သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီလက်နက်ကြီးကြောင့် ကရင်နီ အရပ်သား (၃၀) ကျော် ထိခိုက်သေဆုံး


 စစ်အာဏာသိမ်းပြီးနောက် ဖွဲ့စည်းခဲ့တဲ့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) KNDF တနှစ်ပြည့်အထိမ်းအမှတ် (ဓာတ်ပုံ-Karenni Nationalities Defense Force B - 05)
စစ်အာဏာသိမ်းပြီးနောက် ဖွဲ့စည်းခဲ့တဲ့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) KNDF တနှစ်ပြည့်အထိမ်းအမှတ် (ဓာတ်ပုံ-Karenni Nationalities Defense Force B - 05)

စစ်ရေးတင်းမားနေတဲ့ ကယားပြည်နယ် ဒေသအခေါ် ကရင်နီနယ်မှာ လက်နက်ကြီးပစ်ခတ်မှုကြောင့် နိုဝင်ဘာလ တလအတွင်း အရပ်သား ၂ဦးသေ၊ ၃၄ ဦး ထိခိုက်ဒဏ်ရာရရှိတယ်လို့ KNDF က ထုတ်ပြန်ပါတယ်။ ကယားအခြေအနေ ရန်ကုန်ကသတင်းပေးပို့ထားတာ ကို ကိုရဲမွန် က ပြောပြပေးမှာပါ။

စစ်ကောင်စီလက်နက်ကြီးကြောင့် ကရင်နီ အရပ်သား (၃၀) ကျော် ထိခိုက်သေဆုံး

{{Zawgyi/Unicode}}
စစ်ရေးတင်းမားနေတဲ့ ကယားပြည်နယ် ဒေသအခေါ် ကရင်နီနယ်မှာ လက်နက်ကြီးပစ်ခတ်မှုကြောင့် နိုဝင်ဘာလ တလအတွင်း အရပ်သား ၂ဦးသေ၊ ၃၄ ဦး ထိခိုက်ဒဏ်ရာရရှိတယ်လို့ KNDF က ထုတ်ပြန်ပါတယ်။ စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ နေ့စဉ်နဲ့အမျှ ပစ်ခတ်နေတာမို့ ဒေသခံတွေ အမြဲတမ်း စိုးရိမ် ထိတ်လန့်နေရတာလို့ ဒေသခံတွေ ပြောပါတယ်။ ကယားအခြေအနေ ရန်ကုန်ကသတင်းပေးပို့ထားတာ ကို ကိုရဲမွန် က ပြောပြပေးမှာပါ။

ကရင်နီနယ်မှာ လက်ရှိအချိန်ထိ နှစ်ဖက်တိုက်ပွဲတွေ ကြိုကြားဖြစ်ပွားနေသလို၊ စစ်ကောင်စီတပ်ဖက်က လက်နက်ကြီးတွေနဲ့ နေ့စဉ်ပစ်ခတ်နေတာကြောင့် ဒေသခံတွေက စိုးရိမ်ထိတ်လန့်နေကြရတာလို့ ဒီးမော့ဆိုမြို့ခံတဦးက ခုလို ပြောပါတယ်။

“တိုက်ပွဲအခြေအနေက နေ့တိုင်းလိုလိုဖြစ်တာပေါ့နော်၊ တနေရာ မဟုတ် တနေရာ တိုက်ပွဲတွေဖြစ်နေတယ်ဗျ။ လက်နက်ကြီးလည်း ညတိုင်း၊ နေ့တိုင်း ပစ်ခတ်တာမျိုးရှိတယ်ဗျ ။ အဲ့ဒီလက်နက်ကြီးကတော့ အရပ်သားပြည်သူတွေ နေတဲ့နေရာ ဦးတည်ပြီးတော့ ပစ်သွားတာ များတယ်ဗျ။ ခပ်လှမ်းလှမ်းလေကို သူတို့ပစ်သွားနိုင်တဲ့ အနေအထား ဟို စစ်ရှောင်တွေ တော်တော်များများရော ကျေးရွာတွေရော အဲ့လိုမျိုး ထိတ်လန့်နေရတယ်ဗျ။”

