Zawgyi/ Unicode
႐ိုဟင္ဂ်ာ ဒုကၡသည္ ကေလးငယ္ ပထမတသုတ္ ျမန္မာေက်ာင္းသံုးသင္႐ိုး အတိုင္းစတင္သင္ယူမည္
ဘဂၤလားေဒရွ႕္ ႏိုင္ငံ ေကာဇ့္ဘဇားက ဒုကၡသည္ စခန္းေတြမွာ ေနထိုင္ၾကတဲ့ ႐ိုဟင္ဂ်ာ ဒုကၡသည္ ကေလးငယ္ေတြထဲက ပထမဆုံး အသုတ္ အေနနဲ႔ ကေလးငယ္ ၁၀,၀၀၀ တို႔ဟာ ျမန္မာ ေက်ာင္းသုံး သင္႐ိုးၫႊန္းတမ္းနဲ႔ သင္ၾကားဖို႔ စာရင္းေပးသြင္းထားေၾကာင္း ကုလသမဂၢ ကေလးသူငယ္မ်ား ရံပုံေငြ အဖြဲ႕ UNICEF က ေျပာဆိုထားပါတယ္။
၂၀၂၃ ခုႏွစ္ အေရာက္မွာေတာ့ ေက်ာင္းေနအ႐ြယ္ ကေလးငယ္ အားလုံးကို ျမန္မာ သင္႐ိုးၫႊန္းတမ္းနဲ႔ သင္ၾကားႏိုင္ဖို႔ထိ UNICEF က ရည္မွန္းထားတာပါ။ ကေလးငယ္ေတြ ဌာေနရင္း ျမန္မာႏိုင္ငံကို ျပန္ႏိုင္ေရး အတြက္လည္း အေထာက္အကူ ျဖစ္ေစမယ္လို႔ UNICEF က ေျပာပါတယ္။
၂၀၂၁ ခုႏွစ္ ႏိုဝင္ဘာလမွာ UNICEF နဲ႔ မိတ္ဖက္ေတြ စတင္ခဲ့ဲ့တဲ့ ျမန္မာ သင္႐ိုးၫႊန္းတမ္း အစီအစဥ္ ဟာဆိုရင္ ႐ိုဟင္ဂ်ာ ဒုကၡသည္ ကေလးငယ္ေတြ ပညာသင္ၾကားခြင့္ အခြင့္အေရး ရရွိေရး အတြက္ အေရးႀကီးတဲ့ လုပ္ငန္းတခုလည္း ျဖစ္တယ္လို႔ ေၾကညာခ်က္က ေဖာ္ျပပါတယ္။
ျမန္မာႏိုင္ငံတြင္း ၂၀၁၇ ခုႏွစ္ အၾကမ္းဖက္မႈေတြေၾကာင့္ ဘဂၤလားေဒရွ႕္ဘက္ ထြက္ေျပးရတဲ့ သိန္းခ်ီတဲ့ ႐ိုဟင္ဂ်ာ ဒုကၡသည္ေတြထဲမွာ ေက်ာင္းေနအ႐ြယ္ ကေလးငယ္ ၄၀၀,၀၀၀ေက်ာ္ ရွိေနၿပီး ခန႔္မွန္းေျခ ကေလးငယ္ ၃၀၀,၀၀၀ ေလာက္ကေတာ့ UNICEF နဲ႔ မိတ္ဖက္ေတြ ဖြင့္ထားတဲ့ သင္ၾကားေရး ဌာန ၃,၄၀၀ မွာ တက္ေရာက္ေနၾကေၾကာင္းလည္း ေဖာ္ျပပါတယ္။
###
Unicode
ရိုဟင်ဂျာ ဒုက္ခသည် ကလေးငယ် ပထမတသုတ် မြန်မာကျောင်းသုံးသင်ရိုး အတိုင်းစတင်သင်ယူမည်
ဘင်္ဂလားဒေရှ့် နိုင်ငံ ကောဇ့်ဘဇားက ဒုက္ခသည် စခန်းတွေမှာ နေထိုင်ကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ကလေးငယ်တွေထဲက ပထမဆုံး အသုတ် အနေနဲ့ ကလေးငယ် ၁၀,၀၀၀ တို့ဟာ မြန်မာ ကျောင်းသုံး သင်ရိုးညွှန်းတမ်းနဲ့ သင်ကြားဖို့ စာရင်းပေးသွင်းထားကြောင်း ကုလသမဂ္ဂ ကလေးသူငယ်များ ရံပုံငွေ အဖွဲ့ UNICEF က ပြောဆိုထားပါတယ်။
၂၀၂၃ ခုနှစ် အရောက်မှာတော့ ကျောင်းနေအရွယ် ကလေးငယ် အားလုံးကို မြန်မာ သင်ရိုးညွှန်းတမ်းနဲ့ သင်ကြားနိုင်ဖို့ထိ UNICEF က ရည်မှန်းထားတာပါ။ ကလေးငယ်တွေ ဌာနေရင်း မြန်မာနိုင်ငံကို ပြန်နိုင်ရေး အတွက်လည်း အထောက်အကူ ဖြစ်စေမယ်လို့ UNICEF က ပြောပါတယ်။
၂၀၂၁ ခုနှစ် နိုဝင်ဘာလမှာ UNICEF နဲ့ မိတ်ဖက်တွေ စတင်ခဲ့ဲ့တဲ့ မြန်မာ သင်ရိုးညွှန်းတမ်း အစီအစဉ် ဟာဆိုရင် ရိုဟင်ဂျာ ဒုက္ခသည် ကလေးငယ်တွေ ပညာသင်ကြားခွင့် အခွင့်အရေး ရရှိရေး အတွက် အရေးကြီးတဲ့ လုပ်ငန်းတခုလည်း ဖြစ်တယ်လို့ ကြေညာချက်က ဖော်ပြပါတယ်။
မြန်မာနိုင်ငံတွင်း ၂၀၁၇ ခုနှစ် အကြမ်းဖက်မှုတွေကြောင့် ဘင်္ဂလားဒေရှ့်ဘက် ထွက်ပြေးရတဲ့ သိန်းချီတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေထဲမှာ ကျောင်းနေအရွယ် ကလေးငယ် ၄၀၀,၀၀၀ကျော် ရှိနေပြီး ခန့်မှန်းခြေ ကလေးငယ် ၃၀၀,၀၀၀ လောက်ကတော့ UNICEF နဲ့ မိတ်ဖက်တွေ ဖွင့်ထားတဲ့ သင်ကြားရေး ဌာန ၃,၄၀၀ မှာ တက်ရောက်နေကြကြောင်းလည်း ဖော်ပြပါတယ်။