သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားစစ်လေယာဉ် ပျက်ကျမှုကြောင့် သေဆုံးသူ ၁၄ ယောက်အထိရှိ 


Russian Emergencies personnel remove the wreckage of a Sukhoi Su-34 military jet off its crash site in the courtyard of a residential area in the town of Yeysk in southwestern Russia, Oct. 18, 2022.
Russian Emergencies personnel remove the wreckage of a Sukhoi Su-34 military jet off its crash site in the courtyard of a residential area in the town of Yeysk in southwestern Russia, Oct. 18, 2022.

ရုရှား နိုင်ငံက ဆိပ်ကမ်းမြို့ Yeysk က လူနေရပ်ကွက် တခု အတွင်း ရုရှားစစ်လေယာဉ်တစင်း ပျက်ကျခဲ့တာကြောင့် သေဆုံးရသူ ၁၄ ဦးထိ ရှိလာခဲ့ပြီး လေယာဉ် ပျက်ကျမှုကြောင့် လူနေအိမ်ယာ အဆောက်အအုံ တခုမှာ အကြီးအကျယ် မီးလောင်ခဲ့ရပါတယ်။

ရုရှားစစ်လေယာဉ် ပျက်ကျမှုကြောင့် သေဆုံးသူ ၁၄ ယောက်အထိရှိ

{{Zawgyi/Unicode}}
ရုရှား နိုင်ငံက ဆိပ်ကမ်းမြို့ Yeysk က လူနေရပ်ကွက် တခု အတွင်း ရုရှားစစ်လေယာဉ်တစင်း ပျက်ကျခဲ့တာကြောင့် သေဆုံးရသူ ၁၄ ဦးထိ ရှိလာခဲ့ပြီး လေယာဉ် ပျက်ကျမှုကြောင့် လူနေအိမ်ယာ အဆောက်အအုံ တခုမှာ အကြီးအကျယ် မီးလောင်ခဲ့ရပါတယ်။ သေဆုံးသူ အရေအတွက် နောက်ဆုံး စာရင်းကို အာဏာပိုင်တို့က အင်္ဂါနေ့မှာ ထုတ်ပြန်တာ ဖြစ်ပါတယ်။ လေ့ကျင့်ပျံသန်းတဲ့ လေယာဉ်ရဲ့ အင်ဂျင်စက်တလုံး မီးလောင်ရာက ပျက်ကျခဲ့တာလို့ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ပြောဆိုထားပါတယ်။

လေယာဉ်ပေါ်ပါလာသူတွေကတော့ လေယာဉ် ပျက်မကျခင် အရေးပေါ် ခုန်ထွက်နိုင်ခဲ့ကြပါတယ်။ Azov ပင်လယ်ကမ်းခြေက Yeysk မြို့ရဲ့ ၉ ထပ် လူနေအဆောက်အအုံမှာတော့ လေယာဉ်ပျက်ကျတာကြောင့် အထပ်အတော်များများ အကြီးအကျယ် မီးလောင်ခဲ့ရကြောင်း ဒေသဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။

လေယာဉ်ပျက်ကျပြီး နာရီအတော်ကြာမှာတော့ အရေးပေါ် ဌာနတွေက မီးလောင်မှုကို ထိန်းချုပ်ထားနိုင်ပြီလို့ ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူး Veniamin Kondratyev က ပြောပါတယ်။ ယူကရိန်းနဲ့ နယ်စပ်အနီး ရုရှား အနောက်တောင်ပိုင်းက Yeysk မြို့ဟာဆိုရင် လူဦးရေ ၉၀,၀၀၀ လောက် နေထိုင်ပြီး ရုရှားရဲ့ လေတပ်အခြေစိုက် စခန်းကြီးတခုလည်း ရှိပါတယ်။

ပျက်ကျခဲ့တဲ့ လေယာဉ်ဟာဆိုရင် ယူကရိန်း စစ်ပွဲအတွင်းမှာ သုံးနေတဲ့ အသံထက်မြန်တဲ့ အင်ဂျင်နှစ်လုံးတပ် Su-34 ဗုံးကျဲလေယာဉ် ဖြစ်ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။ လေယာဉ်ပျက်ကျမှုကို သမ္မတ Vladimir Putin ကို တင်ပြထားပြီး ဖြစ်ပြီး လိုအပ်သမျှ ကူညီပေးဖို့ သမ္မတ Putin က ညွှန်ကြားထားကြောင်း ရုရှား အစိုးရက ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

.................................................................


{{Zawgyi/Unicode}}




XS
SM
MD
LG