သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှား စစ်လေယာဉ် ပျက်ကျမှု သဲလွန်စရှာဖွေ


ရုရှား စစ်လေယာဉ် ပျက်ကျမှု ဆိုချီ ပင်လယ်နက်ဆိပ်ကမ်းမှာ သဲလွန်စရှာဖွေနေကြစဉ်။ (ဒီဇင်ဘာ ၂၅၊ ၂၀၁၆)
ရုရှား စစ်လေယာဉ် ပျက်ကျမှု ဆိုချီ ပင်လယ်နက်ဆိပ်ကမ်းမှာ သဲလွန်စရှာဖွေနေကြစဉ်။ (ဒီဇင်ဘာ ၂၅၊ ၂၀၁၆)

ရုရှားရေတပ်က ရေငုတ်သမား တရာကျော် အပါဝင် ရုရှားနိုင်ငံ တဝှမ်းက ထောင်နဲ့ချီတဲ့ ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးလုပ်သားတွေဟာ ဆိုချီ ပင်လယ်နက်ဆိပ်ကမ်း ကို တနင်္လာနေ့မှာ ရောက်ရှိနေကြပြီး ပင်လယ်အတွင်း ပျက်ကျသွားတဲ့ စစ်လေယာဉ်နဲ့ ပတ်သက်တဲ့ သဲလွန်စတွေကို ရှာဖွေနေကြပါတယ်။ အဲဒီလေယာဉ်ပေါ်မှာ လူ ၉၂ ဦး လိုက်ပါသွားတာဖြစ်ပါတယ်။

စစ်တပ်ရဲ့ ပြောခွင့်ရသူတဦးရဲ့ ပြောကြားချက်အရ လေယာဉ်ပေါ်လိုက်ပါသွားသူ တယောက်မှ အသက်ရှင် ကျန်ရစ်တာ မရှိဘူး လို့ ပြောပါတယ်။ လေယာဉ် ပေါ် မှာ နိုင်ငံတကာ က ချီးကျူး ထောပနာ ပြုခံရတဲ့ ရုရှား စစ်တီးဝိုင်းက ဒါဇင်နဲ့ချီတဲ့ အကျော်အမော်အဆိုတော်တွေ လိုက်ပါသွားကြတာပါ။

တနင်္လာနေ့ကို နိုင်ငံနဲ့တဝှမ်း ဝမ်းနည်းခြင်း အထိမ်းအမှတ်နေ့အဖြစ် သတ်မှတ်ကြောင်း သမ္မတ Vladimir Putin က ကြေညာခဲ့ပါတယ်။ TU-154 အမျိုးအစား လေယာဉ်ဟာ ပျံတက်ပြီးတဲ့နောက် ၂ မိနစ်အကြာမှာ ဘာကြောင့် ပျက်ကျသွား ရတယ် ဆိုတာကို ဖေါ်ထုတ်နိုင်ဖို့အတွက် သဲလွန်စရရှိနိုင်ရေးအတွက် တညလုံး မနားမနေရှာဖွေကြဖို့အတွက် ရှာဖွေရေးအဖွဲ့တွေ ကြိုးပမ်းနေကြ တာဖြစ်ပါတယ်။

ဘာကြောင့် ဖြစ်ရတယ်ဆိုတဲ့ အကြောင်း စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ် သွားမှာ ဖြစ်သလို သေဆုံးသူတွေရဲ့ ကျန်ရစ်သူမိသားစုတွေအတွက် ကူညီထောက်ပံ့ပေးနိုင်တာအားလုံး လုပ်ဆောင်သွားမယ်လို့ မစ္စတာပူတင်က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG