သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နီပေါလေယာဉ်ပျက်ကျမှု ၆၈ ဦးထက်မနည်း သေဆုံး


Rescuers gather at the site of a plane crash in Pokhara, Nepal, on Jan. 15, 2023.
Rescuers gather at the site of a plane crash in Pokhara, Nepal, on Jan. 15, 2023.

နီပေါလ်နိုင်ငံအလယ်ပိုင်း၊ Pokhara မြို့မှာ ပြည်တွင်း ခရီးသည်တင်လေယာဉ်တစီး ဒီကနေ့ ဇန်နဝါရီ ၁၅ ရက်နေ့မှာ ပျက်ကျသွားတဲ့အတွက် အနည်းဆုံး ၆၈ ယောက် သေဆုံးသွားတယ်လို့ မြို့ပြ လေကြောင်းအုပ်ချုပ်ရေးဌာနက ပြောပါတယ်။ ဒါဟာ နီပေါလ်နိုင်ငံမှာ နှစ်ပေါင်း ၃၀ အတွင်း အဆိုးရွားဆုံး လေယာဉ် ပျက်ကျမှုလည်း ဖြစ်ပါတယ်။

မြို့တော် ခတ္တမန္ဓူကနေ ခရီးသည် ၇၂ ယောက်တင်ဆောင်လာတဲ့ Yeti လေကြောင်းလိုင်းက လေယာဉ်ပျက်ကျသွားတဲ့ တောင်စောင်းဘေးမှာ ရာနဲ့ချီတဲ့ ကယ်ဆယ်ရေးဝန်ထမ်းတွေ ရှာဖွေနေကြပါတယ်။ ပျက်ကျခဲ့တဲ့ လေယာဉ်အပိုင်းအစတချို့ မီးလောင်နေတာကို အဝေးကနေ မြင်နေရတယ်လို့ ဆိုပါတယ်။

၁၉၉၂ ခုနှစ်က ပါကစ္စတန်လေကြောင်းလိုင်းက Airbus A300 အမျိုးအစား ခတ္တမန္ဓူလေဆိပ်ကို ဆင်းခါနီး တောင်စောင်းမှာ ပျက်ကျသွားခဲ့တုန်းက လေယာဉ်ပေါ်ပါလာတဲ့ ခရီးသည်း ၁၆၇ ယောက် သေဆုံးသွားခဲ့တဲ့ ဖြစ်ရပ်နောက်ပိုင်း အခု လေယာဉ်ပျက်ကျမှုဟာ နီပေါလ်နိုင်ငံသမိုးမှာ အဆိုးရွားဆုံး ဖြစ်ပါတယ်။

မနက် ၁၀ နာရီ မိနစ် ၅၀ မှာ Seti Gorge လေဆိပ်က လေကြောင်းထိန်းသိမ်းမှုဌာနဲ့ နောက်ဆုံး အဆက်အသွယ်ရခဲ့ပြီးတဲ့နောက် လေယာဉ် ပျက်ကျသွားခဲ့တာလို့ နီပေါလ်မြို့ပြလေကြောင်းအုပ်ချုပ်ရေးဌာနက ထုတ်ပြန်တဲ့ကြေညာချက်မှ ဖော်ပြထားပါတယ်။

လေယာဉ်ဟာ တောင်စောင်း ၂ ခုကြားမှာ ပျက်ကျသွားခဲ့တာကြောင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ခက်ခဲမှုရှိတယ်လို့ ရဲအရာရှိတဦးဖြစ်သူ Ajay K.C. က ပြောပါတယ်။

==== Unicode =====






XS
SM
MD
LG