သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အိႏၵိယေရာက္ ခ်င္းဒုကၡသည္ေတြ ကိုဗစ္နဲ႔ စား၀တ္ေနေရး အခက္ၾကံဳ


ျမန္မာနဲ႔နယ္ခ်င္းကပ္ အိႏၵိယအေရွ႕ေျမာက္ပိုင္း မီဇိုရမ္ျပည္နယ္။

{{Zawgyi/Unicode}}

စစ္တပ္အာဏာသိမ္းၿပီးေနာက္ပိုင္း ခ်င္းျပည္နယ္ကေန အိႏၵိယႏိုင္ငံ မီဇိုရမ္ျပည္နယ္ထဲ ထြက္ေျပးတိမ္းေရွာင္ေနၾကတဲ့ ဒုကၡသည္ေသာင္းနဲ႔ ခ်ီရွိၿပီလို႔ ခ်င္းလူ႔အခြင့္အေရးအဖြဲ႔ CHRO က VOA ကိုေျပာပါတယ္။ ခ်င္းျပည္နယ္ထဲမွာ တိုက္ပြဲေတြ ျပင္းထန္ခဲ့ၿပီး လက္႐ွိမွာလည္း စစ္တပ္က အင္အားေတြတုိးေနတာေၾကာင့္ ထြက္ေျပးလာတဲ့ ဒုကၡသည္အေရအတြက္ အရင္ကထက္ မ်ားလာေနၿပီး ေနထိုင္စားေသာက္ေရးအခက္အခဲၾကားမွာ ကိုဗစ္ကပ္ေရာဂါကူးစက္သူေတြလည္း ႐ွိေနၾကပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကလာတဲ့ သတင္း အလိမၼာ က ေျပာျပပါမယ္။

စစ္အာဏာသိမ္းၿပီးေနာက္ ဆႏၵျပပဲြေတြအေပၚ စစ္ေကာင္စီတပ္ေတြက အၾကမ္းဖက္ ပစ္ခတ္ႏွိမ္ႏွင္းတာ၊ CDM လႈပ္႐ွားသူေတြကုိ ဖမ္းဆီးတာအျပင္ အခုေနာက္ပိုင္း ေဒသခံကာကြယ္ေရးအဖဲြ႔ေတြနဲ႔ ျဖစ္ေနတဲ့ တုိက္ပဲြေတြေၾကာင့္ ခ်င္းျပည္နယ္နဲ႔ကပ္ေနတဲ့ အိႏိၵယႏိုင္ငံ မီဇိုရမ္ျပည္နယ္ဘက္ ထြက္ေျပးလာၾကတဲ့ ဒုကၡသည္ ၃ ေသာင္းေက်ာ္ရွိေနတယ္လို႔ မီဇိုရမ္အေျခစိုက္ ခ်င္းလူ႔အခြင့္အေရးအဖြဲ႔ CHRO က ေျပာပါတယ္။ လက္ရွိမီဇိုရမ္ဘက္မွာ ခိုလႈံေနၾကတဲ့ စစ္ေဘးဒုကၡသည္ေတြဟာ ေနထိုင္စားေသာက္ေရး အခက္အခဲန႔ဲရင္ဆိုင္ေနရၿပီး မက်န္းမမာသူေတြ ကိုဗစ္ကပ္ေရာဂါျဖစ္ေနၾကသူေတြလည္း ႐ွိေနၾကတယ္လို႔ ခ်င္းလူ႔အခြင့္အေရးအဖြဲ႔ CHRO က ဆလိုင္းေထာန္က်ဳံးလ်န္က ေျပာပါတယ္။

“စစ္ေဘးေရွာင္ေတြမ်ားလို႔ အစားအေသာက္က အရမ္းခက္ခဲၾကတယ္။ တခ်ဳိ႕အျမန္နဲ႔ ေျပးၾကဆိုေတာ့ အဲ့ဒီတခ်ဳိ႕က ပစၥည္းေတြလည္း သိပ္ၿပီးမပါတဲ့ လူေတြ မ်ားတယ္ေလး၊ အဲ့ဒါေၾကာင့္မို႔လို႔ ဒုကၡေရာက္ၾကတယ္၊ အခုဆိုရင္ေတာ့ ဟင္းေတြ ခ်က္ဖို႔တအားခက္ေနၿပီး အဲ့ဒါ ဆန္ေတာင္မွ ခက္တယ္၊ အဲ့ဒါဒုကၡသည္ေတြ တအားမ်ားတယ္၊ အခုက ကပ္ေရာဂါလည္း ကိုဗစ္ေရာကဂါလည္း တအားပ်ံႏွံ႔ဆိုေတာ့ အမ်ားအားျဖင့္က ဥပမာစစ္ေဘးေရွာင္ေတြလည္း တအား ကိုဗစ္ကပ္ေရာဂါေၾကာင့္ ဖ်ားတဲ့လူလည္း အရမ္းမ်ားတယ္၊ ဒုကၡအရမ္းႀကံဳၾကတယ္။”

ဒုကၡသည္ေတြဟာ အစားအေသာက္သာမက ေငြေရးေၾကးေရးကအစ အခက္အခဲျဖစ္ေနတာေၾကာင့္ ေနမေကာင္းျဖစ္ေပမယ့္ ေဆးဝါးပစၥည္းေတြ မဝယ္ႏိုင္ဘူးလို႔ အိႏိၵယႏိုင္ငံ Champhai ခရိုင္ Farkawn ေက်းရြာမွာ ခိုလံႈေနတဲ့ ျမန္မာဒုကၡသည္ တစ္ဦးက ေျပာပါတယ္။

“ေငြေရးေၾကးေရးလည္း အခက္အခဲျဖစ္တယ္သူတို႔၊ ဘာေၾကာင့္လဲဆိုေတာ့ အခုဒီမွာ ေဆးဝါးေတာ့ရွိတယ္။ ဒါေပမယ္ ဝယ္ဖို႔က ပိုက္ဆံက မရွိဘူး၊ ဒီမွာ ပိုက္ဆံရွာဖို႔လည္း ဒီဟာ ေက်းရြာေတြဆိုေတာ့ေလး ပိုက္ဆံရွာဖို႔ ေနရာေတြလည္း မရွိဘူး၊ တစ္ဖက္မွာ ကိုဗစ္ကလည္း မ်ားေသးတယ္ဆိုေတာ့ေလး အဲ့လိုေတြ အခက္ႀကံဳရတာေပါ့ေနာ္။”

သူတုိ႔ ခိုလႈံေနတဲ့ Champhai ခရိုင္ Farkawn ေက်းရြာမွာ ျမန္မာႏိုင္ငံက ဒုကၡသည္ ၉၂၅ ဦး ရွိၿပီး၊အဲဒီထဲမွာ ၅၀ ေက်ာ္ေလာက္က ကိုဗစ္ျဖစ္ပြားေနတာလို႔ ေျပာပါတယ္။ ကိုဗစ္ေၾကာင့္ အသက္ ၈၀ ေက်ာ္ အဖြားအို ႏွစ္ဦးေသဆံုးသြားတယ္လို႔ ေျပာပါတယ္။

မီဇိုရမ္ျပည္နယ္ လူမႈအဖြဲ႔အစည္းတစ္ခုက အစားအေသာက္လာလွဴေပမယ့္ ကိုယ့္နည္းကိုယ္ဟန္နဲ႔ ေနထိုင္စားေသာက္ရတာေၾကာင့္ အခက္အခဲျဖစ္တယ္လို႔ အဲ့ဒီခိုလႈံလာတဲ့ ဒုကၡသည္က ဆက္ေျပာပါတယ္။

“မီဇိုရမ္ျပည္နယ္က အဖြဲ႔အစည္းတစ္ခုကေတာ့ တလမွာ တစ္ခါေလာက္ အဲ့လိုမ်ဳိး ဆန္လာေပးတယ္၊ ဆန္ေပးတယ္ဆိုတာ လူဦးေရနဲ႔ ေပးတာေပါ့၊ လူႀကီးဆိုရင္ တျပည္ေလာက္ရတယ္၊ ဥပမာ က်ေနာ္ဆိုရင္ေတာ့ သံုးေယာက္ ကေလးက ငယ္တယ္ တစ္ႏွစ္ပဲ ရွိေသးတယ္ဆိုေတာ့ ကေလးအတြက္ ျပည္ဝက္ေပါ့၊ က်ေနာ္ ဇူလိုင္လမွာ ဒီမွာ ေရာက္တာနဲ႔ အခုက သံုးခါေတာ့ရတယ္ ေလးလအတြက္မွာ ၇ ျပည္ခြဲရတယ္၊ အာလူးနည္းနည္းဆီေပါ့၊ ၿပီးေတာ့ ကုလာပဲနည္းနည္းဆီ အဲ့လိုမ်ဳိးရတယ္ ၿပီးေတာ့ အဝတ္အစား second hand ေတြေပါ့ေနာ္ သူတို႔က ေပးတယ္၊ အားလံုးေတာ့ က်ေနာ္တုိ႔ မသိဘူးေပမယ့္ ခက္ခဲတဲ့ လူေတာ့ တအားခက္ခဲတယ္။”

လက္ရွိမွာ အိႏၵိယႏိုင္ငံ မီဇိုရမ္ျပည္နယ္ထဲ ထြက္ေျပးတိမ္ေရွာင္လာၾကတဲ့ ျမန္မာဒုကၡသည္ ၃ေသာင္းေက်ာ္ရွိေနသလို အိႏၵိယနယ္စပ္မွာ ခ်င္းျပည္နယ္ ထန္တလန္ၿမိဳ႕နယ္က ေက်းရြာအသီးသီးမွာလည္း ေနာက္ထပ္ တိမ္းေရွာင္ေနတဲ့ စစ္ေဘးဒုကၡသည္ ၃ ေသာင္းေလာက္ရွိတယ္လို႔ မီဇိုရမ္အေျခစိုက္ ခ်င္းလူ႔အခြင့္အေရးအဖြဲ႔ CHRO ရဲ႕ ဒုတိယအမွႈေဆာင္ ဒါ႐ုိက္တာ Salai Zaukling က VOA ကို ေျပာပါတယ္။

ေဒသခံကာကြယ္ေရးတပ္ေတြနဲ႔ စစ္ေကာင္စီတပ္ေတြၾကား တိုက္ပြဲျပင္းထန္ခဲ့တဲ့ ခ်င္းျပည္နယ္တစ္ဝိုက္မွာ စစ္တပ္က အင္အားတိုးခ်ဲ႕ေနၿပီး နယ္ေျမ႐ွင္းလင္းမႈေတြလုပ္ကာ သယ္ယူပို႔ေဆာင္ေရး လမ္းေၾကာင္းေတြ အားလံုး ပိတ္ဆို႔တင္းၾကပ္ထားတာေၾကာင့္ အိႏိၵယနယ္စပ္မွာ ခ်င္းျပည္နယ္ ထန္တလန္ဘက္ျခမ္းက စစ္ေဘးဒုကၡသည္ေတြအတြက္ စားနပ္ရိကၡာသယ္ယူပို႔ေဆာင္လုိ႔ မရတဲ့ အေျခအေနမွာ ရွိေနတယ္လို႔ ေျပာပါတယ္။ မီဇိုရမ္ဘက္ ခိုလံႈလာတဲ့ ဒုကၡသည္ေတြဟာ IDP camps မွာ ေနထိုင္သူေတြရွိသလို ကိုယ့္အစီအစဥ္နဲ႔ တဲထိုးေနထိုင္တာ အိမ္ငွားေနတာ ေဆြမ်ဳိးအိမ္မွာ ေနထိုင္သူေတြရွိပါတယ္။ စစ္ေဘးသည္ဒုကၡေတြ တစ္ေန႔ထက္ တစ္ေန႔ပိုမ်ားလာတာနဲ႔အတူ စားေရးေသာက္ေရး အခက္အခဲေတြကို ႏိုင္ငံတကာအဝိုင္းအဝိုင္းက ကူညီေပးဖုိ႔လိုအပ္ေနၿပီလို႔ CHRO ရဲ႕ ဒုတိယအမွႈေဆာင္ ဒါ႐ုိက္တာ Salai Zaukling ကေျပာပါတယ္။

