=== [[ ZAWGYI ]] ===
ထိုင္းျမန္မာနယ္စပ္မွာ မူးယစ္ေဆးျပား သန္းနဲ႔ခ်ီ ဖမ္းဆီးရမိ
ထိုင္း-ျမန္မာနယ္စပ္ ခ်င္းမိုင္ခ႐ိုင္၊ ခ်င္းေဒါင္းၿမိဳ႕နယ္မွာ ထိုင္းစစ္တပ္နဲ႔ မူးယစ္ ေဆးဝါးသယ္ေဆာင္တဲ့အဖြဲ႕ေတြ ပစ္ခတ္မႈျဖစ္ပြါးၿပီး စိတ္ႂကြေဆးေပါင္း ၅ သန္း ၇ သိန္း ဖမ္းဆီးရမိခဲ့ပါတယ္။ တပတ္အတြင္း စိတ္ႂကြေဆး အလုံးေရ သန္းေပါင္း ၂၀ ေက်ာ္ ဖမ္းဆီးႏိုင္ခဲ့ပါတယ္။ ဒီသတင္းကို ဗြီအိုေအသတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။
ထိုင္းစစ္တပ္နဲ႔ မူးယစ္ေဆးဝါး သယ္ေဆာင္တဲ့အဖြဲ႕ေတြ ထိုင္း-ျမန္မာနယ္စပ္ ခ်င္းမိုင္ျပည္နယ္ ခ်င္းေဒါင္းၿမိဳ႕နယ္မွာ ပစ္ခတ္မႈျဖစ္ပြါးၿပီး စိတ္ႂကြေဆးေပါင္း ၅ သန္း ၇ သိန္း ဖမ္းဆီး ရမိခဲ့ပါတယ္။
ထိုင္းနယ္ျခားေစာင့္တပ္နဲ႔ အမွတ္ ၂ ကြန္မန္ဒို တပ္ဖြဲ႕ဝင္ေတြဟာ ေဖေဖာ္ဝါရီလ ၂ ရက္ ည ၉ နာရီခြဲေလာက္က မိုင္းန ေက်း႐ြာအုပ္စုတြင္း နယ္ေျမလုံၿခဳံေရးေစာင့္ၾကပ္ေနစဥ္ မိုင္းနနဲ႔ ေနာင္ခ်ိဳေက်း႐ြာၾကား ျမန္မာနယ္စပ္ ေတာလမ္းကေန ေက်ာကုန္းေပၚ အထုပ္ေတြသယ္လာတဲ့ လူတစ္စုကို လွမ္းျမင္ရၿပီး မသကၤာလို႔ စစ္ေဆးဖို႔ ရပ္မိန႔္ေပးလိုက္ရာမွာ ေသနတ္နဲ႔ စတင္ ပစ္ခတ္ခဲ့တာျဖစ္ပါတယ္။
မိနစ္ အနည္းငယ္ အျပန္အလွန္ ပစ္ခတ္မူေတြျဖစ္ခဲ့ပါတယ္။ ဒီပစ္ခတ္မႈအၿပီး အခင္းျဖစ္ပြားခဲ့တဲ့ သစ္ေတာအတြင္းမွာ မူးယစ္ ေမွာင္ခိုသမားေတြထဲက ေသဆုံးေနတဲ့ အေလာင္းႏွစ္ေလာင္းနဲ႔အတူ စြန႔္ပစ္ထားခဲ့တဲ့ ေက်ာပိုးအိပ္ ၁၉ လုံးအတြင္း စိတ္ႂကြေဆးျပား ၅ သန္း ၇ သိန္း ဘိန္းျဖဴ ၆၆ ကီလို ၊ ေသနတ္ ၂ လက္ ကို သိမ္းဆည္းႏိုင္ခဲ့ပါတယ္။
အခင္းျဖစ္ပြားတဲ့ေနရာကို Major General Suparerk Sathaphonphol ဗိုလ္ခ်ဳပ္ ဆူပါရပ္ စထားဖြန္ ကိုယ္တိုင္ စစ္ရဟတ္ယာဥ္နဲ႔လာေရာက္ စစ္ေဆးခဲ့ၿပီး အခုလို ေျပာသြားပါတယ္။
ထိုင္းဗိုလ္ခ်ဳပ္ ဆူပရပ္ ေျပာသြားတာကေတာ့ " အခုဖမ္းမိတဲ့ ၉ ၉ ၉ တံဆိပ္ စိတ္ႂကြ ေဆးျပားေတြဟာ မူဆယ္ေတာင္ေပၚ တိုင္းရင္းသားေတြ နယ္ေျမက ထြက္လာတာျဖစ္ၿပီး ထိုင္းစစ္တပ္အေနနဲ႔ အေသးစိတ္ စစ္ေဆးဖို႔အတြက္ ထိုင္းရဲတပ္ဖြဲ႕ကို လႊဲေျပာင္း စစ္ေဆးဖို႔ အမိန႔္ေပးခဲ့ေၾကာင္း " ေျပာဆိုသြားတာပါ။
ေဖေဖၚဝါရီလ ၂ရက္ေန႔က ထိုင္းမူးယစ္ ႏွိမ္နင္းေရးဗ်ဴ႐ိုကလုပ္တဲ့ သတင္းစာရွင္းပြဲမွာ ၂၀၂၂ ေအာက္တိုဘာလ ၁ ရက္ေန႔ကေန ၂၀၂၃ ေဖေဖၚဝါရီလ ၁ ရက္အထိ ဖမ္းမိတဲ့ မူးယစ္ေဆးဝါးေတြဟာ စိတ္ႂကြေဆးျပား အလုံးေရ ၃၇ သန္း အိုက္စ္လို႔ေခၚတဲ့ မူးယစ္ေဆး ၁ တန္အျပင္ ၊ မူးယစ္ေဆးဝါးနဲ႔ ပတ္သက္ဆက္ႏြယ္သူေပါင္း ၂၀၀၀ ေက်ာ္ကို ဖမ္းဆီးခဲ့ၿပီး မူးယစ္ေဆးဝါးနဲ႔ ပတ္သက္သူေတြထံကေန ဘတ္ေငြ သန္း ၃,၀၀၀ ေက်ာ္ကို ႏိုင္ငံေတာ္ပိုင္အျဖစ္ သိမ္းယူႏိုင္ခဲ့တယ္လို႔ သတင္းထုတ္ျပန္သြားပါတယ္ရွင္။
=== {{ UNICODE }} ===
ထိုင်းမြန်မာနယ်စပ်မှာ မူးယစ်ဆေးပြား သန်းနဲ့ချီ ဖမ်းဆီးရမိ
ထိုင်း-မြန်မာနယ်စပ် ချင်းမိုင်ခရိုင်၊ ချင်းဒေါင်းမြို့နယ်မှာ ထိုင်းစစ်တပ်နဲ့ မူးယစ် ဆေးဝါးသယ်ဆောင်တဲ့အဖွဲ့တွေ ပစ်ခတ်မှုဖြစ်ပွါးပြီး စိတ်ကြွဆေးပေါင်း ၅ သန်း ၇ သိန်း ဖမ်းဆီးရမိခဲ့ပါတယ်။ တပတ်အတွင်း စိတ်ကြွဆေး အလုံးရေ သန်းပေါင်း ၂၀ ကျော် ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
ထိုင်းစစ်တပ်နဲ့ မူးယစ်ဆေးဝါး သယ်ဆောင်တဲ့အဖွဲ့တွေ ထိုင်း-မြန်မာနယ်စပ် ချင်းမိုင်ပြည်နယ် ချင်းဒေါင်းမြို့နယ်မှာ ပစ်ခတ်မှုဖြစ်ပွါးပြီး စိတ်ကြွဆေးပေါင်း ၅ သန်း ၇ သိန်း ဖမ်းဆီး ရမိခဲ့ပါတယ်။
ထိုင်းနယ်ခြားစောင့်တပ်နဲ့ အမှတ် ၂ ကွန်မန်ဒို တပ်ဖွဲ့ဝင်တွေဟာ ဖေဖော်ဝါရီလ ၂ ရက် ည ၉ နာရီခွဲလောက်က မိုင်းန ကျေးရွာအုပ်စုတွင်း နယ်မြေလုံခြုံရေးစောင့်ကြပ်နေစဉ် မိုင်းနနဲ့ နောင်ချိုကျေးရွာကြား မြန်မာနယ်စပ် တောလမ်းကနေ ကျောကုန်းပေါ် အထုပ်တွေသယ်လာတဲ့ လူတစ်စုကို လှမ်းမြင်ရပြီး မသင်္ကာလို့ စစ်ဆေးဖို့ ရပ်မိန့်ပေးလိုက်ရာမှာ သေနတ်နဲ့ စတင် ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။
မိနစ် အနည်းငယ် အပြန်အလှန် ပစ်ခတ်မူတွေဖြစ်ခဲ့ပါတယ်။ ဒီပစ်ခတ်မှုအပြီး အခင်းဖြစ်ပွားခဲ့တဲ့ သစ်တောအတွင်းမှာ မူးယစ် မှောင်ခိုသမားတွေထဲက သေဆုံးနေတဲ့ အလောင်းနှစ်လောင်းနဲ့အတူ စွန့်ပစ်ထားခဲ့တဲ့ ကျောပိုးအိပ် ၁၉ လုံးအတွင်း စိတ်ကြွဆေးပြား ၅ သန်း ၇ သိန်း ဘိန်းဖြူ ၆၆ ကီလို ၊ သေနတ် ၂ လက် ကို သိမ်းဆည်းနိုင်ခဲ့ပါတယ်။
အခင်းဖြစ်ပွားတဲ့နေရာကို Major General Suparerk Sathaphonphol ဗိုလ်ချုပ် ဆူပါရပ် စထားဖွန် ကိုယ်တိုင် စစ်ရဟတ်ယာဉ်နဲ့လာရောက် စစ်ဆေးခဲ့ပြီး အခုလို ပြောသွားပါတယ်။
ထိုင်းဗိုလ်ချုပ် ဆူပရပ် ပြောသွားတာကတော့ " အခုဖမ်းမိတဲ့ ၉ ၉ ၉ တံဆိပ် စိတ်ကြွ ဆေးပြားတွေဟာ မူဆယ်တောင်ပေါ် တိုင်းရင်းသားတွေ နယ်မြေက ထွက်လာတာဖြစ်ပြီး ထိုင်းစစ်တပ်အနေနဲ့ အသေးစိတ် စစ်ဆေးဖို့အတွက် ထိုင်းရဲတပ်ဖွဲ့ကို လွှဲပြောင်း စစ်ဆေးဖို့ အမိန့်ပေးခဲ့ကြောင်း " ပြောဆိုသွားတာပါ။
ဖေဖေါ်ဝါရီလ ၂ရက်နေ့က ထိုင်းမူးယစ် နှိမ်နင်းရေးဗျူရိုကလုပ်တဲ့ သတင်းစာရှင်းပွဲမှာ ၂၀၂၂ အောက်တိုဘာလ ၁ ရက်နေ့ကနေ ၂၀၂၃ ဖေဖေါ်ဝါရီလ ၁ ရက်အထိ ဖမ်းမိတဲ့ မူးယစ်ဆေးဝါးတွေဟာ စိတ်ကြွဆေးပြား အလုံးရေ ၃၇ သန်း အိုက်စ်လို့ခေါ်တဲ့ မူးယစ်ဆေး ၁ တန်အပြင် ၊ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ဆက်နွယ်သူပေါင်း ၂၀၀၀ ကျော်ကို ဖမ်းဆီးခဲ့ပြီး မူးယစ်ဆေးဝါးနဲ့ ပတ်သက်သူတွေထံကနေ ဘတ်ငွေ သန်း ၃,၀၀၀ ကျော်ကို နိုင်ငံတော်ပိုင်အဖြစ် သိမ်းယူနိုင်ခဲ့တယ်လို့ သတင်းထုတ်ပြန်သွားပါတယ်ရှင်။