သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ပဋိပကၡေတြၾကားက ျမန္မာကေလးငယ္ေတြ အေျခအေန 


ျမန္မာစစ္ေဘးေရွာင္ ကေလးငယ္မ်ား - IDP Children။ ဓါတ္ပံု - မိုင္ညီဝင္းေမာင္ (မွတ္တမ္းဓါတ္ပုံ)

ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းကာလ ၂ ႏွစ္နီးပါး ၾကာလာတဲ့ေနာက္ ျပည္တြင္းမွာ စစ္ေဘးဒဏ္သင့္ ဒုကၡေရာက္ေနၾကတဲ့သူေတြထဲ ကေလးငယ္ေတြလည္း အေတာ္မ်ားမ်ား ပါဝင္ေနပါတယ္။ ။ ဒီအေၾကာင္း ရန္ကုန္ကသတင္းေပးပို႔တာ ကိုခင္ေမာင္စိုးမင္း က ေျပာျပမွာပါ။

ပဋိပကၡေတြၾကားက ျမန္မာကေလးငယ္ေတြ အေျခအေန

{{Zawgyi/Unicode}}
ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းကာလ ၂ ႏွစ္နီးပါး ၾကာလာတဲ့ေနာက္ ျပည္တြင္းမွာ စစ္ေဘးဒဏ္သင့္ ဒုကၡေရာက္ေနၾကတဲ့သူေတြထဲ ကေလးငယ္ေတြလည္း အေတာ္မ်ားမ်ား ပါဝင္ေနပါတယ္။ ကေလးငယ္ေတြဟာ ပညာေရး က်န္းမာေရးအပါအဝင္ သူတို႔ရသင့္တဲ့ အေျခခံအခြင့္အေရးေတြကို စြန႔္လႊတ္ထားရသလို၊ ေနရပ္ကေန အိုးအိမ္စြန႔္ခြာေျပးေနရတာေၾကာင့္လည္း အကူအညီလိုအပ္ခ်က္ေတြအေတာ္ေလးရွိေနပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကသတင္းေပးပို႔တာ ကိုခင္ေမာင္စိုးမင္း က ေျပာျပမွာပါ။

ျမန္မာႏိုင္ငံတြင္းႀကဳံေနရတဲ့ ျပည္တြင္းပဋိပကၡေတြေၾကာင့္ ကေလးငယ္ေတြနဲ႔ သူတို႔မိသားစုေတြ ထိခိုက္နစ္နာမႈရွိေနၿပီး၊ ျမန္မာကေလးငယ္ ၅ ဒႆမ ၆ သန္းေလာက္ဟာ လူသားခ်င္းစာနာမႈ အကူအညီေတြ လိုအပ္ေနတယ္လို႔ ကုလသမဂၢကေလးမ်ား ရံပုံေငြအဖြဲ႕ UNICEF က ေျပာထားပါတယ္။ ဒါေၾကာင့္ ၂၀၂၃ ခုႏွစ္အတြက္ အေရးတႀကီးလိုအပ္တဲ့ ၁၁ ႏိုင္ငံထဲမွာ ျမန္မာကို UNICEF က ထည့္သြင္းထားပါတယ္။ ေဒသတြင္း လက္နက္ကိုင္ ပဋိပကၡေတြေၾကာင့္ အိုးအိမ္စြန႔္ခြာထြက္ေျပးေနရတဲ့အထဲ ကေလးငယ္ေတြအေတာ္မ်ားမ်ားပါဝင္ၿပီး၊ သူတို႔အတြက္ လိုအပ္ခ်က္ေတြ မ်ားလာေနတယ္လို႔လည္း စစ္ေျပးဒုကၡသည္ေတြကို အကူအညီေပးေနသူေတြက ေျပာပါတယ္။

စစ္ေရွာင္သူေတြဟာ သူတို႔ရဲ႕ေနရပ္မွာ လက္နက္ကိုင္ပဋိပကၡ မရွိေတာ့ေပမယ့္ တခ်ိဳ႕က ပစ္ခတ္မႈေတြ ထပ္ျဖစ္လာမွာကို စိုးရိမ္ၾကသလို၊ တခ်ိဳ႕ကလည္း ျပန္စရာအိမ္ လုံးဝမရွိေတာ့လို႔ ေရာက္တဲ့အရပ္မွာပဲ ျဖစ္သလို ေနၾကရတာပါ။ အဲဒီထဲမွာ ကေလးငယ္ေတြ ပါဝင္ေနၿပီး ေက်ာင္းေနအ႐ြယ္ ကေလးေတြမွာ စာနဲ႔ေဝးတဲ့ဒဏ္ေၾကာင့္ သင္ၾကားေရး အခက္အခဲေတြရွိၿပီး၊ ကေလးငယ္ေတြအတြက္ က်န္းမာေရးနဲ႔ တျခား လိုအပ္ခ်က္ေတြကိုလည္း ကူညီေပးေနသူတဦးက အခုလို ေျပာပါတယ္။

"ကေလးေတြ အေျခအေနကေတာ့ လိုအပ္ခ်က္ ေတာ္ေတာ္ႀကီးႀကီးမားမား ရွိတယ္။ ကေလးေတြရဲ႕ အေျခခံပညာကေတာ့ တတ္ႏိုင္တဲ့သူက ေက်ာင္းျပန္ေနၾကတာ ရွိတယ္။ မေနႏိုင္တဲ့ ကေလးေတြလည္း အမ်ားႀကီးရွိတယ္။ အထူးသျဖင့္ ကေလးေတြကေတာ့ သူတို႔စစ္ေဘးေရွာင္ရတာ ၂ ႏွစ္ေလာက္ျဖစ္တဲ့ အခါက်ေတာ့ စာလက္လွမ္းမမီတဲ့ ကိစၥေတြအမ်ားႀကီး ရွိေနတယ္။ ကေလးေတြရဲ႕ က်န္းမာေရး၊ အစာအာဟာရ အေထာက္အပံ့ျဖစ္တဲ့ ဟာေတြ၊ ကေလးေတြလိုအပ္တဲ့ အေႏြးထည္ေတြ၊ က်န္းမာေရးကိစၥေတြေတာ့ ေတာ္ေတာ္ေလး ခက္ခဲတာရွိတယ္။"

ကုလသမဂၢကေလးမ်ား ရံပုံေငြအဖြဲ႕ UNICEF ကေတာ့ ကေလးငယ္ ၇ သိန္းခြဲအတြက္ အေစာပိုင္း သင္ယူေလ့လာေရး အခြင့္အလမ္းေတြနဲ႔ တဦးခ်င္း သင္ယူေလ့လာေရး အေထာက္အကူျပဳ ပစၥည္းေတြ ပံ့ပိုးတာ အပါအဝင္ ပညာေရးကို လက္လွမ္းမီ သင္ယူႏိုင္ေအာင္ ၂၀၂၃ ခုႏွစ္ ဒီႏွစ္ထဲမွာ ပံ့ပို႔ေပးဖို႔ ရည္မွန္းထားတယ္လို႔ ဆိုပါတယ္။ ရွမ္းျပည္နယ္ေျမာက္ပိုင္းက စစ္ေျပးဒုကၡသည္ေတြထဲက ထက္ဝက္ေလာက္ဟာ ကေလးငယ္ေတြ ျဖစ္ေနၿပီး သူတို႔အတြက္ အကူအညီေတြ လိုအပ္ေနတယ္လို႔ တေအာင္းအမ်ိဳးသမီးအဖြဲ႕ TWO ရဲ႕ တာဝန္ခံကလည္း အခုလို ေျပာပါတယ္။

"လတ္တေလာ လိုအပ္ေနတဲ့ အပိုင္းမွာဆိုရင္ေတာ့ ေတာ္ေတာ္မ်ားမ်ား စားေသာက္ေရးနဲ႔ တျခားအပိုင္းေတြေတာ့ လာကူၾကတယ္။ ဒါေပမဲ့ ကေလးနဲ႔ပတ္သက္တဲ့ ကေလးႏို႔မႈန႔္ေတြ၊ အာဟာရမႈန႔္ေတြ၊ အေႏြးထည္ေတြက်ေတာ့ ကူတဲ့သူေတြ မရွိဘူးျဖစ္ေနတဲ့ အတြက္ေၾကာင့္မို႔လို႔ အဲဒီအပိုင္းမွာေတာ့ အခက္အခဲ ရွိေနေသးတယ္။"

ျမန္မာႏိုင္ငံတဝွမ္း အိုးအိမ္စြန႔္ခြာ တိမ္းေရွာင္ၾကရသူ လူေပါင္း ၁ ဒႆမ ၅ သန္းေက်ာ္ရွိၿပီး၊ အဲဒီထဲက ၁ ဒႆမ ၁ သန္းေက်ာ္ဟာ စစ္တပ္အာဏာသိမ္းၿပီး ေနာက္ပိုင္းတိုးလာတဲ့ အေရအတြက္ျဖစ္တယ္လို႔ ကုလသမဂၢ လူသားခ်င္းစာနာမႈဆိုင္ရာ ညႇိႏႈိင္းေရးမႉး႐ုံး UNOCHA ရဲ႕ ေနာက္ဆုံးထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။ ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းထားတာ ၂ ႏွစ္နီးပါး ၾကာၿပီးတဲ့ေနာက္ ပဋိပကၡေတြနဲ႔ ေငြေၾကးေဖာင္းပြတာေတြေၾကာင့္ ပိုဆိုး႐ြားလာတဲ့ စီးပြားေရး အက်ပ္အတည္းဒဏ္ကို ျမန္မာျပည္သူေတြ ဆက္လက္ခံစား ေနၾကရတယ္လို႔လည္း UNOCHA က ေျပာထားပါတယ္။

ပဋိပကၡေတြၾကားက ျမန္မာကေလးငယ္ေတြ အေျခအေန
please wait

No media source currently available

0:00 0:02:56 0:00
တိုက္႐ိုက္ လင့္ခ္

ပဋိပက္ခတွေကြားက မြန်မာကလေးငယ်တွေ အခြေအနေ

{{Zawgyi/Unicode}}
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းကာလ ၂ နှစ်နီးပါး ကြာလာတဲ့နောက် ပြည်တွင်းမှာ စစ်ဘေးဒဏ်သင့် ဒုက္ခရောက်နေကြတဲ့သူတွေထဲ ကလေးငယ်တွေလည်း အတော်များများ ပါဝင်နေပါတယ်။ ကလေးငယ်တွေဟာ ပညာရေး ကျန်းမာရေးအပါအဝင် သူတို့ရသင့်တဲ့ အခြေခံအခွင့်အရေးတွေကို စွန့်လွှတ်ထားရသလို၊ နေရပ်ကနေ အိုးအိမ်စွန့်ခွာပြေးနေရတာကြောင့်လည်း အကူအညီလိုအပ်ချက်တွေအတော်လေးရှိနေပါတယ်။ ဒီအကြောင်း ရန်ကုန်ကသတင်းပေးပို့တာ ကိုခင်မောင်စိုးမင်း က ပြောပြမှာပါ။

မြန်မာနိုင်ငံတွင်းကြုံနေရတဲ့ ပြည်တွင်းပဋိပက္ခတွေကြောင့် ကလေးငယ်တွေနဲ့ သူတို့မိသားစုတွေ ထိခိုက်နစ်နာမှုရှိနေပြီး၊ မြန်မာကလေးငယ် ၅ ဒဿမ ၆ သန်းလောက်ဟာ လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်နေတယ်လို့ ကုလသမဂ္ဂကလေးများ ရံပုံငွေအဖွဲ့ UNICEF က ပြောထားပါတယ်။ ဒါကြောင့် ၂၀၂၃ ခုနှစ်အတွက် အရေးတကြီးလိုအပ်တဲ့ ၁၁ နိုင်ငံထဲမှာ မြန်မာကို UNICEF က ထည့်သွင်းထားပါတယ်။ ဒေသတွင်း လက်နက်ကိုင် ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့အထဲ ကလေးငယ်တွေအတော်များများပါဝင်ပြီး၊ သူတို့အတွက် လိုအပ်ချက်တွေ များလာနေတယ်လို့လည်း စစ်ပြေးဒုက္ခသည်တွေကို အကူအညီပေးနေသူတွေက ပြောပါတယ်။

စစ်ရှောင်သူတွေဟာ သူတို့ရဲ့နေရပ်မှာ လက်နက်ကိုင်ပဋိပက္ခ မရှိတော့ပေမယ့် တချို့က ပစ်ခတ်မှုတွေ ထပ်ဖြစ်လာမှာကို စိုးရိမ်ကြသလို၊ တချို့ကလည်း ပြန်စရာအိမ် လုံးဝမရှိတော့လို့ ရောက်တဲ့အရပ်မှာပဲ ဖြစ်သလို နေကြရတာပါ။ အဲဒီထဲမှာ ကလေးငယ်တွေ ပါဝင်နေပြီး ကျောင်းနေအရွယ် ကလေးတွေမှာ စာနဲ့ဝေးတဲ့ဒဏ်ကြောင့် သင်ကြားရေး အခက်အခဲတွေရှိပြီး၊ ကလေးငယ်တွေအတွက် ကျန်းမာရေးနဲ့ တခြား လိုအပ်ချက်တွေကိုလည်း ကူညီပေးနေသူတဦးက အခုလို ပြောပါတယ်။

"ကလေးတွေ အခြေအနေကတော့ လိုအပ်ချက် တော်တော်ကြီးကြီးမားမား ရှိတယ်။ ကလေးတွေရဲ့ အခြေခံပညာကတော့ တတ်နိုင်တဲ့သူက ကျောင်းပြန်နေကြတာ ရှိတယ်။ မနေနိုင်တဲ့ ကလေးတွေလည်း အများကြီးရှိတယ်။ အထူးသဖြင့် ကလေးတွေကတော့ သူတို့စစ်ဘေးရှောင်ရတာ ၂ နှစ်လောက်ဖြစ်တဲ့ အခါကျတော့ စာလက်လှမ်းမမီတဲ့ ကိစ္စတွေအများကြီး ရှိနေတယ်။ ကလေးတွေရဲ့ ကျန်းမာရေး၊ အစာအာဟာရ အထောက်အပံ့ဖြစ်တဲ့ ဟာတွေ၊ ကလေးတွေလိုအပ်တဲ့ အနွေးထည်တွေ၊ ကျန်းမာရေးကိစ္စတွေတော့ တော်တော်လေး ခက်ခဲတာရှိတယ်။"

ကုလသမဂ္ဂကလေးများ ရံပုံငွေအဖွဲ့ UNICEF ကတော့ ကလေးငယ် ၇ သိန်းခွဲအတွက် အစောပိုင်း သင်ယူလေ့လာရေး အခွင့်အလမ်းတွေနဲ့ တဦးချင်း သင်ယူလေ့လာရေး အထောက်အကူပြု ပစ္စည်းတွေ ပံ့ပိုးတာ အပါအဝင် ပညာရေးကို လက်လှမ်းမီ သင်ယူနိုင်အောင် ၂၀၂၃ ခုနှစ် ဒီနှစ်ထဲမှာ ပံ့ပို့ပေးဖို့ ရည်မှန်းထားတယ်လို့ ဆိုပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းက စစ်ပြေးဒုက္ခသည်တွေထဲက ထက်ဝက်လောက်ဟာ ကလေးငယ်တွေ ဖြစ်နေပြီး သူတို့အတွက် အကူအညီတွေ လိုအပ်နေတယ်လို့ တအောင်းအမျိုးသမီးအဖွဲ့ TWO ရဲ့ တာဝန်ခံကလည်း အခုလို ပြောပါတယ်။

"လတ်တလော လိုအပ်နေတဲ့ အပိုင်းမှာဆိုရင်တော့ တော်တော်များများ စားသောက်ရေးနဲ့ တခြားအပိုင်းတွေတော့ လာကူကြတယ်။ ဒါပေမဲ့ ကလေးနဲ့ပတ်သက်တဲ့ ကလေးနို့မှုန့်တွေ၊ အာဟာရမှုန့်တွေ၊ အနွေးထည်တွေကျတော့ ကူတဲ့သူတွေ မရှိဘူးဖြစ်နေတဲ့ အတွက်ကြောင့်မို့လို့ အဲဒီအပိုင်းမှာတော့ အခက်အခဲ ရှိနေသေးတယ်။"

မြန်မာနိုင်ငံတဝှမ်း အိုးအိမ်စွန့်ခွာ တိမ်းရှောင်ကြရသူ လူပေါင်း ၁ ဒဿမ ၅ သန်းကျော်ရှိပြီး၊ အဲဒီထဲက ၁ ဒဿမ ၁ သန်းကျော်ဟာ စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်းတိုးလာတဲ့ အရေအတွက်ဖြစ်တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး UNOCHA ရဲ့ နောက်ဆုံးထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းထားတာ ၂ နှစ်နီးပါး ကြာပြီးတဲ့နောက် ပဋိပက္ခတွေနဲ့ ငွေကြေးဖောင်းပွတာတွေကြောင့် ပိုဆိုးရွားလာတဲ့ စီးပွားရေး အကျပ်အတည်းဒဏ်ကို မြန်မာပြည်သူတွေ ဆက်လက်ခံစား နေကြရတယ်လို့လည်း UNOCHA က ပြောထားပါတယ်။

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG