သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း



Nepal Plane Crash



နီပေါလေယာဉ်ပျက်ကျမှု သေဆုံးသူ အနည်းဆုံး ၈၆ ယောက်အထိရှိ

{{Zawgyi/Unicode}}





တိုက်ရိုက် လင့်ခ်

နီပေါလေယာဉ်ပျက်ကျမှု သေဆုံးသူ အနည်းဆုံး ၆၈ ယောက်အထိရှိ

{{Zawgyi/Unicode}}
နီပေါနိုင်ငံ Pokhara မြို့မှာ တနင်္ဂနွေနေ့က ခရီးသည်တင် လေယာဉ်တစင်းပျက်ကျခဲ့ရာ လူ ၆၈ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း မြို့ပြလေကြောင်းပျံသန်းရေး အာဏာပိုင်တွေက ပြောပါတယ်။

"လုံခြုံရေး အေဂျင်စီတွေ အနေနဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒါကတော့ သေဆုံးသူတွေ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ ခွဲခြားပြီး သက်ဆိုင်ရာ မိသားစုတွေဆီ အမြန်ဆုံးလွှဲပြောင်းပေးဖို့ဖြစ်ပါတယ် လို့ ရဲအရာရှိ AK Chhetri ကသတင်းထောက်တွေကိုပြောဆိုသွားတာဖြစ်ပါတယ်။

ဒါဟာ နှစ်ပေါင်း ၃၀ အတွင်း အဆိုးဆိုး လေယာဉ်ပျက်ကျမှုလည်းဖြစ်ပါတယ်။ မြို့တော် Kathmandu ကနေ ခရီးသည် ၇၂ ဦးလိုက်ပါလာတဲ့ Yeti လေကြောင်းလိုင်း က လေယာဉ်ပျက်ကျသွာတဲ့ တောင်စောင်းပေါ်မှာ ရာနဲ့ချီတဲ့ ရှာဖွေကယ်ဆယ်ရေးသမားတွေလည်း ဆက်ပြီးရှာဖွေနေကြတာပါ။ လေယာဉ်ပျက် အပိုင်းအစတွေထဲမှာ ကယ်ဆယ်ရေးသမားတွေ ဆက်လက်ရှာဖွေနေကြတာကို ဒေသခံရုပ်မြင်သံကြားသတင်းမှာတွေ့ရပါတယ်။ လေယာဉ်ပျက်ကျသွားတဲ့ နေရာတဝှိက် က အပျက်အစီး အပိုင်းအစတချို့ မီးလောင်နေတာကိုလည်း အဝေးကနေလှမ်း မြင်ရပါတယ်။

လေကြောင်းပျံသန်းရေးကွန်ယက် ဒေတာအချက်အလက်တွေအရ ၁၉၉၂ ခုနှစ်က ပါကစ္စတန်လေကြောင်းလိုင်း Airbus A300 အမျိုးအစား ခရီးသည်တင်လေယာဉ် Kathmandu လေဆိပ်ကို ဆင်းခါနီး တောင်စောင်းမှာ ပျက်ကျသွားခဲ့တုန်းက လေယာဉ်ပေါ်ပါလာတဲ့ ခရီးသည် ၁၆၇ ယောက် သေဆုံးသွားခဲ့တဲ့ ဖြစ်ရပ်နောက်ပိုင်း အခု လေယာဉ် ပျက်ကျမှုဟာ နီပေါနိုင်ငံသမိုင်းမှာ လူသေဆုံးမှုအများဆုံးလည်းဖြစ်ပါတယ်။

မနက် ၁၀ နာရီ မိနစ် ၅၀ မှာ Seti Gorge လေဆိပ်က လေကြောင်းထိန်းသိမ်းရေး နဲ့ နောက်ဆုံး အဆက်အသွယ်ရခဲ့ပြီးတဲ့နောက် လေယာဉ်ပျက်ကျသွားခဲ့တာလို့ နီပေါမြို့ပြ လေကြောင်းအုပ်ချုပ်ရေးဌာနက ထုတ်ပြန်တဲ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG