သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ေကာင္စီ ႏိုင္ငံေရးပါတီမွတ္ပုံတင္ျခင္းဥပေဒသစ္ဟာ ဒီမိုကေရစီကို တိုက္ခိုက္ျခင္းျဖစ္ (အာဆီယံပါလီမန္အမတ္မ်ားအဖြဲ႕)


ျမန္မာ့ဒီမိုကေရစီအေရး ဆႏၵျပၾကသူမ်ား

စစ္ေကာင္စီက အသစ္ထုတ္ျပန္လိုက္တဲ့ ႏိုင္ငံေရးပါတီမ်ား မွတ္ပုံတင္ျခင္းဥပေဒဟာ ဒီမိုကေရစီစံနစ္ကို ေစာ္ကား တိုက္ခိုက္လိုက္တဲ့ ဥပေဒျဖစ္ေၾကာင္း APHR အာဆီယံ ပါလီမန္အမတ္မ်ားအဖြဲ႔က ေၾကညာခ်က္ထုတ္ျပန္ထားပါတယ္။ အခုႏွစ္အတြင္း က်င္းပမယ့္ ေရြးေကာက္ပြဲမွာ သူတို႔လက္ေ၀ခံ USDP ၾကံ့ခိုင္ေရးပါတီ အႏိုင္ရဖို႔အတြက္ တရားမ၀င္တဲ့ အာဏာပိုင္အဖြဲ႔အစည္းက ဒီဥပေဒကို ေရးဆြဲခဲ့တာျဖစ္တယ္လို႔ APHR က ဒီကေန႔ ဇန္နဝါရီ ၃၁ ရက္ေန႔ ရက္စြဲနဲ႔ ထုတ္ျပန္တဲ့ ၾေကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

ဇန္နဝါရီလ ၂၆ ရက္ေန႔မွာ စစ္ေကာင္စီက ႏိုင္ငံေရးပါတီ မွတ္ပုံတင္ျခင္း ဥပေဒအသစ္ကို ထုတ္ျပန္လိုက္တာမွာ - ၂ လ အတြင္း ႏိုင္ငံေရးပါတီအားလုံး ျပန္လည္မွတ္ပုံတင္ၾကရမွာျဖစ္ၿပီး တႏိုင္ငံလုံးမွာ ေ႐ြးေကာက္ပြဲဝင္မယ့္ ပါတီေတြအေနနဲ႔ ပါတီရန္ပုံေငြကို က်ပ္သိန္း ၁ ေထာင္ တင္ျပႏိုင္မွသာ မွတ္ပုံတင္ေလွ်ာက္ထားႏိုင္မွာ ျဖစ္ပါတယ္။ဒါဟာ အရင္က NLD အစိုးရလက္ထက္မွာ ပါတီရန္ပုံေငြကို က်ပ္ ၅ သိန္း သတ္မွတ္ထားရာက က်ပ္သိန္း ၁ ေထာင္အထိ အဆေပါင္းမ်ားစြာ တိုးလိုက္တာလည္း ျဖစ္ပါတယ္။

ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ဦးေဆာင္တဲ့ စစ္တပ္က တရားမ၀င္ အာဏာသိမ္းၿပီး တိုင္းျပည္ ကေသာင္းကနင္းျဖစ္ေအာင္ လုပ္ေဆာင္ထားတဲ့ တိုင္းျပည္မွာ ႏိုင္ငံေရးပါတီေတြ မွတ္ပုံတင္ႏိုင္ဖို႔ ဘယ္လိုမွ မလြယ္ကူႏိုင္ေအာင္ တမင္လုပ္ေဆာင္ျခင္းျဖစ္တယ္လို႔ APHR ရဲ႕ေၾကညာခ်က္မွာ ေထာက္ျပထားပါတယ္။

ျမန္မာႏိုင္ငံမွာ စစ္တပ္ကအာဏာမသိမ္းခင္ ၂၀၂၀ ႏို၀င္ဘာမွာ က်င္းပခဲ့တဲ့ ေရြးေကာက္ပြဲမွာ အမတ္ေနရာအမ်ားစု အႏိုင္ရထားတဲ့ NLD အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ကေတာ့ - စစ္ေကာင္စီက ထုတ္ျပန္တဲ့ ပါတီမ်ားမွတ္ပုံျခင္းဆိုင္ရာ ဥပေဒကို အသိအမွတ္မျပဳသလို စစ္ေကာင္စီက က်င္းပမယ့္ ေရြးေကာက္ပြဲကိုလည္း သပိတ္ေမွာက္ ကန္႔ကြက္သြားမယ္လို႔ ေၾကညာခ်က္ ထုတ္ျပန္ထားပါတယ္။ အလားတူဘဲ NUG ၾကားကာလ အမ်ဳိးသားညီၫြတ္ေရးအစိုးရ၊ စစ္တပ္အုပ္ခ်ဳပ္မႈကို လက္နက္ကိုင္ ခုခံကာကြယ္ေနတဲ့ PDF တပ္ဖြဲ႔ေတြ၊ အေမရိကန္အစိုးရတို႔ကလည္း စစ္ေကာင္စီက်င္းပမယ့္ ေရြးေကာက္ပြဲရလဒ္ကို အသိအမွတ္ျပဳမွာမဟုတ္ေၾကာင္း အသီးသီး ထုတ္ေဖာ္ ေျပာဆိုထားၾကၿပီး ျဖစ္ပါတယ္။

တခ်ိန္ထဲမွာဘဲ - အီးယူ ဥေရာပပါလီမန္ရဲ႕ ဒုဥကၠ႒ Heidi Hautala က - ျမန္မာစစ္ေကာင္စီက အခုႏွစ္အတြင္းက်င္းပဖို႔ ျပင္ဆင္ေနတဲ့ ေရြးေကာက္ပြဲအတုဟာ တိုင္းျပည္အတြင္း ေသြးထြက္သံယိုမႈေတြနဲ႔ အၾကမ္းဖက္မႈေတြသာ ထပ္တိုးလာဖို႔ရွိတယ္လို႔ CRPH ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားျပဳ ေကာ္မတီ၀င္ေတြနဲ႔ျပဳလုပ္တဲ့ အြန္လိုင္း ေဆြးေႏြးပြဲမွာ ေျပာၾကားလိုက္ပါတယ္။

[Unicode]

စစ်ကောင်စီ နိုင်ငံရေးပါတီမှတ်ပုံခြင်းဥပဒေသစ်ဟာ ဒီမိုကရေစီကို တိုက်ခိုက်ခြင်းဖြစ် (အာဆီယံပါလီမန်အမတ်များအဖွဲ့)

စစ်ကောင်စီက အသစ်ထုတ်ပြန်လိုက်တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေဟာ ဒီမိုကရေစီစံနစ်ကို စော်ကား တိုက်ခိုက်လိုက်တဲ့ ဥပဒေဖြစ်ကြောင်း APHR အာဆီယံ ပါလီမန်အမတ်များအဖွဲ့က ကြေညာချက်ထုတ်ပြန်ထားပါတယ်။ အခုနှစ်အတွင်း ကျင်းပမယ့် ရွေးကောက်ပွဲမှာ သူတို့လက်ဝေခံ USDP ကြံ့ခိုင်ရေးပါတီ အနိုင်ရဖို့အတွက် တရားမဝင်တဲ့ အာဏာပိုင်အဖွဲ့အစည်းက ဒီဥပဒေကို ရေးဆွဲခဲ့တာဖြစ်တယ်လို့ APHR က ဒီကနေ့ ဇန်နဝါရီ ၃၁ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဇန်နဝါရီလ ၂၆ ရက်နေ့မှာ စစ်ကောင်စီက နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်း ဥပဒေအသစ်ကို ထုတ်ပြန်လိုက်တာမှာ - ၂ လ အတွင်း နိုင်ငံရေးပါတီအားလုံး ပြန်လည်မှတ်ပုံတင်ကြရမှာဖြစ်ပြီး တနိုင်ငံလုံးမှာ ရွေးကောက်ပွဲဝင်မယ့် ပါတီတွေအနေနဲ့ ပါတီရန်ပုံငွေကို ကျပ်သိန်း ၁ ထောင် တင်ပြနိုင်မှသာ မှတ်ပုံတင်လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။ဒါဟာ အရင်က NLD အစိုးရလက်ထက်မှာ ပါတီရန်ပုံငွေကို ကျပ် ၅ သိန်း သတ်မှတ်ထားရာက ကျပ်သိန်း ၁ ထောင်အထိ အဆပေါင်းများစွာ တိုးလိုက်တာလည်း ဖြစ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်က တရားမဝင် အာဏာသိမ်းပြီး တိုင်းပြည် ကသောင်းကနင်းဖြစ်အောင် လုပ်ဆောင်ထားတဲ့ တိုင်းပြည်မှာ နိုင်ငံရေးပါတီတွေ မှတ်ပုံတင်နိုင်ဖို့ ဘယ်လိုမှ မလွယ်ကူနိုင်အောင် တမင်လုပ်ဆောင်ခြင်းဖြစ်တယ်လို့ APHR ရဲ့ ကြေညာချက်မှာ ထောက်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာမသိမ်းခင် ၂၀၂၀ နိုဝင်ဘာမှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ အမတ်နေရာအများစု အနိုင်ရထားတဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ - စစ်ကောင်စီက ထုတ်ပြန်တဲ့ ပါတီများမှတ်ပုံခြင်းဆိုင်ရာ ဥပဒေကို အသိအမှတ်မပြုသလို စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲကိုလည်း သပိတ်မှောက် ကန့်ကွက်သွားမယ်လို့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။ အလားတူဘဲ NUG ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ၊ စစ်တပ်အုပ်ချုပ်မှုကို လက်နက်ကိုင် ခုခံကာကွယ်နေတဲ့ PDF တပ်ဖွဲ့တွေ၊ အမေရိကန်အစိုးရတို့ကလည်း စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုမှာမဟုတ်ကြောင်း အသီးသီး ထုတ်ဖော် ပြောဆိုထားကြပြီး ဖြစ်ပါတယ်။

တချိန်ထဲမှာဘဲ - အီးယူ ဥရောပပါလီမန်ရဲ့ ဒုဥက္ကဋ္ဌ Heidi Hautala က - မြန်မာစစ်ကောင်စီက အခုနှစ်အတွင်းကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲအတုဟာ တိုင်းပြည်အတွင်း သွေးထွက်သံယိုမှုတွေနဲ့ အကြမ်းဖက်မှုတွေသာ ထပ်တိုးလာဖို့ရှိတယ်လို့ CRPH ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီဝင်တွေနဲ့ပြုလုပ်တဲ့ အွန်လိုင်း ဆွေးနွေးပွဲမှာ ပြောကြားလိုက်ပါတယ်။

XS
SM
MD
LG