သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေျမျမွဳပ္မိုင္းအႏၲရာယ္ဟာ ကရင္နီနယ္ (ကယားျပည္နယ္) အတြက္ အႀကီးမားဆုံးစိန္ေခၚမႈျဖစ္


ဒီးေမာ့ဆိုၿမိဳ႕နယ္ ျပည္သူ႔ကာကြယ္ေရးတပ္က ရွင္းလင္းရရွိတဲ့ ေျမျမွဳပ္မိုင္းမ်ား

စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ကယားျပည္နယ္ ေဒသအေခၚ ကရင္နီနယ္မွာ ေျမျမဳပ္မိုင္းအႏၲရာယ္ဟာ အႀကီးမားဆုံးစိန္ေခၚမႈတရပ္ျဖစ္လာပါတယ္။ စစ္ေရးပဋိပကၡျဖစ္ေနတဲ့ စစ္ေကာင္စီေရာ ေဒသခံကာကြယ္ေရးအဖြဲ႕ေတြကပါ ႏွစ္ဖက္စလုံးက ေျမျမဳပ္မိုင္းေတြ အသုံးျပဳေနတာျဖစ္ေပမယ့္၊ စစ္ေကာင္စီတပ္က ပိုအသုံးမ်ားတယ္လို႔ မိုင္းရွာေဖြရွင္းလင္းေရးအဖြဲ႕ေတြက ေျပာၾကပါတယ္။ စစ္အာဏာသိမ္းၿပီး ႏွစ္ႏွစ္အၾကာ ကရင္နီနယ္မွာရင္ဆိုင္ေနရတဲ့ ေျမျမဳပ္မိုင္းအေျခအေန အထူးသတင္းေပးပို႔ခ်က္ကို ကိုေဇာ္ဝင္းလႈိင္က ေျပာျပပါမယ္။

စစ္တပ္ကအာဏာသိမ္းမႈကိုဆန႔္က်င္တဲ့ ဆႏၵျပမႈေတြ အၾကမ္းဖက္ၿဖိဳခြဲခံရၿပီးတဲ့ေနာက္ ျမန္မာႏိုင္ငံတဝန္း ဆႏၵျပလူငယ္ေတြဟာ ျပည္သူ႔ကာကြယ္ေရးအဖြဲ႕ေတြဖြဲ႕ၿပီး စစ္ေကာင္စီကို လက္နက္လမ္းစဥ္နဲ႔ ျပန္လည္ခုခံတိုက္ခိုက္ခဲ့ၾကတာပါ။ အဲဒီကတည္းက ကယားျပည္နယ္ ေဒသအေခၚ ကရင္နီနယ္က ေနရာအေတာ္မ်ားမ်ားမွာ တိုက္ပြဲေတြစတင္ျဖစ္ပြားလာတာ ခုဆို ႏွစ္ႏွစ္နီးပါး ရွိလာပါၿပီ။

ကယားနယ္တခြင္မွာ စစ္ေကာင္စီရဲ႕ ေလယာဥ္ဗုံးႀကဲမႈ လက္နက္ႀကီးပစ္ခတ္မႈေတြ ျပင္းျပင္းထန္ထန္ ႏွိပ္ကြပ္ခံရတဲ့အျပင္ ေျမျမႇဳပ္မိုင္းအႏၲရာယ္ေတြလည္း အႀကီးမားဆုံး ေခၚစိန္မႈတစ္ခု ျဖစ္လာတယ္လို႔ ေဒသခံနဲ႔ ကရင္နီအဖြဲ႕အစည္းေတြက ေျပာဆိုၾကပါတယ္။ တိုက္ပြဲေၾကာင့္ စစ္ေျပးေရွာင္ေနတဲ့ ျပည္သူေတြဟာ တိုက္ပြဲတည္ၿငိမ္တဲ့အခ်ိန္မွာ သူတို႔ေနရပ္ျပန္ၿပီး လိုအပ္တဲ့ပစၥည္းေတြ ျပန္လာယူရင္းနဲ႔ ေျမျမႇဳပ္မိုင္းနင္းမိတဲ့ ျဖစ္စဥ္ေတြ မၾကာခဏျဖစ္ပြားေနပါတယ္။

ဒီေမာ့ဆိုၿမိဳ႕နယ္ ကုန္းသာေက်း႐ြာက အသက္ ၄၁ႏွစ္အ႐ြယ္ ေဒၚေဌးေဌးဝင္းဟာ ၿပီးခဲ့တဲ့ ၂၀၂၁ ခုႏွစ္ ေအာက္တိုဘာလထဲက ေက်း႐ြာကိုျပန္လာခ်ိန္ သူ႔ရဲ႕ဦးေလးၿခံဝင္းအိမ္ေရွ႕မွာ မိုင္းနင္းမိၿပီး ညာေျခေထာက္ ျပတ္ရွ၊ က်န္တစ္ဖက္မွာ ျပင္းထန္တဲ့ မိုင္းစထိမွန္ဒဏ္ရာရရွိခဲ့ပါတယ္။ မိုင္းနင္းမိဒဏ္ရာနဲ႔ ေဆးကုသရင္းပဲ အသက္ဆုံးရႈံးခဲ့ရတယ္လို႔ သူငယ္ခ်င္းျဖစ္သူ ေဒၚကြယ္ျမာက ဗီြအိုေအကို ခုလိုျပန္ေျပာျပပါတယ္။

“အဲ့သူငယ္ခ်င္းတစ္ေယာက္က အိမ္မီးေလာင္းၿပီးေတာ့မွ ပိုက္ဆံတစ္အိမ္ တစ္သိန္းေထာက္ပံ့ေပးတာေလ အဲ့ဒါျပန္ယူရင္းနဲ႔ေပါ့ေနာ္ သူ႔အေဒၚအိမ္ေရွ႕မွာကို နင္းသြားတာေပါ့ အဲ့ဒီမိုင္းကို နင္းမိသြားၿပီးေတာ့မွ သူက ေျခေထာက္တစ္ဖက္ တခါထဲကိုျပတ္သြားတာ ျပတ္သြားၿပီးမွ သူ ေဆး႐ုံေခၚသြားလိုက္တယ္ေလ၊ ေဆး႐ုံေခၚသြားေတာ့ ေဆး႐ုံမွာလည္း တစ္ပတ္ ဆယ္ရက္ေလာက္ပဲေပါ့ ေနရၿပီးမွ အသက္ပါပါသြားေရာ။”

အလာတူ ၂၀၂၂ ခုႏွစ္ ႏွစ္ကုန္ပိုင္းေလာက္က ေဒၚကြယ္ျမာရဲ႕ ေဆြမ်ိဳးေတာ္သူက ကားနဲ႔ ေနအိမ္ျပန္ၿပီး လိုအပ္ပစၥည္းယူခ်ိန္၊ သူ႔ေနအိမ္ၿခံေရွ႕မွာ မိုင္းေပါက္ကြဲလို႔ ကားပ်က္စီးသြားတယ္လို႔ ေျပာပါတယ္။ ဒါေၾကာင့္ တိုက္ပြဲတည္ၿငိမ္ရင္ေတာင္ ေျမျမႇဳပ္မိုင္းအႏၲရာယ္ေၾကာင့္ ေနရပ္ျပန္ေနဖို႔က မေသခ်ာေတာ့ဘူးလို႔ ေျပာပါတယ္။

“အရင္တေလာတုန္းက အမ်ိဳးတစ္ဝမ္းကြဲတစ္ေယာက္ေပါ့ေနာ္၊ အဲ့ဒါ သူျပန္ၿပီးမွ ပစၥည္းနည္းနည္းျပန္သယ္မယ္ဆိုၿပီးမွ ကားနဲ႔ ထပ္နင္းမိေသးတယ္ေလ ႐ြာဖက္မွာထဲက လူကေတာ့ မထိဘူးေပါ့ေနာ္ ကားပဲထိသြား ကားပဲပ်က္စီးသြားတယ္ေပါ့။ အခုကေတာ့ ျပန္ဖို႔ေတာ့ မလြယ္ေတာ့ပါဘူး၊ ေျမျမႇဳပ္မိုင္းေတြကလည္း တအားမ်ားေနခါက်ေတာ့ေလ ျပန္ဖို႔ေတာင္မွ လုံးဝကို အဆင္မေျပႏိုင္ေတာ့ဘူး။”

ေျမျမႇဳပ္မိုင္း ေပါက္ကြဲခဲ့တဲ့ေနရာေတြဟာ စစ္ေကာင္စီတပ္ေတြ စစ္ေၾကာင္းဆင္ တပ္စြဲေနထိုင္ ခဲ့ေနရာေတြျဖစ္ၿပီး စစ္ေကာင္စီတပ္က ေထာင္ထားတဲ့ မိုင္းေတြျဖစ္တယ္လို႔ ႐ြာခံေတြက ေျပာဆိုၾကပါတယ္။ ကရင္နီလူ႔အခြင့္အေရးအဖြဲ႕ ဒါ႐ိုက္တာ ကိုဗညားကေတာ့ စစ္ေရးအရ တင္းမာမႈမရွိတဲ့ ေက်း႐ြာတစ္႐ြာမွာ ေျမျမႇဳပ္ အလုံး ၃၀ ထက္မနည္း ရွားေဖြေတြ႕ရွိတယ္လို႔ ဆိုပါတယ္။ ဒါေၾကာင့္ စစ္မ်က္ႏွာျပင္ျဖစ္တဲ့ ဧရိယာေတြမွာ ဒီထက္မက ေျမျမႇဳပ္မိုင္းေတြ အဆေပါင္းမ်ားစြာ ရွိႏိုင္ၿပီး စိုးရိမ္စရာေကာင္းတဲ့ အေျခအေနျဖစ္ေနတယ္လို႔ ကိုဗညားက ေျပာပါတယ္။

“ အေျခအေနအားျဖင့္ေျပာမယ္ဆိုရင္ေတာ့ စစ္ေကာင္စီဘက္ကေတာ့ အမ်ားဆုံးေပါ့ေနာ္ အထူးသျဖင့္ အခုသူတို႔ တပ္စြဲေနတဲ့ေနရာ ဧရိယာေတာ္ေတာ္မ်ားမ်ားမွာ က်ေနာ္တို႔ ပြင့္ပြင့္လင္းလင္းေျပာရေတာ့ က်ေနာ္တို႔ ႏွစ္ထပ္ သုံးထပ္ေပါ့ေနာ္ အဲ့လိုမ်ိဳးမိုင္းေတြ ခင္းတာရွိတယ္ ေနာက္ေတာ့မွ ႐ြာေတြထဲမွာ မိုင္းေတြအမ်ားႀကီးျမႇဳပ္ထားတာရွိတယ္ေပါ့ေနာ္။ ဥပမာအားျဖင့္ အရင္တေလာ ျမလဲဖက္ေပါ့ က်ေနာ္တို႔ ဒီဖက္ KNDF နဲ႔တခ်ိဳ႕ သြားၿပီးေတာ့အခါမွ မိုင္းသြားရွင္းတဲ့အခ်ိန္မွာ ႐ြာတစ္႐ြာထဲမွာေတာင္မွာ ရွင္းလို႔မၿပီးတဲ့အခ်ိန္မွာ က်ေနာ္တို႔က အလုံးေပါင္းေပါ့ေနာ္ ၂၀ ၊ ၃၀ အထိ ေဖာ္လို႔ရတာရွိတယ္။”

ေဒသခံ ကာကြယ္ေရးတပ္ေတြကေတာ့ နယ္ေျမရွင္းလင္းေရးလုပ္ရင္း တၿပိဳင္တည္းမွာပဲ မိုင္းရွင္းလင္းေရးလုပ္ေပးေနတယ္လို႔ဆိုပါတယ္။ တိုက္ပြဲၿငိမ္တဲ့အခ်ိန္ မိုင္းေတြကို ရွင္းလင္းေပးတာျဖစ္တယ္လို႔ ဒီးေမာ့ဆိုၿမိဳ႕နယ္ PDF ျပန္ၾကားေရးတာဝန္ခံ ကိုကယန္းက ဗီြအိုေအကို ေျပာပါတယ္။ စစ္ေကာင္စီဖက္က ေပါက္အားျပင္းတဲ့ မိုင္းမ်ိဳးေတြ အသုံးျပဳထားတာေတြ႕ရတယ္လို႔ သူက ဆိုပါတယ္။

“သူတို႔စခန္းတည္ရွိရာ ပတ္ဝန္းက်င္က ေျမျမႇဳပ္မိုင္းကို သူတို႔ ရာနဲ႔ခ်ီေထာင္ထားတယ္ေလ၊ ဆိုေတာ့ က်ေနာ္တို႔ မိုင္းကို က်ေနာ္တို႔ရွင္းတဲ့အခ်ိန္မွာ ခ်ိန္းစက္လည္းမရွိတဲ့အတြက္ က်ေနာ္တို႔ ရွင္းရတာ သိပ္အဆင္မေျပဘူးေပါ့ေနာ္၊ အဲ့လိုမ်ိဳးေလးေတြ က်ေနာ္တို႔ ႀကဳံရတယ္ေပါ့ေနာ္။ ဥပမာ က်ေနာ္တို႔ ေဒါင္းခါးလို႔ နယ္ေျမမ်ိဳးက်ေတာ့ သူက ေျမအစိုဓာတ္ရွိတယ္ေလ ၿပီးခဲ့တဲ့ႏွစ္သူျမႇဳပ္တဲ့မိုင္းဆိုရင္ ဒီခ်ိန္မွာ ျမက္ေတြက ျပန္ဖုံးၿပီးေပါ့ေနာ္ ဖုံးသြားတဲ့ခါက်ေတာ့ က်ေနာ္တို႔ ရွင္းလို႔အဆင္မေျပေတာ့ဘူး အဲ့လိုမ်ိဳးျဖစ္ေနတာ၊ ဒါေၾကာင့္ က်ေနာ္တို႔ ျပည္သူလူထုက သူတို႔ ႐ြာမွာ အိမ္မွာ က်န္ခဲ့တဲ့ ပစၥည္းေတြျပန္ယူဖို႔ေတာ့ က်ေနာ္တို႔ လုံးဝခြင့္ျပဳမထားေတာ့ဘူးေပါ့ေနာ္၊ လုံးဝေပးမျပန္ေတာ့ဘူးေပါ့ေနာ္။”

ဒီးေမာ့ဆို PDF အဖြဲ႕ထဲမွာတင္ မိုင္းရွင္းလင္းေရးလုပ္ရင္းနဲ႔ အနည္းဆုံး ေျခလက္ ျပတ္ရွဒဏ္ရာ ၁၃ ဦး၊ ေသဆုံးသူ ၁၄ ဦးအထိ ရွိေနတယ္လို႔ ဒီးေမာ့ဆိုၿမိဳ႕နယ္ PDF ျပန္ၾကားေရးတာဝန္ခံက ေျပာပါတယ္။ ဒီလို မိုင္းရွင္းလင္းေရးလုပ္တဲ့ေနရာမွာ စက္ပစၥည္းကိရိယာေတြ မရွိဘဲ လူအားနဲ႔ရွင္းလင္းေနရတာမို႔ အခက္အခဲျဖစ္ေနၿပီး အခုေနာက္ပိုင္း ေျမျမႇဳပ္မိုင္းေတြကို မရွင္းလင္းႏိုင္ေတာ့ဘူးလို႔ ဆိုပါတယ္။

ဒီေျမျမႇဳပ္မိုင္းေတြဟာ စစ္ေကာင္စီက ေထာင္ထားတဲ့မိုင္းေတြ ျဖစ္တယ္လို႔ ေဒသခံနဲ႔ ကာကြယ္ေရးတပ္ေတြ ေျပာေပမယ့္ ဗီြအိုေအက သီးျခားအတည္ျပဳလို႔မရေသးသလို စစ္ေကာင္စီဘက္ကလည္း ထုတ္ျပန္တာမ်ိဳး မေတြ႕ရေသးပါဘူး။

တိုက္႐ိုက္ လင့္ခ္

[Unicode]

မြေမြုပ်မိုင်းအန္တရာယ်ဟာ ကရင်နီနယ် (ကယားပြည်နယ်) အတွက် အကြီးမားဆုံးစိန်ခေါ်မှုဖြစ်

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကယားပြည်နယ် ဒေသအခေါ် ကရင်နီနယ်မှာ မြေမြုပ်မိုင်းအန္တရာယ်ဟာ အကြီးမားဆုံးစိန်ခေါ်မှုတရပ်ဖြစ်လာပါတယ်။ စစ်ရေးပဋိပက္ခဖြစ်နေတဲ့ စစ်ကောင်စီရော ဒေသခံကာကွယ်ရေးအဖွဲ့တွေကပါ နှစ်ဖက်စလုံးက မြေမြုပ်မိုင်းတွေ အသုံးပြုနေတာဖြစ်ပေမယ့်၊ စစ်ကောင်စီတပ်က ပိုအသုံးများတယ်လို့ မိုင်းရှာဖွေရှင်းလင်းရေးအဖွဲ့တွေက ပြောကြပါတယ်။ စစ်အာဏာသိမ်းပြီး နှစ်နှစ်အကြာ ကရင်နီနယ်မှာရင်ဆိုင်နေရတဲ့ မြေမြုပ်မိုင်းအခြေအနေ အထူးသတင်းပေးပို့ချက်ကို ကိုဇော်ဝင်းလှိုင်က ပြောပြပါမယ်။

စစ်တပ်ကအာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေ အကြမ်းဖက်ဖြိုခွဲခံရပြီးတဲ့နောက် မြန်မာနိုင်ငံတဝန်း ဆန္ဒပြလူငယ်တွေဟာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဖွဲ့ပြီး စစ်ကောင်စီကို လက်နက်လမ်းစဉ်နဲ့ ပြန်လည်ခုခံတိုက်ခိုက်ခဲ့ကြတာပါ။ အဲဒီကတည်းက ကယားပြည်နယ် ဒေသအခေါ် ကရင်နီနယ်က နေရာအတော်များများမှာ တိုက်ပွဲတွေစတင်ဖြစ်ပွားလာတာ ခုဆို နှစ်နှစ်နီးပါး ရှိလာပါပြီ။

ကယားနယ်တခွင်မှာ စစ်ကောင်စီရဲ့ လေယာဉ်ဗုံးကြဲမှု လက်နက်ကြီးပစ်ခတ်မှုတွေ ပြင်းပြင်းထန်ထန် နှိပ်ကွပ်ခံရတဲ့အပြင် မြေမြှုပ်မိုင်းအန္တရာယ်တွေလည်း အကြီးမားဆုံး ခေါ်စိန်မှုတစ်ခု ဖြစ်လာတယ်လို့ ဒေသခံနဲ့ ကရင်နီအဖွဲ့အစည်းတွေက ပြောဆိုကြပါတယ်။ တိုက်ပွဲကြောင့် စစ်ပြေးရှောင်နေတဲ့ ပြည်သူတွေဟာ တိုက်ပွဲတည်ငြိမ်တဲ့အချိန်မှာ သူတို့နေရပ်ပြန်ပြီး လိုအပ်တဲ့ပစ္စည်းတွေ ပြန်လာယူရင်းနဲ့ မြေမြှုပ်မိုင်းနင်းမိတဲ့ ဖြစ်စဉ်တွေ မကြာခဏဖြစ်ပွားနေပါတယ်။

ဒီမော့ဆိုမြို့နယ် ကုန်းသာကျေးရွာက အသက် ၄၁နှစ်အရွယ် ဒေါ်ဌေးဌေးဝင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် အောက်တိုဘာလထဲက ကျေးရွာကိုပြန်လာချိန် သူ့ရဲ့ဦးလေးခြံဝင်းအိမ်ရှေ့မှာ မိုင်းနင်းမိပြီး ညာခြေထောက် ပြတ်ရှ၊ ကျန်တစ်ဖက်မှာ ပြင်းထန်တဲ့ မိုင်းစထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။ မိုင်းနင်းမိဒဏ်ရာနဲ့ ဆေးကုသရင်းပဲ အသက်ဆုံးရှုံးခဲ့ရတယ်လို့ သူငယ်ချင်းဖြစ်သူ ဒေါ်ကွယ်မြာက ဗွီအိုအေကို ခုလိုပြန်ပြောပြပါတယ်။

“အဲ့သူငယ်ချင်းတစ်ယောက်က အိမ်မီးလောင်းပြီးတော့မှ ပိုက်ဆံတစ်အိမ် တစ်သိန်းထောက်ပံ့ပေးတာလေ အဲ့ဒါပြန်ယူရင်းနဲ့ပေါ့နော် သူ့အဒေါ်အိမ်ရှေ့မှာကို နင်းသွားတာပေါ့ အဲ့ဒီမိုင်းကို နင်းမိသွားပြီးတော့မှ သူက ခြေထောက်တစ်ဖက် တခါထဲကိုပြတ်သွားတာ ပြတ်သွားပြီးမှ သူ ဆေးရုံခေါ်သွားလိုက်တယ်လေ၊ ဆေးရုံခေါ်သွားတော့ ဆေးရုံမှာလည်း တစ်ပတ် ဆယ်ရက်လောက်ပဲပေါ့ နေရပြီးမှ အသက်ပါပါသွားရော။”

