သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကိုဗစ္ကူးစက္မႈေတြေၾကာင့္ ဟားခါးမွာ သြားလာလႈပ္ရွားမႈေတြကန္႔သတ္


{{Zawgyi/Unicode}}
ခ်င္းျပည္နယ္ရဲ႕ ၿမိဳ႕ေတာ္ ဟားခါးမွာ ကိုဗစ္ 19 ကပ္ေရာဂါကူးစက္သူ ေလ်ာ့မသြားေသးတဲ့အတြက္ ဘာသာေပါင္းစံု ဘာသာေရးေခါင္းေဆာင္ေတြက အသြားအလာတားျမစ္ၿပီး ကူးစက္မႈ ထိန္းခ်ဳပ္ႏိုင္ေအာင္ ႀကိဳးစားေနၾကပါတယ္။ ကိုဗစ္ အတည္ျပဳလူနာေတြအတြက္လည္း ကုသေရးစင္တာဖြင့္ၿပီး ကုသေပးေနပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကလာတဲ့သတင္းကို ကိုေက်ာ္ေက်ာ္သိန္း ကေျပာျပပါမယ္။

ကိုဗစ္တတိယလႈိင္းမွာ ရန္ကုန္ၿမိဳ႕နဲ႔ တျခားၿမိဳ႕ေတြက ကူးစက္သူအေရအတြက္ သိသိသာသာေလ်ာ့က်သြားေပမဲ့ ခ်င္းျပည္နယ္ ဟားခါးၿမိဳ႕မွာေတာ့ ၾသဂုတ္လကုန္ပိုင္းကေန ေအာက္တိုဘာ ပထမပတ္အထိ ကိုဗစ္အတည္ျပဳလူနာဟာ တရက္ကို အေယာက္ ၂၀ ထက္မနည္း ႐ွိေနဆဲျဖစ္ပါတယ္။

ဒါေၾကာင့္ ေဒသခံ ဘာသာေရးေခါင္းေဆာင္ေတြက ထိန္းခ်ဳပ္ႏိုင္ဖုိ႔ ႀကိဳးစားၿပီး ေအာက္တိုဘာ ၁၅ ရက္ ေသာၾကာေန႔ ကစလို႔ မနက္ ၇ နာရီကေန မြန္းတည့္ ၁၂ နာရီအထိ ေဒသခံေတြ အသြားအလာမလုပ္ၾကဖုိ႔ တိုက္တြန္း တားျမစ္လိုက္ပါတယ္။

က်န္းမာေရးတာဝန္႐ွိသူေတြမဟုတ္ဘဲ အခုလို အသြားအလာ ကန္႔သတ္ရတဲ့ အေျခအေနနဲ႔ ပတ္သက္လို႔ ဟားခါးၿမိဳ႕လူထုက်န္းမာေရး ေစာင့္ေရွာက္မႈေကာ္မတီက တာ၀န္ရွိသူ ဆရာေတာ္တပါးက အခုလိုေျပာပါတယ္။

“အေျခအေနျပန္သံုးသပ္တဲ့အခါမွာက်ေတာ့ အခုလက္ရွိအထိ စစ္ထားတဲ့ လူ ၁၀၀ ထဲမွာ ၂၀ ၀န္းက်င္က Positive ျဖစ္ေနတုန္းပဲ ဂိုဏ္းေပါင္းစံု ဆရာေတာ္မ်ားအဖြဲ႕အေနနဲ႔ ကြ်န္ေတာ္တို႔ ဦးေဆာင္တဲ့အခါမွာ က် မလာဘဲနဲ႔ ပံုမွန္ျဖစ္ေနတယ္။ ၁ လ လံုးလံုးေပါ့။ ဆိုေတာ့ လူနာ Positive ျဖစ္တဲ့ႏႈန္းကလည္း မက်ဘူး။ ဒီအတိုင္းဆက္သြားမယ္ဆိုရင္ေတာ့ မျဖစ္ႏိုင္ေတာ့ဘူး အထူးသျဖင့္ ကြ်န္ေတာ္တို႔ အခုမွာလည္းပဲ ကြ်န္ေတာ္တို႔ဆီ စစ္ေဘးေရွာင္အေနနဲ႔ ေရာက္လာတဲ့သူေတြဆီမွာလည္းပဲ ေတာ္ေတာ္မ်ားမ်ား ေတြ႕ရတယ္ေပါ့ေနာ္။ ဒါေတြကြ်န္ေတာ္တို႔ ျပန္သံုးသပ္တဲ့အခါမွာ ဘာပဲေျပာေျပာ ဒီေအာက္တိုဘာလ ၁၅ ရက္ေန ၃၁ ရက္ Lockdown ခ်မွျဖစ္မယ္ဆိုၿပီးေတာ့ အခုလိုမ်ိဳး Lockdown ေပါ့ေနာ္။ ကြ်န္ေတာ္တို႔ ခ်ရျခင္းျဖစ္တယ္။ Lockdown ေတာ့ ၂ ပတ္ေတာ့ ခ်ဖူးတယ္။ ဒါေပမယ့္ အဲ့ Lockdown ဆိုတာက အခုလိုမ်ိဳး တင္းတင္းၾကပ္ၾကပ္ Lockdown ေတာ့ မဟုတ္ဘူးခင္ဗ်။ ဒါေပမယ့္ ဒီတေခါက္က်ေတာ့ ကြ်န္ေတာ္တို႔ မိသားစု တစုမွာေတာင္မွ အျပင္ထြက္ခြင့္ အျပင္ထြက္ကဒ္ျပားထုတ္ေပးၿပီးေတာ့ မိသားစုတစုမွာ တကဒ္ပဲေပးတယ္။ ၿပီးရင္ၿမိဳ႕မေစ်းရယ္ ဆန္ေရာင္းတဲ့ဆိုင္ ေနာက္ၿပီးေဆးဆိုင္နဲ႔ ေဆးခန္းေပါ့ ဒါကလြဲလို႔ တျခားဆိုင္ေတြ လံုး၀ဖြင့္ခြင့္မျပဳပါဘူးခင္ဗ် ဒီတေခါက္က်ေတာ့”

ခုလိုဘာသာေရးေခါင္းေဆာင္ေတြက အျပင္မထြက္ၾကေအာင္ တိုက္တြန္း တားျမစ္ထားသလို ကုသေရးစင္တာ ၂ ခုကိုလည္း ဖြင့္ထားၾကပါတယ္။

ဟားခါးၿမိဳ႕ေပၚမွာ ဂ်ဴလိုင္လကစလို႔ ေအာက္တိုဘာအထိ စုစုေပါင္း အတည္ျပဳလူနာ ၄ ေထာင္ေက်ာ္ရွိပါတယ္။ ကူးစက္သူေတြကို ဟားခါးျပည္သူ႔ေဆးရံု၊ တိုင္းရင္းေဆးရံု၊ ဟားခါး တကၠသိုလ္တို႔မွာ ထားဖို႔ သက္ဆုိင္ရာက ျပင္ဆင္ထားေပးပါတယ္။ ဒါေပမဲ့ အမ်ားစုဟာ အဲဒီစင္တာေတြ မသြားၾကဘဲ အိမ္မွာပဲေနထိုင္ ကုသၾကတဲ့အတြက္ ဘာသာေရး ေခါင္းေဆာင္ေတြက စုေပါင္းၿပီး ၾသဂုတ္လကုန္ကစလို႔ ကုသေရး စင္တာ ၁ နဲ႔ ၂ ဆိုၿပီး ဖြင့္လွစ္ၿပီး ကုသေပးေနပါတယ္။ ဒီအေျခအေနကို ဟားခါးၿမိဳ႕ခံ တဦးက ခုလိုေျပာျပပါတယ္။

“ရာႏႈန္းလည္း နည္းနည္းတိုးတဲ့သေဘာျဖစ္တယ္။ ေနာက္ၿပီးေတာ့ သူတို႔က စစ္တဲ့ေနရာမွာ သြားမစစ္ဘဲနဲ႔ အိမ္မွာ ေနၿပီး အိမ္မွာ ဖ်ားတဲ့သူေတြလည္း မ်ားတဲ့အခါက်ေတာ့ အေျခအေနက ဆိုးတဲ့အေျခအေနျဖစ္တယ္။ အဲ့ဒါေၾကာင့္ နည္းနည္းစိုးရိမ္ရတဲ့အေျခအေန ကိုဗစ္နဲ႔ ပတ္သက္ၿပီးေတာ့ ရွိေနတာေပါ့။ ဖ်ားတဲ့သူေတြက ေဆးရံုမွာ သိပ္ၿပီး မသြားခ်င္ၾကဘူးေနာက္ၿပီး ေဆးလည္းသြားမစစ္ခ်င္ၾကဘူး ပံုစံမ်ိဳးျဖစ္တယ္။ အဲ့ဒါ ဘာသာေရးကေနၿပီးေတာ့ စင္တာေတြကို လုပ္ၿပီးေတာ့ အဲ့စင္တာမွာ ၁ ၊ ၂ ဆိုတာရွိတယ္။ အဲ့စင္တာမွာ ေရာဂါေတြကိုစစ္တယ္။ ပိုးေတြ႕တဲ့သူေတြကို စင္တာ ၁ မွာထားတယ္။ ေအာက္စီဂ်င္လိုတဲ့သူေတြကို စင္တာ ၂ မွာထားတယ္။ အဲ့လိုပံုစံ နဲ႔ဘာသာေရး ဆရာေတြဦးေဆာင္ၿပီးမွ ကိုဗစ္နဲ႔ပတ္သက္ၿပီး ကာကြယ္ေရး လုပ္ငန္း ေဆာင္ရြက္တဲ့ပံုစံေပါ့ေလ။”

ၾသဂုတ္လကုန္မွာ စဖြင့္တဲ့ ကုသေရးစင္တာ ၂ ခုမွာ အခုအခ်ိန္အထိ လူ ၂၀၀ ေက်ာ္တက္ေရာက္ခဲ့သလို ၁၀၀ ေက်ာ္မွာ ေဆးရံုက ဆင္းခြင့္ရခဲ့ၿပီး ၁၆ ဦး ေသဆံုးခဲ့ပါတယ္။

ခ်င္းျပည္နယ္ရဲ႕ ၿမိဳ႕ေတာ္ျဖစ္တဲ့ ဟားခါးၿမိဳ႕ကို ထန္တလန္ကေန စစ္ေဘးေရွာင္လာတဲ့သူေတြလည္း ရွိေနၿပီး ေအာက္တိုဘာ ၁၃ ရက္နဲ႔ ၁၄ ရက္တို႔မွာ ဟားခါးနဲ႔ ဖလမ္းၾကားမွာ စစ္ေကာင္စီတပ္ေတြနဲ႔ CNA / CNF တို႔နဲ႔ တိုက္ပြဲ ျဖစ္ပြားတာေတြရွိသလို ဒီကေန႔မွာေတာ့ တိုက္ပြဲမရွိဘဲ ၿငိမ္သက္ေနတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

....................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

ချင်းပြည်နယ်ရဲ့ မြို့တော် ဟားခါးမှာ ကိုဗစ် 19 ကပ်ရောဂါကူးစက်သူ လျော့မသွားသေးတဲ့အတွက် ဘာသာပေါင်းစုံ ဘာသာရေးခေါင်းဆောင်တွေက အသွားအလာတားမြစ်ပြီး ကူးစက်မှု ထိန်းချုပ်နိုင်အောင် ကြိုးစားနေကြပါတယ်။ ကိုဗစ် အတည်ပြုလူနာတွေအတွက်လည်း ကုသရေးစင်တာဖွင့်ပြီး ကုသပေးနေပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို ကိုကျော်ကျော်သိန်း ကပြောပြပါမယ်။

ကိုဗစ်တတိယလှိုင်းမှာ ရန်ကုန်မြို့နဲ့ တခြားမြို့တွေက ကူးစက်သူအရေအတွက် သိသိသာသာလျော့ကျသွားပေမဲ့ ချင်းပြည်နယ် ဟားခါးမြို့မှာတော့ သြဂုတ်လကုန်ပိုင်းကနေ အောက်တိုဘာ ပထမပတ်အထိ ကိုဗစ်အတည်ပြုလူနာဟာ တရက်ကို အယောက် ၂၀ ထက်မနည်း ရှိနေဆဲဖြစ်ပါတယ်။

ဒါကြောင့် ဒေသခံ ဘာသာရေးခေါင်းဆောင်တွေက ထိန်းချုပ်နိုင်ဖို့ ကြိုးစားပြီး အောက်တိုဘာ ၁၅ ရက် သောကြာနေ့ ကစလို့ မနက် ၇ နာရီကနေ မွန်းတည့် ၁၂ နာရီအထိ ဒေသခံတွေ အသွားအလာမလုပ်ကြဖို့ တိုက်တွန်း တားမြစ်လိုက်ပါတယ်။

ကျန်းမာရေးတာဝန်ရှိသူတွေမဟုတ်ဘဲ အခုလို အသွားအလာ ကန့်သတ်ရတဲ့ အခြေအနေနဲ့ ပတ်သက်လို့ ဟားခါးမြို့လူထုကျန်းမာရေး စောင့်ရှောက်မှုကော်မတီက တာဝန်ရှိသူ ဆရာတော်တပါးက အခုလိုပြောပါတယ်။

“အခြေအနေပြန်သုံးသပ်တဲ့အခါမှာကျတော့ အခုလက်ရှိအထိ စစ်ထားတဲ့ လူ ၁၀၀ ထဲမှာ ၂၀ ဝန်းကျင်က Positive ဖြစ်နေတုန်းပဲ ဂိုဏ်းပေါင်းစုံ ဆရာတော်များအဖွဲ့အနေနဲ့ ကျွန်တော်တို့ ဦးဆောင်တဲ့အခါမှာ ကျ မလာဘဲနဲ့ ပုံမှန်ဖြစ်နေတယ်။ ၁ လ လုံးလုံးပေါ့။ ဆိုတော့ လူနာ Positive ဖြစ်တဲ့နှုန်းကလည်း မကျဘူး။ ဒီအတိုင်းဆက်သွားမယ်ဆိုရင်တော့ မဖြစ်နိုင်တော့ဘူး အထူးသဖြင့် ကျွန်တော်တို့ အခုမှာလည်းပဲ ကျွန်တော်တို့ဆီ စစ်ဘေးရှောင်အနေနဲ့ ရောက်လာတဲ့သူတွေဆီမှာလည်းပဲ တော်တော်များများ တွေ့ရတယ်ပေါ့နော်။ ဒါတွေကျွန်တော်တို့ ပြန်သုံးသပ်တဲ့အခါမှာ ဘာပဲပြောပြော ဒီအောက်တိုဘာလ ၁၅ ရက်နေ ၃၁ ရက် Lockdown ချမှဖြစ်မယ်ဆိုပြီးတော့ အခုလိုမျိုး Lockdown ပေါ့နော်။ ကျွန်တော်တို့ ချရခြင်းဖြစ်တယ်။ Lockdown တော့ ၂ ပတ်တော့ ချဖူးတယ်။ ဒါပေမယ့် အဲ့ Lockdown ဆိုတာက အခုလိုမျိုး တင်းတင်းကြပ်ကြပ် Lockdown တော့ မဟုတ်ဘူးခင်ဗျ။ ဒါပေမယ့် ဒီတခေါက်ကျတော့ ကျွန်တော်တို့ မိသားစု တစုမှာတောင်မှ အပြင်ထွက်ခွင့် အပြင်ထွက်ကဒ်ပြားထုတ်ပေးပြီးတော့ မိသားစုတစုမှာ တကဒ်ပဲပေးတယ်။ ပြီးရင်မြို့မဈေးရယ် ဆန်ရောင်းတဲ့ဆိုင် နောက်ပြီးဆေးဆိုင်နဲ့ ဆေးခန်းပေါ့ ဒါကလွဲလို့ တခြားဆိုင်တွေ လုံးဝဖွင့်ခွင့်မပြုပါဘူးခင်ဗျ ဒီတခေါက်ကျတော့”

ခုလိုဘာသာရေးခေါင်းဆောင်တွေက အပြင်မထွက်ကြအောင် တိုက်တွန်း တားမြစ်ထားသလို ကုသရေးစင်တာ ၂ ခုကိုလည်း ဖွင့်ထားကြပါတယ်။

