သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီပဲယင်း ကလေးငယ် ၁၁ ဦးသေဆုံးရတဲ့ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု ကုလဝေဖန်


စက်တင်ဘာလ ၁၆ ရက်ဒီပဲယင်းမြို့နယ်တွင်း တိုက်ပွဲဖြစ်စဉ်ကို တပ်မတော်သတင်းမှန်ပြန်ကြားရေးမှ ထုတ်ပြန်တဲ့ မှတ်တမ်းဓာတ်ပုံ။ (စက်တင်ဘာလ ၁၉ ၊ ၂၀၂၂)
စက်တင်ဘာလ ၁၆ ရက်ဒီပဲယင်းမြို့နယ်တွင်း တိုက်ပွဲဖြစ်စဉ်ကို တပ်မတော်သတင်းမှန်ပြန်ကြားရေးမှ ထုတ်ပြန်တဲ့ မှတ်တမ်းဓာတ်ပုံ။ (စက်တင်ဘာလ ၁၉ ၊ ၂၀၂၂)

[[Zawgyi/Unicode]]

စက်တင်ဘာလ ၁၆ ရက်နေ့ က စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ မဆင်မခြင်ပစ်ခတ်မှုတွေကြောင့် ကလေးငယ် ၁၁ ဦးသေဆုံးခဲ့ရကြောင်းနဲ့ အခုလို ကလေးငယ်တွေကို မတိုက်ခိုက်ဖို့ ကုလသမဂ္ဂ ကလေးများရံပုံငွေအဖွဲ့ UNICEF က ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။

ဒီပဲယင်းမြို့နယ်ထဲက စာသင်ကျောင်းတကျောင်း အပါအဝင် အရပ်သားတွေ နေထိုင်တဲ့ နေရာမှာ စစ်ကောင်စီရဲ့ ဒီတိုက်ခိုက်မှုအတွင်း ပျောက်ဆုံးနေတဲ့ ကျောင်းသားကျောင်းသူကလည်း အနည်းဆုံး ၁၅ ဦး ရှိနေတာကြောင့် သူတို့ကို အမြန်ပြန်လွှတ်ပေးဖို့လည်း တောင်းဆိုထားပါတယ်။

ကလေးတွေကို ဘေးအန္တရာယ်ကင်းကင်း နဲ့ ချက်ချင်း ပြန်လွှတ်ပေးဖို့အပြင် စာသင်ကျောင်းတွေဟာ ဘေးကင်းလုံခြုံတဲ့ နေရာတွေ ဖြစ်ပြီး ကလေးသူငယ်တွေကို ဘယ်အခါမှ မတိုက်ခိုက်ဖို့လည်း ယူနီဆက်ဖ် မြန်မာ က သတိပေးလိုက်ပါတယ်။

စစ်ကောင်စီသတင်းပြန်ကြားရေးရဲ့ ၁၆ ရက်နေ့ ထုတ်ပြန်ချက်မှာတော့ တန့်ဆည်မြို့နယ်ထဲမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတခုမှာတော့ PDF ၇ ဦးကို အသေဖမ်းဆီးမိခဲ့တယ်လို့ ပြောထားပြီး ကလေးတွေ သေဆုံးခဲ့တဲ့ တိုက်ပွဲဖြစ်ရပ်ကို ပြောမထားပါဘူး။

တိုက်ရိုက် လင့်ခ်

==================

[[Unicode]]






XS
SM
MD
LG