေ့လာကြတဲ့ ရိုဟင်ဂျာဒုက္ခသည် တွေထဲမှာ ကလေးငယ်က ၁၀ ၀၀၀ ကျော်ရှိမယ်လို့ ခန့်မှန်းကြပါတယ်။ သူတို့အတွက် ကျန်းမာရေးနဲ့ တခြားလိုအပ်တာတွေကို UNICEF, UNHCR, WHO နဲ့တခြားမိတ်ဆွေအဖွဲ့ တွေက အကူညီတွေ ပေးနေတာပါ။

XS
SM
MD
LG