ဒီကေန႔ ႏိုဝင္ဘာ ၂၀ ရက္ေန႔ဟာ ကမာၻ႔ကေလးမ်ားေန႔ျဖစ္ေၾကာင္း ကုလသမဂၢကေလးမ်ား ရံပုံေငြအဖြဲ႔ ယူနီဆက္ဖ္က သူ႔ရဲ႕အင္တာနက္ စာမ်က္ႏွာမွာ ႏႈိးေဆာ္အသိေပးထားပါတယ္။ ကမာၻတဝွမ္း ကေလးေတြရဲ႕ ဘဝေတြ တိုးတက္လာေအာင္ လုပ္ၾကဖို႔ ၁၉၅၄ ခုႏွစ္မွာ ကမာၻ႔ကေလးမ်ားေန႔အျဖစ္ သတ္မွတ္ခဲ့တာ ျဖစ္ပါတယ္။
ကေလးအခြင့္အေရး ႏိုင္ငံတကာ သေဘာတူညီခ်က္ကို ၁၉၈၉ ခုႏွစ္ ဒီေန႔မွာပဲ ခ်မွတ္ခဲ့တာ ျဖစ္ပါတယ္။ ကေလးအခြင့္အေရးေတြကို မိမိတို႔ရဲ႕ လူ႔အဖြဲ႔အစည္းအသိုက္အဝန္းနဲ႔ ႏိုင္ငံေတြမွာ တိုးတက္လာေအာင္ လုပ္ၾကဖို႔ မိခင္ဖခင္ေတြ၊ ဆရာဆရာမေတြ၊ ဆရာဝန္ေတြ၊ သူနာျပဳေတြ၊ အရပ္ဘက္အဖြဲ႔အစည္းေတြက တက္ႂကြလႈပ္ရွားသူေတြ၊ ဘာသာေရး အႀကီးအကဲေတြ၊ ရပ္မိရပ္ဖေတြနဲ႔ အစိုးရေခါင္းေဆာင္ေတြမွာ အေရးပါတဲ့ အခန္းက႑ ရွိေနၾကပါတယ္လို႔ ယူနီဆက္အဖြဲ႔ႀကီးက သူ႔ရဲ႕ အင္တာနက္ စာမ်က္ႏွာမွာ ေျပာထားပါတယ္။
=== Unicode ====
ဒီကနေ့ နိုဝင်ဘာ ၂၀ ရက်နေ့ဟာ ကမ္ဘာ့ကလေးများနေ့ဖြစ်ကြောင်း ကုလသမဂ္ဂကလေးများ ရံပုံငွေအဖွဲ့ ယူနီဆက်ဖ်က သူ့ရဲ့အင်တာနက် စာမျက်နှာမှာ နှိုးဆော်အသိပေးထားပါတယ်။ ကမ္ဘာတဝှမ်း ကလေးတွေရဲ့ ဘဝတွေ တိုးတက်လာအောင် လုပ်ကြဖို့ ၁၉၅၄ ခုနှစ်မှာ ကမ္ဘာ့ကလေးများနေ့အဖြစ် သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။
ကလေးအခွင့်အရေး နိုင်ငံတကာ သဘောတူညီချက်ကို ၁၉၈၉ ခုနှစ် ဒီနေ့မှာပဲ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ ကလေးအခွင့်အရေးတွေကို မိမိတို့ရဲ့ လူ့အဖွဲ့အစည်းအသိုက်အဝန်းနဲ့ နိုင်ငံတွေမှာ တိုးတက်လာအောင် လုပ်ကြဖို့ မိခင်ဖခင်တွေ၊ ဆရာဆရာမတွေ၊ ဆရာဝန်တွေ၊ သူနာပြုတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေက တက်ကြွလှုပ်ရှားသူတွေ၊ ဘာသာရေး အကြီးအကဲတွေ၊ ရပ်မိရပ်ဖတွေနဲ့ အစိုးရခေါင်းဆောင်တွေမှာ အရေးပါတဲ့ အခန်းကဏ္ဍ ရှိနေကြပါတယ်လို့ ယူနီဆက်အဖွဲ့ကြီးက သူ့ရဲ့ အင်တာနက် စာမျက်နှာမှာ ပြောထားပါတယ်။