သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ကရင္ျပည္နယ္တြင္း ထုိးစစ္ေတြေၾကာင့္ ထုိင္းနယ္စပ္မွာ ဒုကၡသည္ေတြ ထပ္မံတိမ္းေရွာင္ 


Refugees at Thai-Myanmar border


ကရင္ျပည္နယ္တြင္း ထုိးစစ္ေတြေၾကာင့္ ထုိင္းနယ္စပ္မွာ ဒုကၡသည္ေတြ ထပ္မံတိမ္းေရွာင္


{{Zawgyi/Unicode}}
ကရင္ျပည္နယ္အတြင္းမွာ တိုက္ပြဲေတြ ဆက္လက္ျဖစ္ပြါးေနၿပီး စစ္ေကာင္စီဘက္က စစ္ေၾကာင္းေတြနဲ႔ ထုိးစစ္ဆင္ေနတာေၾကာင့္ ေလးေက့ေကာ္ေဒသအပါအဝင္ ေက်း႐ြာေပါင္း ၇ ႐ြာေလာက္က စစ္ေဘးေရွာင္ေတြဟာ ေနရပ္မျပန္ႏိုင္ၾကတဲ့အျပင္ ထုိင္းနယ္စပ္အနီး ေသာင္ရင္းျမစ္္ တေလွ်ာက္ အႀကိမ္ႀကိမ္ထြက္ေျပး ေျပာင္းေရႊ႕ေနၾကပါတယ္။

လက္ရွိမွာေတာ့ စစ္ေဘးေရွာင္ဦးေရဟာ ျမဝတီခရိုင္ထဲမွာ အမ်ားဆံုးျဖစ္ေနတာပါ။ ဒုကၡသည္ေတြဟာျမန္မာဘက္အျခမ္း ေသာင္ရင္းျမစ္တေလွ်ာက္မွာ ခိုလႈံေနၾကၿပီး ထိုးစစ္ဆင္လာတိုင္းေဘးလြတ္မယ္ ထင္တဲ့ ေနရာေတြကိုေရႊ႕ၿပီးေနၾကတာ ျဖစ္ေၾကာင္းစစ္ေဘးေရွာင္ဒုကၡသည္ေတြကို အကူညီေပးေနသူတဦးက VOA ကိုေျပာပါတယ္။

"ဒီဘက္ မဲ့ကိုကင္း(ထိုင္းေက်းရြာ) တ၀ိုက္ ဒုကၡသည္စုစုေပါင္းကေတာ့ ၁၃၀၀ေလာက္က်န္တယ္။ ေက်ာက္ခက္နဲ့ ေသ့ေဘာဘုိး အဲဒီဘက္မွာေတာ့ပိုမ်ားလာတယ္။ ဒုကၡသည္ေတြက ရြာျပန္လုိ့မရဘူး ထုိးစစ္ဆင္လာေတာ့ အရင္ဆံုးမင္းလက္ပံ ။ ေနာက္ဖလူးဘက္ အခုဖလူးဘက္ကိုလည္း စစ္တပ္က၀င္လာေတာ့ အခု ေသေဘာဘိုးဘက္မွာအမ်ားႀကီးသြားစုေနတယ္။စစ္တပ္က ထုိးစစ္ဆင္လာလိုက္သူတိုကတေျဖးေျဖး ဆုတ္သြားတယ္။ေနရာေတြေရြ ့ေရြ့သြားတယ္။ အဲဒီ(ေသေဘာဘိုးမွာေတာ့ ေသာင္းေက်ာ္ရိွတယ္ ။ဒုကၡသည္ကဟိုေျပး ဒီေျပး နဲ့ ေျပးေနႀကရတာ"

ေသာၾကာေန႔မွာေတာ့ အသက္ ၈၂ ႏွစ္အရြယ္ အဖိုးအိုတဦး စစ္ေရွာင္ေျပးလႊားရင္း ဆံုးပါးခဲ့ရတယ္လို႔လည္း ေျပာပါတယ္။

ၿပီးခဲ့တဲ့ ႏွစ္ကုန္ပုိင္းကစ လက္နက္ကုိင္ ပဋိပကၡေတြ ျပင္းထန္လာတာေၾကာင့္ ကရင္အမ်ဳိးသားအစည္းအ႐ုံး (KNU) ထိန္းခ်ဳပ္ရာ နယ္ေျမမွာ ဒုကၡသည္ ၅ေသာင္းေက်ာ္ ထပ္တိုးလာေႀကာင္း KNU သတင္းနဲျပန္ႀကားေရး က ဇန္န၀ါရီလ၁၉ ရက္ေန့မွာသတင္းထုတ္ျပန္ထားပါတယ္။

.................................................

တိုက္႐ိုက္ လင့္ခ္


ကရင်ပြည်နယ်တွင်း ထိုးစစ်တွေကြောင့် ထိုင်းနယ်စပ်မှာ ဒုက္ခသည်တွေ ထပ်မံတိမ်းရှောင်

{{Zawgyi/Unicode}}
ကရင်ပြည်နယ်အတွင်းမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွါးနေပြီး စစ်ကောင်စီဘက်က စစ်ကြောင်းတွေနဲ့ ထိုးစစ်ဆင်နေတာကြောင့် လေးကေ့ကော်ဒေသအပါအဝင် ကျေးရွာပေါင်း ၇ ရွာလောက်က စစ်ဘေးရှောင်တွေဟာ နေရပ်မပြန်နိုင်ကြတဲ့အပြင် ထိုင်းနယ်စပ်အနီး သောင်ရင်းမြစ် တလျှောက် အကြိမ်ကြိမ်ထွက်ပြေး ပြောင်းရွှေ့နေကြပါတယ်။

လက်ရှိမှာတော့ စစ်ဘေးရှောင်ဦးရေဟာ မြဝတီခရိုင်ထဲမှာ အများဆုံးဖြစ်နေတာပါ။ ဒုက္ခသည်တွေဟာ မြန်မာဘက်အခြမ်း သောင်ရင်းမြစ်တလျှောက်မှာ ခိုလှုံနေကြပြီး ထိုးစစ်ဆင်လာတိုင်း ဘေးလွတ်မယ် ထင်တဲ့ နေရာတွေကို ရွှေ့ပြီးနေကြတာ ဖြစ်ကြောင်း စစ်ဘေးရှောင်ဒုက္ခသည်တွေကို အကူညီပေးနေသူတဦးက VOA ကိုပြောပါတယ်။

"ဒီဘက် မဲ့ကိုကင်း(ထိုင်းကျေးရွာ) တဝိုက် ဒုက္ခသည်စုစုပေါင်းကတော့ ၁၃၀၀လောက်ကျန်တယ်။ ကျောက်ခက်နဲ့ သေ့ဘောဘိုး အဲဒီဘက်မှာတော့ပိုများလာတယ်။ ဒုက္ခသည်တွေက ရွာပြန်လို့မရဘူး ထိုးစစ်ဆင်လာတော့ အရင်ဆုံးမင်းလက်ပံ ။ နောက်ဖလူးဘက် အခုဖလူးဘက်ကိုလည်း စစ်တပ်ကဝင်လာတော့ အခု သေဘောဘိုးဘက်မှာအများကြီးသွားစုနေတယ်။စစ်တပ်က ထိုးစစ်ဆင်လာလိုက် သူတိုကတဖြေးဖြေး ဆုတ်သွားတယ်။နေရာတွေရွေ့ရွေ့သွားတယ်။ အဲဒီ(သေဘောဘိုးမှာတော့ သောင်းကျော်ရှိတယ် ။ဒုက္ခသည်ကဟိုပြေး ဒီပြေး နဲ့ ပြေးနေကြရတာ"

သောကြာနေ့မှာတော့ အသက် ၈၂ နှစ်အရွယ် အဖိုးအိုတဦး စစ်ရှောင်ပြေးလွှားရင်း ဆုံးပါးခဲ့ရတယ်လို့လည်း ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကစ လက်နက်ကိုင် ပဋိပက္ခတွေ ပြင်းထန်လာတာကြောင့် ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်ရာ နယ်မြေမှာ ဒုက္ခသည် ၅သောင်းကျော် ထပ်တိုးလာကြောင်း KNU သတင်းနဲပြန်ကြားရေး က ဇန်နဝါရီလ၁၉ ရက်နေ့မှာသတင်းထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG