=== [[ ZAWGYI ]] ===
အိႏၵိယရောက္ ျမန္မာစစ္ေရွာင္ေတြ အဖမ္းခံရမယ့္ေဘး စိုးရိမ္
စစ္ကိုင္းတိုင္း၊ တမူးခ႐ိုင္ဘက္ကေန အိႏၵိယ၊ မဏိပူရ္ျပည္နယ္ထဲကို ထြက္ေျပးသြားတဲ့ ျမန္မာႏိုင္ငံသားေတြ ဆက္တိုက္ဆိုသလို ဖမ္းဆီး ခံေနရပါတယ္။ ဒီရက္ပိုင္းထဲမွာတင္ ဖမ္းဆီးခံရသူ အေရအတြက္ ၁၀၀ ေက်ာ္ရွိေနတာပါ။ ဒီအေၾကာင္း သတင္းေပးပို႔ထားတာကို ကိုရဲမြန္က ေျပာျပမွာပါ။
အိႏၵိယ မဏိပူရ္နယ္စပ္၊ မိုးေရးၿမိဳ႕နယ္ထဲက ေက်း႐ြာတခ်ိဳ႕မွာ ခိုလႈံေနတဲ့ ျမန္မာစစ္ေရွာင္ေတြ ဒီရက္ပိုင္းထဲမွာ မၾကာခဏဆိုသလို ဖမ္းဆီးခံေနရတာေၾကာင့္ ျမန္မာႏိုင္ငံထဲကလာတဲ့ စစ္ေဘးေရွာင္ေတြအတြက္ စိုးရိမ္စရာျဖစ္လာပါတယ္။ ႏိုင္ငံျခားသားေတြကို ျပည္ဝင္ခြင့္ဥပေဒနဲ႔ ဖမ္းဆီး၊ တရားစြဲခံရသူ ၁၆၀ ထဲမွာ အမ်ိဳးသမီး အေယာက္ ၅၀ နဲ႔ ကေလး ၂၈ ေယာက္လည္း အပါအဝင္ျဖစ္ပါတယ္။ အခုဆိုရင္ သူတို႔ကို မဏိပူရ္ျပည္နယ္၊ အင္ဖာၿမိဳ႕က အက်ဥ္းေထာင္မွာ ထိန္းသိမ္းထားေၾကာင္း India for Myanmar ကူညီေရးအဖြဲ႕က ဗြီအိုေအကို စာနဲ႔ ေျဖၾကားခဲ့ပါတယ္။
အခုလို အိႏၵိယဘက္က ဖမ္းဆီးမႈေတြ လုပ္လာတာဟာ စိုးရိမ္စရာျဖစ္တယ္လို႔ မဏိပူရ္ျပည္နယ္၊ မိုးေရးၿမိဳ႕မွာ စစ္ေရွာင္ေနသူတဦးက ဗြီအိုေအကို ေျပာပါတယ္။
" စိုးရိမ္စရာ အေျခအေနလို႔ ေျပာလို႔ရတယ္၊ ဒါေတြက လက္နက္ကိုင္ အဖြဲ႕အစည္းလည္း မဟုတ္ဘူး၊ ဒါက အျပစ္မဲ့ ျပည္သူေတြပဲေလ။ မိုးေရးနဲ႔ (စစ္ကိုင္း)တမူးဆိုတာက အရင္က ဟိုဖက္ဒီဖက္ ကူးေနၾကတာ အခုလို ဖမ္းတယ္ဆီးတယ္ဆိုေတာ့ တခ်ိဳ႕ေတြဆိုရင္ ေတာထဲကို သြားအိပ္ရတာေတြ ရွိတယ္။ အမ်ားႀကီး အခက္အခဲေတြ ႀကဳံရတာေပါ့။"
အိႏၵိယႏိုင္ငံ မဏိပူရ္ျပည္နယ္မွာ ခိုလႈံေနတဲ့ ျမန္မာစစ္ေရွာင္က မီဇိုရမ္ျပည္နယ္ေလာက္ မမ်ားေပမဲ့ တေသာင္းခြဲေလာက္ ရွိႏိုင္မယ္လို႔ တခ်ိဳ႕က ခန႔္မွန္းပါတယ္။ မဏိပူအစိုးရဟာ ႏွစ္ႏိုင္ငံနယ္စပ္မွာ လြတ္လပ္စြာ သြားလာခြင့္ကိုလည္း စစ္ေကာင္စီ အာဏာသိမ္းၿပီးတဲ့ေနာက္မွာ တားျမစ္ထားပါတယ္။ မၾကာေသးခင္ကလည္း ျမန္မာနဲ႔ နယ္စပ္တေလွ်ာက္မွာ ရဲကင္းဂိတ္ အမ်ားအျပားကို မဏိပူရ္အစိုးရက ထပ္ၿပီးတိုးခ်ဲ႕ေနတာပါ။ ျမန္မာႏိုင္ငံရဲ႕ စစ္ေဘးေရွာင္ အေျခအေနဟာ ႏိုင္ငံတကာက ဝိုင္းဝန္းေျဖရွင္းရမယ့္ အေနအထားျဖစ္ေၾကာင္း ႏိုင္ငံတကာဆက္ဆံေရး ပညာရွင္တဦးျဖစ္တဲ့ မင္းရတုထက္က ဗြီအိုေအကို ေျပာပါတယ္။
" ျမန္မာႏိုင္ငံကေန စစ္ေရွာင္ေတြ ထြက္ေျပးတာမွာ အဓိကအားျဖင့္ အိႏၵိယရယ္၊ တ႐ုတ္ရယ္၊ ထိုင္း ရယ္ေပါ့ ဒီသုံးခုက အဓိကသြားေနတဲ့ ႏိုင္ငံေတြျဖစ္တယ္။ ဆိုေတာ့ အိႏၵိယရဲ႕ နယ္ေျမေတြထဲကို စစ္ေဘးေရွာင္ေတြ ဝင္တဲ့ကိစၥေတြကို၊ ၿပီးေတာ့ ထိုင္းကို ဝင္တဲ့ကိစၥ၊ ႏိုင္ငံတကာ အကူအညီအေနနဲ႔ ဒါေတြကို ေျဖရွင္းေပးဖို႔ အမ်ားႀကီး ႀကိဳးစားေပးရမယ္။ စစ္မက္ျဖစ္ပြားေနလို႔ စီးပြားေရးက ဘယ္လိုမွအဆင္မေျပဘူး၊ ဒါေၾကာင့္ ဒီဟာကို ဘယ္လိုမ်ိဳး ၿငိမ္းခ်မ္းေအာင္လုပ္မလဲ ဆိုၿပီး သူတို႔ဘက္ကေန ေတြးတယ္ဗ်။ ဆိုေတာ့ ျမန္မာႏိုင္ငံရဲ႕ အေနအထားကလည္း ဒိုင္ယာေလာ့ခ္နဲ႔ သြားလို႔ရတဲ့ အေနအထားမွာ မရွိဘူး၊ ဒါကို အားလုံးျမင္ေနရပါတယ္။ ခုခံတြန္းလွန္စစ္နဲ႔ ျပန္တိုက္ေနရတဲ့ အေနအထားေတြ ျဖစ္တယ္ေပါ့ေနာ္။"
ျမန္မာဘက္က ထြက္ေျပးလာခဲ့တဲ့ စစ္ေရွာင္ေတြကို အကူအညီ မေပးဖို႔၊ နယ္စပ္မွာ စစ္ေရွာင္စခန္းေတြ မေဆာက္ဖို႔ မဏိပူရ္အစိုးရက ၂၀၂၁ ခုႏွစ္ မတ္လထဲမွာ အသိေပးစာ ထုတ္ျပန္ခဲ့တာပါ။ ဒါေပမဲ့ ေဝဖန္မႈေတြေၾကာင့္ ဒီေၾကညာခ်က္ကို ျပန္႐ုတ္သိမ္းခဲ့ပါတယ္။
=== {{ UNICODE }} ===
အိန္ဒိယရောက် မြန်မာစစ်ရှောင်တွေ အဖမ်းခံရမယ့်ဘေး စိုးရိမ်
စစ်ကိုင်းတိုင်း၊ တမူးခရိုင်ဘက်ကနေ အိန္ဒိယ၊ မဏိပူရ်ပြည်နယ်ထဲကို ထွက်ပြေးသွားတဲ့ မြန်မာနိုင်ငံသားတွေ ဆက်တိုက်ဆိုသလို ဖမ်းဆီး ခံနေရပါတယ်။ ဒီရက်ပိုင်းထဲမှာတင် ဖမ်းဆီးခံရသူ အရေအတွက် ၁၀၀ ကျော်ရှိနေတာပါ။ ဒီအကြောင်း သတင်းပေးပို့ထားတာကို ကိုရဲမွန်က ပြောပြမှာပါ။
အိန္ဒိယ မဏိပူရ်နယ်စပ်၊ မိုးရေးမြို့နယ်ထဲက ကျေးရွာတချို့မှာ ခိုလှုံနေတဲ့ မြန်မာစစ်ရှောင်တွေ ဒီရက်ပိုင်းထဲမှာ မကြာခဏဆိုသလို ဖမ်းဆီးခံနေရတာကြောင့် မြန်မာနိုင်ငံထဲကလာတဲ့ စစ်ဘေးရှောင်တွေအတွက် စိုးရိမ်စရာဖြစ်လာပါတယ်။ နိုင်ငံခြားသားတွေကို ပြည်ဝင်ခွင့်ဥပဒေနဲ့ ဖမ်းဆီး၊ တရားစွဲခံရသူ ၁၆၀ ထဲမှာ အမျိုးသမီး အယောက် ၅၀ နဲ့ ကလေး ၂၈ ယောက်လည်း အပါအဝင်ဖြစ်ပါတယ်။ အခုဆိုရင် သူတို့ကို မဏိပူရ်ပြည်နယ်၊ အင်ဖာမြို့က အကျဉ်းထောင်မှာ ထိန်းသိမ်းထားကြောင်း India for Myanmar ကူညီရေးအဖွဲ့က ဗွီအိုအေကို စာနဲ့ ဖြေကြားခဲ့ပါတယ်။
အခုလို အိန္ဒိယဘက်က ဖမ်းဆီးမှုတွေ လုပ်လာတာဟာ စိုးရိမ်စရာဖြစ်တယ်လို့ မဏိပူရ်ပြည်နယ်၊ မိုးရေးမြို့မှာ စစ်ရှောင်နေသူတဦးက ဗွီအိုအေကို ပြောပါတယ်။
" စိုးရိမ်စရာ အခြေအနေလို့ ပြောလို့ရတယ်၊ ဒါတွေက လက်နက်ကိုင် အဖွဲ့အစည်းလည်း မဟုတ်ဘူး၊ ဒါက အပြစ်မဲ့ ပြည်သူတွေပဲလေ။ မိုးရေးနဲ့ (စစ်ကိုင်း)တမူးဆိုတာက အရင်က ဟိုဖက်ဒီဖက် ကူးနေကြတာ အခုလို ဖမ်းတယ်ဆီးတယ်ဆိုတော့ တချို့တွေဆိုရင် တောထဲကို သွားအိပ်ရတာတွေ ရှိတယ်။ အများကြီး အခက်အခဲတွေ ကြုံရတာပေါ့။"
အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်မှာ ခိုလှုံနေတဲ့ မြန်မာစစ်ရှောင်က မီဇိုရမ်ပြည်နယ်လောက် မများပေမဲ့ တသောင်းခွဲလောက် ရှိနိုင်မယ်လို့ တချို့က ခန့်မှန်းပါတယ်။ မဏိပူအစိုးရဟာ နှစ်နိုင်ငံနယ်စပ်မှာ လွတ်လပ်စွာ သွားလာခွင့်ကိုလည်း စစ်ကောင်စီ အာဏာသိမ်းပြီးတဲ့နောက်မှာ တားမြစ်ထားပါတယ်။ မကြာသေးခင်ကလည်း မြန်မာနဲ့ နယ်စပ်တလျှောက်မှာ ရဲကင်းဂိတ် အများအပြားကို မဏိပူရ်အစိုးရက ထပ်ပြီးတိုးချဲ့နေတာပါ။ မြန်မာနိုင်ငံရဲ့ စစ်ဘေးရှောင် အခြေအနေဟာ နိုင်ငံတကာက ဝိုင်းဝန်းဖြေရှင်းရမယ့် အနေအထားဖြစ်ကြောင်း နိုင်ငံတကာဆက်ဆံရေး ပညာရှင်တဦးဖြစ်တဲ့ မင်းရတုထက်က ဗွီအိုအေကို ပြောပါတယ်။
" မြန်မာနိုင်ငံကနေ စစ်ရှောင်တွေ ထွက်ပြေးတာမှာ အဓိကအားဖြင့် အိန္ဒိယရယ်၊ တရုတ်ရယ်၊ ထိုင်း ရယ်ပေါ့ ဒီသုံးခုက အဓိကသွားနေတဲ့ နိုင်ငံတွေဖြစ်တယ်။ ဆိုတော့ အိန္ဒိယရဲ့ နယ်မြေတွေထဲကို စစ်ဘေးရှောင်တွေ ဝင်တဲ့ကိစ္စတွေကို၊ ပြီးတော့ ထိုင်းကို ဝင်တဲ့ကိစ္စ၊ နိုင်ငံတကာ အကူအညီအနေနဲ့ ဒါတွေကို ဖြေရှင်းပေးဖို့ အများကြီး ကြိုးစားပေးရမယ်။ စစ်မက်ဖြစ်ပွားနေလို့ စီးပွားရေးက ဘယ်လိုမှအဆင်မပြေဘူး၊ ဒါကြောင့် ဒီဟာကို ဘယ်လိုမျိုး ငြိမ်းချမ်းအောင်လုပ်မလဲ ဆိုပြီး သူတို့ဘက်ကနေ တွေးတယ်ဗျ။ ဆိုတော့ မြန်မာနိုင်ငံရဲ့ အနေအထားကလည်း ဒိုင်ယာလော့ခ်နဲ့ သွားလို့ရတဲ့ အနေအထားမှာ မရှိဘူး၊ ဒါကို အားလုံးမြင်နေရပါတယ်။ ခုခံတွန်းလှန်စစ်နဲ့ ပြန်တိုက်နေရတဲ့ အနေအထားတွေ ဖြစ်တယ်ပေါ့နော်။"
မြန်မာဘက်က ထွက်ပြေးလာခဲ့တဲ့ စစ်ရှောင်တွေကို အကူအညီ မပေးဖို့၊ နယ်စပ်မှာ စစ်ရှောင်စခန်းတွေ မဆောက်ဖို့ မဏိပူရ်အစိုးရက ၂၀၂၁ ခုနှစ် မတ်လထဲမှာ အသိပေးစာ ထုတ်ပြန်ခဲ့တာပါ။ ဒါပေမဲ့ ဝေဖန်မှုတွေကြောင့် ဒီကြေညာချက်ကို ပြန်ရုတ်သိမ်းခဲ့ပါတယ်။