ထိုင္းႏိုင္ငံနဲ႔ အေမရိကန္ ျပည္ေထာင္စုတို႔ ပူးတြဲ သဘာပတိအျဖစ္ ေဆာင္႐ြက္မယ့္ အာဆီယံ ကာကြယ္ေရးဝန္ႀကီးေတြနဲ႔ ပင္လယ္ေရေၾကာင္းလုံၿခဳံေရး၊ ဆက္စပ္လႈပ္ရွားမႈဆိုင္ရာ ကြၽမ္းက်င္သူမ်ားပါဝင္တဲ့ အစည္းအေဝးမွာ ျမန္မာႏိုင္ငံ ပါဝင္တက္ေရာက္ဖို႔ ဖိတ္ၾကားထားၿပီး အေမရိကန္ကာကြယ္ေရးဝန္ႀကီးဌာနကေတာ့ ဒီလို ဖိတ္ၾကားတာကို ကာကြယ္ေျပာဆိုေနပါတယ္။
ေဖေဖၚဝါရီ ၂၀ ရက္ေန႔ က်င္းပမယ့္ ADMM-Plus လို႔ေခၚတဲ့ အာဆီယံ ကာကြယ္ေရးဝန္ႀကီးမ်ားနဲ႔ မိတ္ဖက္ႏိုင္ငံမ်ား အစည္းအေဝးမွာ စစ္ေကာင္စီ ကာကြယ္ေရးဝန္ႀကီးကို ဖိတ္ၾကားထားတဲ့အေၾကာင္း ေဒသတြင္း သတင္းေတြမွာ ေရးပါတယ္။ အေမရိကန္ ကာကြယ္ေရးဝန္ႀကီးဌာန ေျပာခြင့္ရကေတာ့ ဒီလို ဖိတ္ၾကားတာဟာ အာဆီယံ အဖြဲ႕ဝင္ႏိုင္ငံေတြက ဆုံးျဖတ္တာ ျဖစ္တယ္လို႔ ေျပာပါတယ္။
ျမန္မာႏိုင္ငံရဲ႕ လူ႔အခြင့္အေရးခ်ိဳးေဖါက္မႈေတြေၾကာင့္ ေဒသတြင္းအစည္းအေဝးေတြမွာ စစ္တပ္ေခါင္းေဆာင္ေတြကို မဖိတ္ၾကားဖို႔ အာဆီယံက ဆုံးျဖတ္ထားခ်ိန္မွာပဲ အခု ေဒသတြင္းစစ္ဖက္ေခါင္းေဆာင္ေတြရဲ႕ အစည္းအေဝးမွာ ဖိတ္ၾကားတဲ့ သတင္းထြက္လာတာပါ။ ျမန္မာႏိုင္ငံတြင္း အၾကမ္းဖက္တာေတြ အဆုံးသတ္ဖို႔၊ မတရား ဖမ္းဆီးခံေနရသူေတြကို ျပန္လႊတ္ေပးဖို႔နဲ႔ ဒီမိုကေရစီစနစ္ ျပန္လည္ က်င့္သုံးဖို႔အေရး ျမန္မာကို ဖိအားေပးေတာင္းဆိုရာမွာ အေမရိကန္ျပည္ေထာင္စုက ႏိုင္ငံတကာ အသိုင္းအဝိုင္းနဲ႔အတူ ပူေပါင္းပါဝင္သြားမွာ ျဖစ္ၿပီး ADMM-Plus အစည္းအေဝးေတြမွာ ထည့္သြင္း ေဆြးေႏြးသြားမွာ ျဖစ္တယ္လို႔လည္း ကာကြယ္ေရးဝန္ႀကီးဌာန ေျပာခြင့္ရ ဒုတိယ ဗိုလ္မႉးႀကီး Marty Meiners က ေျပာပါတယ္။ ADMM-Plus စစ္ဘက္ဆိုင္ရာ အစည္းအေဝးကို တက္ေရာက္ဖို႔ ျမန္မာစစ္တပ္ကို အေမရိကန္က ဖိတ္ၾကားတာ အခု ပထမဆုံးအႀကိမ္ေတာ့ မဟုတ္ပါဘူး။ မႏွစ္က အစည္းအေဝးကို အြန္လိုင္းကတဆင့္ ျမန္မာက တက္ေရာက္ခဲ့ပါတယ္။ ၂၀၁၇ ခုႏွစ္ကေတာ့ ထိုင္းနဲ႔ အေမရိကန္ျပည္ေထာင္စု ပူးတြဲ စစ္ေရးေလ့က်င့္မႈမွာ ျမန္မာႏိုင္ငံကို ေလ့လာသူအျဖစ္ ဖိတ္ၾကားခဲ့ဖူးပါတယ္။
[Unicode]
အာဆီယံဒေသတွင်း စစ်ဘက်ဆိုင်ရာဆွေးနွေးပွဲအတွက် စစ်ကောင်စီကို ဖိတ်ကြားထား
ထိုင်းနိုင်ငံနဲ့ အမေရိကန် ပြည်ထောင်စုတို့ ပူးတွဲ သဘာပတိအဖြစ် ဆောင်ရွက်မယ့် အာဆီယံ ကာကွယ်ရေးဝန်ကြီးတွေနဲ့ ပင်လယ်ရေကြောင်းလုံခြုံရေး၊ ဆက်စပ်လှုပ်ရှားမှုဆိုင်ရာ ကျွမ်းကျင်သူများပါဝင်တဲ့ အစည်းအဝေးမှာ မြန်မာနိုင်ငံ ပါဝင်တက်ရောက်ဖို့ ဖိတ်ကြားထားပြီး အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနကတော့ ဒီလို ဖိတ်ကြားတာကို ကာကွယ်ပြောဆိုနေပါတယ်။
ဖေဖေါ်ဝါရီ ၂၀ ရက်နေ့ ကျင်းပမယ့် ADMM-Plus လို့ခေါ်တဲ့ အာဆီယံ ကာကွယ်ရေးဝန်ကြီးများနဲ့ မိတ်ဖက်နိုင်ငံများ အစည်းအဝေးမှာ စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီးကို ဖိတ်ကြားထားတဲ့အကြောင်း ဒေသတွင်း သတင်းတွေမှာ ရေးပါတယ်။ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရကတော့ ဒီလို ဖိတ်ကြားတာဟာ အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေက ဆုံးဖြတ်တာ ဖြစ်တယ်လို့ ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေကြောင့် ဒေသတွင်းအစည်းအဝေးတွေမှာ စစ်တပ်ခေါင်းဆောင်တွေကို မဖိတ်ကြားဖို့ အာဆီယံက ဆုံးဖြတ်ထားချိန်မှာပဲ အခု ဒေသတွင်းစစ်ဖက်ခေါင်းဆောင်တွေရဲ့ အစည်းအဝေးမှာ ဖိတ်ကြားတဲ့ သတင်းထွက်လာတာပါ။ မြန်မာ နိုင်ငံတွင်း အကြမ်းဖက်တာတွေ အဆုံးသတ်ဖို့၊ မတရား ဖမ်းဆီးခံနေရသူတွေကို ပြန်လွှတ်ပေးဖို့နဲ့ ဒီမိုကရေစီစနစ် ပြန်လည် ကျင့်သုံးဖို့အရေး မြန်မာကို ဖိအားပေးတောင်းဆိုရာမှာ အမေရိကန်ပြည်ထောင်စုက နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့အတူ ပူပေါင်းပါဝင်သွားမှာ ဖြစ်ပြီး ADMM-Plus အစည်းအဝေးတွေမှာ ထည့်သွင်း ဆွေးနွေးသွားမှာ ဖြစ်တယ်လို့လည်း ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရ ဒုတိယ ဗိုလ်မှူးကြီး Marty Meiners က ပြောပါတယ်။ ADMM-Plus စစ်ဘက်ဆိုင်ရာ အစည်းအဝေးကို တက်ရောက်ဖို့ မြန်မာစစ်တပ်ကို အမေရိကန်က ဖိတ်ကြားတာ အခု ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ မနှစ်က အစည်းအဝေးကို အွန်လိုင်းကတဆင့် မြန်မာက တက်ရောက်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်ကတော့ ထိုင်းနဲ့ အမေရိကန်ပြည်ထောင်စု ပူးတွဲ စစ်ရေးလေ့ကျင့်မှုမှာ မြန်မာနိုင်ငံကို လေ့လာသူအဖြစ် ဖိတ်ကြားခဲ့ဖူးပါတယ်။