သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

နီေပါေလယာဥ္ပ်က္က် ေသဆံုးသူထဲ အေမရိကန္ေတြပါ 


နီေပါႏိုင္ငံ ပိုခါရာၿမိဳ႕က ေလယာဥ္ပ်က္က်ခဲ့တဲ့ေနရာသို႔ ကယ္ဆယ္ေရးလုပ္ေဆာင္ေနၾကစဥ္ (ဇန္နဝါရီ ၁၆၊ ၂၀၂၃)

နီေပါႏိုင္ငံမွာ တနဂၤေႏြေန႔က ေလယာဥ္ပ်က္က်မႈအတြင္း ေသဆံုးခဲ့တဲ့သူေတြထဲမွာ အေမရိကန္ႏိုင္ငံသား ႏွစ္ဦးနဲ႔ အၿမဲတမ္း ေနထိုင္ခြင့္ (Greencard) ရထားသူ ႏွစ္ေယာက္ပါတဲ့အေၾကာင္း အေမရိကန္ႏိုင္ငံျခားေရးဌာနက ဇန္နဝါရီ ၁၈ ရက္၊ ဗုဒၶဟူးေန႔က ေျပာၾကားပါတယ္။

Yeti ေလေၾကာင္းလိုင္းပိုင္ ခရီးသည္တင္ ေလယာဥ္ဟာ ဟိမ၀ႏၲာ ေတာင္ေျခမွာရွိတဲ့ ပိုခါရာ (Pokhara) ႏိုင္ငံတကာေလဆိပ္ကို ဆင္းသက္လာေနခ်ိန္မွာပဲ ပ်က္က်ၿပီး ေလယာဥ္ေပၚမွာ ပါလာတဲ့ လူ ၇၂ ေယာက္လံုး ေသဆံုးသြားခဲ့တာပါ။ ေသဆံုးသြားသူေတြရဲ႕ မိသားစုေတြနဲ႔ ထပ္တူ စိတ္မေကာင္း ျဖစ္ရပါတယ္လို႔ အေမရိကန္ ႏိုင္ငံျခားေရးဌာန ေျပာခြင့္ရ နက္ဒ္ပ႐ိုက္စ္ (Ned Price) က မေန႔က သတင္းစာရွင္းလင္းပြဲမွာ ေျပာသြားတာပါ။ ခုလို ခက္ခဲတဲ့အခ်ိန္မွာ နီေပါႏိုင္ငံလိုအပ္တဲ့ အကူအညီေတြေပးသြားဖို႔ အေမရိကန္ျပည္ေထာင္စုက အသင့္ပါပဲလို႔လည္း ေျပာခြင့္ရက ေျပာပါတယ္။

ေလယာဥ္ပ်က္က်ရတဲ့ အေၾကာင္းရင္းကိုေတာ့ စံုစမ္းစစ္ေဆးေနဆဲ ျဖစ္ပါတယ္။ စံုစမ္းေရးအဖြဲ႔မွာေတာ့ ေလယာဥ္ထုတ္လုပ္တဲ့ ကုမၸဏီ၊ အီးယူ ဥေရာပသမဂၢ ေလေၾကာင္း ေဘးကင္းလံုျခံဳေရး ေအဂ်င္စီနဲ႔ ျပင္သစ္ ေလေၾကာင္း မေတာ္တဆမႈ စံုစမ္းစစ္ေဆးေရး ေအဂ်င္စီေတြ ပါ၀င္ပါတယ္။ ေလယာဥ္ေမာင္းႏွင္ ပ်ံသန္းမႈ မွတ္တမ္းတင္ Black box ေတြကိုေတာ့ ေလယာဥ္ပ်က္က်ၿပီး တရက္အၾကာမွာ ရွာေတြ႕ထားပါတယ္။

နီေပါေလယာဥ္ပ်က္က် ေသဆံုးသူထဲ အေမရိကန္ေတြပါ
please wait

No media source currently available

0:00 0:00:43 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode]

နီပေါလေယာဉ်ပျက်ကျ သေဆုံးသူထဲ အမေရိကန်တွေပါ

နီပေါနိုင်ငံမှာ တနင်္ဂနွေနေ့က လေယာဉ်ပျက်ကျမှုအတွင်း သေဆုံးခဲ့တဲ့သူတွေထဲမှာ အမေရိကန်နိုင်ငံသား နှစ်ဦးနဲ့ အမြဲတမ်း နေထိုင်ခွင့် (Greencard) ရထားသူ နှစ်ယောက်ပါတဲ့အကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက ဇန်နဝါရီ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့က ပြောကြားပါတယ်။

Yeti လေကြောင်းလိုင်းပိုင် ခရီးသည်တင် လေယာဉ်ဟာ ဟိမဝန္တာ တောင်ခြေမှာရှိတဲ့ Pokhara နိုင်ငံတကာလေဆိပ်ကို ဆင်းသက် လာနေချိန်မှာပဲ ပျက်ကျပြီး လေယာဉ်ပေါ်မှာ ပါလာတဲ့ လူ ၇၂ ယောက်လုံး သေဆုံးသွားခဲ့တာပါ။ သေဆုံးသွားသူတွေရဲ့ မိသားစုတွေနဲ့ ထပ်တူ စိတ်မကောင်း ဖြစ်ရပါတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရ နက်ဒ်ပရိုက်စ် (Ned Price) က မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတာပါ။ ခုလို ခက်ခဲတဲ့အချိန်မှာ နီပေါနိုင်ငံလိုအပ်တဲ့ အကူအညီတွေပေးသွားဖို့ အမေရိကန်ပြည်ထောင်စုက အသင့်ပါပဲလို့လည်း ပြောခွင့်ရက ပြောပါတယ်။

လေယာဉ်ပျက်ကျရတဲ့ အကြောင်းရင်းကိုတော့ စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါတယ်။ စုံစမ်းရေးအဖွဲ့မှာတော့ လေယာဉ်ထုတ်လုပ်တဲ့ ကုမ္ပဏီ၊ အီးယူ ဥရောပသမဂ္ဂ လေကြောင်း ဘေးကင်းလုံခြုံရေး အေဂျင်စီနဲ့ ပြင်သစ် လေကြောင်း မတော်တဆမှု စုံစမ်းစစ်ဆေးရေး အေဂျင်စီတွေ ပါဝင်ပါတယ်။ လေယာဉ်မောင်းနှင် ပျံသန်းမှု မှတ်တမ်းတင် Black box တွေကိုတော့ လေယာဉ်ပျက်ကျပြီး တရက်အကြာမှာ ရှာတွေ့ထားပါတယ်။

XS
SM
MD
LG