စစ္ေကာင္စီ တပ္ေျပးလိုက္ရွာ စစ္ေရွာင္စခန္းမသက္သာ
{{Zawgyi/Unicode}}
ရခိုင္ေျမာက္ပိုင္း ေက်ာက္ေတာ္ၿမိဳ႕နယ္တြင္း စစ္ေျပးဒုကၡသည္ စခန္းတခုကို စစ္ေကာင္စီက ေသနတ္ပစ္ေဖာက္ဝင္ေရာက္ၿပီး စစ္ေဆးရွာေဖြတာေတြ လုပ္ခဲ့တယ္လို႔ ဒုကၡသည္ေတြက ေျပာပါတယ္။ တခ်ိန္တည္းမွာ ရခိုင္ေျမာက္ပိုင္းေဒသ ဒုကၡသည္ေတြဟာ တိုက္ပြဲေတြရပ္နားေနတယ္ဆိုေပမယ့္၊ အကူအညီရွားပါးၿပီး စားဝတ္ေနေရးခက္ခဲေနတယ္လို႔ေျပာပါတယ္။ ရန္ကုန္ကလာတဲ့ သတင္းကို ကိုရဲမြန္ က တင္ျပေပးပါမယ္။
ရခိုင္ေျမာက္ပိုင္း ေက်ာက္ေတာ္ၿမိဳ႕နယ္က လူဦးေရ ၁၆၀၀ ေက်ာ္ေနထိုင္တဲ့ မဟာျမတ္မုနိ စစ္ေဘးဒုကၡသည္စခန္းကို ၿပီးခဲ့တဲ့ ဒီဇင္ဘာလ ၂၀ ရက္ေန႔က စစ္ေကာင္စီ တပ္သားေတြ ေသနတ္ပစ္ေဖာက္ၿပီးေတာ့ ဝင္ေရာက္စစ္ေဆးသြားတယ္လို႔ စခန္းတြင္းေနထိုင္တဲ့ စစ္ေဘးဒုကၡသည္ေတြက ေျပာပါတယ္။
မဟာျမတ္မုနိ ဘုရားေပၚမွာ တပ္စြဲထားတဲ့ စစ္ေကာင္စီတပ္က တပ္သားတဦး ထြက္ေျပးသြားတာေၾကာင့္ အခုလို ေသနတ္ပစ္ေဖာက္ၿပီးေတာ့ စစ္ေဘးဒုကၡသည္စခန္းကို ဝင္စစ္တာျဖစ္တယ္လို႔ မဟာျမတ္မုနိ စစ္ေဘးဒုကၡသည္စခန္းတာဝန္ခံကိုယ္ေတာ္က မိန႔္ပါတယ္။
" ၂၀ရက္ ေန႔ကေတာ့ ဝင္လို႔စစ္လာတယ္၊ သူတို႔မွာ လူတေယာက္ထြက္ေျပးသြားတယ္ လို႔ၾကားတယ္ ။ အဲဒါ ဒုကၡသည္စခန္းကို ဝင္ၿပီးေတာ့ လာစစ္တာ၊ ဘာမွေတာ့မလုပ္ဘူး ။ လူဘယ္ႏွစ္ေယာက္ရွိလဲ ဆိုၿပီးေတာ့ ေမးတဲ့ပုံစံမ်ိဳးပါ ။ ေသနတ္ေတာ့ သုံးေလး ေခါက္ ပစ္သြားတယ္။” လို႔ ရခိုင္လို ေျပာသြားတာပါ။
လက္ရွိမွာေတာ့ မဟာျမတ္မုနိ စစ္ေဘးဒုကၡသည္စခန္းမွာ လူဦးေရ ၁၆၀၀ေက်ာ္ ေလာက္ေနထိုင္ေနသလို စားနပ္ရိကၡာ အပါအဝင္ အေႏြးထည္နဲ႔ ေစာင္ေတြလိုအပ္ေနတယ္လို႔လည္း စခန္းတာဝန္ခံ ကိုယ္ေတာ္က မိန႔္ပါတယ္။
“ စားဝတ္ေနေရးကေတာ့ အခက္အခဲရွိပါတယ္။ အခုက ေဆာင္းရာသီျဖစ္တာေၾကာင့္ စားဝတ္ေနေရး အေရးႀကီးသလို အေႏြးထည္ အက်ႌေတြ ေစာင္ေတြ လိုအပ္ေနပါတယ္။ အခုလို အခက္အခဲျဖစ္ေနတဲ့ အခ်ိန္မွာ ျပည္တြင္းျပည္မ အလွ်ဴရွင္ေတြက ဝိုင္းဝန္းၿပီးေတာ့ ကူညီေပးေစခ်င္ပါတယ္။”
ရခိုင္ေျမာက္ပိုင္းမွာ စစ္ေကာင္စီက အပစ္ရပ္ထားတယ္ဆိုေပမယ့္ စစ္ေကာင္စီတပ္က ရိကၡာနဲ႔ လူအင္အားေတြ ျဖည့္တင္းေနတာေၾကာင့္ တိုက္ပြဲျပန္ျဖစ္လာမွာကိုေဒသခံေတြက စိုးရိမ္ေနၾကပါတယ္။ဒါ့အျပင္ စစ္ေကာင္စီက ရခိုင္ေျမာက္ပိုင္းမွာ ခရီးသြားလာခြင့္ေတြနဲ႔ စားနပ္ရိကၡာသည္ယူခြင့္ေတြကို ကန႔္သတ္ထားတာေၾကာင့္ စစ္ေဘးဒုကၡသည္ေတြ အပါအဝင္ ေဒသခံေတြ အခက္ႀကဳံေနၾကရတယ္လို႔လည္း ေဒသခံေတြက ေျပာဆိုၾကပါတယ္။
စစ်ကောင်စီ တပ်ပြေးလိုက်ရှာ စစ်ရှောင်စခန်းမသက်သာ
{{Zawgyi/Unicode}}
ရခိုင်မြောက်ပိုင်း ကျောက်တော်မြို့နယ်တွင်း စစ်ပြေးဒုက္ခသည် စခန်းတခုကို စစ်ကောင်စီက သေနတ်ပစ်ဖောက်ဝင်ရောက်ပြီး စစ်ဆေးရှာဖွေတာတွေ လုပ်ခဲ့တယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။ တချိန်တည်းမှာ ရခိုင်မြောက်ပိုင်းဒေသ ဒုက္ခသည်တွေဟာ တိုက်ပွဲတွေရပ်နားနေတယ်ဆိုပေမယ့်၊ အကူအညီရှားပါးပြီး စားဝတ်နေရေးခက်ခဲနေတယ်လို့ပြောပါတယ်။ ရန်ကုန်ကလာတဲ့ သတင်းကို ကိုရဲမွန် က တင်ပြပေးပါမယ်။
ရခိုင်မြောက်ပိုင်း ကျောက်တော်မြို့နယ်က လူဦးရေ ၁၆၀၀ ကျော်နေထိုင်တဲ့ မဟာမြတ်မုနိ စစ်ဘေးဒုက္ခသည်စခန်းကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၀ ရက်နေ့က စစ်ကောင်စီ တပ်သားတွေ သေနတ်ပစ်ဖောက်ပြီးတော့ ဝင်ရောက်စစ်ဆေးသွားတယ်လို့ စခန်းတွင်းနေထိုင်တဲ့ စစ်ဘေးဒုက္ခသည်တွေက ပြောပါတယ်။
မဟာမြတ်မုနိ ဘုရားပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က တပ်သားတဦး ထွက်ပြေးသွားတာကြောင့် အခုလို သေနတ်ပစ်ဖောက်ပြီးတော့ စစ်ဘေးဒုက္ခသည်စခန်းကို ဝင်စစ်တာဖြစ်တယ်လို့ မဟာမြတ်မုနိ စစ်ဘေးဒုက္ခသည်စခန်းတာဝန်ခံကိုယ်တော်က မိန့်ပါတယ်။
" ၂၀ရက် နေ့ကတော့ ဝင်လို့စစ်လာတယ်၊ သူတို့မှာ လူတယောက်ထွက်ပြေးသွားတယ် လို့ကြားတယ် ။ အဲဒါ ဒုက္ခသည်စခန်းကို ဝင်ပြီးတော့ လာစစ်တာ၊ ဘာမှတော့မလုပ်ဘူး ။ လူဘယ်နှစ်ယောက်ရှိလဲ ဆိုပြီးတော့ မေးတဲ့ပုံစံမျိုးပါ ။ သေနတ်တော့ သုံးလေး ခေါက် ပစ်သွားတယ်။” လို့ ရခိုင်လို ပြောသွားတာပါ။
လက်ရှိမှာတော့ မဟာမြတ်မုနိ စစ်ဘေးဒုက္ခသည်စခန်းမှာ လူဦးရေ ၁၆၀၀ကျော် လောက်နေထိုင်နေသလို စားနပ်ရိက္ခာ အပါအဝင် အနွေးထည်နဲ့ စောင်တွေလိုအပ်နေတယ်လို့လည်း စခန်းတာဝန်ခံ ကိုယ်တော်က မိန့်ပါတယ်။
“ စားဝတ်နေရေးကတော့ အခက်အခဲရှိပါတယ်။ အခုက ဆောင်းရာသီဖြစ်တာကြောင့် စားဝတ်နေရေး အရေးကြီးသလို အနွေးထည် အင်္ကျီတွေ စောင်တွေ လိုအပ်နေပါတယ်။ အခုလို အခက်အခဲဖြစ်နေတဲ့ အချိန်မှာ ပြည်တွင်းပြည်မ အလျှူရှင်တွေက ဝိုင်းဝန်းပြီးတော့ ကူညီပေးစေချင်ပါတယ်။”
ရခိုင်မြောက်ပိုင်းမှာ စစ်ကောင်စီက အပစ်ရပ်ထားတယ်ဆိုပေမယ့် စစ်ကောင်စီတပ်က ရိက္ခာနဲ့ လူအင်အားတွေ ဖြည့်တင်းနေတာကြောင့် တိုက်ပွဲပြန်ဖြစ်လာမှာကိုဒေသခံတွေက စိုးရိမ်နေကြပါတယ်။ဒါ့အပြင် စစ်ကောင်စီက ရခိုင်မြောက်ပိုင်းမှာ ခရီးသွားလာခွင့်တွေနဲ့ စားနပ်ရိက္ခာသည်ယူခွင့်တွေကို ကန့်သတ်ထားတာကြောင့် စစ်ဘေးဒုက္ခသည်တွေ အပါအဝင် ဒေသခံတွေ အခက်ကြုံနေကြရတယ်လို့လည်း ဒေသခံတွေက ပြောဆိုကြပါတယ်။