သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာစစ္အာဏာသိမ္းကာလ အြန္လိုင္းပညာေရးအတြက္ ေထာက္ကူျပဳေနတဲ့ 360ed


Myanmar startup 360ed developed an education app (360ed's AR Flashcards and Learning Apps)

ျမန္မာႏိုင္ငံမွာ ကပ္ေရာဂါကာလနဲ႔ စစ္အာဏာသိမ္းမႈေတြေၾကာင့္ ေက်ာင္းေတြ ယာယီပိတ္လိုက္ရတဲ့အခ်ိန္မွာ 360ed ဓာတ္သင္ပုန္းသုံးၿပီး ေလ့လာသူဦးေရ တိုးလာတဲ့အေၾကာင္း 360ed တည္ေထာင္သူ မလွလွဝင္းက ေျပာပါတယ္။ ျမန္မာႏိုင္ငံရဲ႕ အနာဂတ္ကေလးငယ္ေတြရဲ႕ ပညာေရးမွာ ရင္းႏွီးျမႇဳပ္ႏွံၾကဖို႔လည္း သူက တိုက္တြန္းသြားပါတယ္။ 360ed ဓာတ္သင္ပုန္းတည္ေထာင္သူ မလွလွဝင္းကို ဗြီအိုေအျမန္မာပိုင္း သတင္းေထာက္ မအိသန႔္စင္က Skype ကေနတဆင့္ ဆက္သြယ္ေမးျမန္းထားပါတယ္။

ေမး ။ ။ မဂၤလာပါ မလွလွဝင္းရွင့္။ အခုလို အင္တာဗ်ဴးေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္။

ေျဖ ။ ။ မဂၤလာပါ။ က်ေနာ္တို႔ 360 ဘာေတြလုပ္မလဲဆိုတာကို အားလံုးသိေအာင္ ဝိုင္းရွယ္ေပးတဲ့အတြက္လည္း ေက်းဇူးတင္ပါတယ္။

ေမး ။ ။ ဒီေန႔ေမးခ်င္တာကေတာ့ 360ed Mobile Application နဲ႔ ပတ္သက္ၿပီေတာ့ ေနာက္ဆံုးလုပ္ေနတဲ့ ဖြံ႔ၿဖိဳးမႈ development အေၾကာင္း၊ အေျပာင္းအလဲေတြကို ေျပာျပေပးပါရွင့္။

ေျဖ ။ ။ က်ေနာ္တို႔ ေနာက္ဆံုးဆိုတာထက္ အခုကာလ ျမန္မာျပည္မွာ စစ္ေကာင္စီအာဏာသိမ္းၿပီးေနာက္ပိုင္းမွာေတာ့ က်ေနာ္တုိ႔ ပထမဦးဆံုးအေနနဲ႔ေတာ့ က်ေနာ္နဲ႔ Co-founder ျဖစ္တဲ့ က်ေနာ့္အမ်ဳိးသား ကိုရန္မင္းေအာင္တို႔ ႏုိင္ငံက ထြက္လာခဲ့ရတယ္။ ထြက္လာခဲ့ၿပီးေနာက္ပိုင္းမွာေတာ့ က်ေနာ္တို႔ရဲ ႔ အဓိက Core Team Members ေတြကို Education and Tech Team က လူေတြ၊ အေျပာင္းလြဲေျပာင္းခ်င္တဲ့ လူေတြကို ထိုင္းႏိုင္ငံကို Relocate လုပ္ခဲ့တယ္။ က်ေနာ္တို႔ကေတာ့ အေမရိကကို Relocate လုပ္ၿပီးေတာ့ လက္ရိွ ႏုိင္ငံတကာအဖြဲ႔အစည္းေတြနဲ႔ တြဲၿပီးေတာ့ ျမန္မာျပည္အတြက္ အလုပ္လုပ္ေနပါတယ္။ ဥပမာအားျဖင့္ WWF တို႔လို အဖြဲ႔အစည္းေတြနဲ႔ ပူးေပါင္းၿပီးေတာ့ ျမန္မာျပည္အတြက္ အခမဲ့သင္ၾကားမႈ၊ သင္ယူမႈ အေထာက္အကူျပဳ App ေတြကို ဆက္လုပ္ေနပါတယ္။ ေနာက္ၿပီးေတာ့ UNICEF တို႔၊ သူ႔ရဲ ႔မိတ္ဖက္အဖြဲ႔အစည္းေတြနဲ႔လည္း ပူးေပါင္းၿပီးေတာ့ ျမန္မာျပည္ရဲ ႔ ကေလးေတြ ဆက္ၿပီးေတာ့ ဒီကာလအတြင္းမွာ ပညာသင္ႏုိင္ေအာင္ဆိုၿပီးေတာ့ Content သင္ၾကားမႈ၊ အသံေခြေတြ၊ ဗီဒီယိုေတြ။ ေနာက္ၿပီးေတာ့ UNICEF နဲ႔ သူ႔ရဲ ႔မိတ္ဖက္အဖြဲ႔အစည္းေတြနဲ႔ ပူးေပါင္းၿပီးေတာ့လည္း က်ေနာ္တုိ႔ မၾကာေသးခင္ကမွ ၿပီသြားတဲ့ Grade 1 ကေန Grade 5 အထိ ဘာသာရပ္အားလံုးျဖစ္တဲ့ ျမန္မာစာ၊ သိပၸံ၊ သခ်ၤာ ဘာသာရပ္ (၃) ခုကို ေက်ာင္းသူေက်ာင္းသားေတြ အကုန္လံုး အခမဲ့ အိမ္ကေန ေလ့လာႏိုင္ေအာင္ အဲဒီအဖြဲ႔အစည္းေတြနဲ႔ ပူးေပါင္းၿပီးေတာ့ က်ေနာ္တို႔ လုပ္ေနပါတယ္။ ဆက္ၿပီးေတာ့လည္း Secondary အလယ္တန္း ေက်ာင္းသူေက်ာင္းသားေတြအတြက္လုပ္ဖို႔ အစီအစဥ္ေတြလည္း ရိွပါတယ္။

ေမး ။ ။ အဲဒီလိုမ်ဳိး အရင္တုန္းကေတာ့ ျပည္တြင္းကေန 360ed အတြက္ လုပ္ခဲ့တယ္။ အခုက်ေတာ့ ျပည္ပမွာ တခ်ဳိ ႔ team members ေတြကေတာ့ တျခားႏုိင္ငံေတြမွာ အမတို႔နဲ႔ ႏုိင္ငံခ်င္းမတူဘဲ လုပ္ေနၾကတဲ့အတြက္ ဘယ္လိုအေျပာင္းအလဲေတြ ရိွပါသလဲရွင့္။

ေျဖ ။ ။ က်ေနာ္တို႔ စေထာင္ခဲ့တဲ့ ၂၀၁၆-၁၇ က ဆိုရင္ေတာ့ ဒီလိုအေနအထားမ်ဳိးကို ဘယ္လိုမွ စဥ္းစားၾကည့္လို႔ရမွာ မဟုတ္ဘူး။ ဒါေၾကာင့္လဲ စေထာင္စတုန္းက Silicon Valley, California မွာ ေထာင္ခဲ့တယ္။ တကယ္ team ေတြ ေထာင္ၿပီးေတာ့ အဖြဲ႔ေတြေထာင္တဲ့အခါမွာေတာ့ ျမန္မာျပည္ကိုျပန္ၿပီး တည္ေထာင္ခဲ့တယ္။ ဒီလိုမ်ဳိး တႏုိင္ငံခ်င္းဆီလုပ္ဖို႔ဆိုတာ စဥ္းစားၾကည့္လို႔ မရခဲ့ဘူး။ ဒါေပမဲ့ ကိုဗစ္ကိုပဲ ေက်းဇူးတင္ရမယ္။ ကိုဗစ္ေၾကာင့္ အဖြဲ႔သားေတြအကုန္လံုး ဒီစနစ္တခု Remote Learning အိမ္ကေနဆက္ၿပီးေတာ့ အလုပ္လုပ္ႏုိင္မယ့္ စနစ္တခုကို က်ေနာ္တုိ႔ လုပ္ႏုိင္ခဲ့တယ္။ အခ်ိန္ပိုင္းေလးအတြင္း တပတ္ႏွစ္ပတ္ေလာက္အတြင္းမွာပဲ က်ေနာ္တုိ႔ Team ေတြ အကုန္လံုး အိမ္ကေန ဆက္ၿပီးေတာ့ အလုပ္လုပ္ႏုိင္တယ္။ အဲဒီတႏွစ္အေတြ႔အႀကံဳေၾကာင့္ ကိုဗစ္အလြန္ စစ္ေကာင္စီအာဏာသိမ္းေတာ့ က်ေနာ္တို႔ အဖြဲ႔သားေတြဆီမွာ အလုပ္လုပ္တဲ့ ကြန္ျပဴတာေတြနဲ႔ အျခားလိုအပ္တဲ့ ပစၥည္းေတြ ရိွေနတာေၾကာင့္ အခုလိုမ်ဳိး ဆက္ၿပီးေတာ့ အလုပ္လုပ္ႏုိင္တယ္။ တခ်ဳိ ႔ေတြဆိုလဲ ျမန္မာျပည္တြင္းမွာ ရိွေနေသးတယ္။ တခ်ဳိ ႔ေတြက အိႏိၵယကို ေျပာင္းသြားတယ္။ တခ်ဳိ ႔ေတြလည္း ထိုင္းမွာရိွတယ္။ က်ေနာ္တို႔ဆိုရင္ ဒီမွာ ယူအက္စ္မွာ။ မိတ္ဖက္ Partners ေတြလည္း ေနရာစံုမွာပဲ။ အခု Online ကေန အလုပ္လုပ္ရတာ ပိုၿပီးေတာ့ေတာင္ တနည္းအားျဖင့္ Freedom လြတ္လပ္ခြင့္ ရိွၾကတယ္။

ေမး ။ ။ အဆိုးထဲက အေကာင္းလို႔ပဲ ေျပာရမွာေပါ့။ ကိုဗစ္ကိုပဲ ေက်းဇူးတင္ရမလို ျဖစ္ေနတယ္။ အေလ့အက်င့္ရသြားေတာ့။ 360ed Mobile Application က ျမန္မာျပည္တြင္းမွာေနတဲ့ ျမန္မာေက်ာင္းသားေတြအတြက္ ဘယ္လိုထိေရာက္မႈ ရိွပါသလဲရွင့္။

ေျဖ ။ ။ က်ေနာ္တို႔ ကိုဗစ္မတိုင္မီကဆိုရင္ သံုးေလးႏွစ္ကာလအတြင္းမွာ ေက်ာင္းသူေက်ာင္းသားေတြ အေယာက္ တစ္သိန္းေက်ာ္ေလာက္ စၿပီးေတာ့ သံုးစြဲေနၾကၿပီ။ Early Adopters ေတြေပါ့။ ကိုဗစ္ ျဖစ္လာတဲ့အခါမွာ တစ္သိန္္းကေန ႏွစ္သိန္း ျဖစ္လတယ္။ ကိုဗစ္ေတာ့ မၿပီေသးဘူး၊ စစ္ေကာင္စီအာဏာသိမ္းၿပီး (၁) ႏွစ္ခြဲ၊ (၂) ႏွစ္ကာလအတြင္းမွာပဲ အခုဆိုရင္ ငါးသိန္းေက်ာ္၊ ႏွစ္ဆခြဲေက်ာ္ တိုးပြားလာတယ္။ ဘာေၾကာင့္လဲဆိုေတာ့ အခုအခ်ိန္မွာ CDM လုပ္တဲ့ ေက်ာင္းသူေက်ာင္းသားေတြလည္း ရိွတယ္ဆိုေတာ့ သူတုိ႔ေတြက အိမ္ကေနဆက္ၿပီးေတာ့ ပညာသင္ၾကားႏုိင္တဲ့ အခြင့္အေရးေတြက ပိုပိုၿပီး နည္းပါးလာတယ္။ က်ေနာ္တို႔ App အမ်ားစုကလည္း အခမဲ့။ ၿပီးခဲ့တဲ့ NLD အစိုးရ ပညာေရးဝန္ႀကီးဌာနနဲ႔ ပူးေပါင္းၿပီးေတာ့ အခမဲ့လွဴထားတဲ့ App ေတြ အမ်ားႀကီးရိွတယ္။ အဲဒီ App users ေတြ သိသိသာသာ တိုးပြားလာခဲ့တယ္။ က်ေနာ္တုိ႔ကေတာ့ ျပည္တြင္းမွာ ေစ်းကြက္စီးပြားေရးကလည္း အဆင္မေျပ၊ Market ကလည္း Crush ျဖစ္ေနေတာ့ ျပည္တြင္းမွာ ေရာင္းတဲ့ကိစၥကို ရပ္ထားတယ္။ ဒါေပမဲ့ က်ေနာ္တို႔ရဲ ႔ မိတ္ဖက္ေအဂ်င့္ေတြ ရိွတယ္။ ျပန္လည္ျဖန္႔ျဖဴးေပးတဲ့သူေတြ ရိွတယ္။ သူတုိ႔ကေတာ့ ဆက္ၿပီးေတာ့ ေရာင္းေနတယ္။ ေရာင္းေနတဲ့အတြက္ က်ေနာ္တို႔က ေနာက္ကေန ပံ့ပိုးေပးေနတယ္။ Facebook ကေနတဆင့္၊ ေနာက္ၿပီးေတာ့ App ေတြကို အၿမဲအသစ္ျဖစ္ေနေအာင္ Maintenance လုပ္ေပးထားတယ္။ အခုက ျပည္တြင္းအတြက္ေတာ့ လုပ္ၿပီေတာ့၊ ျပည္တြင္းေစ်းကြက္ ပ်က္သြားေပမဲ့၊ က်ေနာ္တုိ႔က ယိုင္းမလဲသြားေအာင္ ျပည္ပေစ်းကြက္ကို နဂိုကတည္းကလည္း စတည္ေထာင္ကတည္းကလည္း စိတ္ကူးရိွတယ္။ ျမန္မာျပည္မွာ တည္ေထာင္ေပမယ့္ ကမာၻ႔အႏံွ ျမန္မာရဲ ႔ ပညာေရးဆိုင္ရာ သင္ေထာက္ကူျပဳပစၥည္းေတြ ျဖန္႔ႏိုင္ရမယ္ဆိုတဲ့ စိတ္ကူးနဲ႔ဆိုေတာ့ အခုဆိုရင္ က်ေနာ္တို႔ကိုယ္တိုင္လည္း အေမရိက ျပန္ေရာက္ေနၿပီဆိုေတာ့ အဲဒီစိတ္ကူးကို အေကာင္အထည္ေဖာ္ႏိုင္ခဲ့ပါတယ္။

ေမး ။ ။ ဒီဟာက Online Application ဆိုေတာ့ ျမန္မာႏိုင္ငံမွာ ပံုမွန္ပညာေရးစနစ္ အနည္းငယ္ျပတ္ေတာက္သြားတဲ့အခ်ိန္။ စစ္အာဏာသိမ္းၿပီခ်ိန္၊ ကိုဗစ္ကပ္ေရာဂါကာလမွာ ျမန္မာေက်ာင္းသားေတြက ပံုမွန္သင္ရိုးထက္ကို ျဖည့္စြက္တဲ့အေနနဲ႔ သင္တာလား။ ဒါမွမဟုတ္ ပံုမွန္ဆိုရင္ ဆရာ၊ ဆရာမေတြက သင္ရုိးမွာ ျဖည့္စြက္ၿပီးသင္တာ ရိွပါသလားရွင့္။

ေျဖ ။ ။ ႏွစ္ပိုင္းေပါ့။ က်ေနာ္တို႔ ကိုဗစ္ကာလအတြင္းမွာေတာ့ ပညာေရးဝန္ႀကီးဌာနနဲ႔ ေပါင္းၿပီးေတာ့ Alternative Education Channel ဆိုၿပီးေတာ့ တီဗီမွာ Channel တခု ေပၚလာတယ္။ အဲဒီ Channel မွာ က်ေနာ္တုိ႔နဲ႔ NLD ပညာေရးဝန္ႀကီးဌာနတို႔ ပူေပါင္းၿပီးေတာ့ ဆရာ၊ ဆရာမေတြ အိမ္ကမိဘေတြကို Training ေပးတဲ့သေဘာနဲ႔ teaching lesson videos ေတြ ဆက္တိုက္ထုတ္ေပးတယ္။ ဒါကေတာ့ ပံုမွန္ curriculum အစိုးရထုတ္ သင္ရိုးကိုမီွျငမ္းထားတဲ့ Learning App ေတြ လုပ္ထားတာေတြ အမ်ားႀကီးရိွတယ္။ အဲဒီ App ေတြကို မိဘေတြက အိမ္မွာေနရင္းနဲ႔ သံုးတတ္ေအာင္ဆိုၿပီးေတာ့ မိဘေတြကို သင္ၾကားေပးတဲ့ ဗီဒီယိုေတြကို ထုတ္ခဲ့တယ္။ ၿပီးေတာ့ အခုန ညီမေလးေျပာသလို သင္ေထာက္ကူေတြ၊ ပညာေရးထက္ အျပင္မွာရိွတဲ့ Concepts, Topics ေတြကို ေလ့လာႏုိင္ေအာင္ ထပ္ထုတ္တဲ့ဟာမ်ဳိး ဒါေတြလည္း ရိွပါတယ္။ ဒါေတြကေတာ့ က်ေနာ္တို႔ ေရာင္းတဲ့အပိုင္းေပါ့။ ႏွစ္မ်ဳိးသံုးပါတယ္။ ျမန္မာျပည္တြင္းမွာေတာ့ သင္ရိုးကိုအေျခခံၿပီး ထုတ္ထားတဲ့ သင္ရိုးနဲ႔ ထပ္တူက်တဲ့ application ေတြ ရိွသလို၊ သင္ရိုးကို အေထာက္အကူျပဳေပးတဲ့ အျခား learning applications ေတြလည္း ထုတ္ခဲ့ပါတယ္။

ေမး ။ ။ 360ed မသိေသးတဲ့လူေတြကို အတိုခ်ဳံးရွင္းျပရမယ္ဆိုရင္ အဲဒီတေၾကာင္းေလး ရွင္းျပေပးပါရွင့္။

ေျဖ ။ ။ ျမန္မာႏိုင္ငံမွာေတာ့ ဓါတ္သင္ပုန္းလို႔ အသိမ်ားပါတယ္။ အိမ္တိုင္းအိမ္တိုင္းမွာ တေယာက္မဟုတ္တေယာက္မွာ ဖုန္းရိွေနတယ္ဆိုရင္ ဒီ App ေလးကို Download လုပ္ၿပီးေတာ့ အခမဲ့ App ေတြ သံုးစြဲႏုိင္သလို၊ အခေပးၿပီး App ေတြ သံုးစြဲႏုိင္သလို၊ အခေပးၿပီးေတာ့လည္း သံုးစြဲလို႔ရတဲ့ App ေတြလည္း ရိွပါတယ္။ ဓါတ္သင္ပုန္း App ေတြကို Download လုပ္ၿပီးေတာ့ အိမ္မွာ ကေလးေတြကို တေန႔ကို ႏွာရီဝက္၊ တစ္နာရီေလာက္ ပံုမွန္ေလး မိဘနဲ႔အတူ သင္ယူၾကမယ္ဆိုရင္ အခုလို ပညာေရး အခက္အခဲကာလမွာ ကိုယ့္ကေလးေတြ စဥ္ဆက္မျပတ္ ပညာသင္ခြင့္ရမွာပါ။ အဲဒီအတြက္က ကရိယာတန္ဆာပလာမွ မလိုဘူး၊ ကိုယ့္မွာရိွတဲ့ ဖုန္းကိုထုတ္ၿပီးေတာ့ App ကို Download ဆြဲၿပီးေတာ့ စသံုးရံုပါပဲ။ ဒီအေၾကာင္းေတြကို သိခ်င္ရင္လဲ က်ေနာ္တို႔ Facebook မွာ ဓါတ္သင္ပုန္းဆိုၿပီး ရွာလို႔လည္းရသလို၊ 360ed ဆိုၿပီး လာၿပီးေတာ့ ေမးလို႔ရပါတယ္။

ေမး ။ ။ ဒီ 360ed ကို ျမန္မာျပည္တြင္းမွာရိွတဲ့ လူေတြလိုခ်င္တယ္ဆိုရင္ ဘယ္လိုမ်ဳိး ရယူႏုိင္ပါသလဲရွင့္။

