သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေဘာ္လခဲအနီး စစ္ေကာင္စီစခန္း ကရင္နီပူးေပါင္းတပ္ သိမ္းပိုက္ခဲ့တဲ့အေျခအေန


စစ္အာဏာသိမ္းၿပီးေနာက္ ဖြဲ႕စည္းခဲ့တဲ့ ကရင္နီအမ်ိဳးသားမ်ား ကာကြယ္ေရးတပ္ (KNDF) KNDF တႏွစ္ျပည့္အထိမ္းအမွတ္ (ဓာတ္ပံု-Karenni Nationalities Defense Force B - 05)

ကယားျပည္နယ္၊ ေဘာ္လခဲၿမိဳ႔အနီးက စစ္ေကာင္စီရဲ႔ စခန္း ကို ကရင္နီကာကြယ္ေရး တပ္ေတြပူးေပါင္းတိုက္ခိုက္သိမ္းယူခဲ့ပါတယ္။ ဆက္သြယ္ေမးျမန္းထားတဲ့ကို၀င္းမင္းက ေျပာျပပါမယ္။

{{Zawgyi/Unicode]]

ကယားျပည္နယ္၊ ေဘာ္လခဲၿမိဳ႔အနီးက မဟာဗ်ဴဟာအရအေရးပါတဲ့ အာဏာသိမ္းစစ္ေကာင္စီရဲ႔ စခန္း တစ္ခုျဖစ္တဲ့ မဲစေလာင္းေတာင္စခန္းကို KNPP ကရင္နီတပ္ဦးေဆာင္ၿပီး၊ NUG အမ်ိဳးသားညီညြတ္ ေရး အစိုးရတပ္နဲ႔ KNDF ကရင္နီကာကြယ္ေရး တပ္ေတြပူးေပါင္းတိုက္ခိုက္သိမ္းယူခဲ့ၿပီး၊ စစ္ေကာင္စီဘက္က ေလေၾကာင္းနဲ႔ လက္နက္ႀကီးအားသာတာေၾကာင့္ ေသာၾကာေန႔ကပဲ ျပန္ဆုတ္ခဲ့တယ္လို႔၊ KNDF သတင္းျပန္ ၾကားေရးတာဝန္ရွိသူတစ္ဦးက VOA ကိုေျပာဆိုခဲ့ပါတယ္။ ဆက္သြယ္ေမးျမန္းထားတဲ့ကိုဝင္းမင္းက ေျပာျပပါမယ္။

ကိုဝင္းမင္း ။. ။ ေဘာလခဲၿမိဳ႕ ၊ နန္ဖဲရြာအနီး မဲစေလာင္းေတာင္ကုန္းမွာ အခိုင္အမာစြဲထားတဲ့ စစ္ေကာင္စီတပ္ကို တုိက္ခိုက္ခဲ့ပုံကို အမည္မေဖာ္လိုတဲ့ KNDF ျပန္ၾကားေရးတာဝန္ခံက

KNDF ျပန္ၾကားေရးတာဝန္ခံ ။ ။ ဒီစခန္းသိမ္းတိုက္ပြဲကေတာ့ ဖရုဆို နဲ႔ ေဘာလခဲ ၂ ၿမိဳ႕နယ္ၾကား အဓိက အခ်က္အျခာက်တဲ့ေနရာကို စစ္ေကာင္စီတပ္ က ထိန္းခ်ဳပ္ထားတဲ့ အေနအထားျဖစ္တယ္။ အဲဒါကို က်ေနာ္တို႔ ေတာ္လွန္ေရးပူးေပါင္းတပ္ဖြဲ႔ေတြက အဓိကစခန္းကို တုိက္ခိုက္သိမ္းပိုက္ ခဲ့တာျဖစ္ပါတယ္။ တပ္စခန္းကို သိမ္းၿပီးတာနဲ႔ ျပန္ဆုတ္ရတဲ့အေနအထား ျဖစ္ပါတယ္။ ေလေၾကာင္းကေန ျပန္ တိုက္ခိုက္တဲ့အတြက္ေၾကာင့္ ခက္ခဲတဲ့ အေနအထား ျဖစ္ပါတယ္။

ကိုဝင္းမင္း ။. ။ ဘယ္လို အခက္အခဲေတြရွိလဲလို႔ အေသးစိတ္ေမးရာမွာ

KNDF ျပန္ၾကားေရးတာဝန္ခံ ။ ။ အဓိက ကေတာ့ စစ္ေကာင္စီ က ေလေၾကာင္းက အခ်ိန္မေရြး တိုက္ခိုက္ႏိုင္တဲ့ အေနအထားျဖစ္တယ္။ ေနာက္ၿပီး စစ္ေကာင္စီက လက္နက္ႀကီးပစ္ကူေတြ အဆမတန္သုံး ႏိုင္တယ္။ ဖ်က္အားျပင္းလက္နက္ေတြရွိတယ္။ ေလယာဥ္ပ်ံေတြရွိတယ္။ သူတို႔ဖက္က အသာစီးရႏိုင္တဲ့ လက္နက္ေတြ ပုိင္ဆုိင္ထားတဲ့အတြက္ ဒီစစ္ဆင္ေရးလုပ္ရာမွာ ခက္ခက္ခဲခဲ က်ေနာ္တို႔ ႀကဳံေတြရတာလည္း ရွိပါတယ္။ ေဘာလခဲ မွာ အေျခစိုက္တဲ့ လက္နက္ႀကီး အထိုင္ရွိတဲ့ တပ္စခန္းေတြက လက္နက္ႀကီး ပစ္ကူေတြ လုပ္တာေပါ့။

ကိုဝင္းမင္း ။. ။ ဘာေၾကာင့္ အဲဒီလို အခက္အခဲေတြ ရွိပါရဲ႕နဲ႔ ဝင္တုိက္ခဲ့ရသလဲ

KNDF ျပန္ၾကားေရးတာဝန္ခံ ။ ။ အဓိက ကေတာ့ ဒီ မဲစေလာင္းစခန္းကို ဝင္တိုက္သိမ္းရတဲ့ ရည္ရြယ္ခ်က္ကေတာ့ ေဘာလခဲၿမိဳ႕ ကို ထိန္းခ်ဳပ္ႏိုင္ဖို႔အတြက္ စစ္ေကာင္စီအတြက္ အခ်က္အျခာက်တဲ့ စခန္းတခုျဖစ္တယ္။ ေနာက္ ေဘာလခဲ နဲ႔ ဖရုဆိုၿမိဳ႕နယ္ တို႔ကို ဆက္သြယ္ႏိုင္တဲ့ လမ္းေၾကာင္းကို ျဖတ္ေတာက္ခံရမွာ စိုးရိမ္တဲ့အတြက္ ဒီစခန္းမွာ အခိုင္အမာ တပ္စြဲထားတာလို႔ ယုံၾကည္ပါတယ္။

ကိုဝင္းမင္း ။. ။ ဒီတုိက္ပြဲမွာ ေဒသခံ ကရင္နီ မဟာမိတ္တပ္ေတြအေနနဲ႔ အေတာ္ျမင့္ၿပီး တပ္အင္အား မ်ားမ်ား မထားႏိုင္တဲ့ကုန္းကို တက္တိုက္ရာမွာ စစ္ေကာင္စီဖက္က စစ္ကူေပးလာႏိုင္တဲ့တပ္ေတြရွိတဲ့ တျခားေနရာေတြကိုလည္း တၿပိဳင္နက္ ပုံစံမ်ဳိးစုံနဲ႔ တုိက္ၿပီး ထိန္းထားခဲ့တယ္။ အဲဒီေတာ့ ဒီေတာင္ကုန္းတိုက္ပြဲအတြင္း ၂ဖက္အင္အားေမးရာမွာ KNDF ေျပာခြင့္ရက

KNDF ျပန္ၾကားေရးတာဝန္ခံ ။ ။ မဲစေလာင္းေတာင္ကုန္းစခန္းကေတာ့ တပ္မ ၆၆ က တပ္ရင္းေတြပဲျဖစ္ပါတယ္။ ခန္႔မွန္းေခ် ၂ဝ ကေန ၄ဝ အၾကားရွိႏိုင္တယ္လို႔ ခန္႔မွန္းပါတယ္။ က်ေနာ္တို႔ စခန္းကို သိမ္းပိုက္ႏိုင္တဲ့ လုံေလာက္တဲ့ အင္အားနဲ႔ တက္သိမ္းခဲ့တာျဖစ္ပါတယ္။ KNDF ပါတယ္။ NUG ေအာက္မွာရွိတဲ့ အလယ္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္က ၁၁ဝ၇၊ ၁၁ဝ၃ ၊၁၁ဝ၅ စတဲ့ တပ္ဖြဲ႔ေတြပါတယ္။ အဲဒီေနာက္ KA ကရင္နီအာမီ က ဦးေဆာင္တယ္။

ကိုဝင္းမင္း ။. ။ တခ်ိန္တည္းမွာ ထိခိုက္ က်ဆုံးမႈေတြကိုလည္းKNDF ျပန္ၾကားေရးတာဝန္ခံ က အခုလိုေျပာပါတယ္။

KNDF ျပန္ၾကားေရးတာဝန္ခံ ။ ။ စစ္ေကာင္စီဖက္က ၅ ဦး ေသဆုံးတယ္။ က်န္တဲ့သူေတြကေတာ့ သူတို႔စခန္းကို ဆုတ္ခြာၿပီး ထြက္ေျပးသြားတဲ့အေနအထားျဖစ္ပါတယ္။ ကရင္နီပူးေပါင္းအဖြဲ႔ကေတာ့ ကေနာ္တို႔ ကရင္နီ ရဲေဘာ္တဦး က်ဆုံးတယ္။ လက္နက္ေတြ သိမ္းဆည္းရမိပါတယ္။ လက္နက္ႀကီးေတြေပါ့ေနာ္။ ၆ဝ မမ ၂လက္ ၊ ေနာက္ၿပီးေတာ့ အာပီဂ်ီ ဗုံးသီးေတြ ေတာ္ေတာ္မ်ားမ်ားကို သိမ္းရမိပါတယ္။ အဲဒီအေရးပါတဲ့ ေတာင္ကုန္းစခန္းမွာ လက္နက္ႀကီးက်ည္ေတြကို ေသေသခ်ာခ်ာ သိုေလွာင္ထားတာေတြ႔ရပါတယ္။

ကိုဝင္းမင္း ။. ။ စစ္ေကာင္စီ ေျပာခြင့္ရကို ဆက္သြယ္ခဲ့ေပမဲ့ မရရွိခဲ့ပါဘူး။ တခ်ိန္တည္းမွာ ေရွ႕ဆက္ျဖစ္လာပုံကိုလည္း KNDF ျပန္ၾကားေရးတာဝန္ခံ က

KNDF ျပန္ၾကားေရးတာဝန္ခံ ။ ။ စစ္ေကာင္စီ က ဖရုဆို နဲ႔ ဒီေမာဆိုၿမိဳ႕နယ္ေတြကို စစ္ေၾကာင္းထိုးမဲ့ အရိပ္အေရာင္ကို က်ေနာ္တို႔ ဒီလဆန္းပိုင္းေလာက္က စေတြ႔ရပါတယ္။ စစ္ေကာင္စီ က ေရြးေကာက္ပြဲလည္း ရွိတဲ့အတြက္ အပိုင္ထိန္းခ်ဳပ္ခ်င္တဲ့ပုံစံမ်ဳိးနဲ႔ ဆက္လက္ၿပီးေတာ့ စစ္ေၾကာင္းေတြ ထုိးလာမဲ့ အေနအထားေတာ့ ရွိပါတယ္။ အဲဒီလို လုပ္လာရင္ ေဒသတြင္းမွာရွိၾကတဲ့ ေတာ္လွန္ေရးတပ္ဖြဲ႔ေတြနဲ႔ေပါင္းၿပီးေတာ့ ရင္ဆိုင္တုိက္ခိုက္ၾကဖို႔ အဆင့္သင့္ျပင္ထားပါတယ္။

ကိုဝင္းမင္း ။. ။ တကယ္ေတာ့ ကယားျပည္နယ္ ေဒသအေခၚ ကရင္နီေဒသမွာ အရင္ တျခားစခန္းေတြကို အခုလို သိမ္းပိုက္ႏိုင္ဖို႔ ဝင္စီးတာေတြရွိခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

{{Zawgyi/Unicode}}

ကယားပြည်နယ်၊ ဘော်လခဲမြို့အနီးက မဟာဗျူဟာအရအရေးပါတဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့ စခန်း တစ်ခုဖြစ်တဲ့ မဲစလောင်းတောင်စခန်းကို KNPP ကရင်နီတပ်ဦးဆောင်ပြီး၊ NUG အမျိုးသားညီညွတ် ရေး အစိုးရတပ်နဲ့ KNDF ကရင်နီကာကွယ်ရေး တပ်တွေပူးပေါင်းတိုက်ခိုက်သိမ်းယူခဲ့ပြီး၊ စစ်ကောင်စီဘက်က လေကြောင်းနဲ့ လက်နက်ကြီးအားသာတာကြောင့် သောကြာနေ့ကပဲ ပြန်ဆုတ်ခဲ့တယ်လို့၊ KNDF သတင်းပြန် ကြားရေးတာဝန်ရှိသူတစ်ဦးက VOA ကိုပြောဆိုခဲ့ပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ကိုဝင်းမင်းက ပြောပြပါမယ်။

ကိုဝင်းမင်း ။. ။ ဘောလခဲမြို့ ၊ နန်ဖဲရွာအနီး မဲစလောင်းတောင်ကုန်းမှာ အခိုင်အမာစွဲထားတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ပုံကို အမည်မဖော်လိုတဲ့ KNDF ပြန်ကြားရေးတာဝန်ခံက

KNDF ပြန်ကြားရေးတာဝန်ခံ ။ ။ ဒီစခန်းသိမ်းတိုက်ပွဲကတော့ ဖရုဆို နဲ့ ဘောလခဲ ၂ မြို့နယ်ကြား အဓိက အချက်အခြာကျတဲ့နေရာကို စစ်ကောင်စီတပ် က ထိန်းချုပ်ထားတဲ့ အနေအထားဖြစ်တယ်။ အဲဒါကို ကျနော်တို့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက အဓိကစခန်းကို တိုက်ခိုက်သိမ်းပိုက် ခဲ့တာဖြစ်ပါတယ်။ တပ်စခန်းကို သိမ်းပြီးတာနဲ့ ပြန်ဆုတ်ရတဲ့အနေအထား ဖြစ်ပါတယ်။ လေကြောင်းကနေ ပြန် တိုက်ခိုက်တဲ့အတွက်ကြောင့် ခက်ခဲတဲ့ အနေအထား ဖြစ်ပါတယ်။

ကိုဝင်းမင်း ။. ။ ဘယ်လို အခက်အခဲတွေရှိလဲလို့ အသေးစိတ်မေးရာမှာ

KNDF ပြန်ကြားရေးတာဝန်ခံ ။ ။ အဓိက ကတော့ စစ်ကောင်စီ က လေကြောင်းက အချိန်မရွေး တိုက်ခိုက်နိုင်တဲ့ အနေအထားဖြစ်တယ်။ နောက်ပြီး စစ်ကောင်စီက လက်နက်ကြီးပစ်ကူတွေ အဆမတန်သုံး နိုင်တယ်။ ဖျက်အားပြင်းလက်နက်တွေရှိတယ်။ လေယာဉ်ပျံတွေရှိတယ်။ သူတို့ဖက်က အသာစီးရနိုင်တဲ့ လက်နက်တွေ ပိုင်ဆိုင်ထားတဲ့အတွက် ဒီစစ်ဆင်ရေးလုပ်ရာမှာ ခက်ခက်ခဲခဲ ကျနော်တို့ ကြုံတွေရတာလည်း ရှိပါတယ်။ ဘောလခဲ မှာ အခြေစိုက်တဲ့ လက်နက်ကြီး အထိုင်ရှိတဲ့ တပ်စခန်းတွေက လက်နက်ကြီး ပစ်ကူတွေ လုပ်တာပေါ့။

ကိုဝင်းမင်း ။. ။ ဘာကြောင့် အဲဒီလို အခက်အခဲတွေ ရှိပါရဲ့နဲ့ ဝင်တိုက်ခဲ့ရသလဲ

KNDF ပြန်ကြားရေးတာဝန်ခံ ။ ။ အဓိက ကတော့ ဒီ မဲစလောင်းစခန်းကို ဝင်တိုက်သိမ်းရတဲ့ ရည်ရွယ်ချက်ကတော့ ဘောလခဲမြို့ ကို ထိန်းချုပ်နိုင်ဖို့အတွက် စစ်ကောင်စီအတွက် အချက်အခြာကျတဲ့ စခန်းတခုဖြစ်တယ်။ နောက် ဘောလခဲ နဲ့ ဖရုဆိုမြို့နယ် တို့ကို ဆက်သွယ်နိုင်တဲ့ လမ်းကြောင်းကို ဖြတ်တောက်ခံရမှာ စိုးရိမ်တဲ့အတွက် ဒီစခန်းမှာ အခိုင်အမာ တပ်စွဲထားတာလို့ ယုံကြည်ပါတယ်။

ကိုဝင်းမင်း ။. ။ ဒီတိုက်ပွဲမှာ ဒေသခံ ကရင်နီ မဟာမိတ်တပ်တွေအနေနဲ့ အတော်မြင့်ပြီး တပ်အင်အား များများ မထားနိုင်တဲ့ကုန်းကို တက်တိုက်ရာမှာ စစ်ကောင်စီဖက်က စစ်ကူပေးလာနိုင်တဲ့တပ်တွေရှိတဲ့ တခြားနေရာတွေကိုလည်း တပြိုင်နက် ပုံစံမျိုးစုံနဲ့ တိုက်ပြီး ထိန်းထားခဲ့တယ်။ အဲဒီတော့ ဒီတောင်ကုန်းတိုက်ပွဲအတွင်း ၂ဖက်အင်အားမေးရာမှာ KNDF ပြောခွင့်ရက

KNDF ပြန်ကြားရေးတာဝန်ခံ ။ ။ မဲစလောင်းတောင်ကုန်းစခန်းကတော့ တပ်မ ၆၆ က တပ်ရင်းတွေပဲဖြစ်ပါတယ်။ ခန့်မှန်းချေ ၂ဝ ကနေ ၄ဝ အကြားရှိနိုင်တယ်လို့ ခန့်မှန်းပါတယ်။ ကျနော်တို့ စခန်းကို သိမ်းပိုက်နိုင်တဲ့ လုံလောက်တဲ့ အင်အားနဲ့ တက်သိမ်းခဲ့တာဖြစ်ပါတယ်။ KNDF ပါတယ်။ NUG အောက်မှာရှိတဲ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်က ၁၁ဝ၇၊ ၁၁ဝ၃ ၊၁၁ဝ၅ စတဲ့ တပ်ဖွဲ့တွေပါတယ်။ အဲဒီနောက် KA ကရင်နီအာမီ က ဦးဆောင်တယ်။

ကိုဝင်းမင်း ။. ။ တချိန်တည်းမှာ ထိခိုက် ကျဆုံးမှုတွေကိုလည်းKNDF ပြန်ကြားရေးတာဝန်ခံ က အခုလိုပြောပါတယ်။

KNDF ပြန်ကြားရေးတာဝန်ခံ ။ ။ စစ်ကောင်စီဖက်က ၅ ဦး သေဆုံးတယ်။ ကျန်တဲ့သူတွေကတော့ သူတို့စခန်းကို ဆုတ်ခွာပြီး ထွက်ပြေးသွားတဲ့အနေအထားဖြစ်ပါတယ်။ ကရင်နီပူးပေါင်းအဖွဲ့ကတော့ ကနော်တို့ ကရင်နီ ရဲဘော်တဦး ကျဆုံးတယ်။ လက်နက်တွေ သိမ်းဆည်းရမိပါတယ်။ လက်နက်ကြီးတွေပေါ့နော်။ ၆ဝ မမ ၂လက် ၊ နောက်ပြီးတော့ အာပီဂျီ ဗုံးသီးတွေ တော်တော်များများကို သိမ်းရမိပါတယ်။ အဲဒီအရေးပါတဲ့ တောင်ကုန်းစခန်းမှာ လက်နက်ကြီးကျည်တွေကို သေသေချာချာ သိုလှောင်ထားတာတွေ့ရပါတယ်။

ကိုဝင်းမင်း ။. ။ စစ်ကောင်စီ ပြောခွင့်ရကို ဆက်သွယ်ခဲ့ပေမဲ့ မရရှိခဲ့ပါဘူး။ တချိန်တည်းမှာ ရှေ့ဆက်ဖြစ်လာပုံကိုလည်း KNDF ပြန်ကြားရေးတာဝန်ခံ က

KNDF ပြန်ကြားရေးတာဝန်ခံ ။ ။ စစ်ကောင်စီ က ဖရုဆို နဲ့ ဒီမောဆိုမြို့နယ်တွေကို စစ်ကြောင်းထိုးမဲ့ အရိပ်အရောင်ကို ကျနော်တို့ ဒီလဆန်းပိုင်းလောက်က စတွေ့ရပါတယ်။ စစ်ကောင်စီ က ရွေးကောက်ပွဲလည်း ရှိတဲ့အတွက် အပိုင်ထိန်းချုပ်ချင်တဲ့ပုံစံမျိုးနဲ့ ဆက်လက်ပြီးတော့ စစ်ကြောင်းတွေ ထိုးလာမဲ့ အနေအထားတော့ ရှိပါတယ်။ အဲဒီလို လုပ်လာရင် ဒေသတွင်းမှာရှိကြတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ပေါင်းပြီးတော့ ရင်ဆိုင်တိုက်ခိုက်ကြဖို့ အဆင့်သင့်ပြင်ထားပါတယ်။

ကိုဝင်းမင်း ။. ။ တကယ်တော့ ကယားပြည်နယ် ဒေသအခေါ် ကရင်နီဒေသမှာ အရင် တခြားစခန်းတွေကို အခုလို သိမ်းပိုက်နိုင်ဖို့ ဝင်စီးတာတွေရှိခဲ့ပါတယ်။

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG