သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အိႏိၵယ ဂ်က္တိုက္ေလယာဥ္ ၂ စင္း ေလ့က်င့္ေနစဥ္ ပ်က္က်


India plane crash

အိႏၵိယႏိုင္ငံ Madhya Pradesh ျပည္နယ္ ေျမာက္ပိုင္း Morena  ေဒသမွာ စေနေန႔ မနက္ပိုင္း ပံုမွန္ ေလ့က်င့္သင္တန္းအတြင္း အိႏၵိယေလတပ္က ဂ်က္တိုက္ေလယာဥ္ ၂ စင္း တိုက္မိၿပီး ပ်က္က်ခဲ့တယ္လို႔ ေလတပ္တာဝန္ရွိသူေတြက ေျပာပါတယ္။  

အိႏိၵယ ဂ်က္တိုက္ေလယာဥ္ ၂ စင္း ေလ့က်င့္ေနစဥ္ ပ်က္က်

{{Zawgyi/Unicode}}

အိႏၵိယႏိုင္ငံ Madhya Pradesh ျပည္နယ္ ေျမာက္ပိုင္း Morena ေဒသမွာ စေနေန႔ မနက္ပိုင္း ပံုမွန္ ေလ့က်င့္သင္တန္းအတြင္း အိႏၵိယေလတပ္က ဂ်က္တိုက္ေလယာဥ္ ၂ စင္း တိုက္မိၿပီး ပ်က္က်ခဲ့တယ္လို႔ ေလတပ္တာဝန္ရွိသူေတြက ေျပာပါတယ္။

ေလယာဥ္ ၂ စင္းေပၚ ပါလာတဲ့ ပိုင္းေလာ့ ၃ ဦးထဲက တဦးကေတာ့ ေသဆံုးခဲ့ရၿပီး က်န္ ၂ ဦးကေတာ့ ေလယာဥ္ထဲကေန အႏၲရာယ္မရွိပဲ ထြက္လာႏိုင္ခဲ့တယ္လို႔ အိႏၵိယ ေလတပ္က ေျပာပါတယ္။

ေလယာဥ္ ၂ စင္း ဝင္တိုက္မိတဲ့ အေၾကာင္းရင္းကိုေတာ့ မသိရေသးေၾကာင္းနဲ႔ စံုစမ္းစစ္ေဆးဖို႔ အမိန္႔ထုတ္ထားေၾကာင္းလည္း ေလတပ္တာဝန္ရွိသူေတြက ေျပာပါတယ္

တိုက္မိတဲ့ ယဥ္အမ်ိဳးအစားကို အိႏၵိယေလတပ္က ထုတ္မေျပာေပမယ့္ ေဒသတြင္း သတင္းေတြမွာေတာ့ ဒီဂ်က္တိုက္ေလယာဥ္ ေတြဟာ Sukhoi-30 နဲ႔ MIrage-2000 တို႔ ျဖစ္ေၾကာင္း ေဖၚျပပါတယ္။

Madhya Pradesh ျပည္နယ္ ရဲတပ္ဖြဲ႔ အႀကီးအကဲကေတာ့ ဒီျဖစ္ရပ္အတြက္ ေဒသအာဏာပိုင္ေတြက ကယ္ဆယ္ကူညီေရး အကူညီေတြ ေလတပ္ကို ေပးေနတယ္လို႔ ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

အိန္ဒိယ ဂျက်တိုက်လေယာဉ် ၂ စင်း လေ့ကျင့်နေစဉ် ပျက်ကျ

{{Zawgyi/Unicode}}

အိန္ဒိယနိုင်ငံ Madhya Pradesh ပြည်နယ် မြောက်ပိုင်း Morena ဒေသမှာ စနေနေ့ မနက်ပိုင်း ပုံမှန် လေ့ကျင့်သင်တန်းအတွင်း အိန္ဒိယလေတပ်က ဂျက်တိုက်လေယာဉ် ၂ စင်း တိုက်မိပြီး ပျက်ကျခဲ့တယ်လို့ လေတပ်တာဝန်ရှိသူတွေက ပြောပါတယ်။

လေယာဉ် ၂ စင်းပေါ် ပါလာတဲ့ ပိုင်းလော့ ၃ ဦးထဲက တဦးကတော့ သေဆုံးခဲ့ရပြီး ကျန် ၂ ဦးကတော့ လေယာဉ်ထဲကနေ အန္တရာယ်မရှိပဲ ထွက်လာနိုင်ခဲ့တယ်လို့ အိန္ဒိယ လေတပ်က ပြောပါတယ်။

လေယာဉ် ၂ စင်း ဝင်တိုက်မိတဲ့ အကြောင်းရင်းကိုတော့ မသိရသေးကြောင်းနဲ့ စုံစမ်းစစ်ဆေးဖို့ အမိန့်ထုတ်ထားကြောင်းလည်း လေတပ်တာဝန်ရှိသူတွေက ပြောပါတယ်

တိုက်မိတဲ့ ယဉ်အမျိုးအစားကို အိန္ဒိယလေတပ်က ထုတ်မပြောပေမယ့် ဒေသတွင်း သတင်းတွေမှာတော့ ဒီဂျက်တိုက်လေယာဉ် တွေဟာ Sukhoi-30 နဲ့ MIrage-2000 တို့ ဖြစ်ကြောင်း ဖေါ်ပြပါတယ်။

Madhya Pradesh ပြည်နယ် ရဲတပ်ဖွဲ့ အကြီးအကဲကတော့ ဒီဖြစ်ရပ်အတွက် ဒေသအာဏာပိုင်တွေက ကယ်ဆယ်ကူညီရေး အကူညီတွေ လေတပ်ကို ပေးနေတယ်လို့ ပြောပါတယ်။

XS
SM
MD
LG