ေျဖ ။ ။ က်ေနာ္တို႔ Play Store နဲ႔ App Store – Apple သံုးသူေတြကေတာ့ App Store မွာ ရိွမယ္။ Android, Huawei Mobile ဖုန္း သံုးသူေတြကေတာ့ Play Store ကေန အခမဲ့ Download ရယူႏုိင္တယ္။ တကယ္လို႔ အခေပးရတဲ့ App ေတြ ဆုိရင္လည္း က်ေနာ္တုိ႔ Facebook မွာ လာေမးရင္ နီးစပ္ရာ ေအဂ်င့္ကို ခ်ိတ္ေပးလိုက္ပါတယ္။ ဒါဆိုရင္ ေတာင္ကုတ္မွာဆိုရင္ ေတာင္ကုတ္နဲ႔ ရခုိင္ျပည္နယ္နဲ႔ အနီးဆံုးေအဂ်င့္ (၁၀) ေယာက္ေလာက္ ရိွတယ္။ သူတုိ႔နဲ႔ နီးစပ္ရာ အနီးဆံုးကို ညႊန္ေပးၿပီးေတာ့ ေအဂ်င့္ကိုယ္တုိင္ သင္ေပးတာမ်ဳိးလည္း ျဖစ္ႏိုင္တယ္။ ဒါမွမဟုတ္ရင္ ကိုယ္က က်ေနာ္တို႔ စာမ်က္ႏွာကေန သိလိုသမွ် ေမးခြန္းေတြကို ၂၄ နာရီ ျပန္ေျဖေပးေနပါတယ္။

ေမး ။ ။ အခုေမးခ်င္တာကေတာ့ ဒီ ဓါတ္သင္ပုနး္မွာ ျမန္မာဘာသာစကား တခုကိုပဲ သင္ေပးတာလား။ အျခားဘာသာရပ္ေတြကိုလဲ သင္ေပးပါလဲရွင့္။
augmented reality ေျဖ ။ ။ ဓါတ္သင္ပုန္းက ျမန္မာနဲ႔ အဂၤလိပ္ ႏွစ္မ်ဳိး ရိွပါတယ္။ ဥပမာ ဆယ္တန္း ဓါတုေဗဒ Chemistry ဆိုပါစို႔၊ သင္ရိုးတခုလံုးကို အဂၤလိပ္လို၊ စာေမးပြဲေျဖလည္း အဂၤလိပ္လို သင္ရတယ္။ ဒါေပမဲ့ နားလည္ဖို႔အတြက္ေတာ့ ျမန္မာဘာသာစကားနဲ႔လည္း ေလ့လာႏုိင္တယ္။ ထိုနည္းတူစြာပဲ Biochemistry - အနည္းဆံုးေတာ့ ျမန္မာ-အဂၤလိပ္ နွစ္မ်ဳိးစလံုး ရိွတယ္။ တခ်ဳိ ႔ App ေတြဆိုရင္ေတာ့ ႏုိင္ငံျခားကို ျဖန္႔ေနတဲ့ App ေတြဆိုရင္ေတာ့ အဂၤလိပ္စာတမ်ဳိးနဲ႔ သူ႔ရဲ ႔ ေဒသဘာသာစကားေလးေတြ ထည့္သြားပါမယ္။ ဥပမာ အေမရိကမွာဆိုရင္ အဂၤလိပ္စာအျပင္ စပိန္ဘာသာစကားထည့္မယ္။ ဘရာဇီးလီယန္း ထည့္မယ္ေပါ့။ ထပ္ၿပီးတိုးသြားဖုိ႔ ရိွတယ္။ အနည္းဆံုး ျမန္မာျပည္က မိဘျပည္သူေတြကေတာ့ ကိုယ့္ကေလးေတြကို ျမန္မာလို၊ အဂၤလိပ္လို သင္ေပးႏုိင္တဲ့ အေနအထား ရိွပါတယ္။ က်ေနာ္တုိ႔ စၿပီးေတာ့ ကုမၸဏီေထာင္ၿပီးေတာ့ လုပ္ခဲ့တဲ့ ရည္ရြယ္ခ်က္ကလည္း ျမန္မာပညာေရး နည္းပညာ အေထာက္အကူပစၥည္းေတြကို ကမာၻကိုျဖန္႔ၿပီးေတာ့ ျမန္မာျပည္က လူငယ္နဲ႔ ပညာေရးစနစ္လည္း အလုပ္ရေစ၊ တုိင္းျပည္လည္း ႏုိင္ငံျခားဝင္ေငြ ရၿပီးေတာ့ ႏုိင္ငံရဲ ႔ ဂုဏ္သိကၡာနဲ႔ Brand Name လည္း ကမာၻ႔အလယ္မွာ တုိးတက္ေစဆုိတဲ့ ရည္ရြယ္ခ်က္နဲ႔ စခဲ့တာပါ။

အဲဒီဟာကို စခဲ့ၿပီးတဲ့အခါမွာ အခုအခါမွာဆို ႏုိင္ငံတကာက အသိအမွတ္ျပဳတဲ့ ဆုေတြကို ေတာ္ေတာ္ေလး က်ေနာ္တုိ႔ရတယ္။ အဲဒီအတြက္လည္း အခု အေမရိကမွာ ျပန္ၿပီးအေျခခ်ၿပီးေတာ့ ျပန္ျဖန္႔တဲ့အလုပ္ လုပ္ေနပါၿပီ။ အေမရိကမွာျဖန္႔တယ္။ စကၤာပူမွာ ျဖန္႔တယ္။ ေနာက္ အျခားကမာၻ႔ႏုိင္ငံအသီးသီးနဲ႔လည္း ခ်ိတ္ဆက္ၿပီးေတာ့ ျမန္မာျပည္ရဲ ႔ သေႏၶတည္ခဲ့တဲ့ ပညာေရးနည္းပညာအဖြဲ႔အစည္းေလးက ဆက္ၿပီးေတာ့ ႀကိဳးစားေနပါတယ္။ ျမန္မာျပည္က ေက်ာင္းသူေက်ာင္းသားေတြ ဆက္ၿပီးေတာ့ ပညာသင္ၾကားဖို႔အတြက္လည္း မိတ္ဖက္အဖြဲ႔အစည္းေတြျဖစ္တဲ့ UN agencies ေတြနဲ႔ ပူးေပါင္းၿပီးေတာ့ ဆက္အလုပ္လုပ္ေနသလို၊ က်ေနာ္တို႔ နဂိုကတည္းက ရိွခဲ့တဲ့ အိပ္မက္ေပါ့ - ျမန္မာျပည္မွာ အေျချပဳတဲ့ Augumentative Reality ေခၚတဲ့ နည္းပညာသံုး သင္ေထာက္ကူပစၥည္းေတြကို ကမာၻကိုျဖန္႔တဲ့အလုပ္ ဆက္လုပ္ေနပါတယ္။ က်ေနာ္တို႔နဲ႔ ပူးေပါင္းၿပီးေတာ့ ဆက္သြယ္ၿပီးေတာ့ ကိုယ့္ႏုိင္ငံအသီးသီးမွာရိွတဲ့ အေမရိကမွာမွမဟုတ္ဘူး၊ အျခားႏိုင္ငံအသီးသီးမွာရိွတဲ့ ျမန္မာာေတြကိုလည္း က်ေနာ္တုိ႔ ဖိတ္ေခၚခ်င္ပါတယ္။ က်ေနာ္တုိ႔နဲ႔ ပူးေပါင္းျခင္းအားျဖင့္ စီးပြားေရးအခြင့္အလမ္းတခုတည္းသာ မကဘဲ၊ ျမန္မာျပည္ရဲ ႔ အခုလိုကာလမွာ ရိွေနတဲ့ ကေလးေတြရဲ ႔ ပညာေရးကိုလည္း တဆက္တည္းမွာ ပံ့ပိုးၿပီသာ ျဖစ္ေနတယ္ဆိုတာကိုလည္း အသိေပးခ်င္ပါတယ္။ က်ေနာ္တို႔နဲ႔ ပူးေပါင္းဖို႔အတြက္ အခ်ိန္္မေရြး ဆက္သြယ္လို႔ရပါတယ္။ က်ေနာ္တို႔ website ကေတာ့ 360ed.org ျဖစ္ပါတယ္။

မအိသန္႔စင္ ။ ။ အခုလို အခ်ိန္ေပးၿပီး ေျဖၾကားေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္ မလွလွဝင္းရွင့္။

ေျဖ ။ ။ ဟုတ္ကဲ့ က်ေနာ္လည္း ေက်းဇူးတင္ပါတယ္။

===== Unicode ====

မြန်မာနိုင်ငံမှာ ကပ်ရောဂါကာလနဲ့ စစ်အာဏာသိမ်းမှုတွေကြောင့် ကျောင်းတွေ ယာယီပိတ်လိုက်ရတဲ့အချိန်မှာ 360ed ဓာတ်သင်ပုန်းသုံးပြီး လေ့လာသူဦးရေ တိုးလာတဲ့အကြောင်း 360ed တည်ထောင်သူ မလှလှဝင်းက ပြောပါတယ်။ မြန်မာနိုင်ငံရဲ့ အနာဂတ်ကလေးငယ်တွေရဲ့ ပညာရေးမှာ ရင်းနှီးမြှုပ်နှံကြဖို့လည်း သူက တိုက်တွန်းသွားပါတယ်။ 360ed ဓာတ်သင်ပုန်းတည်ထောင်သူ မလှလှဝင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအိသန့်စင်က Skype ကနေတဆင့် ဆက်သွယ်မေးမြန်းထားပါတယ်။

မေး ။ ။ မင်္ဂလာပါ မလှလှဝင်းရှင့်။ အခုလို အင်တာဗျူးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

ဖြေ ။ ။ မင်္ဂလာပါ။ ကျနော်တို့ 360 ဘာတွေလုပ်မလဲဆိုတာကို အားလုံးသိအောင် ဝိုင်းရှယ်ပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

မေး ။ ။ ဒီနေ့မေးချင်တာကတော့ 360ed Mobile Application နဲ့ ပတ်သက်ပြီတော့ နောက်ဆုံးလုပ်နေတဲ့ ဖွံ့ဖြိုးမှု development အကြောင်း၊ အပြောင်းအလဲတွေကို ပြောပြပေးပါရှင့်။

ဖြေ ။ ။ ကျနော်တို့ နောက်ဆုံးဆိုတာထက် အခုကာလ မြန်မာပြည်မှာ စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ကျနော်တို့ ပထမဦးဆုံးအနေနဲ့တော့ ကျနော်နဲ့ Co-founder ဖြစ်တဲ့ ကျနော့်အမျိုးသား ကိုရန်မင်းအောင်တို့ နိုင်ငံက ထွက်လာခဲ့ရတယ်။ ထွက်လာခဲ့ပြီးနောက်ပိုင်းမှာတော့ ကျနော်တို့ရဲ့ အဓိက Core Team Members တွေကို Education and Tech Team က လူတွေ၊ အပြောင်းလွဲပြောင်းချင်တဲ့ လူတွေကို ထိုင်းနိုင်ငံကို Relocate လုပ်ခဲ့တယ်။ ကျနော်တို့ကတော့ အမေရိကကို Relocate လုပ်ပြီးတော့ လက်ရှိ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ တွဲပြီးတော့ မြန်မာပြည်အတွက် အလုပ်လုပ်နေပါတယ်။ ဥပမာအားဖြင့် WWF တို့လို အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီးတော့ မြန်မာပြည်အတွက် အခမဲ့သင်ကြားမှု၊ သင်ယူမှု အထောက်အကူပြု App တွေကို ဆက်လုပ်နေပါတယ်။ နောက်ပြီးတော့ UNICEF တို့၊ သူ့ရဲ့မိတ်ဖက်အဖွဲ့အစည်းတွေနဲ့လည်း ပူးပေါင်းပြီးတော့ မြန်မာပြည်ရဲ့ ကလေးတွေ ဆက်ပြီးတော့ ဒီကာလအတွင်းမှာ ပညာသင်နိုင်အောင်ဆိုပြီးတော့ Content သင်ကြားမှု၊ အသံခွေတွေ၊ ဗီဒီယိုတွေ။ နောက်ပြီးတော့ UNICEF နဲ့ သူ့ရဲ့မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီးတော့လည်း ကျနော်တို့ မကြာသေးခင်ကမှ ပြီသွားတဲ့ Grade 1 ကနေ Grade 5 အထိ ဘာသာရပ်အားလုံးဖြစ်တဲ့ မြန်မာစာ၊ သိပ္ပံ၊ သင်္ချာ ဘာသာရပ် (၃) ခုကို ကျောင်းသူကျောင်းသားတွေ အကုန်လုံး အခမဲ့ အိမ်ကနေ လေ့လာနိုင်အောင် အဲဒီအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီးတော့ ကျနော်တို့ လုပ်နေပါတယ်။ ဆက်ပြီးတော့လည်း Secondary အလယ်တန်း ကျောင်းသူကျောင်းသားတွေအတွက်လုပ်ဖို့ အစီအစဉ်တွေလည်း ရှိပါတယ်။

မေး ။ ။ အဲဒီလိုမျိုး အရင်တုန်းကတော့ ပြည်တွင်းကနေ 360ed အတွက် လုပ်ခဲ့တယ်။ အခုကျတော့ ပြည်ပမှာ တချို့ team members တွေကတော့ တခြားနိုင်ငံတွေမှာ အမတို့နဲ့ နိုင်ငံချင်းမတူဘဲ လုပ်နေကြတဲ့အတွက် ဘယ်လိုအပြောင်းအလဲတွေ ရှိပါသလဲရှင့်။

ဖြေ ။ ။ ကျနော်တို့ စထောင်ခဲ့တဲ့ ၂၀၁၆-၁၇ က ဆိုရင်တော့ ဒီလိုအနေအထားမျိုးကို ဘယ်လိုမှ စဉ်းစားကြည့်လို့ရမှာ မဟုတ်ဘူး။ ဒါကြောင့်လဲ စထောင်စတုန်းက Silicon Valley, California မှာ ထောင်ခဲ့တယ်။ တကယ် team တွေ ထောင်ပြီးတော့ အဖွဲ့တွေထောင်တဲ့အခါမှာတော့ မြန်မာပြည်ကိုပြန်ပြီး တည်ထောင်ခဲ့တယ်။ ဒီလိုမျိုး တနိုင်ငံချင်းဆီလုပ်ဖို့ဆိုတာ စဉ်းစားကြည့်လို့ မရခဲ့ဘူး။ ဒါပေမဲ့ ကိုဗစ်ကိုပဲ ကျေးဇူးတင်ရမယ်။ ကိုဗစ်ကြောင့် အဖွဲ့သားတွေအကုန်လုံး ဒီစနစ်တခု Remote Learning အိမ်ကနေဆက်ပြီးတော့ အလုပ်လုပ်နိုင်မယ့် စနစ်တခုကို ကျနော်တို့ လုပ်နိုင်ခဲ့တယ်။ အချိန်ပိုင်းလေးအတွင်း တပတ်နှစ်ပတ်လောက်အတွင်းမှာပဲ ကျနော်တို့ Team တွေ အကုန်လုံး အိမ်ကနေ ဆက်ပြီးတော့ အလုပ်လုပ်နိုင်တယ်။ အဲဒီတနှစ်အတွေ့အကြုံကြောင့် ကိုဗစ်အလွန် စစ်ကောင်စီအာဏာသိမ်းတော့ ကျနော်တို့ အဖွဲ့သားတွေဆီမှာ အလုပ်လုပ်တဲ့ ကွန်ပြူတာတွေနဲ့ အခြားလိုအပ်တဲ့ ပစ္စည်းတွေ ရှိနေတာကြောင့် အခုလိုမျိုး ဆက်ပြီးတော့ အလုပ်လုပ်နိုင်တယ်။ တချို့တွေဆိုလဲ မြန်မာပြည်တွင်းမှာ ရှိနေသေးတယ်။ တချို့တွေက အိန္ဒိယကို ပြောင်းသွားတယ်။ တချို့တွေလည်း ထိုင်းမှာရှိတယ်။ ကျနော်တို့ဆိုရင် ဒီမှာ ယူအက်စ်မှာ။ မိတ်ဖက် Partners တွေလည်း နေရာစုံမှာပဲ။ အခု Online ကနေ အလုပ်လုပ်ရတာ ပိုပြီးတော့တောင် တနည်းအားဖြင့် Freedom လွတ်လပ်ခွင့် ရှိကြတယ်။

မေး ။ ။ အဆိုးထဲက အကောင်းလို့ပဲ ပြောရမှာပေါ့။ ကိုဗစ်ကိုပဲ ကျေးဇူးတင်ရမလို ဖြစ်နေတယ်။ အလေ့အကျင့်ရသွားတော့။ 360ed Mobile Application က မြန်မာပြည်တွင်းမှာနေတဲ့ မြန်မာကျောင်းသားတွေအတွက် ဘယ်လိုထိရောက်မှု ရှိပါသလဲရှင့်။

ဖြေ ။ ။ ကျနော်တို့ ကိုဗစ်မတိုင်မီကဆိုရင် သုံးလေးနှစ်ကာလအတွင်းမှာ ကျောင်းသူကျောင်းသားတွေ အယောက် တစ်သိန်းကျော်လောက် စပြီးတော့ သုံးစွဲနေကြပြီ။ Early Adopters တွေပေါ့။ ကိုဗစ် ဖြစ်လာတဲ့အခါမှာ တစ်သိန်းကနေ နှစ်သိန်း ဖြစ်လတယ်။ ကိုဗစ်တော့ မပြီသေးဘူး၊ စစ်ကောင်စီအာဏာသိမ်းပြီး (၁) နှစ်ခွဲ၊ (၂) နှစ်ကာလအတွင်းမှာပဲ အခုဆိုရင် ငါးသိန်းကျော်၊ နှစ်ဆခွဲကျော် တိုးပွားလာတယ်။ ဘာကြောင့်လဲဆိုတော့ အခုအချိန်မှာ CDM လုပ်တဲ့ ကျောင်းသူကျောင်းသားတွေလည်း ရှိတယ်ဆိုတော့ သူတို့တွေက အိမ်ကနေဆက်ပြီးတော့ ပညာသင်ကြားနိုင်တဲ့ အခွင့်အရေးတွေက ပိုပိုပြီး နည်းပါးလာတယ်။ ကျနော်တို့ App အများစုကလည်း အခမဲ့။ ပြီးခဲ့တဲ့ NLD အစိုးရ ပညာရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီးတော့ အခမဲ့လှူထားတဲ့ App တွေ အများကြီးရှိတယ်။ အဲဒီ App users တွေ သိသိသာသာ တိုးပွားလာခဲ့တယ်။ ကျနော်တို့ကတော့ ပြည်တွင်းမှာ ဈေးကွက်စီးပွားရေးကလည်း အဆင်မပြေ၊ Market ကလည်း Crush ဖြစ်နေတော့ ပြည်တွင်းမှာ ရောင်းတဲ့ကိစ္စကို ရပ်ထားတယ်။ ဒါပေမဲ့ ကျနော်တို့ရဲ့ မိတ်ဖက်အေဂျင့်တွေ ရှိတယ်။ ပြန်လည်ဖြန့်ဖြူးပေးတဲ့သူတွေ ရှိတယ်။ သူတို့ကတော့ ဆက်ပြီးတော့ ရောင်းနေတယ်။ ရောင်းနေတဲ့အတွက် ကျနော်တို့က နောက်ကနေ ပံ့ပိုးပေးနေတယ်။ Facebook ကနေတဆင့်၊ နောက်ပြီးတော့ App တွေကို အမြဲအသစ်ဖြစ်နေအောင် Maintenance လုပ်ပေးထားတယ်။ အခုက ပြည်တွင်းအတွက်တော့ လုပ်ပြီတော့၊ ပြည်တွင်းဈေးကွက် ပျက်သွားပေမဲ့၊ ကျနော်တို့က ယိုင်းမလဲသွားအောင် ပြည်ပဈေးကွက်ကို နဂိုကတည်းကလည်း စတည်ထောင်ကတည်းကလည်း စိတ်ကူးရှိတယ်။ မြန်မာပြည်မှာ တည်ထောင်ပေမယ့် ကမ္ဘာ့အနံှ မြန်မာရဲ့ ပညာရေးဆိုင်ရာ သင်ထောက်ကူပြုပစ္စည်းတွေ ဖြန့်နိုင်ရမယ်ဆိုတဲ့ စိတ်ကူးနဲ့ဆိုတော့ အခုဆိုရင် ကျနော်တို့ကိုယ်တိုင်လည်း အမေရိက ပြန်ရောက်နေပြီဆိုတော့ အဲဒီစိတ်ကူးကို အကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။

