သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ျမန္မာစစ္ေျပးဒုကၡသည္ေတြကို မီဇိုရမ္အစိုးရ ဒုကၡသည္ကဒ္ထုတ္ေပးမည္


အိႏၵိယႏိုင္ငံ မီဇိုရမ္ျပည္နယ္ (ဓာတ္ပံု - ရိုက္တာ)

ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း အိႏၵိယႏိုင္ငံ မီဇိုရမ္ျပည္နယ္ကို ထြက္ေျပးတိမ္းေရွာင္သူေတြအတြက္ ေနထိုင္ေရးလုံၿခဳံဖို႔ မီဇိုရမ္ျပည္နယ္အစိုးရကေန Refugee ID ကဒ္ ထုတ္ေပးသြားဖို႔ အစီစဥ္ရွိတယ္လို႔ မီဇိုရမ္ျပည္နယ္ လူမႈအဖြဲ႕အစည္းတာဝန္ရွိသူေတြကေျပာပါတယ္။ လက္ရွိ ခ်င္းျပည္နယ္ထဲမွာ တိုက္ပြဲေတြ မၾကာမၾကာျဖစ္ေနၿပီး စစ္ေရးတင္းမာေနတာေၾကာင့္ မီဇိုရမ္ျပည္နယ္ဘက္ကို ေသာင္းနဲ႔ခ်ီတဲ့ ခ်င္းေဒသခံေတြ ထြက္ေျပးတိမ္းေရွာင္ ေရာက္ရွိေန ပါတယ္။ ဒီအေၾကာင္းရန္ကုန္ကေပးပို႔လာတဲ့သတင္းကို ကိုေအာင္ျမတ္သူ ကေျပာျပေပးမွာပါ။

ခ်င္းျပည္နယ္နဲ႔ကပ္ေနတဲ့ အိႏၵိယႏိုင္ငံ မီဇိုရမ္ျပည္နယ္ကို စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ထြက္ေျပးခိုလႈံၾကသူေတြကို မီဇိုရမ္ျပည္နယ္အစိုးရက ဒုကၡသည္မ်ားမွတ္ပုံတင္ Refugee ID ကဒ္ ထုတ္ေပးဖို႔ စီစဥ္ေနပါတယ္။ မီဇိုရမ္ျပည္နယ္ထဲေရာက္ေနၾကတဲ့ ျမန္မာႏိုင္ငံဘက္က CDM ဝန္ထမ္းေတြ၊ ဆႏၵျပသူေတြနဲ႔ အခုေနာက္ဆုံး ခ်င္းျပည္နယ္ဘက္က စစ္ေျပးဒုကၡသည္ေတြအားလုံးအတြက္ ဒုကၡသည္အသိအမွတ္ျပဳကဒ္ထုတ္ေပးမွာျဖစ္တယ္လို႔
ေဒသတြင္း ဒုကၡသည္ကူညီေရးအဖြဲ႕ အစည္းတခုျဖစ္တဲ့ NGO United for Democratic Myanmar တြဲဖက္အတြင္းေရးမႉး ကိုရစ္ခ်တ္ကေျပာပါတယ္။

“ ID ကဒ္ဆိုတာက Refugee ကဒ္ေပါ့ေနာ္။ မီဇိုရမ္ျပည္နယ္အစိုးရကေနၿပီးေတာ့ စီစဥ္ထားတာရွိတယ္။ သူတို႔က စီစဥ္ထားတဲ့ပုံစံကေတာ့ ဒီမီဇိုရမ္ျပည္နယ္မွာရွိေနတဲ့ Refugee အားလုံးကိုၿခဳံၿပီးမွ သူတို႔လုပ္ေပးဖို႔ အစီအစဥ္ေတာ့ ရွိတယ္။ မီဇိုရမ္အစိုးရက ဒီRefugeeကဒ္ကိုလုပ္ေပးမွာ။ ဒီမီဇိုရမ္မွာရွိတဲ့ စစ္ေဘးေရွာင္ေတြကိုေပါ့ေနာ္။ အဲဒီ DC တို႔, Home department တို႔ ဆိုတာက ဒီစစ္ေဘးေရွာင္ေတြကို ကူညီေစာင့္ေရွာက္ဖို႔ရန္အတြက္ အစိုးရကေန ဖြဲ႕စည္းေပး လိုက္တာဘဲ အဲတာေတာ့။ ”

ျမန္မာႏိုင္ငံက ေရာက္လာတဲ့ ဒုကၡသည္ေတြအေရးကို ကိုင္တြယ္ဖို႔ မီဇိုရမ္ျပည္နယ္အစိုးရကတာဝန္ေပးထားတဲ့ ျပည္နယ္ဒုတိယေကာ္မရွင္နာမင္းႀကီးနဲ႔အတူ ျပည္ထဲေရးဌာနတာဝန္ရွိသူေတြ၊ သဘာဝေဘးအႏၲရာယ္ စီမံခန႔္ခြဲေရးနဲ႔ ျပန္လည္ထူေထာင္ေရာဌာက တာဝန္ရွိသူေတြ အိုက္ေဇာၿမိဳ႕မွာ ျမန္မာႏိုင္ငံက ဒုကၡသည္ေတြ ခိုလႈံေနတဲ့ ေနရာေတြကို ဇန္နဝါရီလ ၁၉ ရက္က သြားေရာက္ၾကည့္ရႈခဲ့ၿပီး ဒုကၡသည္ မွတ္ပုံတင္ကဒ္ျပားေတြ ထုတ္ေပးမယ္လို႔ ေၾကညာခဲ့တာပါ။

တာဝန္ရွိသူေတြဟာ Sihphir ရပ္ကြက္မွာရွိတဲ့ CDM ဒုကၡသည္စခန္း၊ Sihhmui နဲ႔ Sairang ရပ္ကြက္မွာရွိတဲ့ စစ္ေဘးဒုကၡသည္စခန္းေတြကို သြားေရာက္ၾကည့္ရႈခဲ့ၿပီး လိုအပ္တဲ့အကူအညီေတြ အတတ္ ႏိုင္ဆုံးကူညီေဆာင္႐ြက္ေပးသြားမယ္လို႔လည္း ေျပာသြားပါတယ္။ မီဇိုရမ္ျပည္နယ္အစိုးရက ထုတ္ေပးမယ့္ ဒုကၡသည္အသိအမွတ္ျပဳ Refugee ID ကဒ္ရမယ့္သူေတြအေနနဲ႔ မီဇိုရ္ပျပည္နယ္ထဲမွာ လြတ္လါြတ္လပ္လပ္ သြားလာႏိုင္မွာျဖစ္တယ္လို႔ ကိုရစ္ခ်တ္က ဆက္ေျပာပါတယ္။
“ အဓိကေတာ့ ဒီလိုဗ်။ ဥပမာအေနနဲ႔လႊတ္ေတာ္အမတ္ေတြဆိုရင္ နယ္စပ္ေဒသေတြကို သူတို႔သြားၿပီးေတာ့မွ သူတို႔ ရဲ႕ မဲဆႏၵရွင္ေတြ အခုထြက္ေျပးၾကတဲ့စစ္ေဘးေရွာင္ေတြကို သြားၾကည့္တာ။ ဆိုေတာ့ အဲဒီကဒ္ရွိျခင္းအားျဖင့္ သူတို႔ နယ္စပ္ေဒသေတြမွာ သူတို႔အဲဒီစစ္ေဘးေရွာင္ျပည္သူေတြနဲ႔သြားၿပီးေတာ့မွ လြတ္လြတ္လပ္လပ္ေပါ့ေနာ္ သြားၿပီးေတာ့ မွ အကူညီေပးလို႔ရမယ္။ ျပည္နယ္မွာ လုံၿခဳံစြာနဲ႔ေနထိုင္ႏိုင္ဖို႔ အတြက္ကို။ မရွိတာထက္စာရင္ အမ်ားႀကီးလုံၿခဳံပါ လိမ့္ မယ္။ ”

လက္ရွိမီဇိုရမ္ျပည္နယ္မွာ ျမန္မာႏိုင္ငံဘက္က ထြက္ေျပးခိုလႈံေနၾကသူေတြကို ေဒသခံ ကူညီေပးအဖြဲ႕ေတြက အကူညီေပးေနၾကပါတယ္။

“ ခန႔္မွန္းေျခအေနနဲ႔ေတာ့မီဇိုရမ္တျပည္နယ္လုံးမွာေတာ့ သုံးေသာင္းဝန္းက်င္ေလာက္ေတာ့ ရွိၿပီး။ ရပ္ကြက္ေတြ ေက်း႐ြာေတြ အဲဒီလိုအဖြဲ႕အစည္းေလးေတြရွိတယ္။ အဲတာေလးေတြဘဲပူးေပါင္းၿပီးမွ သူတို႔႐ြာေတြမွာ ဝင္လာတဲ့ စစ္ ေဘးေရွာင္ေတြဆိုရင္ သူတို႔ ေနရာထိုင္ခင္းေတြခ်ေပးတယ္။ ဆန္ေတြ ဆီေတြ ပဲေတြ စသည္ျဖင့္ေပါ့ေနာ္ အဲဒီလိုမ်ိဳး ေလးေတြသူတို႔လႉတာေတြ ရွိတယ္။ လက္ရွီအေျခအေနမွာေတာ့အဲတာနဲ႔ဘဲ ဆက္သြားေနတယ္။ ”

ျမန္မာႏိုင္ငံမွာ စစ္တပ္ကအာဏာသိမ္းၿပီးေနာက္ပိုင္းနဲ႔ ခ်င္းျပည္နယ္စစ္ေရးတင္းမာမႈျဖစ္စဥ္အတြင္း ေဒသခံေတြက ျမန္မာႏိုင္ငံနဲ႔ ထိဆက္ေနတဲ့ အိႏၵိယႏိုင္ငံထဲကို ထြက္ေျပးခဲ့ၾကတာပါ။

“ မီဇိုရမ္ျပည္နယ္ဘက္ကို ျမန္မာႏိုင္ငံမွာအာဏာသိမ္းၿပီးတဲ့ေနာက္ပိုင္းမွာ ျမန္မာႏိုင္ငံသားေတြအမ်ားစု ထြက္ေျပး တိမ္းေရွာင္ၾကတာေပါ့ေနာ္။ ဒီ CDMဝန္ထန္းေတြဘဲျဖစ္ျဖစ္ သူတို႔ထြက္ေျပးတိမ္းေရွာင္ၾကတယ္။ အခုေနာက္ပိုင္းမွာ ခ်င္းျပည္နယ္ဘက္မွာ တိုက္ပြဲေတြျပင္းထန္လာတဲ့ေနာက္ပိုင္းမွာ မတူပီၿမိဳ႕နယ္တေၾကာလုံး ထန္တလန္ၿမိဳ႕နယ္တေၾကာ လုံး ၿပီးေတာ့ စစ္ကိုင္းတိုင္းကေလးၿမိဳ႕နယ္ ထဲမွာရွိတဲ့ခ်င္းလူမ်ိဳးေတြေပါ့ေနာ္။ ဖလမ္း ဟားခါး ဒီေျမာက္ပိုင္းေဒသ ေတာ္ ေတာ္မ်ားမ်ားေတာ့ စစ္ေဘးေရွာင္ေနရ မီဇိုရမ္ဘက္ကို ထြက္ေျပးတိမ္းေရွာင္ေနရတာကိုေတြ႕ရတယ္။ ဘာျဖစ္လို႔လဲဆို ေတာ့ စစ္ေကာင္စီကအဲဒီဘက္မွာ အင္အားအလုံးအရင္းနဲ႔ထိုးစစ္ဆင္ တိုက္ခိုက္မႈေတြလုပ္လာတယ္။ အရပ္သား ပစ္မွတ္ ထားၿပီးေတာ့ ထိခိုက္မႈေတြလုပ္လာတဲ့ဟာ အဲတာေၾကာင့္မီဇိုရမ္ျပည္နယ္ဘက္ကို သူတို႔ ထြက္ေျပးတိမ္းေရွာင္ ခဲ့တာျဖစ္တာေပါ့ေနာ္။ ”

ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းၿပီးေနာက္ အိႏၵိယႏိုင္ငံဘက္ ထြက္ေျပးလာၾကသူေတြကို အိႏၵိယျပည္မႀကီးအစိုးရက လက္မခံေပမဲ့ ျပည္နယ္အစိုးရေတြကေတာ့ တတ္ႏိုင္သေလာက္အကူအညီေပးေနၾကပါတယ္။ မီဇိုရမ္ျပည္နယ္မွာ အခုဆိုရင္ ျမန္မာဘက္က ေရာက္ေနတဲ့ ဒုကၡသည္ ၃ ေသာင္းေလာက္ရွိေနၾကပါတယ္။ မီဇိုရမ္ျပည္နယ္အစိုးရအေနနဲ႔ ေရာက္ ရွိလာတဲ့ စစ္ေဘးေရွာင္ေတြကို အတတ္ႏိုင္ဆုံးကူညီေဆာင္႐ြက္ေပးေနတယ္လို႔ ေဒသတြင္းလူမႈအဖြဲ႕အစည္း တာဝန္ရွိသူေတြကေျပာပါတယ္။

.......................................................................................

တိုက္႐ိုက္ လင့္ခ္


မြန်မာစစ်ပြေးဒုက္ခသည်တွေကို မီဇိုရမ်အစိုးရ ဒုက္ခသည်ကဒ်ထုတ်ပေးမည်

(Unicode)

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကို ထွက်ပြေးတိမ်းရှောင်သူတွေအတွက် နေထိုင်ရေးလုံခြုံဖို့ မီဇိုရမ်ပြည်နယ်အစိုးရကနေ Refugee ID ကဒ် ထုတ်ပေးသွားဖို့ အစီစဉ်ရှိတယ်လို့ မီဇိုရမ်ပြည်နယ် လူမှုအဖွဲ့အစည်းတာဝန်ရှိသူတွေကပြောပါတယ်။ လက်ရှိ ချင်းပြည်နယ်ထဲမှာ တိုက်ပွဲတွေ မကြာမကြာဖြစ်နေပြီး စစ်ရေးတင်းမာနေတာကြောင့် မီဇိုရမ်ပြည်နယ်ဘက်ကို သောင်းနဲ့ချီတဲ့ ချင်းဒေသခံတွေ ထွက်ပြေးတိမ်းရှောင် ရောက်ရှိနေ ပါတယ်။ ဒီအကြောင်းရန်ကုန်ကပေးပို့လာတဲ့သတင်းကို ကိုအောင်မြတ်သူ ကပြောပြပေးမှာပါ။

ချင်းပြည်နယ်နဲ့ကပ်နေတဲ့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကို စစ်အာဏာသိမ်းပြီးနောက်ပိုင်း ထွက်ပြေးခိုလှုံကြသူတွေကို မီဇိုရမ်ပြည်နယ်အစိုးရက ဒုက္ခသည်များမှတ်ပုံတင် Refugee ID ကဒ် ထုတ်ပေးဖို့ စီစဉ်နေပါတယ်။ မီဇိုရမ်ပြည်နယ်ထဲရောက်နေကြတဲ့ မြန်မာနိုင်ငံဘက်က CDM ဝန်ထမ်းတွေ၊ ဆန္ဒပြသူတွေနဲ့ အခုနောက်ဆုံး ချင်းပြည်နယ်ဘက်က စစ်ပြေးဒုက္ခသည်တွေအားလုံးအတွက် ဒုက္ခသည်အသိအမှတ်ပြုကဒ်ထုတ်ပေးမှာဖြစ်တယ်လို့
ဒေသတွင်း ဒုက္ခသည်ကူညီရေးအဖွဲ့ အစည်းတခုဖြစ်တဲ့ NGO United for Democratic Myanmar တွဲဖက်အတွင်းရေးမှူး ကိုရစ်ချတ်ကပြောပါတယ်။

“ ID ကဒ်ဆိုတာက Refugee ကဒ်ပေါ့နော်။ မီဇိုရမ်ပြည်နယ်အစိုးရကနေပြီးတော့ စီစဉ်ထားတာရှိတယ်။ သူတို့က စီစဉ်ထားတဲ့ပုံစံကတော့ ဒီမီဇိုရမ်ပြည်နယ်မှာရှိနေတဲ့ Refugee အားလုံးကိုခြုံပြီးမှ သူတို့လုပ်ပေးဖို့ အစီအစဉ်တော့ ရှိတယ်။ မီဇိုရမ်အစိုးရက ဒီRefugeeကဒ်ကိုလုပ်ပေးမှာ။ ဒီမီဇိုရမ်မှာရှိတဲ့ စစ်ဘေးရှောင်တွေကိုပေါ့နော်။ အဲဒီ DC တို့, Home department တို့ ဆိုတာက ဒီစစ်ဘေးရှောင်တွေကို ကူညီစောင့်ရှောက်ဖို့ရန်အတွက် အစိုးရကနေ ဖွဲ့စည်းပေး လိုက်တာဘဲ အဲတာတော့။ ”

မြန်မာနိုင်ငံက ရောက်လာတဲ့ ဒုက္ခသည်တွေအရေးကို ကိုင်တွယ်ဖို့ မီဇိုရမ်ပြည်နယ်အစိုးရကတာဝန်ပေးထားတဲ့ ပြည်နယ်ဒုတိယကော်မရှင်နာမင်းကြီးနဲ့အတူ ပြည်ထဲရေးဌာနတာဝန်ရှိသူတွေ၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးနဲ့ ပြန်လည်ထူထောင်ရောဌာက တာဝန်ရှိသူတွေ အိုက်ဇောမြို့မှာ မြန်မာနိုင်ငံက ဒုက္ခသည်တွေ ခိုလှုံနေတဲ့ နေရာတွေကို ဇန်နဝါရီလ ၁၉ ရက်က သွားရောက်ကြည့်ရှုခဲ့ပြီး ဒုက္ခသည် မှတ်ပုံတင်ကဒ်ပြားတွေ ထုတ်ပေးမယ်လို့ ကြေညာခဲ့တာပါ။

တာဝန်ရှိသူတွေဟာ Sihphir ရပ်ကွက်မှာရှိတဲ့ CDM ဒုက္ခသည်စခန်း၊ Sihhmui နဲ့ Sairang ရပ်ကွက်မှာရှိတဲ့ စစ်ဘေးဒုက္ခသည်စခန်းတွေကို သွားရောက်ကြည့်ရှုခဲ့ပြီး လိုအပ်တဲ့အကူအညီတွေ အတတ် နိုင်ဆုံးကူညီဆောင်ရွက်ပေးသွားမယ်လို့လည်း ပြောသွားပါတယ်။ မီဇိုရမ်ပြည်နယ်အစိုးရက ထုတ်ပေးမယ့် ဒုက္ခသည်အသိအမှတ်ပြု Refugee ID ကဒ်ရမယ့်သူတွေအနေနဲ့ မီဇိုရ်ပပြည်နယ်ထဲမှာ လွတ်လါွတ်လပ်လပ် သွားလာနိုင်မှာဖြစ်တယ်လို့ ကိုရစ်ချတ်က ဆက်ပြောပါတယ်။
“ အဓိကတော့ ဒီလိုဗျ။ ဥပမာအနေနဲ့လွှတ်တော်အမတ်တွေဆိုရင် နယ်စပ်ဒေသတွေကို သူတို့သွားပြီးတော့မှ သူတို့ ရဲ့ မဲဆန္ဒရှင်တွေ အခုထွက်ပြေးကြတဲ့စစ်ဘေးရှောင်တွေကို သွားကြည့်တာ။ ဆိုတော့ အဲဒီကဒ်ရှိခြင်းအားဖြင့် သူတို့ နယ်စပ်ဒေသတွေမှာ သူတို့အဲဒီစစ်ဘေးရှောင်ပြည်သူတွေနဲ့သွားပြီးတော့မှ လွတ်လွတ်လပ်လပ်ပေါ့နော် သွားပြီးတော့ မှ အကူညီပေးလို့ရမယ်။ ပြည်နယ်မှာ လုံခြုံစွာနဲ့နေထိုင်နိုင်ဖို့ အတွက်ကို။ မရှိတာထက်စာရင် အများကြီးလုံခြုံပါ လိမ့် မယ်။ ”

လက်ရှိမီဇိုရမ်ပြည်နယ်မှာ မြန်မာနိုင်ငံဘက်က ထွက်ပြေးခိုလှုံနေကြသူတွေကို ဒေသခံ ကူညီပေးအဖွဲ့တွေက အကူညီပေးနေကြပါတယ်။

“ ခန့်မှန်းခြေအနေနဲ့တော့မီဇိုရမ်တပြည်နယ်လုံးမှာတော့ သုံးသောင်းဝန်းကျင်လောက်တော့ ရှိပြီး။ ရပ်ကွက်တွေ ကျေးရွာတွေ အဲဒီလိုအဖွဲ့အစည်းလေးတွေရှိတယ်။ အဲတာလေးတွေဘဲပူးပေါင်းပြီးမှ သူတို့ရွာတွေမှာ ဝင်လာတဲ့ စစ် ဘေးရှောင်တွေဆိုရင် သူတို့ နေရာထိုင်ခင်းတွေချပေးတယ်။ ဆန်တွေ ဆီတွေ ပဲတွေ စသည်ဖြင့်ပေါ့နော် အဲဒီလိုမျိုး လေးတွေသူတို့လှူတာတွေ ရှိတယ်။ လက်ရှီအခြေအနေမှာတော့အဲတာနဲ့ဘဲ ဆက်သွားနေတယ်။ ”

မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းနဲ့ ချင်းပြည်နယ်စစ်ရေးတင်းမာမှုဖြစ်စဉ်အတွင်း ဒေသခံတွေက မြန်မာနိုင်ငံနဲ့ ထိဆက်နေတဲ့ အိန္ဒိယနိုင်ငံထဲကို ထွက်ပြေးခဲ့ကြတာပါ။

“ မီဇိုရမ်ပြည်နယ်ဘက်ကို မြန်မာနိုင်ငံမှာအာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ မြန်မာနိုင်ငံသားတွေအများစု ထွက်ပြေး တိမ်းရှောင်ကြတာပေါ့နော်။ ဒီ CDMဝန်ထန်းတွေဘဲဖြစ်ဖြစ် သူတို့ထွက်ပြေးတိမ်းရှောင်ကြတယ်။ အခုနောက်ပိုင်းမှာ ချင်းပြည်နယ်ဘက်မှာ တိုက်ပွဲတွေပြင်းထန်လာတဲ့နောက်ပိုင်းမှာ မတူပီမြို့နယ်တကြောလုံး ထန်တလန်မြို့နယ်တကြော လုံး ပြီးတော့ စစ်ကိုင်းတိုင်းကလေးမြို့နယ် ထဲမှာရှိတဲ့ချင်းလူမျိုးတွေပေါ့နော်။ ဖလမ်း ဟားခါး ဒီမြောက်ပိုင်းဒေသ တော် တော်များများတော့ စစ်ဘေးရှောင်နေရ မီဇိုရမ်ဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတာကိုတွေ့ရတယ်။ ဘာဖြစ်လို့လဲဆို တော့ စစ်ကောင်စီကအဲဒီဘက်မှာ အင်အားအလုံးအရင်းနဲ့ထိုးစစ်ဆင် တိုက်ခိုက်မှုတွေလုပ်လာတယ်။ အရပ်သား ပစ်မှတ် ထားပြီးတော့ ထိခိုက်မှုတွေလုပ်လာတဲ့ဟာ အဲတာကြောင့်မီဇိုရမ်ပြည်နယ်ဘက်ကို သူတို့ ထွက်ပြေးတိမ်းရှောင် ခဲ့တာဖြစ်တာပေါ့နော်။ ”

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် အိန္ဒိယနိုင်ငံဘက် ထွက်ပြေးလာကြသူတွေကို အိန္ဒိယပြည်မကြီးအစိုးရက လက်မခံပေမဲ့ ပြည်နယ်အစိုးရတွေကတော့ တတ်နိုင်သလောက်အကူအညီပေးနေကြပါတယ်။ မီဇိုရမ်ပြည်နယ်မှာ အခုဆိုရင် မြန်မာဘက်က ရောက်နေတဲ့ ဒုက္ခသည် ၃ သောင်းလောက်ရှိနေကြပါတယ်။ မီဇိုရမ်ပြည်နယ်အစိုးရအနေနဲ့ ရောက် ရှိလာတဲ့ စစ်ဘေးရှောင်တွေကို အတတ်နိုင်ဆုံးကူညီဆောင်ရွက်ပေးနေတယ်လို့ ဒေသတွင်းလူမှုအဖွဲ့အစည်း တာဝန်ရှိသူတွေကပြောပါတယ်။

XS
SM
MD
LG