=== [[ ZAWGYI ]] ===
ျမန္မာ့အေျခေန ပိုဆိုးလာေန (စကၤာပူႏိုင္ငံျခားေရးဝန္ႀကီး)
ျမန္မာႏိုင္ငံရဲ႕ အေျခေနဟာ ေကာင္းမလာတဲ့အျပင္ အေျခအေန ပိုဆိုးလာေနတယ္လို႔ အင္ဒိုနီးရွားႏိုင္ငံ ဂ်ာကာတာမွာ က်င္းပတဲ့ အာဆီယံ အေရွ႕ေတာင္အာရွ ႏိုင္ငံျခားေရးဝန္ႀကီးေတြရဲ႕ အစည္းအေဝးကို တက္ေရာက္လာတဲ့ စကၤာပူႏိုင္ငံျခားေရးဝန္ႀကီး Vivian Balakrishnan က ေျပာၾကားလိုက္ပါတယ္။ အခုက်င္းပတဲ့ အစည္းအေဝးမွာ ျမန္မာႏိုင္ငံနဲ႔ပတ္သက္ၿပီး အခ်ိန္အေတာ္ၾကာ ေဆြးေႏြးခဲ့ၾကေပမယ့္ ျမန္မာႏိုင္ငံတြင္း လက္ရွိျဖစ္ပြါးေနမႈေတြကို ၾကည့္ရင္ အေျခေနဟာ ပိုေကာင္းမလာတဲ့အျပင္ ဆိုးလာေနတာကို ျပေနတယ္လို႔ ေျပာၾကားခဲ့တာပါ။
အာဆီယံ ႏိုင္ငံျခားေရးဝန္ႀကီးေတြဟာ ျမန္မာ့ျပႆနာ အေျဖရွာေရးအတြက္ ရထားတဲ့ ဘုံသေဘာတူညီခ်က္ ၅ ရပ္ကို ဆက္လက္ကိုင္စြဲထားၾကတယ္လို႔လည္း ေျပာပါတယ္။
ျမန္မာႏိုင္ငံမွာ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးအတြက္ စစ္တပ္နဲ႔ အတိုက္အခံ NUG အမ်ိဳးသားညီၫြတ္ေရးအစိုးရအဖြဲ႕ အပါအဝင္ သက္ဆိုင္တဲ့ အဖြဲ႕အစည္းအားလုံး ပါဝင္ေဆြးေႏြးႏိုင္ေရး လိုအပ္ခ်က္အေနနဲ႔ အဖမ္းခံေနရတဲ့ သမၼတဦးဝင္းျမင့္၊ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ အပါအဝင္ ႏိုင္ငံေရးအက်ဥ္းသားအားလုံးကို လႊတ္ေပးဖို႔လည္း ေတာင္းဆိုလိုက္ပါတယ္။
အာဆီယံအလွည့္က် ဥကၠဌသစ္ အင္ဒိုနီးရွားအေနနဲ႔ ျမန္မာႏိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္အျဖစ္ပါ တာဝန္ယူရတာျဖစ္ၿပီး ျမန္မာႏိုင္ငံ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးအတြက္ အဓိကက်တဲ့ အဖြဲ႕အားလုံး ပါဝင္ေဆြးေႏြးႏိုင္ေရးကို လုပ္ေဆာင္ဖို႔ ကတိေပးခဲ့ေၾကာင္းလည္း ေျပာပါတယ္။ ဒီအစည္းအေဝးကေန ျမန္မာႏိုင္ငံ ၿငိမ္းခ်မ္းေရးအတြက္ အာဆီယံဘုံ သေဘာတူခ်က္ (၅)ခ်က္ကို လက္ေတြ႕ အေကာင္အထည္ေဖာ္ဖို႔ အထူးအေရးႀကီးေၾကာင္း အာဆီယံ ႏိုင္ငံျခားေရးဝန္ႀကီးေတြက ျမန္မာစစ္ေကာင္စီကို တိုက္တြန္းခဲ့တာပါ။
=== {{ UNICODE }} ===
မြန်မာ့အခြေနေ ပိုဆိုးလာနေ (စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး)
မြန်မာနိုင်ငံရဲ့ အခြေနေဟာ ကောင်းမလာတဲ့အပြင် အခြေအနေ ပိုဆိုးလာနေတယ်လို့ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမှာ ကျင်းပတဲ့ အာဆီယံ အရှေ့တောင်အာရှ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးကို တက်ရောက်လာတဲ့ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan က ပြောကြားလိုက်ပါတယ်။ အခုကျင်းပတဲ့ အစည်းအဝေးမှာ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး အချိန်အတော်ကြာ ဆွေးနွေးခဲ့ကြပေမယ့် မြန်မာနိုင်ငံတွင်း လက်ရှိဖြစ်ပွါးနေမှုတွေကို ကြည့်ရင် အခြေနေဟာ ပိုကောင်းမလာတဲ့အပြင် ဆိုးလာနေတာကို ပြနေတယ်လို့ ပြောကြားခဲ့တာပါ။
အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေဟာ မြန်မာ့ပြဿနာ အဖြေရှာရေးအတွက် ရထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို ဆက်လက်ကိုင်စွဲထားကြတယ်လို့လည်း ပြောပါတယ်။
မြန်မာနိုင်ငံမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် စစ်တပ်နဲ့ အတိုက်အခံ NUG အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ အပါအဝင် သက်ဆိုင်တဲ့ အဖွဲ့အစည်းအားလုံး ပါဝင်ဆွေးနွေးနိုင်ရေး လိုအပ်ချက်အနေနဲ့ အဖမ်းခံနေရတဲ့ သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးဖို့လည်း တောင်းဆိုလိုက်ပါတယ်။
အာဆီယံအလှည့်ကျ ဥက္ကဌသစ် အင်ဒိုနီးရှားအနေနဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ်ပါ တာဝန်ယူရတာဖြစ်ပြီး မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အဓိကကျတဲ့ အဖွဲ့အားလုံး ပါဝင်ဆွေးနွေးနိုင်ရေးကို လုပ်ဆောင်ဖို့ ကတိပေးခဲ့ကြောင်းလည်း ပြောပါတယ်။ ဒီအစည်းအဝေးကနေ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် အာဆီယံဘုံ သဘောတူချက် (၅)ချက်ကို လက်တွေ့ အကောင်အထည်ဖော်ဖို့ အထူးအရေးကြီးကြောင်း အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေက မြန်မာစစ်ကောင်စီကို တိုက်တွန်းခဲ့တာပါ။