သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ချင်းပြည်နယ် မတူပီမှာ အခြေခံစားကုန်ရောင်းဝယ်မှု ကန့်သတ်ခံရ


ချင်းပြည်နယ်အတွင်း စစ်ဘေးရှောင်တွေ အစားအသောက် ဝေမျှစားသောက်နေတဲ့မြင်ကွင်း။
ချင်းပြည်နယ်အတွင်း စစ်ဘေးရှောင်တွေ အစားအသောက် ဝေမျှစားသောက်နေတဲ့မြင်ကွင်း။

{{Zawgyi/Unicode}}

ချင်းပြည်နယ်၊ မတူပီမြို့နယ်ထဲမှာ ဆန်၊ ဆီ၊ ဆား၊ ဓာတ်ဆီစတာတွေ ရောင်းဝယ်တာကို စစ်တပ်က ထိန်းချုပ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အိမ်ထောင်စုတခုကို ဆန်တအိတ်သာ ဝယ်လို့ရပြီး မှတ်ပုံတင်ပြရတယ်လို့ ပြောပြကြပါတယ်။ စစ်တပ်ထိန်းချုပ်ထားတဲ့ နေရတွေမှာသာ ခုလို အခြေခံစားကုန်တွေကို ရောင်းခွင့်ပြုထားပြီး ဈေးနှုန်းကလည်း အရင်ကထက် ပိုကြီးနေတယ်လို့ ဒေသခံတွေ အခက်တွေ့ နေကြပါတယ်။ ရန်ကုန်ကလာတဲ့ ဒီသတင်းကို ဒေါ်ခင်မျိုးသက် တင်ပြပေးထားပါတယ်။

ချင်းပြည်နယ် မတူပီမြို့နယ်ထဲမှာ ဆန်၊ ဆီ၊ ဆား စတဲ့ အခြေခံစားကုန်တွေ ရောင်းဝယ်တာကို စစ်တပ်က အခု အောက်တိုဘာလဆန်းထဲက ကန့်သတ်ထားပါတယ်။ မတူပီမြို့မှာ အရင်ကတည်းက အခြေချထားတဲ့ ခမရ ၃၀၄၊ ခလရ ၁၄၀ နဲ့ ဗျူဟာတပ်ရင်းဆိုပြီး တပ်ရင်း ၃ ခုရှိတာမှာ ဗျူဟာတပ်ရင်း အခြေစိုက်တဲ့ နေရာမှာပဲ အခု စားသုံးကုန်နဲ့ လောင်စာဆီတွေကို ဆိုင်ဖွင့် ရောင်းခွင့်ပြုတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဆန် ဆီ ဆား ဓာတ်ဆီ စတဲ့ ကုန်စည်တွေကို ဒေသတွေပြောတဲ့ ဗျူဟာတပ်ရင်းမှာပဲ စစ်တပ်က ထိန်းချုပ်ရောင်းပေးနေပြီး ကုန်ပစ္စည်းပေါ်မူတည်ပြီး တပတ်တခါ တလတခါလောက်သာ အကန့်အသတ်နဲ့ ရောင်းချပေးတာဖြစ်ပါတယ်။ ဘယ်တော့ ဈေးရောင်းမယ်ဆိုတာ အုပ်ချုပ်ရေးမှူးတွေက ရပ်ကွက်ထဲမှာ လိုက်အော် အသိပေးပါတယ်။စစ်တပ်က ဒီလိုကန့်သတ်နေတာကြောင့်အခက်အခဲဖြစ်တယ်လို့ ဒေသခံက ပြောပါတယ်။

“ထိန်းချုပ်ထားတယ်လို့ပဲ ပြောရမလား။ သူတို့တွေကတဆင့် ဒီမှာပဲရောင်းရမယ်ပြီးတော့လည်း သူတို့ဆီမှာပဲ ရောင်းခိုင်းတော့ အဲဒီမှာပဲ တန်စီးပြီးတော့ ဝယ်ရတာရှင့်ဟုတ်၊ အဲ့ဒီဗျူဟာ ဒီပြည်သူတွေက သူတို့အိမ်မှာ ဆိုင်မှာ ကြိုက်သလိုရောင်းလို့မရဘူးပေါ့နော်၊ ဆိုင်ရှင်ကို အဲဒီမှာပဲ ရောင်းခိုင်းတာပေါ့နော်။ အဲ့လိုမျိုးတော့ ရှိတယ်၊ ရွာဘက်က လူတွေ လာပြီးတော့ ဆန် ဆီ ဆားပေါ့နော်။ လာဝယ်တဲ့အချိန်ဆိုလို့ရှိရင် ပဲဆီဆိုလို့ရှိရင် ရွာဘက်ကို လုံးဝ သယ်ခွင့်မပေးဘူး။ သူတို့တွေက ဟုတ်။ အဲ့လိုမျိုးကန့်သတ်ထားတာတွေ ရှိတယ်။”

ခုလိုဈေးရောင်းတာ ကန့်သတ်သလို ဈေးဝယ်သူတွေအနေနဲ့လည်း မှတ်ပုံတင်ပြပြီးမှ ဝယ်လို့ရပါတယ်၊ အိမ်ထောင်စုတခုကို တလမှာ ဆန်တစ်အိတ်သာ ဝယ်ခွင့်ပြုတယ်လို့ မတူပီမြို့ခံ တဦးက ပြောပါတယ်။

“ဆန်လည်းအတူတူပဲပေါ့နော်။ ဆန်လည်း အဲ့လိုပဲ မှတ်ပုံတင်နဲ့ဝယ်ရတယ်၊ အဲ့ဒါတောင်မှ မှတ်ပုံတင်နဲ့ ဝယ်တာတောင်မှ ရွာဘက်က လူတွေအတွက်က ပိုပြီခက်ခဲတာပေါ့၊ ကျမတို့မြို့ကဆိုလို့ရှိရင်တော့ နည်းနည်းပေါ့နော်။ ခုနပြောသလိုပဲ။ ဒီကိုယ့်မှတ်ပုံတင်နဲ့ တခါတည်းဝယ်ပြီးတော့ တအိတ်ပေါ့နော်၊ အများကြီးတော့ ဝယ်လို့မရဘူးပေ့ါနော်၊တ‌ယောက်ကိုတအိတ်။ မှတ်ပုံတင်နဲ့ဆို တအိတ်လောက်ပဲ တအိမ်ထောင်ဖိုး ဝယ်ခွင့်ပေးတာပေါ့နော်၊ ဒါပေမယ့် ရွာဘက်ကလူတွေဆိုလို့ရှိရင်တော့ သူတို့တွေ ခုနလိုပဲ၊ ဓာတ်ဆီဝယ်သလိုပဲ။ ဗျူဟာမှူးရဲ့လက်မှတ်ရမှ သူတို့တွေ

ဝယ်လို့ရတယ်။ အဲ့လိုမျိုးတော့ ရှိတယ်။”

အရင် ကိုဗစ်ကပ်ရောဂါကြောင့် ရွာတွေကနေ မတူပီမြို့ပေါ်တက်ပြီး ဈေးဝယ်မယ်ဆိုရင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ထောက်ခံစာလိုပေမဲ့လိုသလောက်ဝယ်လို့ရတယ်လို့ သူတို့ကပြောပါတယ်။ အခုတော့ မှတ်ပုံတင်ပါပြပြီး ဝယ်နေရပြီး လိုသလောက်လည်း ဝယ်ခွင့်မရဘဲ အကန့်အသတ်နဲ့သာ ဝယ်လို့ရတာဖြစ်လို့ နောက်ထပ် ဒေသခံတဦးက ပြောပါတယ်။

“ဘာမဆိုပေါ့ အားလုံးအရာရာ စားသောက်ကုန်တွေရော အားလုံးကဈေးတက်တယ်၊ ဝယ်လို့လည်းမရဘူး၊ တကယ့် ဝယ်ပြီးပြီဆိုရင်တောင်မှ သယ်ဖို့က မရဘူး။ သယ်လို့က အဆင်မပြေဘူး။ သူတို့က အားလုံးစစ်ဆေးပြီးတော့ ခွင့်ပြုတယ်၊ ခွင့်ပြုတယ်ဆိုရင်တောင်မှ သူတို့က ကန့်သတ်ချက်။ ကန့်သတ်ထားတယ်ဆိုတော့ အခက်ခဲ‌တော့ တော်တော်လေးရှိတယ်၊ အခု ဆိုင်ရောင်းတဲ့လူလည်း မရှိဘူးဆိုတော့ အခက်အခဲက အများကြီးပဲ။ အခုလောလောဆယ်ကတော့။”

စစ်တပ်တပ်ရင်းထဲမှာ ထိန်းချုပ်ရောင်းချနေတာမှာ ဈေးနှုန်းတွေကလည်း ပေါက်ဈေးထက် ပိုမိုမြင့်မားနေပြီး ပဒေ သာ ပေါ်ဆန်မွေး ၁၂ ပြည်တအိတ်ကို အရင်က ကျပ် ၃၀,၀၀၀ လောက်ရှိတဲ့ ဈေးကို အခု ၄၈,၀၀၀ ပေးဝယ်ရသလို ဓာတ်ဆီတလီတာကို ကျပ် ၄,၅၀၀ ပေးရတယ်လို့ ပြောပါတယ်။

ကျေးရွာဘက်က လူတွေလည်း မတူပီမြို့မှာပဲ လာဝယ်ရပြီး စားသောက်ကုန်တွေ သယ်ယူတဲ့အခါ အဆင့်ဆင့် တင်းကြပ်စစ်ဆေးမှုတွေကြောင့် အခက်အခဲရင်ဆိုင်နေကြတာပါ။ လုံခြုံရေးဂိတ်မှာ ဒေသခံတွေက အသေအချာရှင်း မပြနိုင်တဲ့အတွက် ပါးနားရိုက်ခံရသူ ဖမ်းဆီးခံရသူတွေ ရှိတာကြောင့် စိုးရိမ်ကြောက်လန့်နေကြတာလို့ ‌ပြောပါတယ်။

မတူပီမြို့ကနေ ပလက်ဝ၊ မင်းတပ်နဲ့ဟားခါးဘက်ကို ဆက်သွယ်ထားတဲ့ လမ်းတလေ ျှာက် စစ်တပ်က လုံခြုံရေးဂိတ်တွေလုပ်ထားပြီးမတူပီမြို့ဘက်ကို သွားတဲ့ ရွာသားတွေကို တင်းတင်းကြပ်ကြပ် စစ်ဆေးနေပါတယ်။စစ်တပ်က အသွားအလာတွေ ကန့်သတ်ထားတာကြောင့် အခုဆိုရင် ခရီးသည်တင်ယာတင်ယာဉ်တွေ ကုန်စည်ပို့ဆောင်တဲ့ယာဉ်တွေမတူပီမြို့ထဲကို မသွားနိုင်သလောက်ဖြစ်နေပြီး ဆန် ဆီ ဆား ဓာတ်ဆီ ပြတ်လပ်နေတယ်လို့ ပြောပါတယ်။ ဆန်၊ ဆီ၊ ဆား၊ ဓာတ်ဆီတွေကို ကန့်သတ်လိုက်တာဟာ ‌ဒေသခံကာကွယ်‌ရေးတပ်ဖွဲ့တွေကို ရိက္ခာထောက်ပံ့မှာ စိုးရိမ်တာလို့ ဒေသခံတွေက ခန့်မှန်းနေကြပါတယ်။ စစ်ကောင်စီတပ်ဖွဲ့နဲ့ ချင်းပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ကြား ပဋိပက္ခပြင်းထန်နေတဲ့ ချင်းပြည်နယ် မင်းတပ်၊ ထန်တလန်၊ မတူပီ နဲ့ဟားခါးမြို့တွေမှာ ခရီးသွားလာသူတွေကို လုံခြုံရေးတပ်ဖွဲ့တွေကနေ စစ်ဆေးဖမ်းဆီးမှုတွေရှိနေပါတယ်။

စစ်တပ်က ဆန်၊ ဆီ၊ ဆား၊ ဓာတ်ဆီတွေကို ထိန်းချုပ်ထားတာနဲ့ ပတ်သတ်ပြီး စစ်ကောင်စီဘက်က တုန့်ပြန်ရရှိဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဆက်သွယ်မေးမြန်းပေမယ့် ဖုန်းကိုင်‌ဖြေဆိုတာမရှိပါဘူး။

တိုက်ရိုက် လင့်ခ်

{Unicode}}














#MyanmarLivelihood #ChinState #VOABurmese


XS
SM
MD
LG