သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အာဆီယံထဲက ျမန္မာကို ခဏဖယ္ထားဖို႔ မေလးဝန္ႀကီးခ်ဳပ္ေျပာ 


ဖိလစ္ပိုင္တကၠသိုလ္မွာ ၂၀၂၃ခုႏွစ္ မတ္လ ၂ရက္က က်င္းပတဲ့ ဥပေဒေရးရာ ပါရဂူဘဲြ႕ႏွင္းသဘင္ အခမ္းအနားမွာ ဂုဏ္ထူးေဆာင္ပါရဂူဘြဲ႔ ခ်ီးႁမွင့္ခံရတဲ့ မေလးရွားဝန္ႀကီးခ်ဳပ္ Anwar Ibrahim

တရားမွ်တမႈနဲ႔ တရားဥပေဒ စိုးမိုးမႈရွိေရး ဆိုတဲ့ အာဆီယံ အေျခခံမူေတြ အတိုင္း ခိုင္ခိုင္မာမာ ရပ္တည္ၿပီး ျမန္မာႏိုင္ငံအေရး ကိုင္တြယ္ဖို႔ အင္မတန္ အေရးႀကီးတယ္လို႔ မလးရွား ၀န္ႀကီးခ်ဳပ္ Anwar Ibrahim က ေျပာလိုက္ပါတယ္။ အာဆီယံအဖြဲ႔၀င္ ႏိုင္ငံတခုက လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြကို ဆိုးဆိုးရြားရြား က်ဴးလြန္လာရင္ အာဆီယံအေနနဲ႔ ႏႈတ္ဆိတ္မေနသင့္ဘူးလို႔ ဖိလစ္ပိုင္ႏိုင္ငံက ဘြဲ႔ႏွင္းသဘင္အခမ္းအနားတခုမွာ ခုလို မိန္႔ခြန္းေျပာၾကားခဲ့ပါတယ္။

“လူ႔အခြင့္အေရး ေျပာင္ေျပာင္တင္းတင္း ခ်ိဳးေဖာက္ေနတဲ့ ျမန္မာႏိုင္ငံကို တာ၀န္ယူမႈ တာ၀န္ခံမႈ ရွိလာေစဖို႔ အာဆီယံ အဖြဲ႔ထဲ ကေန ယာယီ ဖယ္ထုတ္ထားဖို႔ လိုတယ္လို႔ သိပ္မၾကာခင္က ဘန္ေကာက္ၿမိဳ႕မွာ က်ေနာ္ ေျပာခဲ့ပါတယ္။ အဲ့ဒီလို ေျပာခဲ့တာဟာ တရားမွ်တေရး နဲ႔ တရားဥပေဒ စိုးမိုးမႈ ရွိေရး ဆိုတဲ့ အာဆီယံရဲ႕ အဓိက အေျခခံအယူအဆေတြ အတိုင္း ခိုင္ခိုင္မာမာ ရပ္တည္ဖို႔ အေရးႀကီးတဲ့ ရႈေထာင့္ကေန က်ေနာ္ ေထာက္ျပခဲ့တာ ျဖစ္ပါတယ္။” လို႔ မေလးရွား ၀န္ႀကီးခ်ဳပ္ Anwar Ibrahim ကေျပာၾကားခဲ့တာပါ။ ဖိလစ္ပိုင္ တကၠသိုလ္မွာ ဒီကေန႔ ၾကာသပေတးေန႔ က်င္းပတဲ့ ဥပေဒေရးရာ ပါရဂူ ဘဲြ႕ႏွင္းသဘင္ အခမ္းအနားမွာ သူ႔ကို ဂုဏ္ထူးေဆာင္ ပါရဂူဘြဲ႔ ခ်ီးႁမွင့္ခ်ိန္မွာ သူက မိန္႔ခြန္းေျပာခဲ့တာျဖစ္ပါတယ္။

အဖြဲ႔၀င္ႏိုင္ငံေတြရဲ႕ ျပည္တြင္းေရးကို ၀င္မစြက္ဖက္ေရး ဆိုတဲ့ အာဆီယံအေျခခံမူက အေရးႀကီးေပမဲ့ ေဒသတခုလံုးကိုပါ ႐ိုက္ခတ္လာတဲ့ အေျခအေနမ်ိဳးမွာေတာ့ ႏႈတ္ဆိတ္မေနသင့္ဘူးလို႔ ဆိုၿပီး ျမန္မာစစ္ေကာင္စီကို ထိထိေရာက္ေရာက္ အေရးယူ ဖိအားေပးဖို႔ သူက ေတာင္းဆိုပါတယ္။ အထူးသျဖင့္ အဖြဲ႔၀င္ႏိုင္ငံ တခုက အာဆီယံ ပဋိဉာဥ္ကို ခ်ိဳးေဖာက္လာတဲ့အခါမ်ိဳးမွာေတာ့ ျပည္တြင္းေရး ၀င္မစြက္ေရးမူ ကို အေသ ကိုင္ဆြဲၿပီး လစ္လ်ဴရႈလို႔ မရဘူးလို႔ မေလးရွား ၀န္ႀကီးခ်ဳပ္က ေျပာပါတယ္။

ဖိလစ္ပိုင္ႏိုင္ငံကို ေရာက္ေနတဲ့ မေလးရွား ၀န္ႀကီးခ်ဳပ္ဟာ မေန႔ ဗုဒၶဟူးေန႔က ဖိလစ္ပိုင္သမၼတ Ferdinand Marcos Jr နဲ႔ေတြ႕ဆံုခ်ိန္မွာလည္း ျမန္မာ့အေရး ေျပာဆိုခဲ့ပါတယ္။ စစ္တပ္အာဏာသိမ္းထားတဲ့ ျမန္မာႏိုင္ငံတြင္း အေျခအေနေတြဟာ ေဒသတြင္း လုံၿခဳံေရးနဲ႔ တည္ၿငိမ္ေအးခ်မ္းေရးကို ထိခိုက္ေနတဲ့အေၾကာင္း ေျပာဆိုခဲ့ၿပီး အာဆီယံအေနနဲ႔ ျမန္မာ့အေရး ကိုင္တြယ္ရာမွာ ပိုမိုထိေရာက္တဲ့ နည္းလမ္းသစ္ ရွာေဖြဖို႔ လိုအပ္တဲ့အေၾကာင္း ေျပာဆိုခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

{Unicode}

အာဆီယံထဲက မြန်မာကို ခဏဖယ်ထားဖို့ မလေးဝန်ကြီးချုပ်ပြော

တရားမျှတမှုနဲ့ တရားဥပဒေ စိုးမိုးမှုရှိရေး ဆိုတဲ့ အာဆီယံ အခြေခံမူတွေ အတိုင်း ခိုင်ခိုင်မာမာ ရပ်တည်ပြီး မြန်မာနိုင်ငံအရေး ကိုင်တွယ်ဖို့ အင်မတန် အရေးကြီးတယ်လို့ မလးရှား ဝန်ကြီးချုပ် Anwar Ibrahim က ပြောလိုက်ပါတယ်။ အာဆီယံအဖွဲ့ဝင် နိုင်ငံတခုက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဆိုးဆိုးရွားရွား ကျူးလွန်လာရင် အာဆီယံအနေနဲ့ နှုတ်ဆိတ်မနေသင့်ဘူးလို့ ဖိလစ်ပိုင်နိုင်ငံက ဘွဲ့နှင်းသဘင်အခမ်းအနားတခုမှာ ခုလို မိန့်ခွန်းပြောကြားခဲ့ပါတယ်။

“လူ့အခွင့်အရေး ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတဲ့ မြန်မာနိုင်ငံကို တာဝန်ယူမှု တာဝန်ခံမှု ရှိလာစေဖို့ အာဆီယံ အဖွဲ့ထဲ ကနေ ယာယီ ဖယ်ထုတ်ထားဖို့ လိုတယ်လို့ သိပ်မကြာခင်က ဘန်ကောက်မြို့မှာ ကျနော် ပြောခဲ့ပါတယ်။ အဲ့ဒီလို ပြောခဲ့တာဟာ တရားမျှတရေး နဲ့ တရားဥပဒေ စိုးမိုးမှု ရှိရေး ဆိုတဲ့ အာဆီယံရဲ့ အဓိက အခြေခံအယူအဆတွေ အတိုင်း ခိုင်ခိုင်မာမာ ရပ်တည်ဖို့ အရေးကြီးတဲ့ ရှုထောင့်ကနေ ကျနော် ထောက်ပြခဲ့တာ ဖြစ်ပါတယ်။” လို့ မလေးရှား ဝန်ကြီးချုပ် Anwar Ibrahim ကပြောကြားခဲ့တာပါ။ ဖိလစ်ပိုင် တက္ကသိုလ်မှာ ဒီကနေ့ ကြာသပတေးနေ့ ကျင်းပတဲ့ ဥပဒေရေးရာ ပါရဂူ ဘွဲ့နှင်းသဘင် အခမ်းအနားမှာ သူ့ကို ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ ချီးမြှင့်ချိန်မှာ သူက မိန့်ခွန်းပြောခဲ့တာဖြစ်ပါတယ်။

အဖွဲ့ဝင်နိုင်ငံတွေရဲ့ ပြည်တွင်းရေးကို ဝင်မစွက်ဖက်ရေး ဆိုတဲ့ အာဆီယံအခြေခံမူက အရေးကြီးပေမဲ့ ဒေသတခုလုံးကိုပါ ရိုက်ခတ်လာတဲ့ အခြေအနေမျိုးမှာတော့ နှုတ်ဆိတ်မနေသင့်ဘူးလို့ ဆိုပြီး မြန်မာစစ်ကောင်စီကို ထိထိရောက်ရောက် အရေးယူ ဖိအားပေးဖို့ သူက တောင်းဆိုပါတယ်။ အထူးသဖြင့် အဖွဲ့ဝင်နိုင်ငံ တခုက အာဆီယံ ပဋိဉာဉ်ကို ချိုးဖောက်လာတဲ့အခါမျိုးမှာတော့ ပြည်တွင်းရေး ဝင်မစွက်ရေးမူ ကို အသေ ကိုင်ဆွဲပြီး လစ်လျူရှုလို့ မရဘူးလို့ မလေးရှား ဝန်ကြီးချုပ်က ပြောပါတယ်။

ဖိလစ်ပိုင်နိုင်ငံကို ရောက်နေတဲ့ မလေးရှား ဝန်ကြီးချုပ်ဟာ မနေ့ ဗုဒ္ဓဟူးနေ့က ဖိလစ်ပိုင်သမ္မတ Ferdinand Marcos Jr နဲ့တွေ့ဆုံချိန်မှာလည်း မြန်မာ့အရေး ပြောဆိုခဲ့ပါတယ်။ စစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံတွင်း အခြေအနေတွေဟာ ဒေသတွင်း လုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းရေးကို ထိခိုက်နေတဲ့အကြောင်း ပြောဆိုခဲ့ပြီး အာဆီယံအနေနဲ့ မြန်မာ့အရေး ကိုင်တွယ်ရာမှာ ပိုမိုထိရောက်တဲ့ နည်းလမ်းသစ် ရှာဖွေဖို့ လိုအပ်တဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG