အိႏၵိယႏိုင္ငံ မဏိပူရျပည္နယ္ နယ္စပ္ေဒသမွာ ခိုလႈံေနတဲ့ ျမန္မာႏိုင္ငံသားအေယာက္ ၈၀ ခန္႔ကို အိႏၵိယ အာဏာပိုင္ေတြက ေသာၾကာေန႔က ဖမ္းဆီးလိုက္ပါတယ္။ သူတို႔ကို တရားမဝင္ နယ္စပ္ျဖတ္ေက်ာ္မႈနဲ႔ တရားစြဲဆိုၿပီး အင္ဖာၿမိဳ႕ကို ပို႔ေဆာင္ခဲ့တဲ့အေၾကာင္း ရန္ကုန္ကလာတဲ့ ဒီသတင္းကို အလိမၼာက တင္ျပထားပါတယ္။
စစ္ကိုင္းတိုင္း အထက္ပိုင္း တမူးၿမိဳ႕နဲ႔ ထိစပ္ေနတဲ့ မဏိပူရျပည္နယ္ မိုးေရးၿမိဳ႕အနီး နယ္စပ္ေဒသေတြမွာ ႏိုင္ငံေရး အက်ပ္အတည္းေၾကာင့္ တိမ္းေ႐ွာင္ေနတဲ့ ျမန္မာႏိုင္ငံသားေတြဟာ ရာနဲ႔ခ်ီၿပီး ေနထိုင္ေနၾကတာ ျဖစ္ပါတယ္။ ေသာၾကာေန႔ မနက္ခင္းပိုင္းကေတာ့ အိႏၵိယအာဏာပိုင္ေတြကို နယ္စပ္ေဒသတေလ်ွာက္ ေက်း႐ြာေတြကို စစ္ေဆးခဲ့ၿပီး အနည္းဆုံး ျမန္မာဒုကၡသည္ ၈၀ ေလာက္ကို ဖမ္းဆီးခဲ့တယ္လို႔ ဒုကၡသည္ေတြနဲ႔ နီးစပ္သူ တစ္ဦးက ေျပာပါတယ္။
“မေန႔တေန႔ကေပါ့။ မေန႔မနက္က။ နယ္စပ္မွာေက်ာ္ၿပီးေနတဲ့ ခိုလႈံတဲ့ဟာေတြ အဲဒါေတြကို ေယာက်္ားေလးေတြခ်ည္းပဲ ဖမ္းသြားၿပီတဲ့။ သတင္းအရေတာ့ ၈၁ ေယာက္ အခု ေလာေလာဆည္ အင္ဖား ပါသြားၿပီတဲ့။”
အိႏၵိယႏိုင္ငံကို ေရာက္႐ွိေနတဲ့ စစ္ေ႐ွာင္တဦးက ဖမ္းဆီးတဲ့ အေျခအေနကို အခုလို ေျပာပါတယ္။
“မေန႔က မနက္ပိုင္း ဖမ္းတာပါ။ က်ေနာ္တို႔ စစ္ေဘးေ႐ွာင္ေတြ အေယာက္ ၈၀ ဖမ္းသြားတယ္။ အမ်ိဳးသမီးမပါဘူး။ ၁၈ ႏွစ္ေအာက္ ၉ ေယာက္ ေလာက္ပါတယ္။ သူတို႔ရဲ႕ ခ႐ိုင္အုပ္ခ်ဳပ္ေရးမႈး ဦးေဆာင္ၿပီးေတာ့မွ စစ္ကြန္မန္ဒို ရဲေတြ ပါတယ္။ ႐ိုး႐ိုးရဲေတြ ပါတယ္။ အဲဒီအဖြဲ႔ကေန ၿပီးေတာ့မွ နယ္စပ္ေက်း႐ြာေတြကို ဝင္ၿပီး ဖမ္းသြားတာေပါ့။”
ဖမ္းဆီးခံရသူေတြကို တရားမဝင္ နယ္စပ္ျဖတ္ေက်ာ္မႈ လူဝင္မႈႀကီးၾကပ္ေရးဥပေဒနဲ႔ အေရးယူထားေၾကာင္းလည္း သူက ေျပာျပပါတယ္။
“တရားမဝင္ နယ္စပ္ျဖတ္ေက်ာ္ၿပီးေတာ့မွ ခိုးဝင္လာတဲ့ လူေတြဆိုၿပီးမွ လဝက၊ အိႏၵိယ လဝက Act နဲ႔ ခ်တဲ့သေဘာေပါ့ဗ်ာ။ မေန႔ကေတာ့ သူတို႔ မိုးေရးၿမိဳ႕ ရဲစခန္းမွာ ထားတယ္။ အဲဒီမွာ ရဲစခန္းမွာ အခ်က္အလက္ေတြ ေကာက္ၿပီးေတာ့မွ ညမိုးခ်ဳပ္တဲ့အခ်ိန္ မိုးေရးၿမိဳ႕မွာ႐ွိတဲ့ တရား႐ုံးကို ပို႔တယ္။ အဲဒီတရား႐ုံးကေန ၿပီးေတာ့မွ တရားသူႀကီးမက အေထာက္အထားေတြ ၾကည့္ၿပီးေတာ့မွ လဝကပုဒ္မနဲ႔ စြဲၿပီးေတာ့မွ စီရင္ခ်က္ အမိန္႔ခ်ၿပီးေတာ့ အိႏၵိယ ၁၀နာရီ။ က်ေနာ္တို႔ ၁၁ နာရီေလာက္ မွာ အင္ဖာ ဘက္ကို ပို႔ တယ္။”
