သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ပဋိပကၡေဒသ စစ္ေကာင္စီ ေလေၾကာင္းတိုက္ခိုက္မႈ ပိုစိပ္လာ


ကရင္ျပည္နယ္ ဘုရားသုံးဆူၿမိဳ႕နယ္မွာရိွ DKBA ဗ်ဴဟာမႉးတေယာက္ရဲ႕ ေနအိမ္ျခံဝင္းအေပၚ ေလေၾကာင္းနဲ႔ တိုက္ခိုက္ (Photo: DKBA)

စစ္ေကာင္စီတပ္ေတြနဲ႔ လက္နက္ကိုင္ တိုက္ပြဲေတြ႐ွိေနတဲ့ ေဒသေတြအေပၚ စစ္တပ္က ေလေၾကာင္းတိုက္ခိုက္မႈေတြ ပိုစိပ္စိပ္ လုပ္လာတာေၾကာင့္ အရပ္သားထိခိုက္ ေသဆုံးမႈေတြ ပိုမ်ားလာေနပါတယ္။

ကယားျပည္နယ္ ေဘာ္လခဲၿမိဳ႕နယ္ မယ္စေလာင္းေတာင္နဲ႔ ေဒါတမႀကီးေက်း႐ြာအုပ္စုေဒသမွာ ဇန္နဝါရီလ ၂၀ က စစ္တပ္နဲ႔ ကရင္နီ ပူးေပါင္းတပ္ေတြၾကား အျပန္အလွန္ တိုက္ပြဲျဖစ္ခဲ့တဲ့ ေနရာေတြနားကို စစ္တပ္က ေလယာဥ္နဲ႔ ၃ ႀကိမ္ထက္မနည္း ဗုံးႀကဲခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

လက္နက္ႀကီးေတြနဲ႔လည္း ပစ္ခတ္ေနတာေၾကာင့္ ေဒသခံေတြ ေဘးလြတ္ရာ ထြက္ေျပးခိုလႈံေနၾကရပါတယ္။ တိုက္ပြဲေတြ ေနရာေတာ္ေတာ္မ်ားမ်ား ျဖစ္ေနတဲ့ စစ္ကိုင္းတိုင္းနဲ႔ ကရင္ျပည္နယ္ထဲမွာလည္း စစ္တပ္ရဲ႕ ေလေၾကာင္းတိုက္ခိုက္မႈေတြ အဆက္အျပတ္ ႐ိွေနတယ္လို႔ ေဒသခံေတြက ေျပာၾကပါတယ္။

စစ္ကိုင္းတိုင္း ကသာၿမိဳ႕နယ္ထဲမွာ ဇန္နဝါရီလ ၁၈ ရက္ေန႔က စစ္တပ္ရဲ႕ ေလေၾကာင္း တိုက္ခိုက္မႈေၾကာင့္ ၇ ဦး ေသဆုံးခဲ့ပါတယ္။ ဒီေန႔လည္း ကရင္ျပည္နယ္ ဘုရားသုံးဆူၿမိဳ႕နယ္မွာရိွတဲ့ DKBA ဒီမိုကေရစီ ကရင္အက်ိဳးျပဳတပ္မေတာ္ ဗ်ဴဟာမႉးတေယာက္ရဲ႕ ေနအိမ္ျခံဝင္းအေပၚ ေလေၾကာင္းနဲ႔ တိုက္ခိုက္လို႔ ေနအိမ္အေဆာက္အဦး ပ်က္စီးသြားသလို ျခံဝန္းထဲက ခရစ္ယာန္ ဘုရား႐ွစ္ခိုးေက်ာင္းကို ထိခိုက္ခဲ့ပါတယ္။

=====Unicode ====

စစ်ကောင်စီတပ်တွေနဲ့ လက်နက်ကိုင် တိုက်ပွဲတွေရှိနေတဲ့ ဒေသတွေအပေါ် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ ပိုစိပ်စိပ် လုပ်လာတာကြောင့် အရပ်သားထိခိုက် သေဆုံးမှုတွေ ပိုများလာနေပါတယ်။

ကယားပြည်နယ် ဘော်လခဲမြို့နယ် မယ်စလောင်းတောင်နဲ့ ဒေါတမကြီးကျေးရွာအုပ်စုဒေသမှာ ဇန်နဝါရီလ ၂၀ က စစ်တပ်နဲ့ ကရင်နီ ပူးပေါင်းတပ်တွေကြား အပြန်အလှန် တိုက်ပွဲဖြစ်ခဲ့တဲ့ နေရာတွေနားကို စစ်တပ်က လေယာဉ်နဲ့ ၃ ကြိမ်ထက်မနည်း ဗုံးကြဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်နက်ကြီးတွေနဲ့လည်း ပစ်ခတ်နေတာကြောင့် ဒေသခံတွေ ဘေးလွတ်ရာ ထွက်ပြေးခိုလှုံနေကြရပါတယ်။ တိုက်ပွဲတွေ နေရာတော်တော်များများ ဖြစ်နေတဲ့ စစ်ကိုင်းတိုင်းနဲ့ ကရင်ပြည်နယ်ထဲမှာလည်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ အဆက်အပြတ် ရှိနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

စစ်ကိုင်းတိုင်း ကသာမြို့နယ်ထဲမှာ ဇန်နဝါရီလ ၁၈ ရက်နေ့က စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ၇ ဦး သေဆုံးခဲ့ပါတယ်။ ဒီနေ့လည်း ကရင်ပြည်နယ် ဘုရားသုံးဆူမြို့နယ်မှာရှိတဲ့ DKBA ဒီမိုကရေစီ ကရင်အကျိုးပြုတပ်မတော် ဗျူဟာမှူးတယောက်ရဲ့ နေအိမ်ခြံဝင်းအပေါ် လေကြောင်းနဲ့ တိုက်ခိုက်လို့ နေအိမ်အဆောက်အဦး ပျက်စီးသွားသလို ခြံဝန်းထဲက ခရစ်ယာန် ဘုရားရှစ်ခိုးကျောင်းကို ထိခိုက်ခဲ့ပါတယ်။

XS
SM
MD
LG