Zawgyi/Unicode
ေလွစီးေျပးရိုဟင္ဂ်ာ ရုပ္အေလာင္းတခ်ိဳ႕ ျမန္မာ႔ကမ္းေျခမွာ ေတြ႔ရွိ
ျမန္မာ့ ပင္လယ္ကမ္းေျခမွာ ေသဆုံးသူ ႐ုပ္အေလာင္း ၁၄ ေလာင္း ေတြ႕ရွိရေၾကာင္း ရဲတပ္ဖြဲ႕ရဲ႕တနလာေနၤ့ ေျပာဆိုခ်က္ကို ကိုးကားၿပီး AFP သတင္းက ေဖာ္ျပပါတယ္။ ဒီထဲက တခ်ိဳ႕ဟာဆိုရင္ မေလးရွားကို ထြက္ခြာဖို႔ ႀကိဳးစားၾကတဲ့ ႐ိုဟင္ဂ်ာေတြ ျဖစ္ေၾကာင္ ေဒသခံ ကယ္ဆယ္ေရး အဖြဲ႕တခုကလည္း ေျပာဆိုထားပါတယ္။
ေသဆုံးသူ ၁၄ ဦးရဲ႕ ႐ုပ္အေလာင္းေတြကို ေတြ႕ရွိရၿပီး ေလွပိုင္ရွင္ေတြ အပါအဝင္ လူ ၃၅ ဦးကိုေတာ့ ကယ္ဆယ္ႏိုင္ခဲ့ေၾကာင္း ပုသိမ္က ရဲတပ္ဖြဲ႕ ေျပာခြင့္ရ ဒုတိယ ရဲမႉးႀကီး ထြန္းေ႐ႊက ေျပာပါတယ္။ ေ႐ႊ႕ေျပာင္းသြားလာသူေတြက ျမန္မာႏိုင္ငံ အေနာက္ပိုင္းကေန ေလွနဲ႔ ထြက္လာၾကတာျဖစ္ေၾကာင္းလည္း ေဒသခံ ႐ိုဟင္ဂ်ာ အေရး တက္ႂကြလႈပ္ရွားသူ တဦးက ေျပာပါတယ္။
တနဂၤေႏြေန႔မွာ ေသဆုံးသူ ၈ ဦးရဲ႕ ႐ုပ္အေလာင္းေတြကို ေတြ႕ခဲ့ရၿပီး အားလုံးက ႐ိုဟင္ဂ်ာေတြ ျဖစ္ေၾကာင္း အမည္မေဖာ္လိုတဲ့ ကယ္ဆယ္ေရး အဖြဲ႕ဝင္ တဦးကလည္း ေျပာပါတယ္။ ေသဆုံးသူေတြကေတာ့ အမ်ိဳးသမီး ၁၂ ဦးနဲ႔ ေယာက္်ားကေလး ၂ ဦးတို႔ ျဖစ္ေၾကာင္းလည္း ေဒသခံ ႐ိုဟင္ဂ်ာ တက္ႂကြလႈပ္ရွားသူက ေျပာပါတယ္။
ေလွေပၚမွာ ေတာ့ ဘူးသီးေတာင္၊ ေမာင္ေတာနဲ႔ စစ္ေတြတို႔က လူေတြ လိုက္ပါလာေၾကာင္းလည္း အမည္ မေဖာ္လိုတဲ့ ေဒသခံ ႐ိုဟင္ဂ်ာ အေရး တက္ႂကြလႈပ္ရွားသူက ေျပာပါတယ္။ ကေလးငယ္ေတြ အပါအဝင္ ႐ိုဟင္ဂ်ာ တဒါဇင္ေက်ာ္ ေသဆုံးခဲ့ရတယ္ဆိုတဲ့ သတင္းေတြေၾကာင့္ တုန္လႈပ္ေျခာက္ျခား ဝမ္းနည္းရေၾကာင္း ကုလသမဂၢ ဒုကၡသည္မ်ားဆိုင္ရာ ေအဂ်င္စီ UNHCR က တနလာေနၤ့မွာ ထုတ္ျပန္ပါတယ္။
ကနဦး အစီရင္ခံခ်က္ေတြ အရ ဒီ ေလွဟာ ရခိုင္ျပည္နယ္ စစ္ေတြကေန ၾကာသပေတးေန႔ ေႏွာင္းပိုင္းက ထြက္ခြာလာတာျဖစ္ၿပီး ရာသီဥတု ဆိုး႐ြားတာေၾကာင့္ ပုသိမ္ၿမိဳ႕ အနီး ကမ္း႐ိုးတန္းမွာ စေနေန႔က ပ်က္စီး နစ္ျမဳပ္ခဲ့တာ ျဖစ္ေၾကာင္း UNHCR က ေဖာ္ျပပါတယ္။ အနည္းဆုံး ၁၇ ဦးေလာက္ ေသဆုံးဖြယ္ရွိေၾကာင္းနဲ႔ အသက္ရွင္ က်န္ရစ္သူေတြရဲ႕ အေျခအေနေတြကို သိရွိေရး အတြက္ UNHCR က အေရးေပၚ စုံစမ္းေနေၾကာင္းလည္း ေဖာ္ျပပါတယ္။
#
လှေစီးပြေးရိုဟင်ဂျာ ရုပ်အလောင်းတချို့ မြန်မာ့ကမ်းခြေမှာ တွေ့ရှိ
မြန်မာ့ ပင်လယ်ကမ်းခြေမှာ သေဆုံးသူ ရုပ်အလောင်း ၁၄ လောင်း တွေ့ရှိရကြောင်း ရဲတပ်ဖွဲ့ရဲ့တနလာင်္နေ့ ပြောဆိုချက်ကို ကိုးကားပြီး AFP သတင်းက ဖော်ပြပါတယ်။ ဒီထဲက တချို့ဟာဆိုရင် မလေးရှားကို ထွက်ခွာဖို့ ကြိုးစားကြတဲ့ ရိုဟင်ဂျာတွေ ဖြစ်ကြောင် ဒေသခံ ကယ်ဆယ်ရေး အဖွဲ့တခုကလည်း ပြောဆိုထားပါတယ်။
သေဆုံးသူ ၁၄ ဦးရဲ့ ရုပ်အလောင်းတွေကို တွေ့ရှိရပြီး လှေပိုင်ရှင်တွေ အပါအဝင် လူ ၃၅ ဦးကိုတော့ ကယ်ဆယ်နိုင်ခဲ့ကြောင်း ပုသိမ်က ရဲတပ်ဖွဲ့ ပြောခွင့်ရ ဒုတိယ ရဲမှူးကြီး ထွန်းရွှေက ပြောပါတယ်။ ရွှေ့ပြောင်းသွားလာသူတွေက မြန်မာနိုင်ငံ အနောက်ပိုင်းကနေ လှေနဲ့ ထွက်လာကြတာဖြစ်ကြောင်းလည်း ဒေသခံ ရိုဟင်ဂျာ အရေး တက်ကြွလှုပ်ရှားသူ တဦးက ပြောပါတယ်။
တနင်္ဂနွေနေ့မှာ သေဆုံးသူ ၈ ဦးရဲ့ ရုပ်အလောင်းတွေကို တွေ့ခဲ့ရပြီး အားလုံးက ရိုဟင်ဂျာတွေ ဖြစ်ကြောင်း အမည်မဖော်လိုတဲ့ ကယ်ဆယ်ရေး အဖွဲ့ဝင် တဦးကလည်း ပြောပါတယ်။ သေဆုံးသူတွေကတော့ အမျိုးသမီး ၁၂ ဦးနဲ့ ယောက်ျားကလေး ၂ ဦးတို့ ဖြစ်ကြောင်းလည်း ဒေသခံ ရိုဟင်ဂျာ တက်ကြွလှုပ်ရှားသူက ပြောပါတယ်။
လှေပေါ်မှာ တော့ ဘူးသီးတောင်၊ မောင်တောနဲ့ စစ်တွေတို့က လူတွေ လိုက်ပါလာကြောင်းလည်း အမည် မဖော်လိုတဲ့ ဒေသခံ ရိုဟင်ဂျာ အရေး တက်ကြွလှုပ်ရှားသူက ပြောပါတယ်။ ကလေးငယ်တွေ အပါအဝင် ရိုဟင်ဂျာ တဒါဇင်ကျော် သေဆုံးခဲ့ရတယ်ဆိုတဲ့ သတင်းတွေကြောင့် တုန်လှုပ်ခြောက်ခြား ဝမ်းနည်းရကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ UNHCR က တနလာင်္နေ့မှာ ထုတ်ပြန်ပါတယ်။
ကနဦး အစီရင်ခံချက်တွေ အရ ဒီ လှေဟာ ရခိုင်ပြည်နယ် စစ်တွေကနေ ကြာသပတေးနေ့ နှောင်းပိုင်းက ထွက်ခွာလာတာဖြစ်ပြီး ရာသီဥတု ဆိုးရွားတာကြောင့် ပုသိမ်မြို့ အနီး ကမ်းရိုးတန်းမှာ စနေနေ့က ပျက်စီး နစ်မြုပ်ခဲ့တာ ဖြစ်ကြောင်း UNHCR က ဖော်ပြပါတယ်။ အနည်းဆုံး ၁၇ ဦးလောက် သေဆုံးဖွယ်ရှိကြောင်းနဲ့ အသက်ရှင် ကျန်ရစ်သူတွေရဲ့ အခြေအနေတွေကို သိရှိရေး အတွက် UNHCR က အရေးပေါ် စုံစမ်းနေကြောင်းလည်း ဖော်ပြပါတယ်။