ဟားခါးမြို့ပေါ်မှာ ဂျူလိုင်လကစလို့ အောက်တိုဘာအထိ စုစုပေါင်း အတည်ပြုလူနာ ၄ ထောင်ကျော်ရှိပါတယ်။ ကူးစက်သူတွေကို ဟားခါးပြည်သူ့ဆေးရုံ၊ တိုင်းရင်းဆေးရုံ၊ ဟားခါး တက္ကသိုလ်တို့မှာ ထားဖို့ သက်ဆိုင်ရာက ပြင်ဆင်ထားပေးပါတယ်။ ဒါပေမဲ့ အများစုဟာ အဲဒီစင်တာတွေ မသွားကြဘဲ အိမ်မှာပဲနေထိုင် ကုသကြတဲ့အတွက် ဘာသာရေး ခေါင်းဆောင်တွေက စုပေါင်းပြီး သြဂုတ်လကုန်ကစလို့ ကုသရေး စင်တာ ၁ နဲ့ ၂ ဆိုပြီး ဖွင့်လှစ်ပြီး ကုသပေးနေပါတယ်။ ဒီအခြေအနေကို ဟားခါးမြို့ခံ တဦးက ခုလိုပြောပြပါတယ်။

“ရာနှုန်းလည်း နည်းနည်းတိုးတဲ့သဘောဖြစ်တယ်။ နောက်ပြီးတော့ သူတို့က စစ်တဲ့နေရာမှာ သွားမစစ်ဘဲနဲ့ အိမ်မှာ နေပြီး အိမ်မှာ ဖျားတဲ့သူတွေလည်း များတဲ့အခါကျတော့ အခြေအနေက ဆိုးတဲ့အခြေအနေဖြစ်တယ်။ အဲ့ဒါကြောင့် နည်းနည်းစိုးရိမ်ရတဲ့အခြေအနေ ကိုဗစ်နဲ့ ပတ်သက်ပြီးတော့ ရှိနေတာပေါ့။ ဖျားတဲ့သူတွေက ဆေးရုံမှာ သိပ်ပြီး မသွားချင်ကြဘူးနောက်ပြီး ဆေးလည်းသွားမစစ်ချင်ကြဘူး ပုံစံမျိုးဖြစ်တယ်။ အဲ့ဒါ ဘာသာရေးကနေပြီးတော့ စင်တာတွေကို လုပ်ပြီးတော့ အဲ့စင်တာမှာ ၁ ၊ ၂ ဆိုတာရှိတယ်။ အဲ့စင်တာမှာ ရောဂါတွေကိုစစ်တယ်။ ပိုးတွေ့တဲ့သူတွေကို စင်တာ ၁ မှာထားတယ်။ အောက်စီဂျင်လိုတဲ့သူတွေကို စင်တာ ၂ မှာထားတယ်။ အဲ့လိုပုံစံ နဲ့ဘာသာရေး ဆရာတွေဦးဆောင်ပြီးမှ ကိုဗစ်နဲ့ပတ်သက်ပြီး ကာကွယ်ရေး လုပ်ငန်း ဆောင်ရွက်တဲ့ပုံစံပေါ့လေ။”

သြဂုတ်လကုန်မှာ စဖွင့်တဲ့ ကုသရေးစင်တာ ၂ ခုမှာ အခုအချိန်အထိ လူ ၂၀၀ ကျော်တက်ရောက်ခဲ့သလို ၁၀၀ ကျော်မှာ ဆေးရုံက ဆင်းခွင့်ရခဲ့ပြီး ၁၆ ဦး သေဆုံးခဲ့ပါတယ်။

ချင်းပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့ ဟားခါးမြို့ကို ထန်တလန်ကနေ စစ်ဘေးရှောင်လာတဲ့သူတွေလည်း ရှိနေပြီး အောက်တိုဘာ ၁၃ ရက်နဲ့ ၁၄ ရက်တို့မှာ ဟားခါးနဲ့ ဖလမ်းကြားမှာ စစ်ကောင်စီတပ်တွေနဲ့ CNA / CNF တို့နဲ့ တိုက်ပွဲ ဖြစ်ပွားတာတွေရှိသလို ဒီကနေ့မှာတော့ တိုက်ပွဲမရှိဘဲ ငြိမ်သက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

XS
SM
MD
LG