သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မီဇိုရမ်ပြည်နယ်ကဒုက္ခသည်တွေအတွက်ရန်ပုံငွေပွဲသိန်းရာချီရရှိ


မီဇိုရမ်ပြည်နယ်ကဒုက္ခသည်တွေအတွက်ရန်ပုံငွေပွဲသိန်းရာချီရရှိ
မီဇိုရမ်ပြည်နယ်ကဒုက္ခသည်တွေအတွက်ရန်ပုံငွေပွဲသိန်းရာချီရရှိ

မီဇိုရမ်ပြည်နယ်ကဒုက္ခသည်တွေအတွက်ရန်ပုံငွေပွဲသိန်းရာချီရရှိ

{{Zawgyi/Unicode}}

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကို ရောက်လာတဲ့ မြန်မာဒုက္ခသည်တွေကို ကူညီဖို့ကျင်းပတဲ့ အွန်လိုင်း ရန်ပုံငွေပွဲတခုကနေ အလှူငွေ ခန့်မှန်းထားတဲ့ ပမာဏထက် ပိုပြီးရရှိခဲ့တယ်လို့ ပွဲစီစဉ်သူတွေက ဗွီအိုအေကို ပြောပါတယ်။ ဒီငွေတွေကို စစ်အာဏာသိမ်းမှုကြောင့် ထွက်ပြေးလာတဲ့ မြန်မာနိုင်ငံသားတွေအတွက် အသုံးပြုသွားမယ်လို့ ပွဲစီစဉ်သူ တဦးကပြောပါတယ်။ ရန်ကုန်ကပေးပို့တဲ့ ဒီသတင်းအပြည့်အစုံကိုတော့ ကိုခင်မောင်စိုးမင်း က ပြောပြပေးမှာပါ။

စက်တင်ဘာ ၁၅ ရက်က မီဇိုရမ်ပြည်နယ်မှာ ကျင်းပခဲ့တဲ့ ချင်းတိုင်းရင်းသားတွေရဲ့ အွန်လိုင်းကျင်းပတဲ့ ZOFATE GOSPEL တေးဂီတဖျော်ဖြေပွဲကနေ အလှူငွေ အမြောက်အများ ရက်ပိုင်းအတွင်းမှာ ရရှိခဲ့ပါတယ်။ စစ်အာဏာသိမ်းမှုကြောင့် အိန္ဒိယနယ်စပ်က မီဇိုရမ်ပြည်နယ်ကို တိမ်းရှောင်ခဲ့တဲ့ မြန်မာဒုက္ခသည်တွေအတွက် အခုလို ရံပုံငွေပွဲတွေ မကြာခဏဆိုသလို ကျင်းပနေတာဖြစ်ပြီး ဒီတခါမှာတော့ မြန်မာကျပ်ငွေ သိန်း ၇၀၀ ကျော်နဲ့ ညီမျှတဲ့ ပမာဏ ရရှိခဲ့တယ်လို့ ပွဲစီစဉ်သူတွေက ဗွီအိုအေကို ပြောပါတယ်။

လောလောဆယ် အိန္ဒိယရူးပီးငွေ သိန်း ၃၀၊ မြန်မာငွေ ပမာဏနဲ့ဆိုရင် ကျပ်ငွေ သိန်း ၇၄၀ ကျော် ( ၇၄, ၀၀၀, ၀၀၀) ရထားပြီး အခု စက်တင်ဘာတလလုံး အလှူငွေလက်ခံသွားမယ်လို့ ပွဲစီစဉ်သူ V Lalnunzira က ဗွီအိုအေကို ပြောခဲ့တာပါ။ ကြိုတင်ခန့်မှန်းထားတဲ့ ပမာထက်ပိုပြီး ရခဲ့တယ်လို့လည်း သူကပြောပါတယ်။

စက်တင်ဘာ ၁၅ ရက်က လုပ်ခဲ့တဲ့ ဒီအွန်လိုင်း ဂီတဖျော်ဖြေပွဲကို Glory Mizo Channel ၊ မီဇိုရမ် ပြည်နယ်က တက်ကြွလူငယ်တွေနဲ့ နိုင်ငံရပ်ခြားက ချင်းလူမျိုး ဓမ္မတေးသီချင်းသီဆိုသူတွေက ပူးပေါင်း ဖျော်ဖြေခဲ့တာပါ။ အလှူငွေတွေကိုလည်း ကမ္ဘာ့နိုင်ငံအနှံ့မှာရှိကြတဲ့ ချင်းတိုင်းရင်းသားတွေနဲ့ အလှူရှင်တွေက ဝိုင်းဝန်းထည့်ဝင်ကြတာဖြစ်ပါတယ်။ မြန်မာဒုက္ခသည်တွေကို ကူညီဖို့ရည်ရွယ်ပြီး အခါအားလျှော်စွာလုပ်တဲ့ ရံပုံငွေပွဲတွေလည်း မကြာခဏဆိုသလို ရှိပါတယ်။

အခုတခေါက်လုပ်တဲ့ လှူဒါန်းငွေတွေကို မီဇိုရမ်ပြည်နယ်ထဲရောက်လာတဲ့ ဒုက္ခသည် ၈, ၀၀၀ ကျော်အတွက် ဆေးကုသစရိတ်တွေနဲ့ အထွေထွေလိုအပ်တာတွေအတွက် အသုံးပြုသွားမယ်လို့ သူကပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် ပစ်ခတ်မှုတွေ၊ အကြမ်းမဖက် CDM လှုပ်ရှားသူတွေကို ဖမ်းဆီးမှုတွေကြောင့် ရဲတပ်ဖွဲ့ဝင်နဲ့သူတို့ မိသားစုတွေအပါအဝင် မြန်မာနိုင်ငံနဲ့ ထိဆက်နေတဲ့ အိန္ဒိယနယ်စပ်ပြည်နယ်တွေဘက်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြပါတယ်။

မီဇိုရမ်ပြည်နယ်နဲ့ မဏိပူပြည်နယ်ထဲကို ခိုလှုံရောက်ရှိလာတဲ့ မြန်မာနိုင်ငံသား ဘယ်လောက်ရှိတယ်ဆိုတာ အတိအကျမသိနိုင်ပါဘူး။ မြန်မာပြည်ဘက် ပြန်သွားသူတွေရှိသလို အသစ်ရောက်လာတဲ့သူတွေလည်း နေ့တိုင်းရှိနေတာပါ။ ခန့်မှန်းခြေအားဖြင့်တော့ ၁၀, ၀၀၀ အထက်မှာ ရှိလိမ့်မယ်လို့ မီဇိုရမ်အခြေစိုက် မြန်မာဒုက္ခသည် ကူညီကယ်ဆယ်ရေး ကော်မတီရဲ့ ဥက္ကဋ္ဌ Pu Vanlalchhana က ပြောပါတယ်။

“ ကိုယ့်ပြည်မဟုတ်ဘဲနဲ့ ပြေးရတာ ဒုက္ခတော့ ဒုက္ခပဲ။ ဒါပေမဲ့ ဒီလောက်ဒုက္ခတော့ မဟုတ်ပါဘူး၊ ဒီမီဇိုရမ်ပြည်မှာတော့။ ကျနော်တို့ ဗမာပြည်က လာတဲ့သူကို နိုင်သလောက် ကူညီပါတယ်။ India for Myanmar လို အဖွဲ့အစည်းကလည်း ကျနော်တို့ ချင်း၊ ကလေးကလူ၊ ဖလမ်းကလူ၊ အိုက်ဇောမှာနေတဲ့ နောက်ပြီး နယ်စပ်မှာနေတဲ့သူ သူတို့က နိုင်သလောက်ကူညီတယ်၊ နောက်ပြီး ဒီမီဇိုရမ်အစိုးရ၊ အကုန်လုံးလို့ ပြောလို့ရတယ်။”

အိန္ဒိယအစိုးရက သူ့နိုင်ငံထဲ ခိုလှုံရောက်လာတဲ့ မြန်မာနိုင်ငံသားတွေကိစ္စကို မထောက်ခံဘူးဆိုတာ ထုတ်ဖော်ပြောဆိုခဲ့ပေမဲ့ မီဇိုရမ်ပြည်နယ်အစိုးရတော့ စစ်အာဏာသိမ်းမှုကြောင့် ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို လက်ခံထားသင့်တယ်လို့ တုံ့ပြန်ထားတာပါ။

မြန်မာနိုင်ငံဘက်က ထွက်ပြေးလာကြသူ ဒုက္ခသည်မိသားစုတွေထဲက ကျောင်းနေအရွယ် ၂၀၀ ကျော်ကတော့ မီဇိုရမ်ကျေးလက်ဒေသဘက်က ကျောင်းတွေမှာ တက်ရောက်ပညာသင်ကြားနေကြပါတယ်။

.........................................

တိုက်ရိုက် လင့်ခ်



{{Unicode}}











XS
SM
MD
LG