(Zawgyi / Unicode)
ၿပီးခဲ့တဲ့ မတ္လ ၂၁ ရက္ေန႔တုန္းက ေတာေတာင္ထူထပ္ရာ တ႐ုတ္ႏုိင္ငံေတာင္ပုိင္း Wuzhou ၿမိဳ႕အနီး ပ်က္က်ခဲ့တဲ့ ေလယာဥ္မွာ လုိက္ပါသြားတဲ့ ေလယာဥ္ဝန္ထမ္းနဲ႔ ခရီးသည္ ၁၃၂ ဦးလုံး ေသဆုံးသြားခဲ့ေၾကာင္း စေနေန႔မွာ တ႐ုတ္ အရပ္ဘက္ ေလယာဥ္ပ်ံသန္းမႈဆုိင္ရာ တာဝန္ရွိသူေတြက အတည္ျပဳ ေၾကညာလုိက္ပါတယ္။
ၿပီးခဲ့တဲ့ တနလၤာေန႔က ေလယာဥ္ပ်က္က်ခဲ့ၿပီးေနာက္ အသက္ရွင္က်န္ရစ္သူမ်ား ရွိႏုိင္မလားဆုိၿပီး ကယ္ဆယ္ေရးသမားေတြက ေတာေတာင္ေတြၾကားမွာ ရွာေဖြခဲ့ၾကသလုိ က်န္ရစ္သူမိသားစုနဲ႔ ေဆြမ်ိဳးသားခ်င္းေတြကလည္း ေစာင့္ဆုိင္းေနခဲ့ၾကပါတယ္။
ခရီးသည္ ၁၂၃ ဦးနဲ႔ ေလယာဥ္ဝန္ထမ္း ၉ ဦး လုိက္ပါလာတဲ့ China Eastern Airline က Boring 737 ဂ်က္ေလယာဥ္ဟာ အျမင့္ေပ ၂၉,၀၀၀ ေက်ာ္မွာ ပ်ံသန္းေနစဥ္ ႐ုတ္တရက္ အရွိန္ျပင္းစြာ ထုိးက်ခဲ့ၿပီး မိနစ္ပုိင္းအတြင္းမွာတင္ ပ်က္က်သြားခဲ့တာ ျဖစ္ပါတယ္။
ဘာေၾကာင့္ ေလယာဥ္ပ်က္က်ခဲ့တယ္ဆုိတဲ့ အေၾကာင္းရင္းကုိေတာ့ အခုထိ မသိရေသးပါဘူး။
China Eastern Airline ကေတာ့ ဒီပ်က္သြားတဲ့ ဂ်က္ေလယာဥ္ဟာ သက္တမ္း ၇ ႏွစ္ရွိၿပီျဖစ္ၿပီး မပ်ံသန္းမီ စစ္ေဆးမႈေတြအရ သတ္မွတ္ထားတဲ့ လုိအပ္ခ်က္အားလုံး ျပည့္စုံတယ္လုိ႔ ေျပာဆုိထားပါတယ္။
အခုလိုအေျခအေနေၾကာင့္ ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔တုန္းက တ႐ုတ္ႏုိင္ငံေတာ္ေကာင္စီနဲ႔ အေရးေပၚ စီမံခန္႔ခဲြမႈ ဝန္ႀကီးဌာနတုိ႔ကေန ေလေၾကာင္းလုိင္းအားလုံးကုိ ေဘးအႏၱရာယ္ ျဖစ္ႏုိင္ေျခရွိတာေတြကုိ ေသခ်ာစစ္ေဆးျပင္ဆင္ၾကဖုိ႔ တုိက္တြန္းလုိက္ပါတယ္။
---------------------------
(Unicode)
ပျက်ကျသွားတဲ့ တရုတ်လေယာဉ်ပေါ် လိုက်ပါသူအားလုံး သေဆုံးကြောင်း အတည်ပြု
ပြီးခဲ့တဲ့ မတ်လ ၂၁ ရက်နေ့တုန်းက တောတောင်ထူထပ်ရာ တရုတ်နိုင်ငံတောင်ပိုင်း Wuzhou မြို့အနီး ပျက်ကျခဲ့တဲ့ လေယာဉ်မှာ လိုက်ပါသွားတဲ့ လေယာဉ်ဝန်ထမ်းနဲ့ ခရီးသည် ၁၃၂ ဦးလုံး သေဆုံးသွားခဲ့ကြောင်း စနေနေ့မှာ တရုတ် အရပ်ဘက် လေယာဉ်ပျံသန်းမှုဆိုင်ရာ တာဝန်ရှိသူတွေက အတည်ပြု ကြေညာလိုက်ပါတယ်။
ပြီးခဲ့တဲ့ တနင်္လာနေ့က လေယာဉ်ပျက်ကျခဲ့ပြီးနောက် အသက်ရှင်ကျန်ရစ်သူများ ရှိနိုင်မလားဆိုပြီး ကယ်ဆယ်ရေးသမားတွေက တောတောင်တွေကြားမှာ ရှာဖွေခဲ့ကြသလို ကျန်ရစ်သူမိသားစုနဲ့ ဆွေမျိုးသားချင်းတွေကလည်း စောင့်ဆိုင်းနေခဲ့ကြပါတယ်။
ခရီးသည် ၁၂၃ ဦးနဲ့ လေယာဉ်ဝန်ထမ်း ၉ ဦး လိုက်ပါလာတဲ့ China Eastern Airline က Boring 737 ဂျက်လေယာဉ်ဟာ အမြင့်ပေ ၂၉,၀၀၀ ကျော်မှာ ပျံသန်းနေစဉ် ရုတ်တရက် အရှိန်ပြင်းစွာ ထိုးကျခဲ့ပြီး မိနစ်ပိုင်းအတွင်းမှာတင် ပျက်ကျသွားခဲ့တာ ဖြစ်ပါတယ်။
ဘာကြောင့် လေယာဉ်ပျက်ကျခဲ့တယ်ဆိုတဲ့ အကြောင်းရင်းကိုတော့ အခုထိ မသိရသေးပါဘူး။
China Eastern Airline ကတော့ ဒီပျက်သွားတဲ့ ဂျက်လေယာဉ်ဟာ သက်တမ်း ၇ နှစ်ရှိပြီဖြစ်ပြီး မပျံသန်းမီ စစ်ဆေးမှုတွေအရ သတ်မှတ်ထားတဲ့ လိုအပ်ချက်အားလုံး ပြည့်စုံတယ်လို့ ပြောဆိုထားပါတယ်။
အခုလိုအခြေအနေကြောင့် ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့တုန်းက တရုတ်နိုင်ငံတော်ကောင်စီနဲ့ အရေးပေါ် စီမံခန့်ခွဲမှု ဝန်ကြီးဌာနတို့ကနေ လေကြောင်းလိုင်းအားလုံးကို ဘေးအန္တရာယ် ဖြစ်နိုင်ခြေရှိတာတွေကို သေချာစစ်ဆေးပြင်ဆင်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။