သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာနယ္စပ္အနီး မူးယစ္ေမွာင္ခို မသကၤာသူ ၂ ဦးကို ထိုင္းအေသဖမ္းဆီးမိ


ပစ္ခတ္္မႈအျပီး ေသဆံုးေနတဲ့ မူးယစ္ေမွာင္ခို ဂိုဏ္း၀င္တဦး (Photo: ထုိင္းနယ္ျခားေစာင့္တပ္)

ထိုင္းျမန္မာနယ္စပ္ ခ်င္း႐ိုင္ျပည္နယ္ မယ္ဖါလြမ္ေဒသ မဲ့က်ေလာင္ ေက်း႐ြာအနီးမွာ ဇန္နဝါရီလ၂ ရက္ေန႔က မူးယစ္ေဆး သယ္ေဆာင္လာတဲ့ လက္နက္ကိုင္အုပ္စုနဲ႔ ထိုင္းနယ္ျခားေစာင့္တပ္ ၃၁၀၉ တပ္ဖြဲ႕တို႔ ထိပ္တိုက္ေတြ႕ ပစ္ခတ္မႈျဖစ္ပြားခဲ့ၿပီး မူးယစ္ေဆးဝါးနဲ႔ လက္နက္ေတြဖမ္းမိကာ မူးယစ္ေမွာင္ခိုသမား၂ ဦးလည္း ေသဆုံးခဲ့ပါတယ္။

[[ ZAWGYI ]]

ျမန္မာနယ္စပ္အနီး မူးယစ္ေမွာင္ခို မသကၤာသူ ၂ ဦးကို ထိုင္းအေသဖမ္းဆီးမိ

ထိုင္းျမန္မာနယ္စပ္ ခ်င္း႐ိုင္ျပည္နယ္ မယ္ဖါလြမ္ေဒသ မဲ့က်ေလာင္ ေက်း႐ြာအနီးမွာ ဇန္နဝါရီလ၂ ရက္ေန႔က မူးယစ္ေဆး သယ္ေဆာင္လာတဲ့ လက္နက္ကိုင္အုပ္စုနဲ႔ ထိုင္းနယ္ျခားေစာင့္တပ္ ၃၁၀၉ တပ္ဖြဲ႕တို႔ ထိပ္တိုက္ေတြ႕ ပစ္ခတ္မႈျဖစ္ပြားခဲ့ၿပီး မူးယစ္ေဆးဝါးနဲ႔ လက္နက္ေတြဖမ္းမိကာ မူးယစ္ေမွာင္ခိုသမား၂ ဦးလည္း ေသဆုံးခဲ့ပါတယ္။ ဒီသတင္းနဲ႔ပတ္သက္လို႔ ဗြီအိုေအသတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ ထားပါတယ္။

ထိုင္းျမန္မာနယ္စပ္ ခ်င္႐ိုင္ျပည္နယ္ မယ္ဖါလြမ္ေဒသ မဲ့က်ေလာင္ ေက်း႐ြာအနီးမွာ ဇန္နဝါရီလ၂ ရက္ေန႔ ျဖစ္ပြားတဲ့တိုက္ပြဲအေျခအေနနဲ႔ပတ္သက္လို႔ ထိုင္းနယ္ျခားေစာင့္တပ္က သတင္းထုတ္ျပန္တာကေတာ့ အိမ္နီးခ်င္းႏိုင္ငံကေန ဝင္လာတဲ့ မူးယစ္ဂိုဏ္းဝင္ ၅ ဦးဟာ ထိုင္းစစ္တပ္နဲ႔ စေတြ႕တဲ့အခ်ိန္မွာပဲ စတင္ ပစ္ခတ္ခဲ့တာေၾကာင့္ ႏွစ္ဖက္အၾကား ၁၀ မိနစ္ခန႔္ အျပန္အလွန္ ပစ္ခတ္မႈေတြ ျဖစ္ပြားခဲ့တာလို႔ ဆိုပါတယ္။

တိုက္ပြဲအၿပီးမွာ ထိုင္းစစ္တပ္ဖက္က အက်ဆုံးမရွိခဲ့ပဲ မူးယစ္ သယ္လာသူေတြကေတာ့ ေနာက္ေၾကာင္း ျပန္ဆုတ္သြားခဲ့ၿပီး အဲဒီ ေနရာကို ထိုင္းစစ္တပ္က သြားေရာက္ ရွင္းလင္းခဲ့ရာမွာ မူးယစ္ဂိုဏ္းဝင္ႏွစ္ဦး ေသဆုံးေနၾကၿပီး အေလာင္းအနီးမွာေတာ့ လက္နက္နဲ႔ ဗုံး အပါအဝင္ ေက်ာပိုးအိပ္အတြင္း မူးယစ္ေဆးဝါးမွာ A စာလုံး႐ိုက္ႏွိပ္ထားတဲ့ စိတ္ႂကြေဆးျပား ၂ သိန္း ေတြ႕ရွိ သိမ္းဆည္းခဲ့တယ္လို႔ဆိုပါတယ္။

ပစ္ခတ္မႈ ျဖစ္ပြားခဲ့တဲ့ေနရာကို ဇန္နဝါရီ ၂ ရက္ေန႔ မနက္က Maj. Gen. Suparerk Sathaphonphol ဗိုလ္ခ်ဳပ္ ဆူပေရာ စထားဖြန္ ကိုယ္တိုင္ ရဟတ္ယာဥ္နဲ႔ လာေရာက္စစ္ေဆး ၾကည့္ရႈသြားခဲ့ပါတယ္။

ဘန္ေကာက္ၿမိဳ႕ မူးယစ္ႏွိမ္နင္းေရးဗ်ဴ႐ိုမွာလုပ္ခဲ့တဲ့ သတင္းစာရွင္းလင္းပြဲမွာေတာ့ ထိုင္းရဲခ်ဳပ္ Pol Gen Chinnapat Sarasin ခ်ီနဖတ္ ဆာရစင္ ေျပာသြားတာကေတာ့ ႏွစ္သစ္ကာလမွာ ထိုင္းရဲတပ္ဖြဲ႕အေနနဲ႔ အနားမယူပဲ မူးယစ္ႏွိမ္နင္းေရး လုပ္ငန္းေတြကို ဆက္တိုက္လုပ္ေဆာင္ေနတဲ့အေၾကာင္း ထိုင္းဘာသာနဲ႔ အခုလိုေျပာသြားပါတယ္။

" ၂၀၂၃ ႏွစ္သစ္ ကာလမွာ ထိုင္းျမန္မာနယ္စပ္ေတြအပါအဝင္ ဘန္ေကာက္နဲ႔ ႏုံထဘူရီ ပထုံဌာနီ စတဲ့ျပည္နယ္ ၉ ျပည္နယ္က ေနရာေပါင္း ၄၀ က မူးယစ္ေဆးဝါးနဲ႔ ဆက္ႏြယ္ေနတဲ့ အဓိကေနရာေတြကို စစ္ဆင္ေရး ရွာေဖြ ဖမ္းဆီးခဲ့ရာမွာ အဓိက မူးယစ္တရားခံ ၆ ဦးနဲ႔ သူတိုရဲ႕ပိုင္ဆိုင္မႈ ထိုင္းဘတ္ေငြ သန္းေပါင္း ၂၃၀ တန္ဘိုးရွိ ပိုင္ဆိုင္မႈေတြကို ႏိုင္ငံေတာ္ပိုင္အျဖစ္ သိမ္းယူႏိုင္ခဲ့ေၾကာင္း သတင္းစာ ရွင္းလင္းပဲြမွာ ေျပာသြားပါတယ္ရွင္။

တိုက္႐ိုက္ လင့္ခ္

==============

{{ UNICODE }}

မြန်မာနယ်စပ်အနီး မူးယစ်မှောင်ခို မသင်္ကာသူ ၂ ဦးကို ထိုင်းအသေဖမ်းဆီးမိ

ထိုင်းမြန်မာနယ်စပ် ချင်းရိုင်ပြည်နယ် မယ်ဖါလွမ်ဒေသ မဲ့ကျလောင် ကျေးရွာအနီးမှာ ဇန်နဝါရီလ၂ ရက်နေ့က မူးယစ်ဆေး သယ်ဆောင်လာတဲ့ လက်နက်ကိုင်အုပ်စုနဲ့ ထိုင်းနယ်ခြားစောင့်တပ် ၃၁၀၉ တပ်ဖွဲ့တို့ ထိပ်တိုက်တွေ့ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး မူးယစ်ဆေးဝါးနဲ့ လက်နက်တွေဖမ်းမိကာ မူးယစ်မှောင်ခိုသမား၂ ဦးလည်း သေဆုံးခဲ့ပါတယ်။ ဒီသတင်းနဲ့ပတ်သက်လို့ ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။

ထိုင်းမြန်မာနယ်စပ် ချင်ရိုင်ပြည်နယ် မယ်ဖါလွမ်ဒေသ မဲ့ကျလောင် ကျေးရွာအနီးမှာ ဇန်နဝါရီလ၂ ရက်နေ့ ဖြစ်ပွားတဲ့တိုက်ပွဲအခြေအနေနဲ့ပတ်သက်လို့ ထိုင်းနယ်ခြားစောင့်တပ်က သတင်းထုတ်ပြန်တာကတော့ အိမ်နီးချင်းနိုင်ငံကနေ ဝင်လာတဲ့ မူးယစ်ဂိုဏ်းဝင် ၅ ဦးဟာ ထိုင်းစစ်တပ်နဲ့ စတွေ့တဲ့အချိန်မှာပဲ စတင် ပစ်ခတ်ခဲ့တာကြောင့် နှစ်ဖက်အကြား ၁၀ မိနစ်ခန့် အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

တိုက်ပွဲအပြီးမှာ ထိုင်းစစ်တပ်ဖက်က အကျဆုံးမရှိခဲ့ပဲ မူးယစ် သယ်လာသူတွေကတော့ နောက်ကြောင်း ပြန်ဆုတ်သွားခဲ့ပြီး အဲဒီ နေရာကို ထိုင်းစစ်တပ်က သွားရောက် ရှင်းလင်းခဲ့ရာမှာ မူးယစ်ဂိုဏ်းဝင်နှစ်ဦး သေဆုံးနေကြပြီး အလောင်းအနီးမှာတော့ လက်နက်နဲ့ ဗုံး အပါအဝင် ကျောပိုးအိပ်အတွင်း မူးယစ်ဆေးဝါးမှာ A စာလုံးရိုက်နှိပ်ထားတဲ့ စိတ်ကြွဆေးပြား ၂ သိန်း တွေ့ရှိ သိမ်းဆည်းခဲ့တယ်လို့ဆိုပါတယ်။

ပစ်ခတ်မှု ဖြစ်ပွားခဲ့တဲ့နေရာကို ဇန်နဝါရီ ၂ ရက်နေ့ မနက်က Maj. Gen. Suparerk Sathaphonphol ဗိုလ်ချုပ် ဆူပရော စထားဖွန် ကိုယ်တိုင် ရဟတ်ယာဉ်နဲ့ လာရောက်စစ်ဆေး ကြည့်ရှုသွားခဲ့ပါတယ်။

ဘန်ကောက်မြို့ မူးယစ်နှိမ်နင်းရေးဗျူရိုမှာလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ ထိုင်းရဲချုပ် Pol Gen Chinnapat Sarasin ချီနဖတ် ဆာရစင် ပြောသွားတာကတော့ နှစ်သစ်ကာလမှာ ထိုင်းရဲတပ်ဖွဲ့အနေနဲ့ အနားမယူပဲ မူးယစ်နှိမ်နင်းရေး လုပ်ငန်းတွေကို ဆက်တိုက်လုပ်ဆောင်နေတဲ့အကြောင်း ထိုင်းဘာသာနဲ့ အခုလိုပြောသွားပါတယ်။

" ၂၀၂၃ နှစ်သစ် ကာလမှာ ထိုင်းမြန်မာနယ်စပ်တွေအပါအဝင် ဘန်ကောက်နဲ့ နုံထဘူရီ ပထုံဌာနီ စတဲ့ပြည်နယ် ၉ ပြည်နယ်က နေရာပေါင်း ၄၀ က မူးယစ်ဆေးဝါးနဲ့ ဆက်နွယ်နေတဲ့ အဓိကနေရာတွေကို စစ်ဆင်ရေး ရှာဖွေ ဖမ်းဆီးခဲ့ရာမှာ အဓိက မူးယစ်တရားခံ ၆ ဦးနဲ့ သူတိုရဲ့ပိုင်ဆိုင်မှု ထိုင်းဘတ်ငွေ သန်းပေါင်း ၂၃၀ တန်ဘိုးရှိ ပိုင်ဆိုင်မှုတွေကို နိုင်ငံတော်ပိုင်အဖြစ် သိမ်းယူနိုင်ခဲ့ကြောင်း သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားပါတယ်ရှင်။

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG