သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

သာမန္မဟုတ္ေသာအေျခအေနလို႔ ကာ/လုံအစည္းအေဝး ရည္ၫႊန္းသုံးစြဲ


အမ်ိဳးသားကာကြယ္ေရးနဲ႔လုံၿခဳံေရးေကာင္စီ အစည္းအေဝးက်င္းပေနစဥ္ (ဇန္နဝါရီ ၃၁၊ ၂၀၂၃)

(zawgyi/unicode)

အမ်ိဳးသားကာကြယ္ေရးနဲ႔လုံၿခဳံေရးေကာင္စီ အစည္းအေဝးေခၚယူၿပီး ျမန္မာႏိုင္ငံလက္ရွိအေျခအေနဟာ သာမန္မဟုတ္ေသာအေျခအေနတြင္ ရွိေနတယ္လို႔ သုံးသပ္ဆုံးျဖတ္ခဲ့ၾကပါတယ္။ ေနျပည္ေတာ္မွာက်င္းပတဲ့ ဒီအစည္းအေဝးကိုေတာ့ ယာယီသမၼတ ဦးျမင့္ေဆြ၊ ျပည္သူလႊတ္ေတာ္ ဥကၠဌ ဦးတီခြန္ျမတ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႈးႀကီးမင္းေအာင္လႈိင္ စတဲ့ ကာ/လုံ အဖြဲ႕ဝင္ေတြအျပင္ အထူးဖိတ္ၾကားထားသူအျဖစ္ စစ္ေကာင္စီ အတြင္းေရးမႈးနဲ႔ ဥပေဒေရးရာဝန္ႀကီးဌာန ဝန္ႀကီး ျပည္ေထာင္စုေရွေနခ်ဳပ္တို႔လည္း တတ္ေရာက္ပါတယ္။ ဒုသမၼတ ဦးဗန္ထီးယူက က်န္းမာေရးအရ ခြင့္တိုင္ၾကားတယ္လို႔ စစ္ေကာင္စီသတင္းမွာထုတ္ျပန္ပါတယ္။ အစည္းအေဝးအတြင္း ၿပီးခဲ့တဲ့ ၂၀၂၀ ေ႐ြးေကာက္ပြဲ မဲမသာမႈေတြနဲ႔ ေျဖရွင္းေပးျခင္းမရွိတဲ့အေျခအေနေတြ၊ မဲစာရင္း စစ္ေဆးေတြ႕ရွိမႈအေျခအေနေတြ၊ စစ္ေကာင္စီရဲ႕ လုပ္ေဆာင္ခဲ့တာေတြနဲ႔ ေရွ႕လုပ္ငန္းစဥ္ေတြအျပင္ ျပည္တြင္းမၿငိမ္မသက္ဆူပူမႈေတြကို စစ္ေကာင္စီ ဥကၠဌ ဗိုလ္ခ်ဳပ္မႈးႀကီးမင္းေအာင္လႈိင္က တင္ျပခဲ့တယ္လို႔ စစ္ေကာင္စီက သတင္းထုတ္ျပန္ပါတယ္။ အဲဒီအေပၚ တတ္ေရာက္လာသူေတြက သုံးသပ္ေဆြးေႏြးၿပီး၊ လက္ရွိ ျမန္မာႏိုင္ငံဟာ သာမန္မဟုတ္ေသာအေျခအေနတြင္ရွိေနဆဲဆိုၿပီး စစ္ေကာင္စီထုတ္ျပန္ခ်က္မွာ ရည္ၫႊန္းသုံးစြဲသြားပါတယ္။ ၂၀၀၈ ခုႏွစ္ဖြဲ႕စည္းပုံအရ အေရးေပၚကာလဆိုင္ရာျပဌာန္းခ်က္မွာ တႏွစ္ၿပီးတဲ့ေနာက္ ၆လစီ ေနာက္ထပ္ႏွစ္ႀကိမ္ သက္တမ္းတိုးခြင့္ရွိတယ္လို႔ ေဖာ္ျပပါတယ္။ ဒါေၾကာင့္ ပုံမွန္အားျဖင့္ဆိုရင္ေတာ့ ၂၀၀၈ ဖြဲ႕စည္းပုံအရ အခု ဒီကေန႔မွာ စစ္ေကာင္စီအုပ္ခ်ဳပ္ေရး သက္တမ္းကုန္မွာပါ။ လိုအပ္တဲ့ထုတ္ျပန္ေၾကညာခ်က္ကို မနက္ျဖန္ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔မွာ အမ်ိဳးသားကာကြယ္ေရးနဲ႔လုံၿခဳံေရးေကာင္စီက ထုတ္ျပန္ေပးမယ္လို႔ စစ္ေကာင္စီထုတ္ျပန္ခ်က္မွာေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

(unicode)

အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ အစည်းအဝေးခေါ်ယူပြီး မြန်မာနိုင်ငံလက်ရှိအခြေအနေဟာ သာမန်မဟုတ်သောအခြေအနေတွင် ရှိနေတယ်လို့ သုံးသပ်ဆုံးဖြတ်ခဲ့ကြပါတယ်။ နေပြည်တော်မှာကျင်းပတဲ့ ဒီအစည်းအဝေးကိုတော့ ယာယီသမ္မတ ဦးမြင့်ဆွေ၊ ပြည်သူလွှတ်တော် ဥက္ကဌ ဦးတီခွန်မြတ်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင် စတဲ့ ကာ/လုံ အဖွဲ့ဝင်တွေအပြင် အထူးဖိတ်ကြားထားသူအဖြစ် စစ်ကောင်စီ အတွင်းရေးမှုးနဲ့ ဥပဒေရေးရာဝန်ကြီးဌာန ဝန်ကြီး ပြည်ထောင်စုရှေနေချုပ်တို့လည်း တတ်ရောက်ပါတယ်။ ဒုသမ္မတ ဦးဗန်ထီးယူက ကျန်းမာရေးအရ ခွင့်တိုင်ကြားတယ်လို့ စစ်ကောင်စီသတင်းမှာထုတ်ပြန်ပါတယ်။ အစည်းအဝေးအတွင်း ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲ မဲမသာမှုတွေနဲ့ ဖြေရှင်းပေးခြင်းမရှိတဲ့အခြေအနေတွေ၊ မဲစာရင်း စစ်ဆေးတွေ့ရှိမှုအခြေအနေတွေ၊ စစ်ကောင်စီရဲ့ လုပ်ဆောင်ခဲ့တာတွေနဲ့ ရှေ့လုပ်ငန်းစဉ်တွေအပြင် ပြည်တွင်းမငြိမ်မသက်ဆူပူမှုတွေကို စစ်ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က တင်ပြခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။ အဲဒီအပေါ် တတ်ရောက်လာသူတွေက သုံးသပ်ဆွေးနွေးပြီး၊ လက်ရှိ မြန်မာနိုင်ငံဟာ သာမန်မဟုတ်သောအခြေအနေတွင်ရှိနေဆဲဆိုပြီး စစ်ကောင်စီထုတ်ပြန်ချက်မှာ ရည်ညွှန်းသုံးစွဲသွားပါတယ်။ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအရ အရေးပေါ်ကာလဆိုင်ရာပြဌာန်းချက်မှာ တနှစ်ပြီးတဲ့နောက် ၆လစီ နောက်ထပ်နှစ်ကြိမ် သက်တမ်းတိုးခွင့်ရှိတယ်လို့ ဖော်ပြပါတယ်။ ဒါကြောင့် ပုံမှန်အားဖြင့်ဆိုရင်တော့ ၂၀၀၈ ဖွဲ့စည်းပုံအရ အခု ဒီကနေ့မှာ စစ်ကောင်စီအုပ်ချုပ်ရေး သက်တမ်းကုန်မှာပါ။ လိုအပ်တဲ့ထုတ်ပြန်ကြေညာချက်ကို မနက်ဖြန် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီက ထုတ်ပြန်ပေးမယ်လို့ စစ်ကောင်စီထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

XS
SM
MD
LG