သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ေကာင္စီနဲ႔ ဆက္ဆံေရးရပ္ဖို႔ APHR ထိုင္းကို တိုက္တြန္း


လူ႔အခြင့္အေရးဆိုင္ရာ အာဆီယံလႊတ္ေတာ္အမတ္မ်ားအဖြဲ႕ (APHR) အင္တာနက္စာမ်က္ႏွာ

ထိုင္းအစိုးရအေနနဲ႔ ျမန္မာစစ္ေကာင္စီနဲ႔ ထိေတြ႕ဆက္ဆံေနတာေတြကို ရပ္တန႔္ၿပီး ဒုကၡသည္ေတြကို အကူအညီေပးဖို႔ လူ႔အခြင့္အေရးဆိုင္ရာ အာဆီယံလႊတ္ေတာ္အမတ္မ်ားအဖြဲ႕ (APHR) က တိုက္တြန္းလိုက္ပါတယ္။ ျမန္မာစစ္ေကာင္စီဟာ ၂၀၂၁ ေဖေဖာ္ဝါရီ ၁ ရက္ေန႔ စစ္တပ္အာဏာသိမ္းခ်ိန္ကစၿပီး သူတို႔ရဲ႕ အာဏာတည္ၿမဲဖို႔ ကိုယ့္ျပည္သူေတြကို ရက္စက္ၾကမ္းၾကဳတ္တဲ့လုပ္ရပ္ေတြကို နည္းလမ္းမ်ိဳးစုံနဲ႔ ဆက္လက္က်ဴးလြန္ေနတယ္လို႔ ေထာက္ျပၿပီး အဲဒီလို ျမန္မာစစ္တပ္ရဲ႕ ဖမ္းဆီးႏွိပ္စက္မႈေတြကေန လြတ္ေျမာက္ေအာင္ အိမ္နီးခ်င္းႏိုင္ငံေတြကို ထြက္ေျပးလာၾကတဲ့သူ ဒုကၡသည္ေတြနဲ႔ ခိုလႈံခြင့္ေလွ်ာက္ထားသူေတြကို ထိုင္းအာဏာပိုင္ေတြအေနနဲ႔ အကူအညီေပးဖို႔လည္း ဒီေန႔ ဇန္နဝါရီ ၂၆ ရက္ေန႔စြဲနဲ႔ထုတ္ျပန္တဲ့ေၾကျငာခ်က္မွာ ေတာင္းဆိုထားပါတယ္။

ျမန္မာစစ္ေကာင္စီဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ နဲ႔ ထိုင္းစစ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ႀကီး Chalermphon Srisawasdi တို႔ ၿပီးခဲ့တဲ့ ဇန္နဝါရီ ၂၀ ရက္ေန႔က ရခိုင္ျပည္နယ္ သံတြဲၿမိဳ႕က ငပလီမွာေတြ႕ခဲ့ၾကၿပီးတဲ့ေနာက္ အခုလို ေတာင္းဆိုလိုက္တာျဖစ္ပါတယ္။ ထိုင္းစစ္တပ္နဲ႔ အစိုးရအေနနဲ႔ စစ္ေကာင္စီနဲ႔ဆက္ဆံျခင္းအားျဖင့္၊ လူသားမ်ိဳးႏြယ္ေတြအေပၚ ရာဇဝတ္မႈေတြ ေန႔စဥ္နဲ႔ အမွ် က်ဴးလြန္ေနတဲ့သူေတြကို ထိုင္းစစ္တပ္ဟာ အားေပးေထာက္ခံရာေရာက္ၿပီး ဘယ္ပထဝီႏိုင္ငံေရး အက်ိဳးစီးပြားကမွ ဒါကို တရားမွ်တတယ္လို႔ ေျပာႏိုင္မွာမဟုတ္ေၾကာင္း၊ ဒါ့အျပင္ ျမန္မာစစ္ေကာင္စီဟာ အခ်က္ ၅ ခ်က္ပါတဲ့ အာဆီယံရဲ႕ ဘုံသေဘာတူညီခ်က္ကို ဂ႐ုမစိုက္တဲ့အတြက္ ဘယ္အာဆီယံႏိုင္ငံမွ ျမန္မာစစ္ေကာင္စီနဲ႔ ရင္းႏွီးတဲ့ ဆက္ဆံေရး မထားသင့္ဘူးလို႔ မေလးရွားလႊတ္ေတာ္အမတ္ေဟာင္းလည္းျဖစ္၊ APHR အဖြဲ႕ရဲ႕ ပူးတြဲဥကၠ႒ Charles Santiago က အဲဒီေၾကျငာခ်က္မွာ ေျပာလိုက္ပါတယ္။

ျမန္မာစစ္ေကာင္စီနဲ႔ အာဆီယံအဖြဲ႕ဝင္ႏိုင္ငံေတြ ၂၀၂၁ ခုႏွစ္ ဧၿပီလက လက္မွတ္ေရးထိုးထားတဲ့ အာဆီယံရဲ႕ ဘုံသေဘာတူညီခ်က္မွာေတာ့ ျမန္မာႏိုင္ငံက အၾကမ္းဖက္မႈေတြကို ရပ္တန႔္ၿပီး၊ ပဋိကၡေတြကို ေဆြးေႏြးအေျဖရွာဖို႔ နဲ႔ လူသားခ်င္းစာနာမႈဆိုင္ရာျပႆနာေတြကို ေျဖရွင္းဖို႔ သေဘာတူထားတာျဖစ္ပါတယ္။ ဒါေပမဲ့ ျမန္မာစစ္ေကာင္စီဘက္ကေတာ့ ဒါကိုေဖာ္ေဆာင္ဖို႔ အစကတည္းက ဆႏၵမရွိပဲ၊ အာာဆီယံရဲ႕ ဘုံသေဘာတူညီခ်က္ ၅ ရပ္ကလည္း မေအာင္ျမင္တာေၾကာင့္ အာဆီယံအေနနဲ႔ ဒီဘုံသေဘာတူညီခ်က္ကို စြန႔္လႊတ္ၿပီး၊ ၾကားကာလအမ်ိဳးသားညီၫြတ္ေရးအစိုးရ (NUG)နဲ႔ ထိေတြ႕ဆက္ဆံၿပီး၊ မဟာမိတ္ တိုင္းရင္းသားအဖြဲ႕အစည္းေတြနဲ႔အတူ ဘုံသေဘာတူညီခ်က္သစ္တရပ္ကို ေဆြးေႏြးဖို႔ APHR အေနနဲ႔ေတာင္းဆိုတယ္လို႔လည္း ေျပာလိုက္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode]

