သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာဒုက္ခသည်တွေအတွက် မီဇိုရမ်ပြည်နယ် စည်းကမ်းသစ်တွေထုတ်ပြန်



မြန်မာနိုင်ငံအတွင်း လက်နက်ကိုင် တိုက်ပွဲတွေကြောင့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ထဲမှာ ရှောင်တိမ်းခိုလှုံနေတဲ့ မြန်မာနိုင်ငံသား ဒုက္ခသည်တွေ အိုးအိမ်ဝယ်ယူတာ၊ စီးပွားရေးလုပ်ငန်းလုပ်ကိုင်တာ မလုပ်ရဘူး ဆိုတဲ့ ကန့်သတ်ချက်တချို့ ထုတ်ပြန်လိုက်ပါတယ်။ 

မြန်မာဒုက္ခသည်တွေအတွက် မီဇိုရမ်ပြည်နယ် စည်းကမ်းသစ်တွေထုတ်ပြန်

{{Zawgyi/Unicode}}
မြန်မာနိုင်ငံအတွင်း လက်နက်ကိုင် တိုက်ပွဲတွေကြောင့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ထဲမှာ ရှောင်တိမ်းခိုလှုံနေတဲ့ မြန်မာနိုင်ငံသား ဒုက္ခသည်တွေ၊ မီဇိုရမ် ပြည်နယ်အတွင်းမှာ အိုးအိမ်ဝယ်ယူတာ၊ စီးပွားရေးလုပ်ငန်းလုပ်ကိုင်တာ၊ တရားမဝင်ကုန်သွယ်တာ စတဲ့ လုပ်ငန်းတွေ မလုပ်ရဘူး ဆိုတဲ့ ကန့်သတ်ချက်တချို့ မီဇီုရမ်ပြည်နယ်အစိုးရက ပြီးခဲ့တဲ့ရက်ပိုင်းထဲက ထုတ်ပြန်လိုက်ပါတယ်။

ဒီထုတ်ပြန်ချက်ဟာ အိန္ဒိယဗဟိုအစိုးရက ပေးလာနိုင်တဲ့ ဖိအားတွေကို ကြိုတင်ရှောင်ရှားဖို့နဲ့ ပြည်နယ်တွင်း လုံခြုံရေးအတွက် မီဇိုရမ်အစိုးရဘက်က ကြိုတင်ပြင်ဆင်တာ ဖြစ်နိုင်ကြောင်း ချင်းအရပ်ဘက်အဖွဲ့အစည်းတွေက ခန့်မှန်းပါတယ်။ မီဇိုရမ်ပြည်နယ်အတွင်း မြန်မာဒုက္ခသည်တွေအပေါ် ကန့်သတ်ချက်တွေအကြောင်း သတင်းပေးပို့ချက်ကို ကိုအောင်အောင် က တင်ပြပါ့မယ်။

အိုးအိမ်ဝယ်ယူတာ၊ စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်တာတွေ မလုပ်ဖို့ ကန့်သတ်တာတွေအပြင် မြန်မာပြည်တွင်းက ယူလာတဲ့ ဆိုင်ကယ်တွေကို သက်ဆိုင်ရာ ရပ်ကျေးစစ်ရှောင် ကော်မတီတွေဆီမှာ စာရင်းသွင်းဖို့၊ ယာဉ်မောင်းလိုင်းစင်နဲ့ နိုင်ငံသား သက်သေခံကတ်တွေလို အထောက်အထားတွေကို တရားမဝင်နည်းနဲ့ မလုပ်ကြဖို့ မီဇိုရမ်ပြည်နယ် အစိုးရက မြန်မာဒုက္ခသည်တွေကို သတိပေးထားပါတယ်။

မြန်မာစစ်ရှောင်တွေကို လက်ခံထားတဲ့ မီဇိုရမ်ပြည်နယ်အစိုးရနဲ့ အိန္ဒိယ ဗဟိုအစိုးရအကြား ဒုက္ခသည်အရေးကိစ္စမှာ သဘောထား ကွဲလွဲမှုတွေရှိနေပါတယ်။ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ၁၉ လအတွင်း သောင်းနဲ့ချီတဲ့ မြန်မာနိုင်ငံသားတွေဟာ မီဇိုရမ်ပြည်နယ်ကို ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။ ဒီနောက်ပိုင်းမှာ မူးယစ်ဆေးဝါးနဲ့ လူသတ်မှုကျူး လွန်တဲ့ကိစ္စတွေလို ရာဇဝတ်မှုတချို့ ပေါ်ပေါက်လာတဲအ့တွက် မီဇိုရမ်ဒေသခံတွေကြားမှာ စိုးရိမ်မှုတွေရှိလာကြောင်း ချင်းအရပ်ဘက်အဖွဲ့တခုရဲ့ တာဝန်ခံက ဗွီအိုအေကို ပြောပါတယ်။ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံသားတွေကြား ဖြစ်လာတဲ့ ပြဿနာတွေကို မီဇိုရမ်အစိုးရက သတိထားပြီး ကိုင်တွယ်နေရတယ်လို့ သူကပြောပါတယ်။

" မီဇိုရမ်အနေနဲ့ တဖက်မှာ main government ရှိနေသေးတယ်ဆိုတော့ တကယ်လို့များ မီဇိုရမ်ပြည်နယ်မှာ စစ်ဘေးရှောင်ကိစ္စနဲ့ပတ်သက်ပြီး ပြဿနာတခုခု ဖြစ်သွားလို့ရှိရင် central governmant ကနေပြီးတော့ မီဇိုရမ်ပြည်နယ် အစိုးရအပေါ်မှာ တခုခု အရေးယူမှုမျိုး၊ ပိတ်ပင်မှုမျိုး ဝင်ရောက်စွက်ဖက်နိုင် တော့မှာပေါ့နော်။ central governmant အနေနဲ့ ဝင်ရောက်စွက်ဖက်ဖို့ရန်အတွက် သူ့အနေနဲ့ reason ရှိလာမှာဖြစ်တယ်။ အဲဒီအတွက်ကြောင့် ဒီလိုမျိုးပြဿနာ မဖြစ်ရလေအောင် ကြိုတင်ပြီးကာကွယ်ချင်တဲ့ အနေနဲ့ လုပ်တာလည်းဖြစ်နိုင်တယ်ပေါ့နော်။"

ပြီးခဲ့တဲ့ ဩဂုတ်လ၂၃ရက်က မီဖိုရမ်ပြည်နယ်၊ ကျန်ဖိုင်းခရိုင်မှာ မြန်မာနိုင်ငံသားတချို့ဆီကနေ ကျပ်ငွေသိန်း ၄၀၀၀ တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးမိတယ်လို့ ပြည်နယ်ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။ နောက်တနေ့ ဩဂုတ်လ ၂၄ရက်မှာလည်း ကျပ်ငွေသိန်း ၉၃၀၀ ကျော်ရှိတဲ့ ဘိန်းဖြူတွေကို ကျန်ဖိုင်းခရိုင်ထဲမှာပဲ ဖမ်းဆီးမိခဲ့ပြီး မူးယစ်ဆေးဝါး အမှုအပြင် လဝက ဥပဒေတွေနဲ့ပါ ဖမ်းဆီးအရေးယူထားတယ်လို့ ရဲဌာနကို ကိုးကားပြီး သတင်းတွေက ရေးသားကြပါတယ်။

အလုပ်အကိုင်ရှားပါးတဲ့ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှာ ဒေသခံအများစုဟာ အစိုးရအလုပ်နဲ့ အစိုးရထောက်ပံ့ကြေးကို မှီခိုပြီးနေကြတာပါ။ စီးပွားရေးဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းတွေကို ဒေသခံတွေကပဲ အဓိက လုပ်ကိုင်ဖို့ ဆန္ဒရှိကြပါတယ်။ မီဇိုရမ်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေဟာ စစ်ရှောင်ကူညီရေးအဖွဲ့တွေရဲ့ ထောက်ပံ့ငွေတွေနဲ့ ရပ်တည်နေရတာဖြစ်ပြီး မလုံလောက်တဲ့အခါမှာတော့ ဝင်ငွေရတဲ့ အလုပ်တွေကို လုပ်ကိုင်လာရပါတယ်။

မီဇိုရမ်ပြည်နယ်မှာ အခုလို မြန်မာဒုက္ခသည်တွေကို စီးပွားရေးမလုပ်ဖို့ ကန့်သတ်မယ်ဆိုရင် ဒုက္ခသည်တွေရဲ့ ရပ်တည်ရေးအတွက ်အခက်အခဲတွေ ကြုံရနိုင်တယ်လို့ ချင်းအရပ်ဘက်အဖွဲ့ တာဝန်ခံက ပြောပါတယ်။

