သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားလေယာဉ်ပျက်ကျမှု လေယာဉ်ပေါ်ပါ လူအားလုံး သေဆုံး


ရုရှားနိုင်ငံ မော်စကိုမြို့တော် အနီးမှာ လူ ၇၁ ဦး လိုက်ပါလာတဲ့ ရုရှားခရီးသည်တင် လေယာဉ် ပျက်ကျခဲ့တယ်လို့ ရုရှားတာဝန်ခံအရာရှိတွေက တနင်္ဂနွေနေ့မှာ ပြောကြားခဲ့ပါတယ်။

ခရီးသည် ၆၅ ဦးနဲ့ လေယာဉ်အမှုထမ်း ၆ ဦး လိုက်ပါသွားတာဖြစ်ပြီး သူတို့အားလုံး အသက်ဆုံးခဲ့ရကြောင်း ရုရှား ကူးသန်းသွားလာရေး ဆိုင်ရာ စုံစမ်းရေးရုံးက ကြေညာချက် ထုတ်ပြန် ပြောဆိုပါတယ်။ သေဆုံးသူတွေထဲမှာ ကလေးငယ် ၃ ဦး ပါဝင်ကြောင်းလည်း ပြောပါတယ်။

သက်တမ်း ၇ နှစ်ရှိပြီ ဖြစ်တဲ့ ဒီလေယာဉ်ဟာ ရုရှားရဲ့ ဒုတိယအကြီးဆုံးလေဆိပ်ဖြစ်တဲ့Domodedovo ကနေ စတင်ပျံသန်းပြီး မိနစ်ပိုင်း အကြာမှာ ရေဒါကနေ ပျောက်သွားကြောင်း၊ ပျက်မကျခင် နောက်ဆုံးအချိန်ပိုင်းတွေမှာ လေယာဉ်ဟာ တမိနစ်ကို မီတာ ၆၇၀၀ အရှိန်နဲ့ ထိုးကျတာ ဖြစ်ကြောင်း လေယာဉ် ပျံသန်းမှုတွေကို ခြေခံရာခံတဲ့ FlightRadar 24 က ဖော်ပြထားပါတယ်။

Saratov လေကြောင်းလိုင်းက စီမံခန့်ခွဲတဲ့ An-148 ဂျက်လေယာဉ်က မြို့တော်မော်စကိုရဲ့ ဒုတိယအကြီးဆုံး လေဆိပ် Domodedovo ကနေ Orsk မြို့ကို အသွား မော်စကိုမြို့ရဲ့ အရှေ့တောင်ဘက် ၈၀ ကီလိုမီတာ အကွာက Argunovo အနီးမှာ ပျက်ကျခဲ့တာပါ။

ပျက်ကျရတဲ့ အကြောင်းရင်းကိုတော့ အခုချိန်အထိ မသိရသေးပါဘူး။ လေယာဉ်ပျံသန်းမှု မှတ်တမ်း တခုကို တွေ့တယ်လို့ ရှာဖွေရေးသမားတွေက ပြောပေမယ့် အချက်လက် မှတ်တမ်းလား အသံမှတ်တမ်းလား သဲသဲကွဲကွဲ မသိရသေးဘူးလို့ ရုရှား သတင်းတွေမှာ ဖေါ်ပြကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG