ျမန္မာ့အေရးဟာ ျပည္တြင္းျပႆနာဆိုေပမယ့္ ေဒသတြင္း ႐ိုက္ခတ္မႈေတြနဲ႔ အက်ိဳးဆက္ေတြရွိေနတာေၾကာင့္ အာဆီယံႏိုင္ငံေတြ တညီတၫြတ္တည္း တုံ႔ျပန္ဖို႔ လိုအပ္တဲ့အေၾကာင္း မေလးရွားဝန္ႀကီးခ်ဳပ္ Anwar Ibrahim က မေန႔က ေျပာဆိုလိုက္ပါတယ္။ ထိုင္းႏိုင္ငံဘန္ေကာက္ၿမိဳ႕ေတာ္မွာ ဝန္ႀကီးခ်ဳပ္နဲ႔ ေဆြးေႏြးပြဲအၿပီးမွာ ခုလိုေျပာၾကားလိုက္တာျဖစ္ပါတယ္။
“ျမန္မာ့ ျပည္တြင္းျပႆနာကို ျပည္တြင္းမွာပဲ ေျဖရွင္းရမွာျဖစ္တယ္ ဆိုေပမယ့္လည္း ျမန္မာ့အေရးက ေဒသတြင္း ႐ိုက္ခတ္မႈေတြနဲ႔ အက်ိဳးဆက္ေတြ ရွိေနပါတယ္။ အထူးသျဖင့္ ျမန္မာႏိုင္ငံက ဒုကၡသည္ေတြ အမ်ားအျပားရွိေနတဲ့ မေလးရွားႏိုင္ငံကို တိုက္႐ိုက္ ႐ိုက္ခတ္ပါတယ္လို႔ မေလးရွားဝန္ႀကီးခ်ဳပ္က ေျပာသြားတာျဖစ္ပါတယ္။ ႏိုင္ငံငယ္တခု ျဖစ္တဲ့သူတို႔အေနနဲ႔ တႏိုင္ငံတည္းက တုံ႔ျပန္ႏိုင္တဲ့ ပမာဏက အကန႔္အသတ္ ရွိတဲ့အေၾကာင္း၊ လူသားခ်င္းစာနာ ကူညီမႈစိုးရိမ္ခ်က္ေတြနဲ႔ ပတ္သက္လို႔ မေလးရွားႏိုင္ငံက တုံ႔ျပန္ကိုင္တြယ္ေနတာ ရွိေပမယ့္ ေဒသတခုလုံး အေနနဲ႔ ASEAN ကတညီတၫြတ္တည္း တုံ႔ျပန္ ကိုင္တြယ္ေဆာင္႐ြက္သင့္ေၾကာင္း ထိုင္းဝန္ႀကီးခ်ဳပ္ Prayuth Chan-o-cha နဲ႔ ၾကာသပေတးေန႔က ေတြ႕ဆုံခ်ိန္မွာ မေလးရွား ဝန္ႀကီးခ်ဳပ္ Ibrahim က ေျပာၾကားသြားပါတယ္။ ျမန္မာ့အေရး ဘုံသေဘာတူညီခ်က္ ခ်မွတ္ထားတဲ့ အာဆီယံအေနနဲ႔ ပိုၿပီး ထိထိေရာက္ေရာက္ တုံ႔ျပန္ ကူညီဖို႔လည္း မေလးရွားဝန္ႀကီးခ်ဳပ္က တိုက္တြန္းခဲ့ပါတယ္။
ထိုင္းနဲ႔ မေလးရွားဝန္ႀကီးခ်ဳပ္ ၂ ဦးေတြ႕ဆုံေဆြးေႏြးပြဲမွာ ျမန္မာ့အေရးနဲ႔ ခြဲထြက္ေရးသူုပုန္ေတြရွိေနတဲ့ ထိုင္းေတာင္ပိုင္း အေျခအေနေတြ အပါအဝင္ ေဒသတြင္း လုံၿခဳံေရးကိစၥေတြနဲ႔ စီးပြားေရး ပူးေပါင္း ေဆာင္႐ြက္မႈ ကိစၥေတြ ေဆြးေႏြးခဲ့ၾကတာ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ႏိုဝင္ဘာလ ကစၿပီး မေလးရွားဝန္ႀကီးခ်ဳပ္အျဖစ္ တာဝန္ယူၿပီးတဲ့ေနာက္ ေဒသတြင္း ႏိုင္ငံေတြကို သြားေရာက္တဲ့ ခရီးစဥ္အတြင္း ဝန္ႀကီးခ်ဳပ္ Ibrahim ထိုင္းႏိုင္ငံကို ေရာက္ေနတာပါ။ ထိုင္းခရီးစဥ္ မတိုင္ခင္မွာေတာ့ အင္ဒိုနီးရွား၊ ဘ႐ူႏိုင္းနဲ႔ စင္ကာပူႏိုင္ငံေတြကို သြားေရာက္ခဲ့ပါတယ္။
[Unicode]
မြန်မာ့အရေး တညီထဲတုံ့ပြန်ဖို့ မလေးရှားဝန်ကြီးချုပ် တိုက်တွန်း
မြန်မာ့အရေးဟာ ပြည်တွင်းပြဿနာဆိုပေမဲ့ ဒေသတွင်း ရိုက်ခတ်မှုတွေနဲ့ အကျိုးဆက်တွေရှိနေတာကြောင့် အာဆီယံနိုင်ငံတွေ တညီတညွတ်တည်း တုံ့ပြန်ဖို့ လိုအပ်တဲ့အကြောင်း မလေးရှားဝန်ကြီးချုပ် Anwar Ibrahim က မနေ့က ပြောဆိုလိုက်ပါတယ်။ ထိုင်းနိုင်ငံဘန်ကောက်မြို့တော်မှာ ဝန်ကြီးချုပ်နဲ့ ဆွေးနွေးပွဲအပြီးမှာ ခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။
“မြန်မာ့ ပြည်တွင်းပြဿနာကို ပြည်တွင်းမှာပဲ ဖြေရှင်းရမှာဖြစ်တယ် ဆိုပေမဲ့လည်း၊ မြန်မာ့အရေးက ဒေသတွင်း ရိုက်ခတ်မှုတွေနဲ့ အကျိုးဆက်တွေ ရှိနေပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံက ဒုက္ခသည်တွေ အများအပြားရှိနေတဲ့ မလေးရှားနိုင်ငံကို တိုက်ရိုက် ရိုက်ခတ်ပါတယ်လို့ မလေးရှားဝန်ကြီးချုပ်က ပြောသွားတာဖြစ်ပါတယ်။ နိုင်ငံငယ်တခု ဖြစ်တဲ့သူတို့အနေနဲ့ တနိုင်ငံတည်းက တုံ့ပြန်နိုင်တဲ့ ပမာဏက အကန့်အသတ် ရှိတဲ့အကြောင်း၊ လူသားချင်းစာနာ ကူညီမှုစိုးရိမ်ချက်တွေနဲ့ ပတ်သက်လို့ မလေးရှားနိုင်ငံက တုံ့ပြန်ကိုင်တွယ်နေတာ ရှိပေမယ့် ဒေသတခုလုံး အနေနဲ့ ASEAN ကတညီတညွတ်တည်း တုံ့ပြန် ကိုင်တွယ် ဆောင်ရွက်သင့်ကြောင်း ထိုင်းဝန်ကြီးချုပ် Prayuth Chan-o-cha နဲ့ ကြာသပတေးနေ့က တွေ့ဆုံချိန်မှာ မလေးရှား ဝန်ကြီးချုပ် Ibrahim က ပြောကြားသွားပါတယ်။ မြန်မာ့အရေး ဘုံသဘောတူညီချက် ချမှတ်ထားတဲ့ အာဆီယံအနေနဲ့ ပိုပြီး ထိထိရောက်ရောက် တုံ့ပြန် ကူညီဖို့လည်း မလေးရှားဝန်ကြီးချုပ်က တိုက်တွန်းခဲ့ပါတယ်။
ထိုင်းနဲ့ မလေးရှားဝန်ကြီးချုပ် ၂ ဦးတွေ့ဆုံဆွေးနွေးပွဲမှာ မြန်မာ့အရေးနဲ့ ခွဲထွက်ရေးသူုပုန်တွေရှိနေတဲ့ ထိုင်းတောင်ပိုင်း အခြေအနေတွေ အပါအဝင် ဒေသတွင်း လုံခြုံရေးကိစ္စတွေနဲ့ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု ကိစ္စတွေ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ကစပြီး မလေးရှားဝန်ကြီးချုပ်အဖြစ် တာဝန်ယူပြီးတဲ့နောက် ဒေသတွင်း နိုင်ငံတွေကို သွားရောက်တဲ့ ခရီးစဉ်အတွင်း ဝန်ကြီးချုပ် Ibrahim ထိုင်းနိုင်ငံကို ရောက်နေတာပါ။ ထိုင်းခရီးစဉ် မတိုင်ခင်မှာတော့ အင်ဒိုနီးရှား၊ ဘရူနိုင်းနဲ့ စင်ကာပူနိုင်ငံတွေကို သွားရောက်ခဲ့ပါတယ်။