" ဒီလိုမျိုး စည်းမျဉ်းစည်းကမ်းတွေ ထုတ်ခြင်းအားဖြင့် ကျနော်တို့ရဲ့ စစ်ဘေးရှောင်တွေအတွက် ဟိုဘက်မှာ စားဝတ်နေရေး၊ လုံလုံခြုံခြုံနေဖို့ရန်အတွက် အခက်အခဲတွေ ရှိသွားနိုင်တယ်။ ဒီ refugee ဖြစ်တဲ့အတွက်ကြောင့်မို့လို့ NGO တွေ ကူညီပေးတဲ့အရာက စားဝတ်နေရေးအတွက် လုံးဝ မလုံလောက်ဘူး၊ သူတို့ကိုယ်တိုင်လုပ်ရတယ်၊ သူတို့ကိုယ်တိုင်ရှာရတယ်။ ကျနော်တို့အမျိုးတွေ အများကြီးရှိတယ်၊ သူတို့ဘယ်လောက် ရုန်းကန်ပြီးမှ အသက်ရှင်ဖို့ရန်အတွက် ရုန်းကန်နေရလဲဆိုတာ ကျနော်တို့တွေ့ရတယ်။"

မိုဇိုရမ်ဘက်က ထုတ်ပြန်ချက်ဟာ မြန်မာဒုက္ခသည်တွေရဲ့ အခွင့်အရေးကို ကန့်သတ်သလိုဖြစ်နိုင်ပြီး ခွဲခြားမှုလည်း ပေါ်လာနိုင်တယ်လို့ သူကပြောပါတယ်။

စစ်အာဏာသိမ်းပြီးတဲ့နောက် မီဇိုရမ်ပြည်နယ်ကို ရောက်လာသူတွေထဲမှာ ချင်းပြည်နယ်၊ ထန်တလန်မြို့က အများဆုံးဖြစ်ပါတယ်။ စစ်ရေးပဋိပက္ခကြောင့် ကုန်သွယ်ရေး၊ လမ်းပမ်းဆက်သွယ်ရေးတွေ ပြတ်တောက်ပြီး ကျန်းမာရေး စောင့်ရှောက်မှုအတွက် အနီးစပ်ဆုံး အိန္ဒိယနိုင်ငံ မီဇိုရမ် ပြည်နယ်ကိုပဲ အားကိုးရတဲ့အကြောင်း ချင်းတိုင်းရင်းသားဒုက္ခသည်တဦးက ပြောပါတယ်။

" မီဇိုရမ်မှာရှိနေတဲ့ လူမျိုးတွေကလည်း ကျနော်တို့ ချင်းလူမျိုးတွေ ဖြစ်ကြတဲ့အခါမှာ အိန္ဒိယ တနိုင်ငံလုံးအနေနဲ့ ဖိအားရှိသော်လည်း မီဇီုရမ်ပြည်နယ် ဝန်ကြီးချုပ်အနေနဲ့တော့ သက်ညှာသောအားဖြင့် အတတ်နိုင်ဆုံးသူ လုပ်ပေးရှာတဲ့ သဘောတော့ရှိတယ်။ ဒါပေမဲ့ ဥပဒေလမ်းကြောင်းအပေါ်မှာတော့ နေထိုင်ဖို့တော့ သူတို့ဘက်ကလည်း တိုက်တွန်းနှိုးဆော်ပြီး လုပ်ဆောင်ကြတယ်။ အဲဒီလိုတော့ရှိတယ် အခြေအနေ။"

မီဇိုရမ်ပြည်နယ် ရောက်နေတဲ့ မြန်မာဒုက္ခသည် အရေအတွက်က ငါးသောင်းလောက်ရှိပြီး အဲဒီအထဲမှာ ကျောင်းတက်နေတဲ့ မြန်မာကလေးငယ်က ၂,၅၀၀ ကျော်ပါတယ်လို့ အိန္ဒိယနိုင်ငံထုတ် သတင်းစာတွေက ရေးပါတယ်။ မြန်မာစစ်ရှောင်တွေအတွက် လျှပ်စစ်အပါအဝင်၊ ရေနဲ့ အမျိုးသမီးအသုံးအဆောင်၊ ဆေးဝါး၊ စားနပ်ရိက္ခာအတွက် မီဇိုရမ်အစိုးရက အိန္ဒိယရူးပီးငွေ သိန်း ၄၀၀ နီးပါးကို သုံးစွဲထားတယ်လို့လည်း အန္ဒိယ သတင်းစာတွေမှာ ရေးသားကြပါတယ်။

တိုက်ရိုက် လင့်ခ်

................................................................


{{Zawgyi/Unicode}}














XS
SM
MD
LG