မေး ။ ။ ဒီဟာက Online Application ဆိုတော့ မြန်မာနိုင်ငံမှာ ပုံမှန်ပညာရေးစနစ် အနည်းငယ်ပြတ်တောက်သွားတဲ့အချိန်။ စစ်အာဏာသိမ်းပြီချိန်၊ ကိုဗစ်ကပ်ရောဂါကာလမှာ မြန်မာကျောင်းသားတွေက ပုံမှန်သင်ရိုးထက်ကို ဖြည့်စွက်တဲ့အနေနဲ့ သင်တာလား။ ဒါမှမဟုတ် ပုံမှန်ဆိုရင် ဆရာ၊ ဆရာမတွေက သင်ရိုးမှာ ဖြည့်စွက်ပြီးသင်တာ ရှိပါသလားရှင့်။

ဖြေ ။ ။ နှစ်ပိုင်းပေါ့။ ကျနော်တို့ ကိုဗစ်ကာလအတွင်းမှာတော့ ပညာရေးဝန်ကြီးဌာနနဲ့ ပေါင်းပြီးတော့ Alternative Education Channel ဆိုပြီးတော့ တီဗီမှာ Channel တခု ပေါ်လာတယ်။ အဲဒီ Channel မှာ ကျနော်တို့နဲ့ NLD ပညာရေးဝန်ကြီးဌာနတို့ ပူပေါင်းပြီးတော့ ဆရာ၊ ဆရာမတွေ အိမ်ကမိဘတွေကို Training ပေးတဲ့သဘောနဲ့ teaching lesson videos တွေ ဆက်တိုက်ထုတ်ပေးတယ်။ ဒါကတော့ ပုံမှန် curriculum အစိုးရထုတ် သင်ရိုးကိုမှီငြမ်းထားတဲ့ Learning App တွေ လုပ်ထားတာတွေ အများကြီးရှိတယ်။ အဲဒီ App တွေကို မိဘတွေက အိမ်မှာနေရင်းနဲ့ သုံးတတ်အောင်ဆိုပြီးတော့ မိဘတွေကို သင်ကြားပေးတဲ့ ဗီဒီယိုတွေကို ထုတ်ခဲ့တယ်။ ပြီးတော့ အခုန ညီမလေးပြောသလို သင်ထောက်ကူတွေ၊ ပညာရေးထက် အပြင်မှာရှိတဲ့ Concepts, Topics တွေကို လေ့လာနိုင်အောင် ထပ်ထုတ်တဲ့ဟာမျိုး ဒါတွေလည်း ရှိပါတယ်။ ဒါတွေကတော့ ကျနော်တို့ ရောင်းတဲ့အပိုင်းပေါ့။ နှစ်မျိုးသုံးပါတယ်။ မြန်မာပြည်တွင်းမှာတော့ သင်ရိုးကိုအခြေခံပြီး ထုတ်ထားတဲ့ သင်ရိုးနဲ့ ထပ်တူကျတဲ့ application တွေ ရှိသလို၊ သင်ရိုးကို အထောက်အကူပြုပေးတဲ့ အခြား learning applications တွေလည်း ထုတ်ခဲ့ပါတယ်။

မေး ။ ။ 360ed မသိသေးတဲ့လူတွေကို အတိုချုံးရှင်းပြရမယ်ဆိုရင် အဲဒီတကြောင်းလေး ရှင်းပြပေးပါရှင့်။

ဖြေ ။ ။ မြန်မာနိုင်ငံမှာတော့ ဓါတ်သင်ပုန်းလို့ အသိများပါတယ်။ အိမ်တိုင်းအိမ်တိုင်းမှာ တယောက်မဟုတ်တယောက်မှာ ဖုန်းရှိနေတယ်ဆိုရင် ဒီ App လေးကို Download လုပ်ပြီးတော့ အခမဲ့ App တွေ သုံးစွဲနိုင်သလို၊ အခပေးပြီး App တွေ သုံးစွဲနိုင်သလို၊ အခပေးပြီးတော့လည်း သုံးစွဲလို့ရတဲ့ App တွေလည်း ရှိပါတယ်။ ဓါတ်သင်ပုန်း App တွေကို Download လုပ်ပြီးတော့ အိမ်မှာ ကလေးတွေကို တနေ့ကို နှာရီဝက်၊ တစ်နာရီလောက် ပုံမှန်လေး မိဘနဲ့အတူ သင်ယူကြမယ်ဆိုရင် အခုလို ပညာရေး အခက်အခဲကာလမှာ ကိုယ့်ကလေးတွေ စဉ်ဆက်မပြတ် ပညာသင်ခွင့်ရမှာပါ။ အဲဒီအတွက်က ကရိယာတန်ဆာပလာမှ မလိုဘူး၊ ကိုယ့်မှာရှိတဲ့ ဖုန်းကိုထုတ်ပြီးတော့ App ကို Download ဆွဲပြီးတော့ စသုံးရုံပါပဲ။ ဒီအကြောင်းတွေကို သိချင်ရင်လဲ ကျနော်တို့ Facebook မှာ ဓါတ်သင်ပုန်းဆိုပြီး ရှာလို့လည်းရသလို၊ 360ed ဆိုပြီး လာပြီးတော့ မေးလို့ရပါတယ်။

မေး ။ ။ ဒီ 360ed ကို မြန်မာပြည်တွင်းမှာရှိတဲ့ လူတွေလိုချင်တယ်ဆိုရင် ဘယ်လိုမျိုး ရယူနိုင်ပါသလဲရှင့်။

ဖြေ ။ ။ ကျနော်တို့ Play Store နဲ့ App Store – Apple သုံးသူတွေကတော့ App Store မှာ ရှိမယ်။ Android, Huawei Mobile ဖုန်း သုံးသူတွေကတော့ Play Store ကနေ အခမဲ့ Download ရယူနိုင်တယ်။ တကယ်လို့ အခပေးရတဲ့ App တွေ ဆိုရင်လည်း ကျနော်တို့ Facebook မှာ လာမေးရင် နီးစပ်ရာ အေဂျင့်ကို ချိတ်ပေးလိုက်ပါတယ်။ ဒါဆိုရင် တောင်ကုတ်မှာဆိုရင် တောင်ကုတ်နဲ့ ရခိုင်ပြည်နယ်နဲ့ အနီးဆုံးအေဂျင့် (၁၀) ယောက်လောက် ရှိတယ်။ သူတို့နဲ့ နီးစပ်ရာ အနီးဆုံးကို ညွှန်ပေးပြီးတော့ အေဂျင့်ကိုယ်တိုင် သင်ပေးတာမျိုးလည်း ဖြစ်နိုင်တယ်။ ဒါမှမဟုတ်ရင် ကိုယ်က ကျနော်တို့ စာမျက်နှာကနေ သိလိုသမျှ မေးခွန်းတွေကို ၂၄ နာရီ ပြန်ဖြေပေးနေပါတယ်။

မေး ။ ။ အခုမေးချင်တာကတော့ ဒီ ဓါတ်သင်ပုန်းမှာ မြန်မာဘာသာစကား တခုကိုပဲ သင်ပေးတာလား။ အခြားဘာသာရပ်တွေကိုလဲ သင်ပေးပါလဲရှင့်။
augmented reality ဖြေ ။ ။ ဓါတ်သင်ပုန်းက မြန်မာနဲ့ အင်္ဂလိပ် နှစ်မျိုး ရှိပါတယ်။ ဥပမာ ဆယ်တန်း ဓါတုဗေဒ Chemistry ဆိုပါစို့၊ သင်ရိုးတခုလုံးကို အင်္ဂလိပ်လို၊ စာမေးပွဲဖြေလည်း အင်္ဂလိပ်လို သင်ရတယ်။ ဒါပေမဲ့ နားလည်ဖို့အတွက်တော့ မြန်မာဘာသာစကားနဲ့လည်း လေ့လာနိုင်တယ်။ ထိုနည်းတူစွာပဲ Biochemistry - အနည်းဆုံးတော့ မြန်မာ-အင်္ဂလိပ် နှစ်မျိုးစလုံး ရှိတယ်။ တချို့ App တွေဆိုရင်တော့ နိုင်ငံခြားကို ဖြန့်နေတဲ့ App တွေဆိုရင်တော့ အင်္ဂလိပ်စာတမျိုးနဲ့ သူ့ရဲ့ ဒေသဘာသာစကားလေးတွေ ထည့်သွားပါမယ်။ ဥပမာ အမေရိကမှာဆိုရင် အင်္ဂလိပ်စာအပြင် စပိန်ဘာသာစကားထည့်မယ်။ ဘရာဇီးလီယန်း ထည့်မယ်ပေါ့။ ထပ်ပြီးတိုးသွားဖို့ ရှိတယ်။ အနည်းဆုံး မြန်မာပြည်က မိဘပြည်သူတွေကတော့ ကိုယ့်ကလေးတွေကို မြန်မာလို၊ အင်္ဂလိပ်လို သင်ပေးနိုင်တဲ့ အနေအထား ရှိပါတယ်။ ကျနော်တို့ စပြီးတော့ ကုမ္ပဏီထောင်ပြီးတော့ လုပ်ခဲ့တဲ့ ရည်ရွယ်ချက်ကလည်း မြန်မာပညာရေး နည်းပညာ အထောက်အကူပစ္စည်းတွေကို ကမ္ဘာကိုဖြန့်ပြီးတော့ မြန်မာပြည်က လူငယ်နဲ့ ပညာရေးစနစ်လည်း အလုပ်ရစေ၊ တိုင်းပြည်လည်း နိုင်ငံခြားဝင်ငွေ ရပြီးတော့ နိုင်ငံရဲ့ ဂုဏ်သိက္ခာနဲ့ Brand Name လည်း ကမ္ဘာ့အလယ်မှာ တိုးတက်စေဆိုတဲ့ ရည်ရွယ်ချက်နဲ့ စခဲ့တာပါ။

အဲဒီဟာကို စခဲ့ပြီးတဲ့အခါမှာ အခုအခါမှာဆို နိုင်ငံတကာက အသိအမှတ်ပြုတဲ့ ဆုတွေကို တော်တော်လေး ကျနော်တို့ရတယ်။ အဲဒီအတွက်လည်း အခု အမေရိကမှာ ပြန်ပြီးအခြေချပြီးတော့ ပြန်ဖြန့်တဲ့အလုပ် လုပ်နေပါပြီ။ အမေရိကမှာဖြန့်တယ်။ စင်္ကာပူမှာ ဖြန့်တယ်။ နောက် အခြားကမ္ဘာ့နိုင်ငံအသီးသီးနဲ့လည်း ချိတ်ဆက်ပြီးတော့ မြန်မာပြည်ရဲ့ သန္ဓေတည်ခဲ့တဲ့ ပညာရေးနည်းပညာအဖွဲ့အစည်းလေးက ဆက်ပြီးတော့ ကြိုးစားနေပါတယ်။ မြန်မာပြည်က ကျောင်းသူကျောင်းသားတွေ ဆက်ပြီးတော့ ပညာသင်ကြားဖို့အတွက်လည်း မိတ်ဖက်အဖွဲ့အစည်းတွေဖြစ်တဲ့ UN agencies တွေနဲ့ ပူးပေါင်းပြီးတော့ ဆက်အလုပ်လုပ်နေသလို၊ ကျနော်တို့ နဂိုကတည်းက ရှိခဲ့တဲ့ အိပ်မက်ပေါ့ - မြန်မာပြည်မှာ အခြေပြုတဲ့ Augumentative Reality ခေါ်တဲ့ နည်းပညာသုံး သင်ထောက်ကူပစ္စည်းတွေကို ကမ္ဘာကိုဖြန့်တဲ့အလုပ် ဆက်လုပ်နေပါတယ်။ ကျနော်တို့နဲ့ ပူးပေါင်းပြီးတော့ ဆက်သွယ်ပြီးတော့ ကိုယ့်နိုင်ငံအသီးသီးမှာရှိတဲ့ အမေရိကမှာမှမဟုတ်ဘူး၊ အခြားနိုင်ငံအသီးသီးမှာရှိတဲ့ မြန်မာာတွေကိုလည်း ကျနော်တို့ ဖိတ်ခေါ်ချင်ပါတယ်။ ကျနော်တို့နဲ့ ပူးပေါင်းခြင်းအားဖြင့် စီးပွားရေးအခွင့်အလမ်းတခုတည်းသာ မကဘဲ၊ မြန်မာပြည်ရဲ့ အခုလိုကာလမှာ ရှိနေတဲ့ ကလေးတွေရဲ့ ပညာရေးကိုလည်း တဆက်တည်းမှာ ပံ့ပိုးပြီသာ ဖြစ်နေတယ်ဆိုတာကိုလည်း အသိပေးချင်ပါတယ်။ ကျနော်တို့နဲ့ ပူးပေါင်းဖို့အတွက် အချိန်မရွေး ဆက်သွယ်လို့ရပါတယ်။ ကျနော်တို့ website ကတော့ 360ed.org ဖြစ်ပါတယ်။

မအိသန့်စင် ။ ။ အခုလို အချိန်ပေးပြီး ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မလှလှဝင်းရှင့်။

ဖြေ ။ ။ ဟုတ်ကဲ့ ကျနော်လည်း ကျေးဇူးတင်ပါတယ်။

XS
SM
MD
LG