“ဒီဟာက ေရရွည္ျပသနာတစ္ခုျဖစ္လာလိမ္မယ္၊ အဲ့ဒီအခ်ိန္က်လို႔ရွိရင္ ဒီႏိုင္ငံတကာ အသိုင္းအဝိုင္းက ကူညီေထာက္ပ့ံေပးမႈက ေတာ္ေတာ္အေရးႀကီးလာလိမ္မယ္၊ က်ေနာ္တို႔ မီဇိုရမ္ထဲမွာ ေရာက္ရွိေနၿပီးတဲ့ ဒုကၡသည္ေတြသာမကဘူး ဟိုဘက္ကမ္းမွာ က်န္ရွိေနေသးတဲ့ IDP ေတြကို ေထာက္ပံ့ေပးဖို႔လည္း ဒီႏိုင္ငံတကာ အတိုင္းအဝိုင္းက ေထာက္ပံ့ကူညီမႈ က်ေနာ္ အမ်ားႀကီးလိုအပ္လာလိမ္မယ္၊ အဲ့ဒါေတြေၾကာင့္လည္း ဒီႏိုင္ငံတကာအသိုင္းအဝိုင္းကို က်ေနာ္တို႔ ဒီ CHRO အဖြဲ႕ကေန ေတာင္းဆိုခ်င္တာ ဒီဖက္ကေန cross-border assistance ေပးႏိုင္ဖို႔ အစီအစဥ္ေတြ လုပ္ေပးထားေစခ်င္တယ္။”

ျမန္မာႏိုင္ငံဘက္က ထြက္ေျပးလာၾကတဲ့ ဒုကၡသည္ေတြကို မီဇိုရမ္ အစိုးရက ကူညီေထာက္ပံ့မႈေတြ မလုပ္ေသးဘူးလို႔ခ်င္းလူ႔အခြင့္အေရးအဖြဲ႔ CHRO ကေျပာပါတယ္။ ေလာေလာဆယ္ ဒုကၡသည္ေတြအေနနဲ႔ မီဇိုရမ္လူမႈအဖြဲ႔အစည္းနဲ႔ ႏိုင္ငံျခားေရာက္ခ်င္းလူမ်ဳိးအသိုင္းအဝိုင္းေတြရဲ႕ အကူအညီကို အားကုိးေနၾကရေပမဲ့ လိုအပ္ခ်က္ေတြ အမ်ားႀကီးရွိေသးတယ္လို႔ ေျပာပါတယ္။

..........................................

တိုက္႐ိုက္ လင့္ခ္


အိန္ဒိယရောက် ချင်းဒုက္ခသည်တွေ ကိုဗစ်နဲ့ စားဝတ်နေရေး အခက်ကြုံ

{{Unicode}}

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်ကနေ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲ ထွက်ပြေးတိမ်းရှောင်နေကြတဲ့
ဒုက္ခသည်သောင်းနဲ့ ချီရှိပြီလို့ ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO က VOA ကိုပြောပါတယ်။ ချင်းပြည်နယ်ထဲမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး လက်ရှိမှာလည်း စစ်တပ်က အင်အားတွေတိုးနေတာကြောင့် ထွက်ပြေးလာတဲ့ ဒုက္ခသည်အရေအတွက် အရင်ကထက် များလာနေပြီး နေထိုင်စားသောက်ရေးအခက်အခဲကြားမှာ ကိုဗစ်ကပ်ရောဂါကူးစက်သူတွေလည်း ရှိနေကြပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့ သတင်း အလိမ္မာ က ပြောပြပါမယ်။

စစ်အာဏာသိမ်းပြီးနောက် ဆန္ဒပြပွဲတွေအပေါ် စစ်ကောင်စီတပ်တွေက အကြမ်းဖက် ပစ်ခတ်နှိမ်နှင်းတာ၊ CDM လှုပ်ရှားသူတွေကို ဖမ်းဆီးတာအပြင် အခုနောက်ပိုင်း ဒေသခံကာကွယ်ရေးအဖွဲ့တွေနဲ့ ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် ချင်းပြည်နယ်နဲ့ကပ်နေတဲ့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ဘက် ထွက်ပြေးလာကြတဲ့ ဒုက္ခသည် ၃ သောင်းကျော်ရှိနေတယ်လို့ မီဇိုရမ်အခြေစိုက် ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO က ပြောပါတယ်။ လက်ရှိမီဇိုရမ်ဘက်မှာ ခိုလှုံနေကြတဲ့ စစ်ဘေးဒုက္ခသည်တွေဟာ နေထိုင်စားသောက်ရေး အခက်အခဲနဲ့ရင်ဆိုင်နေရပြီး မကျန်းမမာသူတွေ ကိုဗစ်ကပ်ရောဂါဖြစ်နေကြသူတွေလည်း ရှိနေကြတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO က ဆလိုင်းထောန်ကျုံးလျန်က ပြောပါတယ်။

“စစ်ဘေးရှောင်တွေများလို့ အစားအသောက်က အရမ်းခက်ခဲကြတယ်။ တချို့အမြန်နဲ့ ပြေးကြဆိုတော့ အဲ့ဒီတချို့က ပစ္စည်းတွေလည်း သိပ်ပြီးမပါတဲ့ လူတွေ များတယ်လေး၊ အဲ့ဒါကြောင့်မို့လို့ ဒုက္ခရောက်ကြတယ်၊ အခုဆိုရင်တော့ ဟင်းတွေ ချက်ဖို့တအားခက်နေပြီး အဲ့ဒါ ဆန်တောင်မှ ခက်တယ်၊ အဲ့ဒါဒုက္ခသည်တွေ တအားများတယ်၊ အခုက ကပ်ရောဂါလည်း ကိုဗစ်ရောကဂါလည်း တအားပျံနှံ့ဆိုတော့ အများအားဖြင့်က ဥပမာစစ်ဘေးရှောင်တွေလည်း တအား ကိုဗစ်ကပ်ရောဂါကြောင့် ဖျားတဲ့လူလည်း အရမ်းများတယ်၊ ဒုက္ခအရမ်းကြုံကြတယ်။”

ဒုက္ခသည်တွေဟာ အစားအသောက်သာမက ငွေရေးကြေးရေးကအစ အခက်အခဲဖြစ်နေတာကြောင့် နေမကောင်းဖြစ်ပေမယ့် ဆေးဝါးပစ္စည်းတွေ မဝယ်နိုင်ဘူးလို့ အိန္ဒိယနိုင်ငံ Champhai ခရိုင် Farkawn ကျေးရွာမှာ ခိုလှုံနေတဲ့ မြန်မာဒုက္ခသည် တစ်ဦးက ပြောပါတယ်။

