ထိုင္း-မေလးရွားနယ္စပ္ ဆုံခလာျပည္နယ္၊ ဘန႔္ကလန္ ခြန္းေမာင္းဆိုတဲ့ေနရာမွာ လူကုန္ကူးသူေတြထားတဲ့ေနရာကို ထိုင္းရဲေတြက ဝင္ေရာက္စီးနင္းခဲ့ၿပီး ျမန္မာျပည္ကေန တရားမဝင္ ဝင္ေရာက္လာတဲ့ ျမန္မာ ၃၀ေက်ာ္နဲ႔အတူ လူပြဲစား ၃ဦးကို ဒီကေန႔ ဖမ္းဆီးခဲ့ပါတယ္။ ဒီအေၾကာင္း ဗြီအိုေအသတင္းေထာက္ မေအးေအးမာကသတင္းေပးပို႔ထားပါတယ္။
ထိုင္း-မေလးနယ္စပ္ ဆံုခလာျပည္နယ္ ဘန္႕ကလန္ ခြန္းေမာင္းဆိုတဲ့ေနရာတခုက လူအစုလိုက္အျပံဳလိုက္ ထားထားတဲ့ ေနရာတခုကို ထို္ုင္းရဲေတြက ၀င္ေရာက္စီးနင္းရွာေဖြခဲ့ရမွာ ျမန္မာျပည္က လာတဲ့ တရားမ၀င္ျမန္မာ ႏိ္ုင္ငံသား၃၀ေက်ာ္ကို ဒီကေန႔ ေဖေဖာ္ဝါရီ ၈ ရက္ေန႔မွာ ဖမ္းမိခဲ့ေၾကာင္း ဆံုခလာျပည္နယ္ဟတ္႐ိုင္ၿမိဳ ့က ေရႊ႕ေျပာင္းအလုပ္သမားအခြင့္ေရးကြန္ယက္တာ၀န္ခံဦးဘရီက အခုလိုေျပာပါတယ္။
"ဆံုခလာခရိုင္ ဟတ္ရိုင္ၿမိဳ႔နဲ႔နီးတဲ့ ခြန္းေမာင္းဆုိတဲ့ဘန္႔ကလန္နယ္ေျမအပုိင္ထဲမွာ အဖမ္းခံထိတာပါ၊ မြတ္ဆလင္ေတြလည္း အေတာ္ပါတယ္ ။ လူကေတာ့ ၃၃ေယာက္လုိ ့သိရပါတယ္။ အဲဒီေနရာကိုအုပ္ဖုိလို လည္း ျမန္မာအေတာ္မ်ားမ်ား ေခၚႀကတယ္။ လူထားဖို ေ့ကာင္းတာေပါ့ ငွားထားတာကေတာ့ တလ ၂ေသာင္းေက်ာ္နဲ ့ဌားထားလို သတင္းရတယ္။ ေနရာထားဖို့အတြက္ အေဆာင္ေပါ့။ အေဆာင္ကေတာ့အေတာ္ႀကီးတယ္။ လူအမ်ားႀကီးထားဖို ့ေတာ့ေကာင္းတယ္၊ ခရီးေတြနားခိုဖို ့ေကာင္းတယ္ အဓိက ကေတာ့မေလးရွားကိုသြားဖို ့လူေတြပါ ဒါေပမယ့္လည္း ကားေတြအ၀င္အထြက္မ်ားလို ့ရဲေတြကေတာ့ မ်က္ေခ်မျပတ္ေစာင့္ႀကည့္ရာကေန အေဆာင္ထဲမွာ အခုလိုဖမ္းမိတာပဲ"
ဘန္႔ကလန္ဘက္မွာၿပီးခဲ့တဲ့ရက္ကပဲ မေလးရွားခိုး၀င္ဖုိ႔ေစာင့္ဆုိင္းေနတဲ့ ျမန္မာ၂၀ေလာက္ကိုဖမ္းမိခဲ့ပါတယ္။ မ်ားေသာအားျဖင့္ ကားေမာင္းသမားေတြကုိဖမ္းမိရာကေန လူေတြထားတဲ့ေနရာေတြမွာအစုလိုက္အျပဳံလိုက္ဖမ္းမိေနတာျဖစ္တယ္လို႔လည္း ဦးဘရီကေျပာပါတယ္။
"ဘန္႔ကလန္ဆုိတာ ဖာ့တလံုဘက္ကလာရင္ ဟုိင္းေ၀း ကားလမ္းမႀကီးမွာေပၚမွာရွိတယ္ အဲဒီမွာေတာေတြအေတာ္မ်ားတယ္ အရင္ေန႔လည္းလူ၂၀မိတာအဲဒီဘန္႔ကလန္ဘက္မွာပဲ အဲဒီမွာလည္း ရဲေတြကေနရာအေတာ္မ်ားမ်ားသိတယ္ ၊အဓိကေတာ့ကားသမားကိုမိတာမ်ားတယ္ ကားသမားမိရင္ လက္ခံတဲ့ပဲြစားေတြကို ကားသမားေတြကလိမ္ၿပီးဖုန္းဆက္ႀကတယ္ ရဲေတြကဆက္ခိုင္းတဲ့အေနအထားေပါ့။ အဲဒီလိုအပိုင္းေတြရွိတယ္ ရဲေတြဆက္ခုိင္းတာေပါ့"
ျမန္မာႏိုင္ငံသားလူပဲြစား၂ဦးနဲ႔ကားေမာင္းသမားတဦးကိုလည္းလူ၃၃ဦးနဲ႔အတူဖမ္းမိခဲ့ပါတယ္။ သူတို့ေတြဟာ ထုိင္းျမန္မာနယ္စပ္ ပရာကြ်တ္ခီရီကန္ဘက္က ေန၀င္ေရာက္လာတာျဖစ္ၿပီး မေလးရွားႏုိင္ငံထိသြားဖို႔အတြက္တဦးကိုဘတ္ေငြ ၄ေသာင္းခဲြေလာက္ထိေပးရမယ္လို ့ဆုိပါတယ္။ အခုဆိုရင္ျမန္မာျပည္တြင္းက ႏိုင္ငံေရးမတည္ျငိမ္မူေတြေႀကာင့္ အလုပ္အကိုင္ရွာေဖြလိုသူေတြဟာ ထုိင္းျမန္မာနယ္စပ္ကေန အစုလိုက္အျပံဳလိုက္ ေန႔စဥ္၀င္ေရာက္လာေနဆဲျဖစ္ပါတယ္။
[Unicode]
အထောက်အထားမဲ့မြန်မာ ၃၀နဲ့ လူပွဲစား ၃ ဦးကို ထိုင်းရဲဖမ်းမိ
ထိုင်း-မလေးရှားနယ်စပ် ဆုံခလာပြည်နယ်၊ ဘန့်ကလန် ခွန်းမောင်းဆိုတဲ့နေရာမှာ လူကုန်ကူးသူတွေထားတဲ့နေရာကို ထိုင်းရဲတွေက ဝင်ရောက်စီးနင်းခဲ့ပြီး မြန်မာပြည်ကနေ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာ ၃၀ကျော်နဲ့အတူ လူပွဲစား ၃ဦးကို ဒီကနေ့ ဖမ်းဆီးခဲ့ပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် မအေးအေးမာကသတင်းပေးပို့ထားပါတယ်။
ထိုင်း-မလေးနယ်စပ် ဆုံခလာပြည်နယ် ဘန့်ကလန် ခွန်းမောင်းဆိုတဲ့နေရာတခုက လူအစုလိုက်အပြုံလိုက် ထားထားတဲ့ နေရာတခုကို ထိုုင်းရဲတွေက ဝင်ရောက်စီးနင်းရှာဖွေခဲ့ရမှာ မြန်မာပြည်က လာတဲ့ တရားမဝင်မြန်မာ နိုင်ငံသား၃၀ကျော်ကို ဒီကနေ့ ဖေဖော်ဝါရီ ၈ ရက်နေ့မှာ ဖမ်းမိခဲ့ကြောင်း ဆုံခလာပြည်နယ်ဟတ်ရိုင်မြို့က ရွှေ့ပြောင်းအလုပ်သမားအခွင့်ရေးကွန်ယက်တာဝန်ခံဦးဘရီက အခုလိုပြောပါတယ်။
"ဆုံခလာခရိုင် ဟတ်ရိုင်မြို့နဲ့နီးတဲ့ ခွန်းမောင်းဆိုတဲ့ဘန့်ကလန်နယ်မြေအပိုင်ထဲမှာ အဖမ်းခံထိတာပါ၊ မွတ်ဆလင်တွေလည်း အတော်ပါတယ် ။ လူကတော့ ၃၃ယောက်လို့သိရပါတယ်။ အဲဒီနေရာကိုအုပ်ဖိုလို လည်း မြန်မာအတော်များများ ခေါ်ကြတယ်။ လူထားဖို ေ့ကာင်းတာပေါ့ ငှားထားတာကတော့ တလ ၂သောင်းကျော်နဲ့ဌားထားလို သတင်းရတယ်။ နေရာထားဖို့အတွက် အဆောင်ပေါ့။ အဆောင်ကတော့အတော်ကြီးတယ်။ လူအများကြီးထားဖို့တော့ကောင်းတယ်၊ ခရီးတွေနားခိုဖို့ကောင်းတယ် အဓိက ကတော့မလေးရှားကိုသွားဖို့လူတွေပါ ဒါပေမယ့်လည်း ကားတွေအဝင်အထွက်များလို့ရဲတွေကတော့ မျက်ချေမပြတ်စောင့်ကြည့်ရာကနေ အဆောင်ထဲမှာ အခုလိုဖမ်းမိတာပဲ"
ဘန့်ကလန်ဘက်မှာပြီးခဲ့တဲ့ရက်ကပဲ မလေးရှားခိုးဝင်ဖို့စောင့်ဆိုင်းနေတဲ့ မြန်မာ၂၀လောက်ကိုဖမ်းမိခဲ့ပါတယ်။ များသောအားဖြင့် ကားမောင်းသမားတွေကိုဖမ်းမိရာကနေ လူတွေထားတဲ့နေရာတွေမှာအစုလိုက်အပြုံလိုက်ဖမ်းမိနေတာဖြစ်တယ်လို့လည်း ဦးဘရီကပြောပါတယ်။
"ဘန့်ကလန်ဆိုတာ ဖာ့တလုံဘက်ကလာရင် ဟိုင်းဝေး ကားလမ်းမကြီးမှာပေါ်မှာရှိတယ် အဲဒီမှာတောတွေအတော်များတယ် အရင်နေ့လည်းလူ၂၀မိတာအဲဒီဘန့်ကလန်ဘက်မှာပဲ အဲဒီမှာလည်း ရဲတွေကနေရာအတော်များများသိတယ် ၊အဓိကတော့ကားသမားကိုမိတာများတယ် ကားသမားမိရင် လက်ခံတဲ့ပွဲစားတွေကို ကားသမားတွေကလိမ်ပြီးဖုန်းဆက်ကြတယ် ရဲတွေကဆက်ခိုင်းတဲ့အနေအထားပေါ့။ အဲဒီလိုအပိုင်းတွေရှိတယ် ရဲတွေဆက်ခိုင်းတာပေါ့"
မြန်မာနိုင်ငံသားလူပွဲစား၂ဦးနဲ့ကားမောင်းသမားတဦးကိုလည်းလူ၃၃ဦးနဲ့အတူဖမ်းမိခဲ့ပါတယ်။ သူတို့တွေဟာ ထိုင်းမြန်မာနယ်စပ် ပရာကျွတ်ခီရီကန်ဘက်က နေဝင်ရောက်လာတာဖြစ်ပြီး မလေးရှားနိုင်ငံထိသွားဖို့အတွက်တဦးကိုဘတ်ငွေ ၄သောင်းခွဲလောက်ထိပေးရမယ်လို့ဆိုပါတယ်။ အခုဆိုရင်မြန်မာပြည်တွင်းက နိုင်ငံရေးမတည်ငြိမ်မူတွေကြောင့် အလုပ်အကိုင်ရှာဖွေလိုသူတွေဟာ ထိုင်းမြန်မာနယ်စပ်ကနေ အစုလိုက်အပြုံလိုက် နေ့စဉ်ဝင်ရောက်လာနေဆဲဖြစ်ပါတယ်။