သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ထိုင္းစက္ရံုက တရားဝင္ျမန္မာလုပ္သား နစ္နာေၾကးျပန္ရ 


ထိုင္းစက္ရံုက တရားဝင္ျမန္မာလုပ္သား နစ္နာေၾကးျပန္ရ 

ထိုင္းႏိုင္ငံ၊ စမြတ္ဆာခြန္ျပည္နယ္က တာယာစက္႐ုံမွာ အလုပ္လုပ္ေနတဲ့ ျမန္မာႏိုင္ငံသား ၄၀ ကို အလုပ္ျဖဳတ္ခဲ့တဲ့အတြက္ နစ္နာေၾကးေတြ ျပန္ေပးခဲ့သလို အလုပ္လည္း ျပန္ေပးခဲ့တယ္လို႔ အလုပ္သမားအဖြဲ႔ေတြက ေျပာပါတယ္။ ဒီသတင္းအျပည့္အစံုကို ဗီြအိုေအ သတင္းေထာက္ မေအးေအးမာ က သတင္းေပးပုိ႔ ထားပါတယ္ ။

ထိုင္းစက္ရံုက တရားဝင္ျမန္မာလုပ္သား နစ္နာေၾကးျပန္ရ

ထိုင္း- ျမန္မာ ၂ ႏိုင္ငံ သေဘာတူစာခ်ဳပ္ MoU နဲ႔ ထိုင္းႏိုင္ငံ၊ စမြတ္ဆာခြန္ျပည္နယ္က တာယာစက္႐ုံမွာ အလုပ္လုပ္ေနတဲ့ ျမန္မာႏိုင္ငံသား ၄၀ ကို ႀကိဳတင္အေၾကာင္းမၾကားပဲ အလုပ္ျဖဳတ္ခဲ့တဲ့အတြက္ တိုင္ၾကားမႈကို အလုပ္ရွင္က ျပန္လည္ၫွိႏႈိင္းၿပီး နစ္နာေၾကးေတြ ျပန္ေပးခဲ့သလို အလုပ္လည္း ျပန္ေပးခဲ့တယ္လို႔ အလုပ္သမားအဖြဲ႔ေတြက ေျပာပါတယ္။

ဒီသတင္းအျပည့္အစံုကို ဗီြအိုေအ သတင္းေထာက္ မေအးေအးမာ က သတင္းေပးပုိ႔ ထားပါတယ္ ။

ထိုင္းႏိုင္ငံ၊ စမြတ္ဆာခြန္ျပည္နယ္ မဟာခ်ိဳင္ၿမိဳ႔၊ ဘန္ဘေရာင္ ဆိုတဲ႔ေနရာမွာရွိၾကတဲ့ တာယာစက္႐ုံမွာ အလုပ္လုပ္ကိုင္ေနၾကတဲ႔ ျမန္မာ ႏိုင္ငံသား MoU အလုပ္သမား ၄၀ ဟာ ဇန္၀ါရီလ ၁၆ ရက္ ဗီဇာသက္တမ္း ကုန္ျပီဆုိျပီး ႀကိဳတင္ အေႀကာင္းႀကားတာမရွိပဲ အလုပ္ရွင္က အလုပ္ျဖဳတ္ခဲ့တာပါ ။

ဒီကိစၥနဲ႔ ပတ္သက္လို႔ အလုပ္သမာအေရး ေဆာင္ရြက္ေနတဲ့ AAC အဖဲြ႔ကို အလုပ္သမားေတြက တိုင္ႀကားခဲ့တာေႀကာင့္ အလုပ္သမားအေရး ေဆာင္ရြက္ေနၾကတဲ့ အဖဲြ႔အစည္း ၂ခုနဲ႔ အတူတူ ကူညီေဆာင္ရြက္ေပးခဲ့ႀကတာ ျဖစ္ပါတယ္။ ဇန္နဝါရီ ၁၇ ရက္ေန႔မွာ အလုပ္သမားေတြရဲ႔ နစ္နာမူေတြကို ေမးျမန္းခဲ့ျပီး ဇန္န၀ါရီလ ၂၇ ရက္ေန႔မွာေတာ့ အလုပ္သမား ကာကြယ္ေစာင့္ေရွာက္ေရးကို တိုင္ႀကားခဲ့ပါတယ္။

အကူညီေပးေရးအဖြဲ႔ေတြက အလုပ္ရွင္နဲ႔ အလုပ္သမားေတြႀကား ေတြ႔ဆံုညိွႏွိုင္းမူ လုပ္ေပးခဲ့ရာမွာ ေျပလည္မူ႔ ရခဲ့တယ္လို႔ AAC အလုပ္သမား ကူညီေရးအဖဲြ႔က ေခါင္းေဆာင္ ကုိရဲမင္း က အခုလို ေျပာပါတယ္။

" မဟာခ်ိဳင္မွာရွိၾကတဲ႔ တာယာစက္ရံုေပါ႔ ။ အလုပ္ရံုဘက္က ႀကိဳတင္အေႀကာင္းမႀကားပဲ ဗီဇာျပည္႔ျပီး ျပန္ပုိ႔မယ္ဆုိျပီး လုပ္လာတယ္။ အလုပ္သမားေတြက ရုတ္တရက္ဆုိေတာ့ ဘာလုပ္လုိ႔ ဘာကိုင္ရမွန္းမသိေတာ့ က်ေနာ္တို႔ AAC အဖဲြ ႔ကိုအကူညီေတာင္းလာတယ္။ က်ေနာ္တို႔ကေတာ့ ထုိင္းအစုိးရ အာဏာပုိင္မ်ားနဲ႔အတူ ဥပေဒပါအတိုင္းေျဖရွင္းတဲ့အခါမွာ အလုပ္ရွင္ဘက္ကေတာ့ အလုပ္လည္း ျပန္ခန္႔ေပးတယ္ ။ ဗီဇာသက္တမ္းတုိးခြင့္ေတြ ေနထုိင္ခြင့္ေတြအတြက္ လုပ္ေပးမယ္ေျပာတယ္။ ႀကားထဲမွာအလုပ္က ၁၇ရက္ နားလိုက္ရတဲ့ အလုပ္သမား အမ်ိဳးသား အမ်ိဳးသမီး လူ၄၀အတြက္ အလုပ္ခနနားလိုက္ရတဲ့အတြက္ နစ္နာေႀကးအျဖစ္ ဘတ္ ၂သိန္းလည္းရသြားတယ္"

ျမန္မာ MoU အလုပ္သမားမ်ားကို အလုပ္ျဖဳတ္လိုက္တဲ့ေန႔ ကစျပီး ေဖေဖၚ၀ါရီလ ၂ရက္ေန႔အထိ တဦးကုိ ဘတ္ေငြ ၄၉၄၂ ဘတ္ကုိ အလုပ္ရွင္ဘက္က နစ္နာေႀကးျပန္ေပးခဲ့ပါတယ္။ မီးဖြားျပီးတဲ့ အမ်ိဳးသမီးေတြအတြက္ နစ္နာေႀကး ၄၅ ရက္စာ ေပးခဲ့ျပီး တဦးကုိ ဘတ္ ၁၆၀၀၀ နီးပါးရရွိခဲ့တာ ျဖစ္ပါတယ္ ။

အလုပ္ရွင္ အလုပ္သမား ျပသာနာေတြကို အလုပ္သမားေရး ကူညီေဆာင္ရြက္ေပးေနတဲ့ အဖဲြ႔အစည္းေတြက လုိက္ပါ ေဆာင္ရြက္ေပးခဲ့တာေႀကာင့္ အခုလို အလုပ္သမားေတြက ေနရပ္မျပန္ရပဲ အလုပ္ေတြလည္းျပန္လည္ရရွိခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

ထိုင်းစက်ရုံက တရားဝင်မြန်မာလုပ်သား နစ်နာကြေးပြန်ရ

ထိုင်း- မြန်မာ ၂ နိုင်ငံ သဘောတူစာချုပ် MoU နဲ့ ထိုင်းနိုင်ငံ၊ စမွတ်ဆာခွန်ပြည်နယ်က တာယာစက်ရုံမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသား ၄၀ ကို ကြိုတင်အကြောင်းမကြားပဲ အလုပ်ဖြုတ်ခဲ့တဲ့အတွက် တိုင်ကြားမှုကို အလုပ်ရှင်က ပြန်လည်ညှိနှိုင်းပြီး နစ်နာကြေးတွေ ပြန်ပေးခဲ့သလို အလုပ်လည်း ပြန်ပေးခဲ့တယ်လို့ အလုပ်သမားအဖွဲ့တွေက ပြောပါတယ်။

ဒီသတင်းအပြည့်အစုံကို ဗွီအိုအေ သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ ထားပါတယ် ။

ထိုင်းနိုင်ငံ၊ စမွတ်ဆာခွန်ပြည်နယ် မဟာချိုင်မြို့၊ ဘန်ဘရောင် ဆိုတဲ့နေရာမှာရှိကြတဲ့ တာယာစက်ရုံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာ နိုင်ငံသား MoU အလုပ်သမား ၄၀ ဟာ ဇန်ဝါရီလ ၁၆ ရက် ဗီဇာသက်တမ်း ကုန်ပြီဆိုပြီး ကြိုတင် အကြောင်းကြားတာမရှိပဲ အလုပ်ရှင်က အလုပ်ဖြုတ်ခဲ့တာပါ ။

ဒီကိစ္စနဲ့ ပတ်သက်လို့ အလုပ်သမာအရေး ဆောင်ရွက်နေတဲ့ AAC အဖွဲ့ကို အလုပ်သမားတွေက တိုင်ကြားခဲ့တာကြောင့် အလုပ်သမားအရေး ဆောင်ရွက်နေကြတဲ့ အဖွဲ့အစည်း ၂ခုနဲ့ အတူတူ ကူညီဆောင်ရွက်ပေးခဲ့ကြတာ ဖြစ်ပါတယ်။ ဇန်နဝါရီ ၁၇ ရက်နေ့မှာ အလုပ်သမားတွေရဲ့ နစ်နာမူတွေကို မေးမြန်းခဲ့ပြီး ဇန်နဝါရီလ ၂၇ ရက်နေ့မှာတော့ အလုပ်သမား ကာကွယ်စောင့်ရှောက်ရေးကို တိုင်ကြားခဲ့ပါတယ်။

အကူညီပေးရေးအဖွဲ့တွေက အလုပ်ရှင်နဲ့ အလုပ်သမားတွေကြား တွေ့ဆုံညှိနှိုင်းမူ လုပ်ပေးခဲ့ရာမှာ ပြေလည်မူ့ ရခဲ့တယ်လို့ AAC အလုပ်သမား ကူညီရေးအဖွဲ့က ခေါင်းဆောင် ကိုရဲမင်း က အခုလို ပြောပါတယ်။

" မဟာချိုင်မှာရှိကြတဲ့ တာယာစက်ရုံပေါ့ ။ အလုပ်ရုံဘက်က ကြိုတင်အကြောင်းမကြားပဲ ဗီဇာပြည့်ပြီး ပြန်ပို့မယ်ဆိုပြီး လုပ်လာတယ်။ အလုပ်သမားတွေက ရုတ်တရက်ဆိုတော့ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိတော့ ကျနော်တို့ AAC အဖွဲ့ကိုအကူညီတောင်းလာတယ်။ ကျနော်တို့ကတော့ ထိုင်းအစိုးရ အာဏာပိုင်များနဲ့အတူ ဥပဒေပါအတိုင်းဖြေရှင်းတဲ့အခါမှာ အလုပ်ရှင်ဘက်ကတော့ အလုပ်လည်း ပြန်ခန့်ပေးတယ် ။ ဗီဇာသက်တမ်းတိုးခွင့်တွေ နေထိုင်ခွင့်တွေအတွက် လုပ်ပေးမယ်ပြောတယ်။ ကြားထဲမှာအလုပ်က ၁၇ရက် နားလိုက်ရတဲ့ အလုပ်သမား အမျိုးသား အမျိုးသမီး လူ၄၀အတွက် အလုပ်ခနနားလိုက်ရတဲ့အတွက် နစ်နာကြေးအဖြစ် ဘတ် ၂သိန်းလည်းရသွားတယ်"

မြန်မာ MoU အလုပ်သမားများကို အလုပ်ဖြုတ်လိုက်တဲ့နေ့ ကစပြီး ဖေဖေါ်ဝါရီလ ၂ရက်နေ့အထိ တဦးကို ဘတ်ငွေ ၄၉၄၂ ဘတ်ကို အလုပ်ရှင်ဘက်က နစ်နာကြေးပြန်ပေးခဲ့ပါတယ်။ မီးဖွားပြီးတဲ့ အမျိုးသမီးတွေအတွက် နစ်နာကြေး ၄၅ ရက်စာ ပေးခဲ့ပြီး တဦးကို ဘတ် ၁၆၀၀၀ နီးပါးရရှိခဲ့တာ ဖြစ်ပါတယ် ။

အလုပ်ရှင် အလုပ်သမား ပြသာနာတွေကို အလုပ်သမားရေး ကူညီဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်းတွေက လိုက်ပါ ဆောင်ရွက်ပေးခဲ့တာကြောင့် အခုလို အလုပ်သမားတွေက နေရပ်မပြန်ရပဲ အလုပ်တွေလည်းပြန်လည်ရရှိခဲ့ပါတယ်။

XS
SM
MD
LG