“ငွေရေးကြေးရေးလည်း အခက်အခဲဖြစ်တယ်သူတို့၊ ဘာကြောင့်လဲဆိုတော့ အခုဒီမှာ ဆေးဝါးတော့ရှိတယ်။ ဒါပေမယ် ဝယ်ဖို့က ပိုက်ဆံက မရှိဘူး၊ ဒီမှာ ပိုက်ဆံရှာဖို့လည်း ဒီဟာ ကျေးရွာတွေဆိုတော့လေး ပိုက်ဆံရှာဖို့ နေရာတွေလည်း မရှိဘူး၊ တစ်ဖက်မှာ ကိုဗစ်ကလည်း
များသေးတယ်ဆိုတော့လေး အဲ့လိုတွေ အခက်ကြုံရတာပေါ့နော်။”

သူတို့ ခိုလှုံနေတဲ့ Champhai ခရိုင် Farkawn ကျေးရွာမှာ မြန်မာနိုင်ငံက ဒုက္ခသည် ၉၂၅ ဦး ရှိပြီး၊အဲဒီထဲမှာ ၅၀ ကျော်လောက်က ကိုဗစ်ဖြစ်ပွားနေတာလို့ ပြောပါတယ်။ ကိုဗစ်ကြောင့် အသက် ၈၀ ကျော် အဖွားအို နှစ်ဦးသေဆုံးသွားတယ်လို့ ပြောပါတယ်။

မီဇိုရမ်ပြည်နယ် လူမှုအဖွဲ့အစည်းတစ်ခုက အစားအသောက်လာလှူပေမယ့် ကိုယ့်နည်းကိုယ်ဟန်နဲ့ နေထိုင်စားသောက်ရတာကြောင့် အခက်အခဲဖြစ်တယ်လို့ အဲ့ဒီခိုလှုံလာတဲ့ ဒုက္ခသည်က ဆက်ပြောပါတယ်။

“မီဇိုရမ်ပြည်နယ်က အဖွဲ့အစည်းတစ်ခုကတော့ တလမှာ တစ်ခါလောက် အဲ့လိုမျိုး ဆန်လာပေးတယ်၊ ဆန်ပေးတယ်ဆိုတာ လူဦးရေးနဲ့ ပေးတာပေါ့၊ လူကြီးဆိုရင် တပြည်လောက်ရတယ်၊ ဥပမာ ကျနော်ဆိုရင်တော့ သုံးယောက် ကလေးက ငယ်တယ် တစ်နှစ်ပဲ ရှိသေးတယ်ဆိုတော့ ကလေးအတွက် ပြည်ဝက်ပေါ့၊ ကျနော် ဇူလိုင်လမှာ ဒီမှာ ရောက်တာနဲ့ အခုက သုံးခါတော့ရတယ် လေးလအတွက်မှာ ၇ ပြည်ခွဲရတယ်၊ အာလူးနည်းနည်းဆီပေါ့၊ ပြီးတော့ ကုလာပဲနည်းနည်းဆီ အဲ့လိုမျိုးရတယ် ပြီးတော့ အဝတ်အစား second hand တွေပေါ့နော် သူတို့က ပေးတယ်၊ အားလုံးတော့ ကျနော်တို့ မသိဘူးပေမယ့် ခက်ခဲတဲ့ လူတော့ တအားခက်ခဲတယ်။”

လက်ရှိမှာ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲ ထွက်ပြေးတိမ်ရှောင်လာကြတဲ့ မြန်မာဒုက္ခသည် ၃သောင်းကျော်ရှိနေသလို အိန္ဒိယနယ်စပ် ချင်းပြည်နယ် ထန်တလန်မြို့နယ်က ကျေးရွာအသီးသီးမှာလည်း နောက်ထပ် တိမ်းရှောင်နေတဲ့ စစ်ဘေးဒုက္ခသည် ၃ သောင်းလောက်ရှိတယ်လို့ မီဇိုရမ်အခြေစိုက် ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO ရဲ့ ဒုတိယအမှှုဆောင် ဒါရိုက်တာ Salai Zaukling က VOA ကို ပြောပါတယ်။

ဒေသခံကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲပြင်းထန်ခဲ့တဲ့ ချင်းပြည်နယ်တစ်ဝိုက်မှာ စစ်တပ်က အင်အားတိုးချဲ့နေပြီး နယ်မြေရှင်းလင်းမှုတွေလုပ်ကာ သယ်ယူပို့ဆောင်ရေး လမ်းကြောင်းတွေ အားလုံး ပိတ်ဆို့တင်းကြပ်ထားတာကြောင့် အိန္ဒိယနယ်စပ်မှာ
ချင်းပြည်နယ် ထန်တလန်ဘက်ခြမ်းက စစ်ဘေးဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာသယ်ယူပို့ဆောင်လို့ မရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ ပြောပါတယ်။ မီဇိုရမ်ဘက် ခိုလှုံလာတဲ့ ဒုက္ခသည်တွေဟာ IDP camps မှာ နေထိုင်သူတွေရှိသလို ကိုယ့်အစီအစဉ်နဲ့ တဲထိုးနေထိုင်တာ အိမ်ငှားနေတာ ဆွေမျိုးအိမ်မှာ နေထိုင်သူတွေရှိပါတယ်။ စစ်ဘေးသည်ဒုက္ခတွေ တစ်နေ့ထက် တစ်နေ့ပိုများလာတာနဲ့အတူ စားရေးသောက်ရေး အခက်အခဲတွေကို နိုင်ငံတကာအဝိုင်းအဝိုင်းက ကူညီပေးဖို့လိုအပ်နေပြီလို့ CHRO ရဲ့ ဒုတိယအမှှုဆောင် ဒါရိုက်တာ Salai Zaukling ကပြောပါတယ်။

“ဒီဟာက ရေရှည်ပြသနာတစ်ခုဖြစ်လာလိမ်မယ်၊ အဲ့ဒီအချိန်ကျလို့ရှိရင် ဒီနိုင်ငံတကာ အသိုင်းအဝိုင်းက ကူညီထောက်ပံ့ပေးမှုက တော်တော်အရေးကြီးလာလိမ်မယ်၊ ကျနော်တို့ မီဇိုရမ်ထဲမှာ ရောက်ရှိနေပြီးတဲ့ ဒုက္ခသည်တွေသာမကဘူး ဟိုဘက်ကမ်းမှာ ကျန်ရှိနေသေးတဲ့ IDP
တွေကို ထောက်ပံ့ပေးဖို့လည်း ဒီနိုင်ငံတကာ အတိုင်းအဝိုင်းက ထောက်ပံ့ကူညီမှု ကျနော် အများကြီးလိုအပ်လာလိမ်မယ်၊ အဲ့ဒါတွေကြောင့်လည်း ဒီနိုင်ငံတကာအသိုင်းအဝိုင်းကို ကျနော်တို့ ဒီ CHRO အဖွဲ့ကနေ တောင်းဆိုချင်တာ ဒီဖက်ကနေ cross-border assistance ပေးနိုင်ဖို့ အစီအစဉ်တွေ လုပ်ပေးထားစေချင်တယ်။”

မြန်မာနိုင်ငံဘက်က ထွက်ပြေးလာကြတဲ့ ဒုက္ခသည်တွေကို မီဇိုရမ် အစိုးရက ကူညီထောက်ပံ့မှုတွေ မလုပ်သေးဘူးလို့ ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO ကပြောပါတယ်။ လောလောဆယ် ဒုက္ခသည်တွေအနေနဲ့ မီဇိုရမ်လူမှုအဖွဲ့အစည်းနဲ့ နိုင်ငံခြားရောက်ချင်းလူမျိုးအသိုင်းအဝိုင်းတွေရဲ့ အကူအညီကို အားကိုးနေကြရပေမဲ့ လိုအပ်ချက်တွေ အများကြီးရှိသေးတယ်လို့ ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG