သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

႐ိုဟင္ဂ်ာဒုကၡသည္ေတြအတြက္ EU ယူ႐ို၂၂သန္း ထပ္မံကူညီ


Bangladesh Rohingya Refugees

(zawgyi/unicode)

ဘဂၤလားေဒ့ရွ္မွာခိုလႈံေနတဲ့ သိန္းနဲ႔ခ်ီ႐ိုဟင္ဂ်ာဒုကၡသည္ေတြနဲ႔ ျမန္မာျပည္တြင္းက ႐ိုဟင္ဂ်ာေတြအတြက္ လူသားခ်င္းစာနာကူညီမႈ ေနာက္ထပ္ ယူ႐ိုေငြ ၂၂သန္းကို ဥေရာပေကာ္မရွင္က ထုတ္ေပးလိုက္တယ္လို႔ အီးယူ ဥေရာပသမဂၢက ထုတ္ျပန္ပါတယ္။ ဒီ အကူအညီေငြေတြဟာ ဒုကၡသည္ေတြရဲ႕ စားေသာက္ေနထိုင္မႈ၊ က်န္းမာေရးေစာင့္ေရွာက္မႈ အကာအကြယ္ေပးမႈ စတဲ့ လိုအပ္ခ်က္ေတြအတြက္ အသုံးျပဳမွာျဖစ္တယ္လို႔ ေဖာ္ျပပါတယ္။

႐ိုဟင္ဂ်ာ ဒုကၡသည္အက်ပ္အတည္းဟာ မေမွ်ာ္မွန္းႏိုင္တဲ့အေျခအေနအထိ ေရာက္ရွိလာၿပီး၊ ဒီအတြက္ လူသားခ်င္းစာနာမႈအကူအညီေတြေပးႏိုင္ဖို႔ရာ ႏိုင္ငံတကာရဲ႕ဝိုင္းဝန္းစုစည္းမႈ အေရးႀကီးေနတယ္လို႔ ဥေရာပသမဂၢရဲ႕ အက်ပ္အတည္းမ်ားကိုင္တြယ္ေျဖရွင္းဆိုင္ရာ ေကာ္မရွင္နာမင္းႀကီး Janez Lenarcic က ေျပာပါတယ္။ အခု အကူအညီနဲ႔ပါဆိုရင္ေတာ့ ဘဂၤလားေဒ့ရွ္ႏိုင္ငံအအတြက္ လူသားခ်င္းစာနာမႈနဲ႔ ေဘးအႏၲရာယ္ကာကြယ္ျပင္ဆင္ေရး အီးယူအကူအညီေငြေတြဟာ ယူ႐ို ၄၁ သန္းေက်ာ္သြားၿပီျဖစ္ပါတယ္။ ျမန္မာႏိုင္ငံတြင္းမွာဆိုရင္ေတာ့ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း လူသားခ်င္းစာနာမႈဆိုင္ရာ လိုအပ္ခ်က္ေတြအတြက္ အီးယူက တုန႔္ျပန္အကူအညီေပးခဲ့တာ ယူ႐ို ၂၇သန္း ရွိသြားၿပီလို႔ အီးယူထုတ္ျပန္ခ်က္မွာပါရွိပါတယ္။

ျမန္မာႏိုင္ငံ ရခိုင္ျပည္နယ္အတြင္း လူမ်ိဳးေရးအသြင္ေဆာင္တဲ့ ပဋိပကၡေတြေၾကာင့္ လူနည္းစု႐ိုဟင္ဂ်ာမြတ္ဆလင္ ၉သိန္းေက်ာ္ဟာ ဘဂၤလာေဒ့ရွ္ႏိုင္ငံတြင္း လက္ရွိ ခိုလႈံေနရတာပါ။ အဲဒီအထဲက သုံးေသာင္းနီးပါးကိုေတာ့ Bhasan Char ကြၽန္းကို ဘဂၤလားေဒ့ရွ္အာဏာပိုင္ေတြဖက္ ေ႐ြ႕ေျပာင္းေနရာခ်ခဲ့ပါတယ္။ အာဏာသိမ္း စစ္ေကာင္စီကေတာ့ ႐ိုဟင္ဂ်ာမြတ္ဆလင္ေတြကို ျမန္မာႏိုင္ငံတြင္း ျပန္လည္စီစစ္လက္ခံ ေနရာခ်ထားေပးဖို႔ သေဘာတူထားပါတယ္။ ဒါေပမယ့္ ႐ိုဟင္ဂ်ာဆိုတဲ့ အသုံးအႏႈံးကိုေတာ့ လက္မခံပါဘူး။ ရခိုင္ျပည္နယ္တြင္းမွာ ၿပီးခဲ့တဲ့ႏွစ္ေတြအတြင္း AA ရခိုင္လက္နက္ကိုင္နဲ႔ ျမန္မာစစ္တပ္အၾကား တိုက္ပြဲေတြေၾကာင့္လည္း၊ ဒုကၡသည္ေတြ ျပန္လည္ေနရာခ်ထားေရးဟာ ၾကန႔္ၾကာေနခဲ့ပါတယ္။

(unicode)

ဘင်္ဂလားဒေ့ရှ်မှာခိုလှုံနေတဲ့ သိန်းနဲ့ချီရိုဟင်ဂျာဒုက္ခသည်တွေနဲ့ မြန်မာပြည်တွင်းက ရိုဟင်ဂျာတွေအတွက် လူသားချင်းစာနာကူညီမှု နောက်ထပ် ယူရိုငွေ ၂၂သန်းကို ဥရောပကော်မရှင်က ထုတ်ပေးလိုက်တယ်လို့ အီးယူ ဥရောပသမဂ္ဂက ထုတ်ပြန်ပါတယ်။ ဒီ အကူအညီငွေတွေဟာ ဒုက္ခသည်တွေရဲ့ စားသောက်နေထိုင်မှု၊ ကျန်းမာရေးစောင့်ရှောက်မှု အကာအကွယ်ပေးမှု စတဲ့ လိုအပ်ချက်တွေအတွက် အသုံးပြုမှာဖြစ်တယ်လို့ ဖော်ပြပါတယ်။

ရိုဟင်ဂျာ ဒုက္ခသည်အကျပ်အတည်းဟာ မမျှော်မှန်းနိုင်တဲ့အခြေအနေအထိ ရောက်ရှိလာပြီး၊ ဒီအတွက် လူသားချင်းစာနာမှုအကူအညီတွေပေးနိုင်ဖို့ရာ နိုင်ငံတကာရဲ့ဝိုင်းဝန်းစုစည်းမှု အရေးကြီးနေတယ်လို့ ဥရောပသမဂ္ဂရဲ့ အကျပ်အတည်းများကိုင်တွယ်ဖြေရှင်းဆိုင်ရာ ကော်မရှင်နာမင်းကြီး Janez Lenarcic က ပြောပါတယ်။ အခု အကူအညီနဲ့ပါဆိုရင်တော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအအတွက် လူသားချင်းစာနာမှုနဲ့ ဘေးအန္တရာယ်ကာကွယ်ပြင်ဆင်ရေး အီးယူအကူအညီငွေတွေဟာ ယူရို ၄၁ သန်းကျော်သွားပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင်းမှာဆိုရင်တော့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်တွေအတွက် အီးယူက တုန့်ပြန်အကူအညီပေးခဲ့တာ ယူရို ၂၇သန်း ရှိသွားပြီလို့ အီးယူထုတ်ပြန်ချက်မှာပါရှိပါတယ်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်း လူမျိုးရေးအသွင်ဆောင်တဲ့ ပဋိပက္ခတွေကြောင့် လူနည်းစုရိုဟင်ဂျာမွတ်ဆလင် ၉သိန်းကျော်ဟာ ဘင်္ဂလာဒေ့ရှ်နိုင်ငံတွင်း လက်ရှိ ခိုလှုံနေရတာပါ။ အဲဒီအထဲက သုံးသောင်းနီးပါးကိုတော့ Bhasan Char ကျွန်းကို ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေဖက် ရွေ့ပြောင်းနေရာချခဲ့ပါတယ်။ အာဏာသိမ်း စစ်ကောင်စီကတော့ ရိုဟင်ဂျာမွတ်ဆလင်တွေကို မြန်မာနိုင်ငံတွင်း ပြန်လည်စီစစ်လက်ခံ နေရာချထားပေးဖို့ သဘောတူထားပါတယ်။ ဒါပေမယ့် ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုံးကိုတော့ လက်မခံပါဘူး။ ရခိုင်ပြည်နယ်တွင်းမှာ ပြီးခဲ့တဲ့နှစ်တွေအတွင်း AA ရခိုင်လက်နက်ကိုင်နဲ့ မြန်မာစစ်တပ်အကြား တိုက်ပွဲတွေကြောင့်လည်း၊ ဒုက္ခသည်တွေ ပြန်လည်နေရာချထားရေးဟာ ကြန့်ကြာနေခဲ့ပါတယ်။

XS
SM
MD
LG