ျမန္မာႏုိင္ငံမွာ စစ္အာဏာသိမ္းခဲ့တဲ့ ၂၀၂၁ ခုႏွစ္ ေနာက္ပိုင္း အိႏၵိယနယ္စပ္ကို တိမ္းေ႐ွာင္လာသူေတြကို လူသားခ်င္းစာနာမႈအရ ဒုကၡသည္ေတြအျဖစ္ အသိအမွတ္ျပဳဖို႔နဲ႔ ဖမ္းဆီးခံရသူေတြကို ျပန္လႊတ္ေပးဖို႔ ဒုကၡသည္ ကူညီေပးေရးအဖြဲ႔တခုျဖစ္တဲ့ Burma Refugee Committee (Kabaw Valley) က အိႏၵိယအစိုးရဆီထံ ေတာင္းဆိုဖို႔ ျပင္ဆင္ေနပါတယ္။
ဒီေန႔ထုတ္ မဏိပူရ ျပည္နယ္ သတင္းစာေတြမွာေတာ့ အသက္ ၁၈ ႏွစ္ေအာက္အ႐ြယ္ ၁၀ ဦး အပါအဝင္ ျမန္မာႏိုင္ငံသား ၈၁ ဦးကို ဖမ္းဆီးခဲ့ေၾကာင္းနဲ႔ သူတို႔ကို အင္ဖာၿမိဳ႕က ႏိုင္ငံျခားသားမ်ား ထိန္းသိမ္းေရးေထာင္မွာ ပို႔ေဆာင္မွာျဖစ္ေၾကာင္း ေဖာ္ျပထားပါတယ္။
စစ္တပ္ အာဏာသိမ္းမႈေနာက္ပိုင္း အိႏၵိယႏိုင္ငံ မီဇိုရမ္ျပည္နယ္ဘက္ ထြက္ေျပးတိမ္းေ႐ွာင္တဲ့ ဒုကၡသည္ ၄ ေသာင္း၊ မဏိပူရ ျပည္နယ္မွာ ၅ ေထာင္ေက်ာ္နဲ႔ နယူးေဒလီမွာ ၂ ေထာင္ေက်ာ္ေလာက္ရိွမယ္လို႔ ဒုကၡသည္အေရး ေလ့လာသူေတြက ခန္႔မွန္းထားပါတယ္။
==== Unicode ====
အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ် နယ်စပ်ဒေသမှာ ခိုလှုံနေတဲ့ မြန်မာနိုင်ငံသားအယောက် ၈၀ ခန့်ကို အိန္ဒိယ အာဏာပိုင်တွေက သောကြာနေ့က ဖမ်းဆီးလိုက်ပါတယ်။ သူတို့ကို တရားမဝင် နယ်စပ်ဖြတ်ကျော်မှုနဲ့ တရားစွဲဆိုပြီး အင်ဖာမြို့ကို ပို့ဆောင်ခဲ့တဲ့အကြောင်း ရန်ကုန်ကလာတဲ့ ဒီသတင်းကို အလိမ္မာက တင်ပြထားပါတယ်။
စစ်ကိုင်းတိုင်း အထက်ပိုင်း တမူးမြို့နဲ့ ထိစပ်နေတဲ့ မဏိပူရပြည်နယ် မိုးရေးမြို့အနီး နယ်စပ်ဒေသတွေမှာ နိုင်ငံရေး အကျပ်အတည်းကြောင့် တိမ်းရှောင်နေတဲ့ မြန်မာနိုင်ငံသားတွေဟာ ရာနဲ့ချီပြီး နေထိုင်နေကြတာ ဖြစ်ပါတယ်။ သောကြာနေ့ မနက်ခင်းပိုင်းကတော့ အိန္ဒိယအာဏာပိုင်တွေကို နယ်စပ်ဒေသတလျှောက် ကျေးရွာတွေကို စစ်ဆေးခဲ့ပြီး အနည်းဆုံး မြန်မာဒုက္ခသည် ၈၀ လောက်ကို ဖမ်းဆီးခဲ့တယ်လို့ ဒုက္ခသည်တွေနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။
“မနေ့တနေ့ကပေါ့။ မနေ့မနက်က။ နယ်စပ်မှာကျော်ပြီးနေတဲ့ ခိုလှုံတဲ့ဟာတွေ အဲဒါတွေကို ယောက်ျားလေးတွေချည်းပဲ ဖမ်းသွားပြီတဲ့။ သတင်းအရတော့ ၈၁ ယောက် အခု လောလောဆည် အင်ဖား ပါသွားပြီတဲ့။”
အိန္ဒိယနိုင်ငံကို ရောက်ရှိနေတဲ့ စစ်ရှောင်တဦးက ဖမ်းဆီးတဲ့ အခြေအနေကို အခုလို ပြောပါတယ်။
“မနေ့က မနက်ပိုင်း ဖမ်းတာပါ။ ကျနော်တို့ စစ်ဘေးရှောင်တွေ အယောက် ၈၀ ဖမ်းသွားတယ်။ အမျိုးသမီးမပါဘူး။ ၁၈ နှစ်အောက် ၉ ယောက် လောက်ပါတယ်။ သူတို့ရဲ့ ခရိုင်အုပ်ချုပ်ရေးမှုး ဦးဆောင်ပြီးတော့မှ စစ်ကွန်မန်ဒို ရဲတွေ ပါတယ်။ ရိုးရိုးရဲတွေ ပါတယ်။ အဲဒီအဖွဲ့ကနေ ပြီးတော့မှ နယ်စပ်ကျေးရွာတွေကို ဝင်ပြီး ဖမ်းသွားတာပေါ့။”
ဖမ်းဆီးခံရသူတွေကို တရားမဝင် နယ်စပ်ဖြတ်ကျော်မှု လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ အရေးယူထားကြောင်းလည်း သူက ပြောပြပါတယ်။
“တရားမဝင် နယ်စပ်ဖြတ်ကျော်ပြီးတော့မှ ခိုးဝင်လာတဲ့ လူတွေဆိုပြီးမှ လဝက၊ အိန္ဒိယ လဝက Act နဲ့ ချတဲ့သဘောပေါ့ဗျာ။ မနေ့ကတော့ သူတို့ မိုးရေးမြို့ ရဲစခန်းမှာ ထားတယ်။ အဲဒီမှာ ရဲစခန်းမှာ အချက်အလက်တွေ ကောက်ပြီးတော့မှ ညမိုးချုပ်တဲ့အချိန် မိုးရေးမြို့မှာရှိတဲ့ တရားရုံးကို ပို့တယ်။ အဲဒီတရားရုံးကနေ ပြီးတော့မှ တရားသူကြီးမက အထောက်အထားတွေ ကြည့်ပြီးတော့မှ လဝကပုဒ်မနဲ့ စွဲပြီးတော့မှ စီရင်ချက် အမိန့်ချပြီးတော့ အိန္ဒိယ ၁၀နာရီ။ ကျနော်တို့ ၁၁ နာရီလောက် မှာ အင်ဖာ ဘက်ကို ပို့ တယ်။”
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် နောက်ပိုင်း အိန္ဒိယနယ်စပ်ကို တိမ်းရှောင်လာသူတွေကို လူသားချင်းစာနာမှုအရ ဒုက္ခသည်တွေအဖြစ် အသိအမှတ်ပြုဖို့နဲ့ ဖမ်းဆီးခံရသူတွေကို ပြန်လွှတ်ပေးဖို့ ဒုက္ခသည် ကူညီပေးရေးအဖွဲ့တခုဖြစ်တဲ့ Burma Refugee Committee (Kabaw Valley) က အိန္ဒိယအစိုးရဆီထံ တောင်းဆိုဖို့ ပြင်ဆင်နေပါတယ်။
ဒီနေ့ထုတ် မဏိပူရ ပြည်နယ် သတင်းစာတွေမှာတော့ အသက် ၁၈ နှစ်အောက်အရွယ် ၁၀ ဦး အပါအဝင် မြန်မာနိုင်ငံသား ၈၁ ဦးကို ဖမ်းဆီးခဲ့ကြောင်းနဲ့ သူတို့ကို အင်ဖာမြို့က နိုင်ငံခြားသားများ ထိန်းသိမ်းရေးထောင်မှာ ပို့ဆောင်မှာဖြစ်ကြောင်း ဖော်ပြထားပါတယ်။
စစ်တပ် အာဏာသိမ်းမှုနောက်ပိုင်း အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ဘက် ထွက်ပြေးတိမ်းရှောင်တဲ့ ဒုက္ခသည် ၄ သောင်း၊ မဏိပူရ ပြည်နယ်မှာ ၅ ထောင်ကျော်နဲ့ နယူးဒေလီမှာ ၂ ထောင်ကျော်လောက်ရှိမယ်လို့ ဒုက္ခသည်အရေး လေ့လာသူတွေက ခန့်မှန်းထားပါတယ်။