သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

 နီပေါနယ်စပ် နဲ့ မြန်မာနယ်စပ် အိန္ဒိယ လုံခြုံရေး အခက်အခဲရှိ


India Myanmar
India Myanmar

 အိန္ဒိယနဲ့ နယ်နိမိတ်ခြင်း ထိစပ်နေတဲ့ မြန်မာနိုင်ငံနဲ့ နီပေါနိုင်ငံ နယ်နိမိတ်တွေက လုံခြုံရေးဆိုင်ရာ အခက်အခဲတွေ အပါအဝင် အိန္ဒိယရဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စတွေကို အိန္ဒိယ ပြည်ထဲရေးဝန်ကြီး Amit Shah က နယူးဒေလီမြို့တော်မှာ ပြုလုပ်တဲ့ ဆွေနွေးပွဲမှာ ပြောဆိုခဲ့ပါတယ်။  

နီပေါနယ်စပ် နဲ့ မြန်မာနယ်စပ် အိန္ဒိယ လုံခြုံရေး အခက်အခဲရှိ

{{Zawgyi/Unicode}}
အိန္ဒိယနဲ့ နယ်နိမိတ်ခြင်း ထိစပ်နေတဲ့ မြန်မာနိုင်ငံနဲ့ နီပေါနိုင်ငံ နယ်နိမိတ်တွေက လုံခြုံရေးဆိုင်ရာ အခက်အခဲတွေ အပါအဝင် အိန္ဒိယရဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စတွေကို အိန္ဒိယ ပြည်ထဲရေးဝန်ကြီး Amit Shah က နယူးဒေလီမြို့တော်မှာ ပြုလုပ်တဲ့ ဆွေနွေးပွဲမှာ ပြောဆိုခဲ့ပါတယ်။

အမျိုးသား လယ်ယာစိုက်ပျိုးရေးဌာနမှာ သောကြာနေ့ကစတင်ပြီး ၃ ရက်ကြာ ပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ နယ်စပ်လုံခြုံ ရေး တာဝန်ရှိတဲ့ ရဲတပ်ဖွဲ့က အရာရှိတွေ ၊ ဒေသအသီးသီးက တာဝန်ရှိသူ အရာရှိပေါင်း ၆၀၀ လောက်တက်ရောက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်တွေအတွင်း အိန္ဒိယ အရှေ့မြောက်ဒေသ အတွင်းမှာရှိကြတဲ့ လက်နှက်ကိုင် အဖွဲ့အစည်း ၉ ဖွဲ့ဟာ ငြိမ်းချမ်းရေး လက်မှတ်ရေးထိုးခဲ့ပြီး သူပုန်တပ်ဖွဲ့ဝင် ၉ ထောင်လောက် လက်နက်ချခဲ့ကြတယ်လို့ဆိုပါတယ်။ အဲဒီဒေသတွင်းက နယ်စပ်အငြင်းပွားမှု ပြသာနာ ၃ ခုကိုလည်း ဖြေရှင်းခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။ အိန္ဒိယအရှေ့မြောက် ဒေသဟာ မြန်မာနိုင်ငံနဲ့ နယ်နိမိတ် ထိစပ်နေတဲ့ ဒေသဖြစ်ပါတယ်။

Jammu နဲ့ Kashmir ဒေသတွေမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ၊ သေဆုံးမှုတွေနဲ့ အကြမ်းဖက်သမားတွေ ထိန်းချုပ်ထားတဲ့နယ်မြေတွေဟာ တဖြည်းဖြည်း လျော့နည်းလာပြီး ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးဘက်ကို ဦးတည်လာနေပြီလို့ အိန္ဒိယပြည်ထဲရေးဝန်ကြီး က ပြောပါတယ်။

မည်သို့ပင်ဆိုစေကာမူ အိန္ဒိယဟာ တဖြည်းဖြည်း တည်ငြိမ်တိုးတက်လာနေပြီး နောက်ကျကျန်နေတဲ့ နိုင်ငံတခုမဟုတ်တော့တာကို ကမ္ဘာကြီးက လက်ခံလာနေပြီး Morgan Stanley လို နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီကြီးရဲ့ တွက်ချက်မှုအရ အိန္ဒိယဟာ လာမယ့် ၂၀၂၇ ခုနှစ်မှာ ကမ္ဘာ့ တတိယ စီးပွားရေး အင်အားကြီးနိုင်ငံ အဖြစ် ရောက်ရှိလာမယ်လို့ ခန့်မှန်းထားကြောင်း အိန္ဒိယပြည်ထဲရေးဝန်ကြီး Amit Shah ကဆွေးနွေးပွဲမှာပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

နီပေါနယျစပျ နဲ့ မွနျမာနယျစပျ အိန်ဒိယ လုံခွုံရေး အခကျအခဲရှိ

{{Zawgyi/Unicode}}





XS
SM
MD
LG