အလာတူ ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းလောက်က ဒေါ်ကွယ်မြာရဲ့ ဆွေမျိုးတော်သူက ကားနဲ့ နေအိမ်ပြန်ပြီး လိုအပ်ပစ္စည်းယူချိန်၊ သူ့နေအိမ်ခြံရှေ့မှာ မိုင်းပေါက်ကွဲလို့ ကားပျက်စီးသွားတယ်လို့ ပြောပါတယ်။ ဒါကြောင့် တိုက်ပွဲတည်ငြိမ်ရင်တောင် မြေမြှုပ်မိုင်းအန္တရာယ်ကြောင့် နေရပ်ပြန်နေဖို့က မသေချာတော့ဘူးလို့ ပြောပါတယ်။

“အရင်တလောတုန်းက အမျိုးတစ်ဝမ်းကွဲတစ်ယောက်ပေါ့နော်၊ အဲ့ဒါ သူပြန်ပြီးမှ ပစ္စည်းနည်းနည်းပြန်သယ်မယ်ဆိုပြီးမှ ကားနဲ့ ထပ်နင်းမိသေးတယ်လေ ရွာဖက်မှာထဲက လူကတော့ မထိဘူးပေါ့နော် ကားပဲထိသွား ကားပဲပျက်စီးသွားတယ်ပေါ့။ အခုကတော့ ပြန်ဖို့တော့ မလွယ်တော့ပါဘူး၊ မြေမြှုပ်မိုင်းတွေကလည်း တအားများနေခါကျတော့လေ ပြန်ဖို့တောင်မှ လုံးဝကို အဆင်မပြေနိုင်တော့ဘူး။”

မြေမြှုပ်မိုင်း ပေါက်ကွဲခဲ့တဲ့နေရာတွေဟာ စစ်ကောင်စီတပ်တွေ စစ်ကြောင်းဆင် တပ်စွဲနေထိုင် ခဲ့နေရာတွေဖြစ်ပြီး စစ်ကောင်စီတပ်က ထောင်ထားတဲ့ မိုင်းတွေဖြစ်တယ်လို့ ရွာခံတွေက ပြောဆိုကြပါတယ်။ ကရင်နီလူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာ ကိုဗညားကတော့ စစ်ရေးအရ တင်းမာမှုမရှိတဲ့ ကျေးရွာတစ်ရွာမှာ မြေမြှုပ် အလုံး ၃၀ ထက်မနည်း ရှားဖွေတွေ့ရှိတယ်လို့ ဆိုပါတယ်။ ဒါကြောင့် စစ်မျက်နှာပြင်ဖြစ်တဲ့ ဧရိယာတွေမှာ ဒီထက်မက မြေမြှုပ်မိုင်းတွေ အဆပေါင်းများစွာ ရှိနိုင်ပြီး စိုးရိမ်စရာကောင်းတဲ့ အခြေအနေဖြစ်နေတယ်လို့ ကိုဗညားက ပြောပါတယ်။

“ အခြေအနေအားဖြင့်ပြောမယ်ဆိုရင်တော့ စစ်ကောင်စီဘက်ကတော့ အများဆုံးပေါ့နော် အထူးသဖြင့် အခုသူတို့ တပ်စွဲနေတဲ့နေရာ ဧရိယာတော်တော်များများမှာ ကျနော်တို့ ပွင့်ပွင့်လင်းလင်းပြောရတော့ ကျနော်တို့ နှစ်ထပ် သုံးထပ်ပေါ့နော် အဲ့လိုမျိုးမိုင်းတွေ ခင်းတာရှိတယ် နောက်တော့မှ ရွာတွေထဲမှာ မိုင်းတွေအများကြီးမြှုပ်ထားတာရှိတယ်ပေါ့နော်။ ဥပမာအားဖြင့် အရင်တလော မြလဲဖက်ပေါ့ ကျနော်တို့ ဒီဖက် KNDF နဲ့တချို့ သွားပြီးတော့အခါမှ မိုင်းသွားရှင်းတဲ့အချိန်မှာ ရွာတစ်ရွာထဲမှာတောင်မှာ ရှင်းလို့မပြီးတဲ့အချိန်မှာ ကျနော်တို့က အလုံးပေါင်းပေါ့နော် ၂၀ ၊ ၃၀ အထိ ဖော်လို့ရတာရှိတယ်။”

ဒေသခံ ကာကွယ်ရေးတပ်တွေကတော့ နယ်မြေရှင်းလင်းရေးလုပ်ရင်း တပြိုင်တည်းမှာပဲ မိုင်းရှင်းလင်းရေးလုပ်ပေးနေတယ်လို့ဆိုပါတယ်။ တိုက်ပွဲငြိမ်တဲ့အချိန် မိုင်းတွေကို ရှင်းလင်းပေးတာဖြစ်တယ်လို့ ဒီးမော့ဆိုမြို့နယ် PDF ပြန်ကြားရေးတာဝန်ခံ ကိုကယန်းက ဗွီအိုအေကို ပြောပါတယ်။ စစ်ကောင်စီဖက်က ပေါက်အားပြင်းတဲ့ မိုင်းမျိုးတွေ အသုံးပြုထားတာတွေ့ရတယ်လို့ သူက ဆိုပါတယ်။

“သူတို့စခန်းတည်ရှိရာ ပတ်ဝန်းကျင်က မြေမြှုပ်မိုင်းကို သူတို့ ရာနဲ့ချီထောင်ထားတယ်လေ၊ ဆိုတော့ ကျနော်တို့ မိုင်းကို ကျနော်တို့ရှင်းတဲ့အချိန်မှာ ချိန်းစက်လည်းမရှိတဲ့အတွက် ကျနော်တို့ ရှင်းရတာ သိပ်အဆင်မပြေဘူးပေါ့နော်၊ အဲ့လိုမျိုးလေးတွေ ကျနော်တို့ ကြုံရတယ်ပေါ့နော်။ ဥပမာ ကျနော်တို့ ဒေါင်းခါးလို့ နယ်မြေမျိုးကျတော့ သူက မြေအစိုဓာတ်ရှိတယ်လေ ပြီးခဲ့တဲ့နှစ်သူမြှုပ်တဲ့မိုင်းဆိုရင် ဒီချိန်မှာ မြက်တွေက ပြန်ဖုံးပြီးပေါ့နော် ဖုံးသွားတဲ့ခါကျတော့ ကျနော်တို့ ရှင်းလို့အဆင်မပြေတော့ဘူး အဲ့လိုမျိုးဖြစ်နေတာ၊ ဒါကြောင့် ကျနော်တို့ ပြည်သူလူထုက သူတို့ ရွာမှာ အိမ်မှာ ကျန်ခဲ့တဲ့ ပစ္စည်းတွေပြန်ယူဖို့တော့ ကျနော်တို့ လုံးဝခွင့်ပြုမထားတော့ဘူးပေါ့နော်၊ လုံးဝပေးမပြန်တော့ဘူးပေါ့နော်။”

ဒီးမော့ဆို PDF အဖွဲ့ထဲမှာတင် မိုင်းရှင်းလင်းရေးလုပ်ရင်းနဲ့ အနည်းဆုံး ခြေလက် ပြတ်ရှဒဏ်ရာ ၁၃ ဦး၊ သေဆုံးသူ ၁၄ ဦးအထိ ရှိနေတယ်လို့ ဒီးမော့ဆိုမြို့နယ် PDF ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ ဒီလို မိုင်းရှင်းလင်းရေးလုပ်တဲ့နေရာမှာ စက်ပစ္စည်းကိရိယာတွေ မရှိဘဲ လူအားနဲ့ရှင်းလင်းနေရတာမို့ အခက်အခဲဖြစ်နေပြီး အခုနောက်ပိုင်း မြေမြှုပ်မိုင်းတွေကို မရှင်းလင်းနိုင်တော့ဘူးလို့ ဆိုပါတယ်။

ဒီမြေမြှုပ်မိုင်းတွေဟာ စစ်ကောင်စီက ထောင်ထားတဲ့မိုင်းတွေ ဖြစ်တယ်လို့ ဒေသခံနဲ့ ကာကွယ်ရေးတပ်တွေ ပြောပေမယ့် ဗွီအိုအေက သီးခြားအတည်ပြုလို့မရသေးသလို စစ်ကောင်စီဘက်ကလည်း ထုတ်ပြန်တာမျိုး မတွေ့ရသေးပါဘူး။

XS
SM
MD
LG