ကယားျပည္နယ္ ဒုကၡသည္စခန္းေလေၾကာင္း တိုက္ခိုက္ခံရမႈ ေနာ္ေ၀ဒုကၡသည္ေကာင္စီ႐ႈတ္ခ်
{{Zawgyi/Unicode}}
ကယားျပည္နယ္မွာ စစ္ေျပးဒုကၡသည္ေတြ ခုိလႈံေနတဲ့ စခန္းတခုကုိ စစ္ေကာင္စီတပ္ေတြ ေလေၾကာင္းကေန တုိက္ခုိက္ခဲ့တဲ့အေပၚ ေနာ္ေဝဒုကၡသည္မ်ားေကာင္စီက ျပစ္တင္႐ႈတ္ခ်လိုက္ပါတယ္။ အရပ္သားေတြအေပၚ ပစ္မွတ္ထား တိုက္ခိုက္မႈေတြ တိုးလာေနတဲ့အေပၚ စိုးရိမ္ေၾကာင္းလည္း ေနာ္ေဝဒုကၡသည္မ်ားေကာင္စီ အတြင္းေရးမွဴးခ်ဳပ္ Jan Egeland က အဂၤါေန့မွာ ထုတ္ျပန္တဲ့ ေၾကညာခ်က္မွာ ေျပာဆိုထားပါတယ္။
၁၇ ရက္ေန့က ေလေၾကာင္းကေန ဒုကၡသည္စခန္းကုိတုိက္ခုိက္ခဲ့တဲ့အတြက္ ကေလး ၂ ဦးအပါအဝင္ ၃ ဦးေသဆုံးခဲ့တယ္လုိ့ ေၾကျငာခ်က္မွာေဖၚျပထားပါတယ္။ ကယားျပည္နယ္ေတာင္ပုိင္းနဲ့ ကရင္ျပည္နယ္ေတြအတြင္း ဒီဇင္ဘာလအတြင္းကစတင္ၿပီး တုိက္ပဲြေတြျပင္းထန္လာခဲ့တဲ့အတြက္ ေသဆုံးမွုနဲ့ အုိးအိမ္စြန့္ခြါထြက္ေျပးရမွုေတြ ဆက္လက္ျဖစ္ပြားေနၿပီး၊ ၂၀၂၁ ခုႏွစ္ေမကစလုိ့ ဒီေဒသေတြမွာ အမ်ိဳးသမီးနဲ့ ကေလးငယ္ေတြအပါအဝင္ အုိးအိမ္စြန္ခြါထြက္ေျပးေနရသူ ၁ သိန္း ၆ ေသာင္းေက်ာ္ ရိွေနတယ္လုိ့လည္းဆုိပါတယ္။
ကယားျပည္နယ္တခုထဲမွာတင္ အိမ္၊ ဘုန္းႀကီးေက်ာင္း၊ ခရစ္ယန္ဘုရားေက်ာင္းနဲ႔ စာသင္ေက်ာင္း အေဆာက္အဦး ၆၅၀ ေက်ာ္ ဖ်က္စီးတာ၊ မီးရႈိ႕တာ ခံခဲ့ရတယ္လို႔လည္း ေၾကညာခ်က္မွာေဖၚျပထားပါတယ္။
အာဏာသိမ္းစစ္ေကာင္စီအေနနဲ့ ႏုိင္ငံတကာဥပေဒေတြအရ အရပ္သားျပည္သူေတြကို မထိခုိက္ေအာင္ ကာကြယ္ဖုိ့ ဝတၱရားရွိၿပီး၊ ဒီဝတၱရားအတုိင္း လုိက္နာဖုိ့ တုိက္တြန္းပါေၾကာင္း ေနာ္ေဝဒုကၡသည္ေကာင္စီအတြင္းေရးမွုးခ်ဳပ္ Jan Egeland ကေၾကျငာခ်က္မွာ ေျပာဆုိထားပါတယ္။
........................................
ကယားပြည်နယ် ဒုက္ခသည်စခန်းလေကြောင်း တိုက်ခိုက်ခံရမှု နော်ဝေဒုက္ခသည်ကောင်စီရှုတ်ချ
{{Unicode}}
ကယားပြည်နယ်မှာ စစ်ပြေးဒုက္ခသည်တွေ ခိုလှုံနေတဲ့ စခန်းတခုကို စစ်ကောင်စီတပ်တွေ လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့အပေါ် နော်ဝေဒုက္ခသည်များကောင်စီက ပြစ်တင်ရှုတ်ချလိုက်ပါတယ်။ အရပ်သားတွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုတွေ တိုးလာနေတဲ့အပေါ် စိုးရိမ်ကြောင်းလည်း နော်ဝေဒုက္ခသည်များကောင်စီ အတွင်းရေးမှူးချုပ် Jan Egeland က အင်္ဂါနေ့မှာ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ပြောဆိုထားပါတယ်။
၁၇ ရက်နေ့က လေကြောင်းကနေ ဒုက္ခသည်စခန်းကိုတိုက်ခိုက်ခဲ့တဲ့အတွက် ကလေး ၂ ဦးအပါအဝင် ၃ ဦးသေဆုံးခဲ့တယ်လို့ ကြေငြာချက်မှာဖေါ်ပြထားပါတယ်။ ကယားပြည်နယ်တောင်ပိုင်းနဲ့ ကရင်ပြည်နယ်တွေအတွင်း ဒီဇင်ဘာလအတွင်းကစတင်ပြီး တိုက်ပွဲတွေပြင်းထန်လာခဲ့တဲ့အတွက် သေဆုံးမှုနဲ့ အိုးအိမ်စွန့်ခွါထွက်ပြေးရမှုတွေ ဆက်လက်ဖြစ်ပွားနေပြီး၊ ၂၀၂၁ ခုနှစ်မေကစလို့ ဒီဒေသတွေမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအဝင် အိုးအိမ်စွန်ခွါထွက်ပြေးနေရသူ ၁ သိန်း ၆ သောင်းကျော် ရှိနေတယ်လို့လည်းဆိုပါတယ်။
ကယားပြည်နယ်တခုထဲမှာတင် အိမ်၊ ဘုန်းကြီးကျောင်း၊ ခရစ်ယန်ဘုရားကျောင်းနဲ့ စာသင်ကျောင်း အဆောက်အဦး ၆၅၀ ကျော် ဖျက်စီးတာ၊ မီးရှို့တာ ခံခဲ့ရတယ်လို့လည်း ကြေညာချက်မှာဖေါ်ပြထားပါတယ်။
အာဏာသိမ်းစစ်ကောင်စီအနေနဲ့ နိုင်ငံတကာဥပဒေတွေအရ အရပ်သားပြည်သူတွေကို မထိခိုက်အောင် ကာကွယ်ဖို့ ဝတ္တရားရှိပြီး၊ ဒီဝတ္တရားအတိုင်း လိုက်နာဖို့ တိုက်တွန်းပါကြောင်း နော်ဝေဒုက္ခသည်ကောင်စီအတွင်းရေးမှုးချုပ် Jan Egeland ကကြေငြာချက်မှာ ပြောဆိုထားပါတယ်။