စစ်ကောင်စီနဲ့ ဆက်ဆံရေးရပ်ဖို့ APHR ထိုင်းကို တိုက်တွန်း

ထိုင်းအစိုးရအနေနဲ့ မြန်မာစစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေတာတွေကို ရပ်တန့်ပြီး ဒုက္ခသည်တွေကို အကူအညီပေးဖို့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်အမတ်များအဖွဲ့ (APHR) က တိုက်တွန်းလိုက်ပါတယ်။ မြန်မာစစ်ကောင်စီဟာ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းချိန်ကစပြီး သူတို့ရဲ့ အာဏာတည်မြဲဖို့ ကိုယ့်ပြည်သူတွေကို ရက်စက်ကြမ်းကြုတ်တဲ့လုပ်ရပ်တွေကို နည်းလမ်းမျိုးစုံနဲ့ ဆက်လက်ကျူးလွန်နေတယ်လို့ ထောက်ပြပြီး အဲဒီလို မြန်မာစစ်တပ်ရဲ့ ဖမ်းဆီးနှိပ်စက်မှုတွေကနေ လွတ်မြောက်အောင် အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေးလာကြတဲ့သူ ဒုက္ခသည်တွေနဲ့ ခိုလှုံခွင့်လျှောက်ထားသူတွေကို ထိုင်းအာဏာပိုင်တွေအနေနဲ့ အကူအညီပေးဖို့လည်း ဒီနေ့ ဇန်နဝါရီ ၂၆ ရက်နေ့စွဲနဲ့ထုတ်ပြန်တဲ့ ကြေငြာချက်မှာ တောင်းဆိုထားပါတယ်။ မြန်မာစစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ ထိုင်းစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Chalermphon Srisawasdi တို့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၀ ရက်နေ့က ရခိုင်ပြည်နယ် သံတွဲမြို့က ငပလီမှာတွေ့ခဲ့ကြပြီးတဲ့နောက် အခုလို တောင်းဆိုလိုက်တာဖြစ်ပါတယ်။ ထိုင်းစစ်တပ်နဲ့ အစိုးရအနေနဲ့ စစ်ကောင်စီနဲ့ဆက်ဆံခြင်းအားဖြင့်၊ လူသားမျိုးနွယ်တွေအပေါ် ရာဇဝတ်မှုတွေ နေ့စဉ်နဲ့ အမျှ ကျူးလွန်နေတဲ့သူတွေကို ထိုင်းစစ်တပ်ဟာ အားပေးထောက်ခံရာရောက်ပြီး ၊ ဘယ်ပထဝီနိုင်ငံရေး အကျိုးစီးပွားကမှ ဒါကို တရားမျှတတယ်လို့ ပြောနိုင်မှာမဟုတ်ကြောင်း၊ ဒါ့အပြင် မြန်မာစစ်ကောင်စီဟာ အချက် ၅ ချက်ပါတဲ့ အာဆီယံရဲ့ ဘုံသဘောတူညီချက်ကို ဂရုမစိုက်တဲ့အတွက် ဘယ်အာဆီယံနိုင်ငံမှ မြန်မာစစ်ကောင်စီနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး မထားသင့်ဘူးလို့ မလေးရှားလွှတ်တော်အမတ်ဟောင်းလည်းဖြစ်၊ APHR အဖွဲ့ရဲ့ ပူးတွဲဥက္ကဋ္ဌ Charles Santiago က အဲဒီကြေငြာချက်မှာ ပြောလိုက်ပါတယ်။ မြန်မာစစ်ကောင်စီနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ ၂၀၂၁ ခုနှစ် ဧပြီလက လက်မှတ်ရေးထိုးထားတဲ့ အာဆီယံရဲ့ ဘုံသဘောတူညီချက်မှာတော့ ၊ မြန်မာနိုင်ငံက အကြမ်းဖက်မှုတွေကို ရပ်တန့်ပြီး၊ ပဋိက္ခတွေကို ဆွေးနွေးအဖြေရှာဖို့ နဲ့ လူသားချင်းစာနာမှုဆိုင်ရာပြဿနာတွေကို ဖြေရှင်းဖို့ သဘောတူထားတာဖြစ်ပါတယ်။ ဒါပေမဲ့ မြန်မာစစ်ကောင်စီဘက်ကတော့ ဒါကိုဖော်ဆောင်ဖို့ အစကတည်းက ဆန္ဒမရှိပဲ၊ အာာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကလည်း မအောင်မြင်တာကြောင့် အာဆီယံအနေနဲ့ ဒီဘုံသဘောတူညီချက်ကို စွန့်လွှတ်ပြီး၊ ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရ (NUG)နဲ့ ထိတွေ့ဆက်ဆံပြီး၊ မဟာမိတ် တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့အတူ ဘုံသဘောတူညီချက်သစ်တရပ်ကို ဆွေးနွေးဖို့ APHR အနေနဲ့တောင်းဆိုတယ်လို့လည်း ပြောလိုက်ပါတယ်။

XS
SM
MD
LG