သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အာဏာသိမ္းထားတဲ့ ျမန္မာ့ႏိုင္ငံေရး လမ္းဆုံး၊ လမ္းေသကိုေရာက္ေန (စကၤာပူႏိုင္ငံျခားေရးဝန္ႀကီး)


စကၤာပူႏိုင္ငံျခားေရးဝန္ႀကီး Vivian Balakrishnan

၂ ႏွစ္ၾကာခဲ့ၿပီျဖစ္တဲ့ ျမန္မာႏိုင္ငံမွာ အာဏာသိမ္းခဲ့ၿပီး ခုသြားေနတဲ့ လမ္းဟာ လမ္းဆုံး၊ လမ္းေသျဖစ္တယ္လို႔ စကၤာပူႏိုင္ငံျခားေရးဝန္ႀကီးက ေျပာလိုက္ပါတယ္။ စကၤာပူႏိုင္ငံျခားေရးဝန္ႀကီးဌာန၊ ထုတ္လုပ္မႈ ကြင္းဆက္ ေကာ္မီတီ ရဲ႕ ဒီကေန႔ ေဖေဖာ္ဝါရီလ ၂၇ ရက္ေန႔ အစည္းအေဝး မွာ မစၥတာ Vivian Balakrishnan က အလုပ္သမားပါတီက လႊတ္ေတာ္အမတ္ Sylvia Lim ရဲ႕ ေမးခြန္း ကို ေျဖၾကားရင္း အခုလို ေျပာခဲ့တာ ျဖစ္ပါတယ္။

အမ်ိဳးသား ျပန္လည္ သင့္ျမတ္ေရး၊ ႏိုင္ငံ ျပန္လည္တည္ေဆာက္ေရး၊ အမ်ိဳးသား အမွတ္လကၡဏာ ခ်မွတ္ေရး၊ လူနည္းစု ကာကြယ္ေရး၊ စီးပြါး‌ေရး နဲ႔ ျပည္သူလူထု ရဲ႕ စြမ္းေဆာင္ရည္ ျမႇင့္တင္ေရးေတြ ေဆာင္႐ြက္ေပးႏိုင္တဲ့လမ္းကို အာဏာသိမ္းျခင္းအားျဖင့္ ေပါက္မသြားႏိုင္ဘဲ၊ လက္ရွိလမ္းဟာ လမ္းဆုံးလမ္းေသျဖစ္တယ္လို႔ သူက ေျပာခဲ့တာပါ။ ႏိုင္ငံျခားေရး ဝန္ႀကီး က ျမန္မာ့ သမိုင္းကိုလည္း ျပန္လည္ ၫႊန္းဆို ေျပာသြားခဲ့ပါတယ္။ ဒုတိယ ကမာၻစစ္ ကတည္းက ျမန္မာ ႏိုင္ငံ ဟာ ပါဝင္ေနတဲ့ အစိတ္အပိုင္း အသီးသီးကို အတူတကြျဖစ္ေအာင္ လုပ္ေဆာင္ၿပီး National Idendity ေခၚ ႏိုင္ငံရဲ႕ အမွတ္လကၡဏာ သတ္မွတ္ရာမွာ သေဘာတစ္ခုတည္းျဖစ္ေအာင္ မေဆာင္႐ြက္ႏိုင္ခဲ့တဲ့အခ်က္ကိုလည္း မစၥတာ Vivian Balakrishnan က ေထာက္ျပသြားပါတယ္။

ျမန္မာႏိုင္ငံရဲ႕ အေျခအေနဟာ ေၾကကြဲဝမ္းစရာ အေျခအေန ျဖစ္ေပမယ့္ ျပည္တြင္းေရးကိစၥကို ျပည္ပကဝင္ေရာက္စြက္ဖက္ ေျဖရွင္းေပးႏိုင္မယ္လို႔ စကၤာပူက မယုံၾကည္ေၾကာင္း ႏိုင္ငံျခားေရးဝန္ႀကီးက ေျပာပါတယ္။ ျမန္မာ လူ႔အဖြဲ႕အစည္းအတြင္း ပါဝင္ေနၾကတဲ့ အဓိက ပါဝင္ပတ္သက္သူေတြ ကိုယ္တိုင္က ျမန္မာျပည္သူေတြ ရဲ႕ အနာဂတ္အတြက္ စာပြဲဝိုင္းမွာ ထိုင္၊ စစ္မွန္ ပြင့္လင္းစြာ စကားေျပာဆိုဖို႔ ျပင္ျပင္ဆင္ဆင္ မရွိေသးဘူးဆိုရင္ ျပႆနာကို ကြၽန္ေတာ္တို႔ ဘာမွ မ‌ေျဖရွင္းႏိုင္ပါဘူး လို႔ ႏိုင္ငံျခားေရးဝန္ႀကီးက ဆိုပါတယ္။

ဒီဇင္ဘာလအတြင္း ထိုင္းႏိုင္ငံက လုပ္ခဲ့တဲ့ အစည္းအေဝးမွာ စကၤာပူက ဘာလို႔ မတက္ခဲ့သလဲ ဆိုတဲ့ ေမးခြန္းကို ေျဖၾကားရင္း ခုလို သူ႔အျမင္ကို ေျပာၾကားသြားတာ ျဖစ္ပါတယ္။ ထိုင္းအစည္းအေဝးဟာ အာဆီယံအစည္းအေဝး မဟုတ္ဘဲ စကၤာပူနဲ႔ ခ်ဥ္းကပ္ပုံ မတူတာေၾကာင့္ မတက္ခဲ့တာ ျဖစ္တယ္လို႔ သူက ဆိုပါတယ္။

[Unicode]

အာဏာသိမ်းထားတဲ့ မြန်မာ့နိုင်ငံရေး လမ်းဆုံး၊ လမ်းသေကိုရောက်နေ (စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး)

၂ နှစ်ကြာခဲ့ပြီဖြစ်တဲ့ မြန်မာနိုင်ငံမှာ အာဏာသိမ်းခဲ့ပြီး ခုသွားနေတဲ့ လမ်းဟာ လမ်းဆုံး၊ လမ်းသေဖြစ်တယ်လို့ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးက ပြောလိုက်ပါတယ်။ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးဌာန၊ ထုတ်လုပ်မှု ကွင်းဆက် ကော်မီတီ ရဲ့ ဒီကနေ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ အစည်းအဝေး မှာ မစ္စတာ Vivian Balakrishnan က အလုပ်သမားပါတီက လွှတ်တော်အမတ် Sylvia Lim ရဲ့ မေးခွန်း ကို ဖြေကြားရင်း အခုလို ပြောခဲ့တာ ဖြစ်ပါတယ်။

အမျိုးသား ပြန်လည် သင့်မြတ်ရေး၊ နိုင်ငံ ပြန်လည်တည်ဆောက်ရေး၊ အမျိုးသား အမှတ်လက္ခဏာ ချမှတ်ရေး၊ လူနည်းစု ကာကွယ်ရေး၊ စီးပွါး‌ရေး နဲ့ ပြည်သူလူထု ရဲ့ စွမ်းဆောင်ရည် မြှင့်တင်ရေးတွေ ဆောင်ရွက်ပေးနိုင်တဲ့လမ်းကို အာဏာသိမ်းခြင်းအားဖြင့် ပေါက်မသွားနိုင်ဘဲ၊ လက်ရှိလမ်းဟာ လမ်းဆုံးလမ်းသေဖြစ်တယ်လို့ သူက ပြောခဲ့တာပါ။ နိုင်ငံခြားရေး ဝန်ကြီး က မြန်မာ့ သမိုင်းကိုလည်း ပြန်လည် ညွှန်းဆို ပြောသွားခဲ့ပါတယ်။ ဒုတိယ ကမ္ဘာစစ် ကတည်းက မြန်မာ နိုင်ငံ ဟာ ပါဝင်နေတဲ့ အစိတ်အပိုင်း အသီးသီးကို အတူတကွဖြစ်အောင် လုပ်ဆောင်ပြီး National Idendity ခေါ် နိုင်ငံရဲ့ အမှတ်လက္ခဏာ သတ်မှတ်ရာမှာ သဘောတစ်ခုတည်းဖြစ်အောင် မဆောင်ရွက်နိုင်ခဲ့တဲ့အချက်ကိုလည်း မစ္စတာ Vivian Balakrishnan က ထောက်ပြသွားပါတယ်။

မြန်မာနိုင်ငံရဲ့ အခြေအနေဟာ ကြေကွဲဝမ်းစရာ အခြေအနေ ဖြစ်ပေမယ့် ပြည်တွင်းရေးကိစ္စကို ပြည်ပကဝင်ရောက်စွက်ဖက် ဖြေရှင်းပေးနိုင်မယ်လို့ စင်္ကာပူက မယုံကြည်ကြောင်း နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ မြန်မာ လူ့အဖွဲ့အစည်းအတွင်း ပါဝင်နေကြတဲ့ အဓိက ပါဝင်ပတ်သက်သူတွေ ကိုယ်တိုင်က မြန်မာပြည်သူတွေ ရဲ့ အနာဂတ်အတွက် စာပွဲဝိုင်းမှာ ထိုင်၊ စစ်မှန် ပွင့်လင်းစွာ စကားပြောဆိုဖို့ ပြင်ပြင်ဆင်ဆင် မရှိသေးဘူးဆိုရင် ပြဿနာကို ကျွန်တော်တို့ ဘာမှ မ‌ဖြေရှင်းနိုင်ပါဘူး လို့ နိုင်ငံခြားရေးဝန်ကြီးက ဆိုပါတယ်။

ဒီဇင်ဘာလအတွင်း ထိုင်းနိုင်ငံက လုပ်ခဲ့တဲ့ အစည်းအဝေးမှာ စင်္ကာပူက ဘာလို့ မတက်ခဲ့သလဲ ဆိုတဲ့ မေးခွန်းကို ဖြေကြားရင်း ခုလို သူ့အမြင်ကို ပြောကြားသွားတာ ဖြစ်ပါတယ်။ ထိုင်းအစည်းအဝေးဟာ အာဆီယံအစည်းအဝေး မဟုတ်ဘဲ စင်္ကာပူနဲ့ ချဉ်းကပ်ပုံ မတူတာကြောင့် မတက်ခဲ့တာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

XS
SM
MD
LG