စစ်ကောင်စီက ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် နိုဝင်ဘာလ လအတွင်း အရပ်သား ၂ဦးသေ၊ ၃၄ ဦး ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ် ၅၇ လုံးပျက်စီးခဲ့တဲ့အကြောင်း ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် (KNDF)က ဒီဇင်ဘာ ၁ရက် မနေ့က ထုတ်ပြန်ထားပါတယ်။ လက်နက်ကြီတွေဟာ အရက်သားတွေနေတဲ့ ရပ်ကွက်တွေကို ပစ်မှတ်ထား တိုက်ခိုက်တာများတယ်လို့ KNDF ဗဟိုပြန်ကြားရေး တာဝန်ခံတဦး က ဗွီအိုအေ ကို ပြောပါတယ်။

“ သူတို့ ပစ်ချင်တဲ့ ရွာတွေဘက်ကို သူတို့ ဒီ ၁၂၀ မမ တွေနဲ့ ပစ်တယ်။ လက်နက်ကြီးတွေပေါ့နော်။ လက်နက်ကြီးတွေ တောက်လျှောက်ပစ်တယ်။ နေ့စဉ်လိုလို ပစ်တဲ့အခါမှာ တရက်မဟုတ်တော့ တရက် ထိသွားတဲ့ ပုံစံမျိုးပေါ့လေ။ ပစ်မှတ်ထိသွားတာမျိုးပေါ့။ ပစ်မှတ်ဆိုတာထက် ဒီလူထုတွေကိုပဲ ထိတာ များပါတယ်။ လက်နက်ကြီးကပေါနော်။ အဲ့လို နေ့စဉ်ရမ်းသမ်းထုပြီးမှ ဒါထိခိုက်သွားတဲ့ ပြည်သူတွေ များတယ်။ ဒီတိုက်ပွဲတွေ အပြန်အလှန်ပစ်ခတ်မှုတွေကြာထဲမှာ ထိတာတော့ မရှိသလောက်နည်းပါတယ် ဟုတ်ကဲ့။”

နိုဝင်ဘာ ပထမအပတ်မှာ လွိုင်ကော်မြို့နယ် ကုန်းဆွတ်ကျေးရွာတဝိုက်မှာ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပြီး နောက်ဆုံးအပတ်မှာတော့ လွိုင်ကော်မြို့နယ် ပါလောင်းကျေးရွာနဲ့ ဒေါတယို့ကျေးရွာ၊ ဒီးမော့ဆိုမြို့နယ် ကုန်းသာ၊ သေးဆူလဲကျေးရွာ နဲ့ ရှမ်း-ကယားနယ်စပ် နန်းဖယ်ခံမြို့တို့ဖက်မှာ အပြင်းအထန် တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီတလအတွင်း ဖရူဆိုမြို့နယ်၊ ဘောလခဲမြို့နယ် နဲ့ ဖားဆောင်းမြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ကရင်နီပူးပေါင်းတပ်ဖွဲ့တွေက နေ့စဉ်အလစ်အငိုက်တိုက်ခိုက်တာတွေရှိသလို၊ စစ်ကောင်စီဘက်ကလည်း လေကြောင်းအသုံးပြု တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာ တလအတွင်း တိုက်ပွဲပေါင်း ၂၈ ကြိမ်ဖြစ်ပွားပြီး ကာကွယ်ရေးတပ်ဖက်က ၂ဦးသေဆုံးကြောင်းနဲ့ စစ်ကောင်စီဖက်ကတော့ ၄၃ ဦးသေဆုံး၊ ၃ဦး ဒဏ်ရာရရှိတယ်လို့ KNDF က ဖော်ပြထားပါတယ်။ ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ VOA က သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း တစုံတရာထုတ်ပြန်တာ မရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်


{{Zawgyi/Unicode}}








XS
SM
MD
LG