သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာဒုက္ခသည်တွေကို မီဇိုရမ် အသိအမှတ်ပြုကတ်ပြား ထုတ်ပေးမည်


မီဇိုရမ်ပြည်နယ်မှာ ခိုလှုံနေကြရတဲ့ မြန်မာနိုင်ငံသားအချို့။ (မတ် ၁၃၊ ၂၀၂၁)
မီဇိုရမ်ပြည်နယ်မှာ ခိုလှုံနေကြရတဲ့ မြန်မာနိုင်ငံသားအချို့။ (မတ် ၁၃၊ ၂၀၂၁)

(Zawgyi / Unicode)

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှာ ခိုလှုံနေကြတဲ့ မြန်မာနိုင်ငံသားတွေအတွက် စာနာမှုအရ အသိအမှတ်ပြုကတ်ပြား ထုတ်ပေးဖို့ ပြည်နယ်အာဏာပိုင်တွေ စီစဉ်နေကြပါတယ်။

၂၀၂၁ ဖေဖော်ဝါရီမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ခိုလှုံလာသူ မြန်မာတွေအတွက် အခုလို စီစဉ်တာဖြစ်ကြောင်း အိန္ဒိယနိုင်ငံ PTI သတင်းဌာနက ဖော်ပြပါတယ်။

ဒီလက်မှတ်ဟာ မီဇိုရမ်ပြည်နယ်အတွင်းမှာသာ တရားဝင်မှာဖြစ်ပြီး မြန်မာဒုက္ခသည်တွေအနေနဲ့ လွယ်ကူ အဆင်ပြေစေမှာ ဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ ပြည်ထဲရေးဌာန ဝန်ထမ်းတဦးက PTI ကို ပြောပါတယ်။ ဒီအထောက်အထားဟာ ဒုက္ခသည်တွေကို ပြည်နယ်မဲဆန္ဒရှင် စာရင်းနဲ့ မရောထွေးအောင် ခွဲခြားထားမယ်လို့လည်း ဆိုပါတယ်။

မြန်မာဒုက္ခသည် ၁၆,၀၀၀ ခန့်ကို အသိအမှတ်ပြုကတ်ပြား ထုတ်ပေးဖို့ စီစဉ်နေပြီလို့ ပြည်နယ် ပြည်ထဲရေးဝန်ကြီးက ဇန်နဝါရီ ၃၀ မှာ ပြောကြားခဲ့ပေမယ့် ကိုဗစ်ကပ်ရောဂါကြောင့် နှောင့်နှေးခဲ့ရတာဖြစ်ပြီး အခုတော့ မီဇိုရမ်ပြည်နယ် အိုက်ဇောမှာ ဒီအပတ်အတွင်း စတင် စိစစ်သွားမယ်လို့ ဆိုပါတယ်။

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ဟာ မြန်မာနိုင်ငံနဲ့ နယ်စပ်ချင်း ကီလိုမီတာ ၅၁၀ (၃၁၆ မိုင်ခန့်) ထိစပ်နေတာ ဖြစ်ပါတယ်။ မီဇိုရမ်ပြည်နယ်မှာ ခိုလှုံနေကြတဲ့ မြန်မာတွေထဲ လွှတ်တော်အမတ် ၂၀ ကျော် ပါဝင်တယ်လို့ ပြည်နယ်အရာရှိတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

-------------------------------

(Unicode)







XS
SM
MD
LG