သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အာဆီယံအလွည့္က် ဥကၠ႒ အင္ဒိုနီး႐ွားနဲ႔ ျမန္မာ့အက်ပ္အတည္း အေျပာင္းအလဲ အလားအလာ


Cambodia handing over ASEAN chairmanship to Indonesia thumbnail

အင္ဒိုနီး႐ွားႏိုင္ငံအေနနဲ႔ သူ႔အရင္ အာဆီယံအလွည့္က် ဥကၠ႒ေတြျဖစ္တဲ့ ကေမၻာဒီးယားနဲ႔ ဘ႐ူးႏိုင္း လက္ထက္ကတည္းက႐ွိေနခဲ့တဲ့ ျမန္မာ့အက်ပ္အတည္းကို ဘယ္လိုကိုင္တြယ္ေျဖ႐ွင္းမလဲ။ ဒီႏွစ္အတြင္း ေ႐ြးေကာက္ပြဲက်င္းပမယ္လို႔ စစ္ေကာင္စီခ်ျပထားတဲ့ လမ္းေၾကာင္းကို အင္ဒိုနီး႐ွားက ဘယ္လိုတုံ႔ျပန္ဖို႔႐ွိမလဲ။

ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းထားတာ ႏွစ္ႏွစ္ၾကာျမင့္လာေပမယ့္ ပဋိပကၡေတြ ေျဖ႐ွင္းႏိုင္ျခင္းမ႐ွိတဲ့ အေျခအေနဟာ အာဆီယံႏိုင္ငံ အစိုးရေတြရဲ႕ ျမန္မာအေပၚသေဘာထား ဘယ္လိုအေျပာင္းအလဲ ျဖစ္ေစသလဲ။

ၿပီးခဲ့တဲ့ သီတင္းပတ္ေတြအတြင္း အင္ဒိုနီး႐ွားနဲ႔ မေလး႐ွားႏိုင္ငံေတြကို သြားေရာက္ၿပီး ႏိုင္ငံျခားေရးဝန္ႀကီးဌာနေတြက အရာ႐ွိေတြနဲ႔ ေတြ႔ဆုံခဲ့တဲ့ ၿဗိတိန္အေျခစိုက္ ျမန္မာ့လူ႔အခြင့္အေရးကြန္ရက္ အမႈေဆာင္ၫြန္ၾကားေရးမႉးလည္းျဖစ္၊ ျမန္မာႏိုင္ငံလုံးဆိုင္ရာ မြတ္စလင္လူမ်ိဴးမ်ား အတိုင္ပင္ခံေကာ္မတီရဲ႕ ေျပာခြင့္ရ ဦးေက်ာ္ဝင္း ကို မအင္ၾကင္းႏိုင္က ဆက္သြယ္ေမးျမန္းထားပါတယ္။

ေမး ။ ။ မဂၤလာပါ ကိုေက်ာ္ဝင္း။ မၾကာေသးခင္ကပဲ အင္ဒိုနီးရွား၊ မေလးရွားႏိုင္ငံေတြကို သြားေရာက္ၿပီးေတာ့ ျမန္မာႏုိင္ငံနဲ႔ ပတ္သက္လို႔ အာဆီယံရဲ ႔ အခန္းက႑ - အထူးသျဖင့္ေတာ့ အင္ဒိုနီးရွားက အာဆီယံဥကၠ႒ ျဖစ္လာတဲ့အခါၾကေတာ့ လက္ရိွ ဒီမိုကေရစီေရး တုိက္ပြဲဝင္ေနၾကတဲ့ အုပ္စုေတြ၊ အမ်ဳိးသားညီညႊတ္ေရးအစိုးရတို႔နဲ႔ သူတုိ႔ ေဆြးေႏြးမယ့္ သေဘာထားမ်ဳိးကို ကိုေက်ာ္ဝင္းတို႔နဲ႔ ေတြ႔ဆံုတဲ့ေနရာမွာေကာ ေျပာတာမ်ဳိး ရိွပါသလား။

ေျဖ ။ ။ သူတုိ႔က အားလံုးနဲ႔ စကားေျပာတယ္။ ဘယ္သူနဲ႔မဆို စကားေျပာတယ္။ ဘယ္သူနဲ႔မဆို စကားေျပာတယ္ဆိုတဲ့ေနရာမွာ က်ေနာ္တို႔ဘက္က ေထာက္ျပတာကေတာ့ "ဘယ္သူမဆို" ဆိုတဲ့ေနရာမွာ က်ေနာ္တို႔ဘက္ကေတာ့ ဘယ္သူဆိုတာ မရိွဘူး။ က်ေနာ္တိုိ႔ဆိုလိုတာကေတာ့ ျမန္မာျပည္ရဲ ႔ စစ္တပ္ကို ဆန္႔က်င္ေနတဲ့ ေတာ္လွန္ေရးအုပ္စုေတြအားလံုးမွာေတာ့ ရပ္တည္ခ်က္ကေတာ့ စစ္တပ္နဲ႔ စကားမေျပာဘူး၊ သူတုိ႔ဟာ ရာဇဝတ္သားေတြ ျဖစ္တယ္။ သူတုိ႔ကို တရားစီရင္ရမယ္။ တရားစီရင္ၿပီရင္ဆိုရင္ေတာ့ က်ေနာ္တုိ႔ ေျပာသင့္ေျပာထိုက္တဲ့လူနဲ႔ စကားေျပာရမယ္။ ဒါေပမဲ့ ဒီလူေတြနဲ႔ေတာ့ ဘယ္လိုမွ ေစ့စပ္ညိွႏိႈင္းလို႔လည္း မရသလုိ၊ သူတုိ႔က ရာဇဝတ္သားေတြ ျဖစ္တယ္။ သူတုို႔ကို အျပစ္တခုမေပးဘဲနဲ႔ တရားစီရင္မႈ မရိွဘဲနဲ႔ က်ေနာ္တုိ႔ ဒီလူေတြနဲ႔ စကားေျပာျခင္းက ေထာင္နဲ႔ေသာင္းနဲ႔ အသက္ေပးသြားခဲ့ၾကတဲ့ ကိုယ့္တိုင္းသူျပည္သားေတြအတြက္ မတရားမႈျပဳသလုိ ျဖစ္သြားမယ္။ ေနာက္ သူတုိ႔က်ဴးလြန္ခဲ့တဲ့ ရာဇဝတ္မႈေတြကိုလည္း ဘယ္ေခါင္းေဆာင္ကိုယ္မွ ခြင့္လႊတ္လို႔ မရဘူး။ ဒါက ခြင့္လႊတ္တာလည္း ေတာ္ေတာ္ေလး မွားယြင္းတယ္လို႔ ေျပာလို႔ရတယ္။

ေမး ။ ။ သူက အဲဒီေတာ့ NUG နဲ႔ အခု အင္ဒိုနီးရွားအစိုးရတို႔ဘက္က ေတြ႔ဆံုေဆြးေႏြးတဲ့ အပိုင္းေတြေကာ ရိွလာၿပီလားရွင့္။

ေျဖ ။ ။ NUG နဲ႔ သူတုိိ႔နဲ႔ အစကတည္းက ထိေတြ႔မႈေတြ ရိွခဲ့တယ္ေပါ့။ ဥပမာ ၂၁ ခုႏွစ္ကတည္းက ထိေတြ႔မႈေတြ ရိွတယ္လို႔ သိရတယ္။ ေနာက္ က်ေနာ္တို႔ေတြ ဒီဘက္ကလည္း အားလံုးကို တိုက္တြန္းပါတယ္။ NUG နဲ႔ တိုင္းရင္းသားအဖြဲ႔အစည္းေတြနဲ႔ ထိေတြ႔ဖို႔ လိုအပ္တယ္။ အားလံုးစကား အသံကို နားေထာင္ဖို႔ လိုအပ္တယ္။ ဘာျဖစ္လုိ႔လဲဆိုေတာ့ စစ္တပ္က သူတုိ႔ဆီကို အၿမဲတမ္းစာပို႔တယ္။ သတင္းေတြ ေပးေနတယ္။ က်ေနာ္တို႔ေတြက အၾကမ္းဖက္ေတြ ျဖစ္တယ္။ ရာဇဝတ္သားေတြ ျဖစ္တယ္။ ဒီလူေတြနဲ႔ မပတ္သက္ရဘူးလို႔ သူတုိ႔ကို အၿမဲတမ္း pressure ေပးတယ္။ ဆိုေတာ့ သူတုိ႔ေတြကေတာ့ ဒါကို ေကာင္းေကာင္းနားလည္တာေပါ့။ စစ္တပ္ဆုိတာ တကယ့္ကို ျမန္မာျပည္မွာ ရာဇဝတ္မႈေတြ က်ဴးလြန္ေနတာ။ တိုင္းရင္းသားအဖြဲ႔ေတြ၊ ေတာ္လွန္ေရးတပ္ေတြဆိုတာက ခုခံေနတဲ့ အေနအထားပဲ ရိွတယ္ဆိုတာကို ေကာင္းေကာင္းနားလည္ၾကတယ္။

ေမး ။ ။ အဲဒီေတာ့ ဒီလိုစစ္ေကာင္စီက အခု အင္ဒိုနီးရွားတို႔ အာဆီယံကိုလည္း သူတုို႔သေဘာထား ထုတ္ျပန္ထားတာ ရိွတယ္။ အခုဆိုရင္ အာဆီယံ ဥကၠ႒ ျဖစ္လာတဲ့ အင္ဒိုနီးရွားႏုိင္ငံရဲ ႔ ျမန္မာအေပၚ ေၾကညာခ်က္နဲ႔ ပတ္သက္ၿပီး သူတုိ႔တုံ႔ျပန္ခ်က္မွာလဲ သူတို႔ သတ္မွတ္ထားတဲ့ အၾကမ္းဖက္အုပ္စုေတြ၊ တရားမဝင္အဖြဲ႔ေတြ အဲဒါေတြနဲ႔ ေတြ႔ဆံုေဆြးေႏြးတာမ်ဳိးေတြ မလုပ္ဘို႔။ ဒါက အာဆီယံရဲ ႔ ခ်မွတ္ထားတဲ့ စည္းမ်ဥ္းစည္းကမ္းေတြအရေပါ့ - ဒါမ်ဳိးေတြနဲ႔ မလုပ္ဘို႔ဆိုၿပီးေတာ့ သူတုိ႔ တိုက္တြန္းေတာင္းဆုိထားတာလည္းရိွေတာ့ စစ္ေကာင္စီအတြက္က ဒီလို သူ႔ကိုဆန္႔က်င္တယ္။ အခု ဒီမိုကေရစီေရး တုိက္ပြဲဝင္ေနတဲ့ အမ်ဳိးသားညီညႊတ္ေရးအစိုးရတို႔လို တုိင္းရင္းသားလက္နက္ကိုင္အဖြဲ႔ေတြနဲ႔ အာဆီယံက ေတြ႔ဆံုေဆြးေႏြးလာမွာကို သူတုို႔ဘက္က ဘာေၾကာင့္ စိုးရိမ္ေနရသလဲရွင့္။

ေျဖ ။ ။ အာဆီယံက အခုေနာက္ပိုင္းမွာ ေသခ်ာသံုးသပ္မယ္ဆုိရင္ အာဆီယံမွာ camp - အုပ္စုႏွစ္ခု ရိွတယ္ဆိုတာကို ေတြ႔ရမယ္။ တအုပ္စုကေတာ့ အေနာက္ႏုိင္ငံဘက္ကို ယိမ္းတဲ့၊ ဒီမိုကရက္ဘက္ကိုယိမ္းတဲ့ အဖြဲ႔ေတြ - ထိုိင္းအပါအဝင္ - ဒါေပမဲ့ ထုိင္းက လက္ရိွအေနအထားမွာ ၿခံခြထိုင္ေနတဲ့ အေနအထားမွာ ရိွတယ္။ ဒီဘက္မွာ ျပတ္ျပတ္သားသား ရပ္တည္ေနတာ မေလးရွား၊ အင္ဒိုနီးရွား၊ စကၤာပူ၊ ဘရူးႏိုင္း ရိွမယ္။ ဘရူးႏိုင္းဆိုတာလဲ ႏုိင္ငံေသးတဲ့အျပင္၊ သူတုိ႔ရဲ ႔ မူဝါဒလည္း တခါတေလၾကေတာ့ သိပ္အားရစရာ မရိွဘူးေပါ့။ တကယ့္ အဓိကေျပာရမယ္ဆိုရင္ေတာ့ မေလးရွားနဲ႔ အင္ဒိုနီးရွား တို႔ပဲ ရိွတယ္။ ဒီႏွစ္ႏုိင္ငံက ေတာ္ေတာ္ေလး အင္အားႀကီးမားတယ္။ အာဆီယံမွာ သူတုိ႔ရဲ ႔ ၾသဇာသက္ေရာက္တယ္။ သူတုိ႔ေတြကလည္း ႏုိင္ငံတကာဆက္ဆံေရးမွာ တရုတ္၊ ရုရွားတုိ႔နဲ႔ အေမရိကန္အုပ္စုေတြနဲ႔ အဆင္ေျပၾကတယ္။ ဆိုေတာ့ သူတို႔ေတြ အဆင္ေျပမႈေပၚမွာ က်ေနာ္တို႔ရဲ ႔ ေတာ္လွန္ေရးအင္အားေတြက ဒါကို ေသခ်ာအသံုးခ်ဖို႔ လိုအပ္တယ္။ အာဆီယံရဲ ႔ (၅) ခ်က္ - သေဘာတူညီခ်က္က သူတို႔ Consensus ျဖစ္တယ္။ အားလံုးသေဘာတူညီၾကတယ္။ အားလံုးသေဘာတူညီတဲ့ ဒီသေဘာတူညီခ်က္ကို စစ္တပ္က မလုိက္နာတဲ့အေပၚမွာ အာဆီယံရဲ ႔ ဆက္ဆံေရးက ပိုၿပီးေတာ့ တင္းက်ပ္လာတယ္။ တင္းမာလာတယ္။ ဒီမွာ တခု သတိျပဳမိတာ ဘာလဲဆိုေတာ့ Non-interferance ဆိုတဲ့ အေနအထားတခုက မရိွေတာ့ဘူး။ ဗမာျပည္နဲ႔ ပတ္သက္လာရင္ ဒါမ်ဳိးက ပါဝင္ပတ္သက္ရမယ္ဆုိတဲ့ အေနအထား ျဖစ္တယ္။ ဘာျဖစ္လုိ႔လဲဆိုေတာ့ ဒီႏိုင္ငံေတြကို ျဖစ္လာတဲ့ အက်ဳိးသက္ေရာက္မႈဟာ အေနအထားတခုကို ေက်ာ္သြားၿပီ။ မေလးရွားႏုိင္ငံကို ေရာက္ေနတဲ့ ဒုကၡသည္ေတြ၊ ထိုင္းဘက္ကို ေရာက္လာတဲ့ ဒုကၡသည္ေတြ၊ အင္ဒိုနီးရွားဘက္ကို ေရာက္လာတဲ့ ဒုကၡသည္ေတြနဲ႔ ပတ္သက္လာရင္ အဲဒီႏုိင္ငံေတြရဲ ႔ ရပ္တည္ခ်က္က ေျပာင္းလဲလာၿပီ။ သူတို႔က ပိုၿပီးေတာ့ ျပင္းထန္လာၿပီ။

အဲဒီတခုအျပင္ က်ေနာ္ ဒီမွာတခု ထပ္ၿပီးေတာ့ ရွယ္ခ်င္တာကေတာ့ ၿပီခဲ့တဲ့ ၉ ရက္ေန႔ ဇန္နဝါရီက အာဆီယံႏုိင္ငံရဲ ႔ ဥကၠ႒ရာထူးကို အင္ဒိုနီးရွားကယူတဲ့ အသိအမွတ္ျပဳဖို႔ေနရာမွာ မေလးရွားႏုိင္ငံျခားေရးဝန္ႀကီးခ်ဳပ္ကေန ကိုယ္တုိင္လာေရာက္ၿပီးေတာ့ ေတြ႔ဆံုခဲ့တယ္။ အင္ဒိုနီးရွား သမၼတနဲ႔။ အဲဒီေတြ႔ဆံုတဲ့ေနရာမွာ သူတုိ႔ႏွစ္ေယာက္ ေဆြးေႏြးခဲ့တဲ့ အေၾကာင္းအရာတခုကို က်ေနာ္ သိလိုက္ရတာကေတာ့ ျမန္မာျပည္အေရးနဲ႔ ပတ္သက္လာရင္ အာဆီယံရဲ ႔ ငါးခ်က္ကို အဓိကစံထားမယ္။ ဒါကို စစ္တပ္က မလိုက္နာသေရြ ႔၊ အသိအမွတ္ျပဳဆုိတာေကာ လက္ခံတယ္ဆိုတာေကာ ရိွမွာမဟုတ္ဘူး။ ဒါေပမဲ့ ဒီထက္မွာ ေတာ္ေတာ္အေရးႀကီးတဲ့ အခ်က္က ဘာလဲဆိုေတာ့ စစ္တပ္က အခုထိလည္း သူ႔ရဲ ႔ အာဏာသိမ္းတဲ့ ႀကိဳးပမ္းမႈက မေအာင္ျမင္ေသးဘူးဆိုတာ ထင္ရွားတယ္။ ဘာေၾကာင့္ထင္ရွားလဲလုိ႔ ေျပာရမယ္ဆိုရင္ သူ႔ကို ဘယ္ႏုိင္ငံကမွ အသိအမွတ္ မျပဳေသးဘူး။ ဆိုေတာ့ ဒီအသိအမွတ္ျပဳခံထားရတဲ့ NUG အစိုးရကလည္း လက္ရိွ ႏုိင္ငံတကာမွာ အသိအမွတ္မျပဳခံထားရေပမဲ့လဲ သူတုိ႔ဟာ democratically elected လုပ္ထားခံရတယ္ဆိုတာကိုေတာ့ ဘယ္သူမွ ျငင္းပယ္လုိ႔ မရဘူး။ အဲဒီအေပၚမွာ စစ္တပ္ရဲ ႔ လႊမ္းမိုးမႈ၊ ႀကိဳးစားတဲ့အရာကလည္း မေအာင္ျမင္ေသးဘူးလို႔ ဒီေနရာမွာ က်ေနာ္တုိ႔ ေကာင္းေကာင္းေျပာလို႔ရတယ္။

ဒီဟာကို ေထာက္ကူဖို႔အတြက္ကို ေရြးေကာက္ပြဲတခု သူလုပ္ရလိမ့္မယ္။ ဒီေရြးေကာက္ပြဲကိုလည္း ဒီႏုိင္ငံေတြက လက္ခံဖုိ႔ မရိွဘူးဆိုတာကို က်ေနာ္တို႔ ပြင့္ပြင့္လင္းလင္း ေျပာႏုိင္တယ္။

ေမး ။ ။ အဲဒီေတာ့ ႏိုင္ငံတႏုိင္ငံမွာ အေျပာင္းအလဲလုပ္မယ္ဆိုလို႔ရိွရင္ ေရြးေကာက္ပြဲဆုိတာကို လုပ္ၾကတယ္။ ဆိုေတာ့ အခုစစ္ေကာင္စီ ခ်ျပလာတဲ့ ေရြးေကာက္ပြဲကို အာဆီယံတုိ႔ အင္ဒိုနီးရွားအပါအဝင္ အာဆီယံႏုိင္ငံေတြက လက္မခံဘူးဆိုတာ ဘာေၾကာင့္လဲရွင့္။

ေျဖ ။ ။ ဒီမွာ ဘာေခၚလဲဆိုေတာ့ စစ္တပ္ရဲ ႔ လုပ္ရပ္ေပၚမွာ ႏုိင္ငံတကာရဲ ႔ တံု႔ျပန္မႈဆုိတာေတာ့ ရိွတယ္။ စစ္တပ္က သူတုိ႔မလုိရင္၊ အာဏာသိမ္းမယ္။ ၿပီးရင္ ေရြးေကာက္ပြဲ ျပန္လုပ္မယ္။ ဒါက ေရြးေကာက္ပြဲကို ေနာက္သလို ျဖစ္ေနတယ္။ ဒီေရြးေကာက္ပြဲရဲ ႔ creditabilty မရိွေတာ့ဘူး။ ျမန္မာျပည္က ေရြးေကာက္ပြဲက ဒီလိုမ်ဳိး စစ္တပ္ရဲ ႔ေအာက္က လုပ္မယ္ဆုိရင္။ ေရြးေကာက္ပြဲတခုကို ရလဒ္တခုကို သူတုိ႔စိတ္တိုင္းမက်တဲ့ေပၚမွာ ဒါကို ဝင္ေႏွာက္ယွက္ၿပီးေတာ့ အာဏာသိမ္းခဲ့တဲ့ ရာဇဝတ္သားအုပ္စုတစုက ဘယ္လုိလုပ္ၿပီးေတာ့ သူတုိ႔ေတြနဲ႔ က်င္းပတဲ့ ေရြးေကာက္ပြဲက တရားဝင္ ျဖစ္လာပါ့မလဲဆိုတဲ့ ေမးခြန္းကို ေမးစရာ ရိွလာတယ္။ ဆိုေတာ့ စစ္တပ္က အာဏာသိမ္းထား၊ သိမ္းဖုိ႔ ႀကိဳးပမ္းေနသေရြ ႔ အဲဒီၾကားထဲက သူတုိ႔လုပ္လာတဲ့ ေရြးေကာက္ပြဲဆိုတာကလဲ ဒီအာဏာသိမ္းမႈကို အေထာက္အကူျပဳဖုိ႔ဆိုသာလွ်င္ ျဖစ္တယ္ဆိုတာကို ေကာင္းေကာင္းသေဘာေပါက္ၾကတယ္။ ဒီဟာကို ႏုိင္ငံတကာက ဘယ္လိုမွ လက္ခံမွာ မဟုတ္ဘူးဆိုတာေတာ့ ရွင္းတယ္။

ေမး ။ ။ က်မနဲ႔ ျမန္မာသံအမတ္ႀကီး ကုလသမဂၢဆိုင္ရာ ျမန္မာသံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းနဲ႔ ေတြ႔ဆံုေမးျမန္းခံမွာလည္း သူ အဓိကေျပာသြားတာက ကုလသမဂၢ လံုၿခံဳေရးေကာင္စီက ျမန္မာ့အေရးကို ပထမဦးဆံုးအႀကိမ္ ဆံုးျဖတ္ခ်က္ကို လံုၿခံဳေရးေကာင္စီမွာ ခ်မွတ္ခဲ့တဲ့အေၾကာင္းကလည္း ဒီအာဆီယံအဖြဲ႔ဝင္ႏုိင္ငံေတြ - အထူးသျဖင့္ အင္ဒိုနီးရွား၊ မေလးရွား၊ စကၤာပူတုိ႔ရဲ ႔ ေတာင္းဆိုခ်က္ေတြ ဖိအားေပးမႈေတြ ပါတယ္ဆိုတယ္ဆုိေတာ့ ေရွ ႔ဆက္ၿပီးေတာ့ေကာ အင္ဒိုနီးရွားႏုိင္ငံက အာဆီယံဥကၠ႒ ျဖစ္လာခ်ိန္မွာ ျမန္မာႏုိင္ငံအေျပာင္းအလဲမွာ သူ႔ရဲ ႔အခန္းက႑က ဘယ္ေလာက္အထိ အေရးႀကီးမယ္လို႔ ျမင္ပါသလဲရွင့္။

ေျဖ ။ ။ ဒီစကားမေျပာခင္ က်ေနာ္တုိ႔ အင္ဒိုနီးရွားႏုိင္ငံရဲ ႔ ေနာက္ခံသမိုင္းကို နည္းနည္းၾကည့္ဖို႔လုိတယ္။ အင္ဒိုနီးရွားနိုင္ငံဆိုတာကလည္း တခ်ိန္တုန္းက ဗမာျပည္လုိပဲ စစ္တပ္ရဲ ႔ အုပ္ခ်ဳပ္မႈလက္ေအာက္မွာ ရွင္သန္လာခဲ့ရတဲ့ ႏုိင္ငံတႏုိင္ငံ ျဖစ္တယ္။ အဲဒီလုိအေနအထားကေန ရုန္းထြက္လာခဲ့ၿပီးေတာ့ ဒီမိုကရက္တစ္ႏုိင္ငံတႏုိင္ငံ ျဖစ္ေျမာက္လာတဲ့အထိ သူတုိ႔ ေရာက္လာခဲ့တယ္။ သူတုိ႔ႏုိင္ငံမွာလည္း လူမ်ဳိးတုန္းသတ္ျဖတ္မႈေတြ ျဖစ္ခဲ့တယ္။ လူမ်ဳိးတအုပ္စုနဲ႔ တအုပ္စု ပဋိပကၡေတြ ျဖစ္ခဲ့တယ္။ ဒီအေျပာင္းအလဲတခုကို ရင္ဆိုင္ၿပီးေတာ့ ေရာက္လာတဲ့အေပၚမွာ သူတုိ႔ေတြက ျမန္မာျပည္ကို အဲဒီအျမင္နဲ႔ လာျမင္ၾကတယ္။ ျမန္မာျပည္မွာၾကေတာ့ အဲဒီလိုမ်ဳိး မဟုတ္ေတာ့ဘူး။ စစ္တပ္ကိုက ရွင္းရွင္းေျပာရရင္ အင္ဒိုနီးရွားစစ္တပ္က မ်ဳိးခ်စ္စိတ္ဓါတ္၊ တုိင္းျပည္ခ်စ္စိတ္ အမ်ားႀကီးရိွတယ္လို႔ ေျပာရမယ္။ တုိင္းျပည္ေပၚမွာ သူ ေစတနာမွန္တယ္။ သူ႔ရဲ ႔ အုပ္ခ်ဳပ္မႈ၊ ထိန္းခ်ဳပ္မႈကို တျဖည္းျဖည္းေလွ်ာ့သြားခဲ့တယ္။ အရပ္သားအစိုးရအျဖစ္ အၿပီေျပာင္းသြားခဲ့တယ္။ ဒါေပမဲ့ က်ေနာ္တို႔ ျမန္မာျပည္မွာေတာ့ စစ္တပ္က အဲဒီလိုမ်ဳိး မဟုတ္ဘူး။ အထက္ပိုင္းေတြၾကေတာ့ စီးပြားေကာင္းေကာင္းလုပ္တယ္။ သူတို႔သားသမီးေတြကိုေတာ့ တကယ္ကမၻာေက်ာ္ေက်ာင္းေတြမွာ ေက်ာင္းတက္တယ္။ စားေကာင္းေသာက္ေကာင္းေတြ စားၾကတယ္။ အဆင့္ျမင့္ေနထိုင္ၾကတယ္။ လက္ေအာက္ငယ္သားေတြ၊ ေအာက္ေျခေတြမွာ ျပန္ၾကည့္၊ ဘယ္လိုေနၾကလဲ။ ပိုက္ဆံေတာင္းစားတဲ့ဘဝထက္ သိပ္မသာဘူး။ သူတုိ႔ေနေနၾကတဲ့ ဘဝေတြက။ ဆိုေတာ့ အင္ဒိုနီးရွားနဲ႔ ျမန္မာနဲ႔ မတူတဲ့ ဒီအခ်က္က အဓိကျဖစ္တယ္။ ေနာက္ အင္ဒိုနီးရွားႏုိင္ငံနဲ႔ မေလးရွားႏုိင္ငံတို႔က အာဆီယံမွာ ဒီမိုကရက္တစ္ႏုိင္ငံေတြ ျဖစ္တယ္။ ဘာတခု သူတုိ႔ သြားစိုးရိမ္သလဲဆိုေတာ့ အကယ္လို႔သာ ျမန္မာျပည္က စစ္အာဏာသိမ္းတာ၊ ဒီမုိကရက္တစ္စနစ္ကို ၿဖိဳလဲမယ့္ နည္းစနစ္ေတြ၊ ႏုိင္ငံေရးလုပ္ရပ္ေတြ ျဖစ္လာၿပီဆိုရင္ အျခားႏုိင္ငံေတြအတြက္ အႏၱရာယ္ဆိုတာမ်ား ျဖစ္လာမယ္လို႔ ျမင္ၾကတယ္။ က်ေနာ္တုိ႔ ျမင္သေလာက္ မေလးရွားႏုိင္ငံမွာ ေလးငါးဆယ္ႏွစ္အတြင္းမွာ အစိုးရ အေျပာင္းအလဲေတြ ေတာ္ေတာ္ေလး ျဖစ္ခဲ့တယ္။ ဒါေပမဲ့ စစ္ကားတစီးမွ လမ္းေပၚမွာ မေတြ႔ခဲ့ရဘူး။ အင္ဒိုနီးရွားမွာလည္း ေရြးေကာက္ပြဲေတြ ျဖစ္တယ္။ အမ်ဳိးမ်ဳိး ႏုိင္ငံေရး အေျပာင္းအလဲေတြ ျဖစ္တယ္။ သူတုိိ႔မွာလည္း ဒါမ်ဳိးေတြ မျဖစ္ေတာ့ဘူး။ ဆုိေတာ့ လက္ရိွ ျမန္မာျပည္ကို ျပန္ၾကည့္မယ္ဆိုရင္ စစ္တပ္က ေနရာတကာမွာ ပါဝင္တယ္။ အားလံုးကို သူခ်ယ္လည္တယ္။ သူက ဘာကိုဘန္းျပၿပီး ခ်ယ္လည္သလဲဆိုေတာ့ လူမ်ဳိးေရး၊ ဘာသာေရးကို ဘန္းျပၿပီးေတာ့ ခ်ယ္လည္တယ္။ ဒါေပမဲ့ တကယ့္တကယ္ ျပန္ၾကည့္လိုက္မယ္ဆုိရင္ သူတုိ႔ သတ္တာျဖတ္တာ ဘယ္သူကို အဓိက သတ္ေနလဲ။ လူနည္းစုေတြကို သတ္တာျဖတ္တာေတြ ရိွေနသလို၊ ကိုယ့္လူမ်ဳိးေတြလည္း သတ္ေနတာပဲ။ သူတုိ႔က အဓိက သူတုိ႔အာဏာကို ထိခိုက္လာမယ္ဆုိရင္ ဘယ္သူ႔မဆုိ သတ္မွာပဲ။ အဲဒီလို အေနအထားမ်ဳိးရိွတဲ့ အေတြးအေခၚရိွတဲ့ စစ္တပ္ကို ဘယ္ႏုိင္ငံကမွ သူတုိ႔ရဲ ႔ ပတ္ဝန္းက်င္မွာ ရိွေနတာကို မလုိလားဘူး။ သူတုိ႔ႏုိင္ငံေတြရဲ ႔ လံုၿခံဳေရးအတြက္လည္း အင္မတန္မွ ေၾကာက္စရာေကာင္းတဲ့ အေနအထား ရိွလာတယ္ဆိုတာကို သူတုိ႔ နားလည္လာၿပီ။ ဒီ့အေပၚမွာ က်ေနာ္ျမင္တာကေတာ့ ျမန္မာျပည္ရဲ ႔ အေျခအေန မေျပာင္းလဲသေရြ ႔ ဒီလိုမ်ဳိး စစ္တပ္က အႏၱရာယ္ျပဳႏုိ္င္တဲ့ အေနအထား ရိွေနသေရြ ႔ ဒီႏိုင္ငံေတြကေတာ့ သူတုိ႔ရဲ ႔ ရပ္တည္ခ်က္ ေျပာင္းလဲလာမွာေတာ့ မဟုတ္ဘူး။

မအင္ၾကင္းႏိုင္ ။ ။ ေက်းဇူးတင္ပါတယ္ ကိုေက်ာ္ဝင္း၊ အခုလို အခ်ိန္ေပးၿပီးေတာ့ ဗီြအိုေအျမန္မာပိုင္းက ေမးတာေတြကို ေျဖၾကားေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္ရွင့္။ ျမန္မာ့ဒီမိုကေရစီေရးရာကို ၾကည့္ရွဳနားေထာင္တဲ့အတြက္လည္း ေက်းဇူးတင္ပါတယ္။

===== Unicode ====

အင်ဒိုနီးရှားနိုင်ငံအနေနဲ့ သူ့အရင် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတွေဖြစ်တဲ့ ကမ္ဘောဒီးယားနဲ့ ဘရူးနိုင်း လက်ထက်ကတည်းကရှိနေခဲ့တဲ့ မြန်မာ့အကျပ်အတည်းကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲ။ ဒီနှစ်အတွင်း ရွေးကောက်ပွဲကျင်းပမယ်လို့ စစ်ကောင်စီချပြထားတဲ့ လမ်းကြောင်းကို အင်ဒိုနီးရှားက ဘယ်လိုတုံ့ပြန်ဖို့ရှိမလဲ။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းထားတာ နှစ်နှစ်ကြာမြင့်လာပေမယ့် ပဋိပက္ခတွေ ဖြေရှင်းနိုင်ခြင်းမရှိတဲ့ အခြေအနေဟာ အာဆီယံနိုင်ငံ အစိုးရတွေရဲ့ မြန်မာအပေါ်သဘောထား ဘယ်လိုအပြောင်းအလဲ ဖြစ်စေသလဲ။

ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း အင်ဒိုနီးရှားနဲ့ မလေးရှားနိုင်ငံတွေကို သွားရောက်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနတွေက အရာရှိတွေနဲ့ တွေ့ဆုံခဲ့တဲ့ ဗြိတိန်အခြေစိုက် မြန်မာ့လူ့အခွင့်အရေးကွန်ရက် အမှုဆောင်ညွန်ကြားရေးမှူးလည်းဖြစ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ မွတ်စလင်လူမျိူးများ အတိုင်ပင်ခံကော်မတီရဲ့ ပြောခွင့်ရ ဦးကျော်ဝင်း ကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

မေး ။ ။ မင်္ဂလာပါ ကိုကျော်ဝင်း။ မကြာသေးခင်ကပဲ အင်ဒိုနီးရှား၊ မလေးရှားနိုင်ငံတွေကို သွားရောက်ပြီးတော့ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အာဆီယံရဲ့ အခန်းကဏ္ဍ - အထူးသဖြင့်တော့ အင်ဒိုနီးရှားက အာဆီယံဥက္ကဋ္ဌ ဖြစ်လာတဲ့အခါကြတော့ လက်ရှိ ဒီမိုကရေစီရေး တိုက်ပွဲဝင်နေကြတဲ့ အုပ်စုတွေ၊ အမျိုးသားညီညွှတ်ရေးအစိုးရတို့နဲ့ သူတို့ ဆွေးနွေးမယ့် သဘောထားမျိုးကို ကိုကျော်ဝင်းတို့နဲ့ တွေ့ဆုံတဲ့နေရာမှာကော ပြောတာမျိုး ရှိပါသလား။

ဖြေ ။ ။ သူတို့က အားလုံးနဲ့ စကားပြောတယ်။ ဘယ်သူနဲ့မဆို စကားပြောတယ်။ ဘယ်သူနဲ့မဆို စကားပြောတယ်ဆိုတဲ့နေရာမှာ ကျနော်တို့ဘက်က ထောက်ပြတာကတော့ "ဘယ်သူမဆို" ဆိုတဲ့နေရာမှာ ကျနော်တို့ဘက်ကတော့ ဘယ်သူဆိုတာ မရှိဘူး။ ကျနော်တိို့ဆိုလိုတာကတော့ မြန်မာပြည်ရဲ့ စစ်တပ်ကို ဆန့်ကျင်နေတဲ့ တော်လှန်ရေးအုပ်စုတွေအားလုံးမှာတော့ ရပ်တည်ချက်ကတော့ စစ်တပ်နဲ့ စကားမပြောဘူး၊ သူတို့ဟာ ရာဇဝတ်သားတွေ ဖြစ်တယ်။ သူတို့ကို တရားစီရင်ရမယ်။ တရားစီရင်ပြီရင်ဆိုရင်တော့ ကျနော်တို့ ပြောသင့်ပြောထိုက်တဲ့လူနဲ့ စကားပြောရမယ်။ ဒါပေမဲ့ ဒီလူတွေနဲ့တော့ ဘယ်လိုမှ စေ့စပ်ညှိနှိုင်းလို့လည်း မရသလို၊ သူတို့က ရာဇဝတ်သားတွေ ဖြစ်တယ်။ သူတိုု့ကို အပြစ်တခုမပေးဘဲနဲ့ တရားစီရင်မှု မရှိဘဲနဲ့ ကျနော်တို့ ဒီလူတွေနဲ့ စကားပြောခြင်းက ထောင်နဲ့သောင်းနဲ့ အသက်ပေးသွားခဲ့ကြတဲ့ ကိုယ့်တိုင်းသူပြည်သားတွေအတွက် မတရားမှုပြုသလို ဖြစ်သွားမယ်။ နောက် သူတို့ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကိုလည်း ဘယ်ခေါင်းဆောင်ကိုယ်မှ ခွင့်လွှတ်လို့ မရဘူး။ ဒါက ခွင့်လွှတ်တာလည်း တော်တော်လေး မှားယွင်းတယ်လို့ ပြောလို့ရတယ်။

မေး ။ ။ သူက အဲဒီတော့ NUG နဲ့ အခု အင်ဒိုနီးရှားအစိုးရတို့ဘက်က တွေ့ဆုံဆွေးနွေးတဲ့ အပိုင်းတွေကော ရှိလာပြီလားရှင့်။

ဖြေ ။ ။ NUG နဲ့ သူတို့နဲ့ အစကတည်းက ထိတွေ့မှုတွေ ရှိခဲ့တယ်ပေါ့။ ဥပမာ ၂၁ ခုနှစ်ကတည်းက ထိတွေ့မှုတွေ ရှိတယ်လို့ သိရတယ်။ နောက် ကျနော်တို့တွေ ဒီဘက်ကလည်း အားလုံးကို တိုက်တွန်းပါတယ်။ NUG နဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ ထိတွေ့ဖို့ လိုအပ်တယ်။ အားလုံးစကား အသံကို နားထောင်ဖို့ လိုအပ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ စစ်တပ်က သူတို့ဆီကို အမြဲတမ်းစာပို့တယ်။ သတင်းတွေ ပေးနေတယ်။ ကျနော်တို့တွေက အကြမ်းဖက်တွေ ဖြစ်တယ်။ ရာဇဝတ်သားတွေ ဖြစ်တယ်။ ဒီလူတွေနဲ့ မပတ်သက်ရဘူးလို့ သူတို့ကို အမြဲတမ်း pressure ပေးတယ်။ ဆိုတော့ သူတို့တွေကတော့ ဒါကို ကောင်းကောင်းနားလည်တာပေါ့။ စစ်တပ်ဆိုတာ တကယ့်ကို မြန်မာပြည်မှာ ရာဇဝတ်မှုတွေ ကျူးလွန်နေတာ။ တိုင်းရင်းသားအဖွဲ့တွေ၊ တော်လှန်ရေးတပ်တွေဆိုတာက ခုခံနေတဲ့ အနေအထားပဲ ရှိတယ်ဆိုတာကို ကောင်းကောင်းနားလည်ကြတယ်။

မေး ။ ။ အဲဒီတော့ ဒီလိုစစ်ကောင်စီက အခု အင်ဒိုနီးရှားတို့ အာဆီယံကိုလည်း သူတိုု့သဘောထား ထုတ်ပြန်ထားတာ ရှိတယ်။ အခုဆိုရင် အာဆီယံ ဥက္ကဋ္ဌ ဖြစ်လာတဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ မြန်မာအပေါ် ကြေညာချက်နဲ့ ပတ်သက်ပြီး သူတို့တုံ့ပြန်ချက်မှာလဲ သူတို့ သတ်မှတ်ထားတဲ့ အကြမ်းဖက်အုပ်စုတွေ၊ တရားမဝင်အဖွဲ့တွေ အဲဒါတွေနဲ့ တွေ့ဆုံဆွေးနွေးတာမျိုးတွေ မလုပ်ဘို့။ ဒါက အာဆီယံရဲ့ ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေအရပေါ့ - ဒါမျိုးတွေနဲ့ မလုပ်ဘို့ဆိုပြီးတော့ သူတို့ တိုက်တွန်းတောင်းဆိုထားတာလည်းရှိတော့ စစ်ကောင်စီအတွက်က ဒီလို သူ့ကိုဆန့်ကျင်တယ်။ အခု ဒီမိုကရေစီရေး တိုက်ပွဲဝင်နေတဲ့ အမျိုးသားညီညွှတ်ရေးအစိုးရတို့လို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အာဆီယံက တွေ့ဆုံဆွေးနွေးလာမှာကို သူတိုု့ဘက်က ဘာကြောင့် စိုးရိမ်နေရသလဲရှင့်။

ဖြေ ။ ။ အာဆီယံက အခုနောက်ပိုင်းမှာ သေချာသုံးသပ်မယ်ဆိုရင် အာဆီယံမှာ camp - အုပ်စုနှစ်ခု ရှိတယ်ဆိုတာကို တွေ့ရမယ်။ တအုပ်စုကတော့ အနောက်နိုင်ငံဘက်ကို ယိမ်းတဲ့၊ ဒီမိုကရက်ဘက်ကိုယိမ်းတဲ့ အဖွဲ့တွေ - ထိိုင်းအပါအဝင် - ဒါပေမဲ့ ထိုင်းက လက်ရှိအနေအထားမှာ ခြံခွထိုင်နေတဲ့ အနေအထားမှာ ရှိတယ်။ ဒီဘက်မှာ ပြတ်ပြတ်သားသား ရပ်တည်နေတာ မလေးရှား၊ အင်ဒိုနီးရှား၊ စင်္ကာပူ၊ ဘရူးနိုင်း ရှိမယ်။ ဘရူးနိုင်းဆိုတာလဲ နိုင်ငံသေးတဲ့အပြင်၊ သူတို့ရဲ့ မူဝါဒလည်း တခါတလေကြတော့ သိပ်အားရစရာ မရှိဘူးပေါ့။ တကယ့် အဓိကပြောရမယ်ဆိုရင်တော့ မလေးရှားနဲ့ အင်ဒိုနီးရှား တို့ပဲ ရှိတယ်။ ဒီနှစ်နိုင်ငံက တော်တော်လေး အင်အားကြီးမားတယ်။ အာဆီယံမှာ သူတို့ရဲ့ သြဇာသက်ရောက်တယ်။ သူတို့တွေကလည်း နိုင်ငံတကာဆက်ဆံရေးမှာ တရုတ်၊ ရုရှားတို့နဲ့ အမေရိကန်အုပ်စုတွေနဲ့ အဆင်ပြေကြတယ်။ ဆိုတော့ သူတို့တွေ အဆင်ပြေမှုပေါ်မှာ ကျနော်တို့ရဲ့ တော်လှန်ရေးအင်အားတွေက ဒါကို သေချာအသုံးချဖို့ လိုအပ်တယ်။ အာဆီယံရဲ့ (၅) ချက် - သဘောတူညီချက်က သူတို့ Consensus ဖြစ်တယ်။ အားလုံးသဘောတူညီကြတယ်။ အားလုံးသဘောတူညီတဲ့ ဒီသဘောတူညီချက်ကို စစ်တပ်က မလိုက်နာတဲ့အပေါ်မှာ အာဆီယံရဲ့ ဆက်ဆံရေးက ပိုပြီးတော့ တင်းကျပ်လာတယ်။ တင်းမာလာတယ်။ ဒီမှာ တခု သတိပြုမိတာ ဘာလဲဆိုတော့ Non-interferance ဆိုတဲ့ အနေအထားတခုက မရှိတော့ဘူး။ ဗမာပြည်နဲ့ ပတ်သက်လာရင် ဒါမျိုးက ပါဝင်ပတ်သက်ရမယ်ဆိုတဲ့ အနေအထား ဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီနိုင်ငံတွေကို ဖြစ်လာတဲ့ အကျိုးသက်ရောက်မှုဟာ အနေအထားတခုကို ကျော်သွားပြီ။ မလေးရှားနိုင်ငံကို ရောက်နေတဲ့ ဒုက္ခသည်တွေ၊ ထိုင်းဘက်ကို ရောက်လာတဲ့ ဒုက္ခသည်တွေ၊ အင်ဒိုနီးရှားဘက်ကို ရောက်လာတဲ့ ဒုက္ခသည်တွေနဲ့ ပတ်သက်လာရင် အဲဒီနိုင်ငံတွေရဲ့ ရပ်တည်ချက်က ပြောင်းလဲလာပြီ။ သူတို့က ပိုပြီးတော့ ပြင်းထန်လာပြီ။

အဲဒီတခုအပြင် ကျနော် ဒီမှာတခု ထပ်ပြီးတော့ ရှယ်ချင်တာကတော့ ပြီခဲ့တဲ့ ၉ ရက်နေ့ ဇန်နဝါရီက အာဆီယံနိုင်ငံရဲ့ ဥက္ကဋ္ဌရာထူးကို အင်ဒိုနီးရှားကယူတဲ့ အသိအမှတ်ပြုဖို့နေရာမှာ မလေးရှားနိုင်ငံခြားရေးဝန်ကြီးချုပ်ကနေ ကိုယ်တိုင်လာရောက်ပြီးတော့ တွေ့ဆုံခဲ့တယ်။ အင်ဒိုနီးရှား သမ္မတနဲ့။ အဲဒီတွေ့ဆုံတဲ့နေရာမှာ သူတို့နှစ်ယောက် ဆွေးနွေးခဲ့တဲ့ အကြောင်းအရာတခုကို ကျနော် သိလိုက်ရတာကတော့ မြန်မာပြည်အရေးနဲ့ ပတ်သက်လာရင် အာဆီယံရဲ့ ငါးချက်ကို အဓိကစံထားမယ်။ ဒါကို စစ်တပ်က မလိုက်နာသရွေ့၊ အသိအမှတ်ပြုဆိုတာကော လက်ခံတယ်ဆိုတာကော ရှိမှာမဟုတ်ဘူး။ ဒါပေမဲ့ ဒီထက်မှာ တော်တော်အရေးကြီးတဲ့ အချက်က ဘာလဲဆိုတော့ စစ်တပ်က အခုထိလည်း သူ့ရဲ့ အာဏာသိမ်းတဲ့ ကြိုးပမ်းမှုက မအောင်မြင်သေးဘူးဆိုတာ ထင်ရှားတယ်။ ဘာကြောင့်ထင်ရှားလဲလို့ ပြောရမယ်ဆိုရင် သူ့ကို ဘယ်နိုင်ငံကမှ အသိအမှတ် မပြုသေးဘူး။ ဆိုတော့ ဒီအသိအမှတ်ပြုခံထားရတဲ့ NUG အစိုးရကလည်း လက်ရှိ နိုင်ငံတကာမှာ အသိအမှတ်မပြုခံထားရပေမဲ့လဲ သူတို့ဟာ democratically elected လုပ်ထားခံရတယ်ဆိုတာကိုတော့ ဘယ်သူမှ ငြင်းပယ်လို့ မရဘူး။ အဲဒီအပေါ်မှာ စစ်တပ်ရဲ့ လွှမ်းမိုးမှု၊ ကြိုးစားတဲ့အရာကလည်း မအောင်မြင်သေးဘူးလို့ ဒီနေရာမှာ ကျနော်တို့ ကောင်းကောင်းပြောလို့ရတယ်။

ဒီဟာကို ထောက်ကူဖို့အတွက်ကို ရွေးကောက်ပွဲတခု သူလုပ်ရလိမ့်မယ်။ ဒီရွေးကောက်ပွဲကိုလည်း ဒီနိုင်ငံတွေက လက်ခံဖို့ မရှိဘူးဆိုတာကို ကျနော်တို့ ပွင့်ပွင့်လင်းလင်း ပြောနိုင်တယ်။

မေး ။ ။ အဲဒီတော့ နိုင်ငံတနိုင်ငံမှာ အပြောင်းအလဲလုပ်မယ်ဆိုလို့ရှိရင် ရွေးကောက်ပွဲဆိုတာကို လုပ်ကြတယ်။ ဆိုတော့ အခုစစ်ကောင်စီ ချပြလာတဲ့ ရွေးကောက်ပွဲကို အာဆီယံတို့ အင်ဒိုနီးရှားအပါအဝင် အာဆီယံနိုင်ငံတွေက လက်မခံဘူးဆိုတာ ဘာကြောင့်လဲရှင့်။

ဖြေ ။ ။ ဒီမှာ ဘာခေါ်လဲဆိုတော့ စစ်တပ်ရဲ့ လုပ်ရပ်ပေါ်မှာ နိုင်ငံတကာရဲ့ တုံ့ပြန်မှုဆိုတာတော့ ရှိတယ်။ စစ်တပ်က သူတို့မလိုရင်၊ အာဏာသိမ်းမယ်။ ပြီးရင် ရွေးကောက်ပွဲ ပြန်လုပ်မယ်။ ဒါက ရွေးကောက်ပွဲကို နောက်သလို ဖြစ်နေတယ်။ ဒီရွေးကောက်ပွဲရဲ့ creditabilty မရှိတော့ဘူး။ မြန်မာပြည်က ရွေးကောက်ပွဲက ဒီလိုမျိုး စစ်တပ်ရဲ့အောက်က လုပ်မယ်ဆိုရင်။ ရွေးကောက်ပွဲတခုကို ရလဒ်တခုကို သူတို့စိတ်တိုင်းမကျတဲ့ပေါ်မှာ ဒါကို ဝင်နှောက်ယှက်ပြီးတော့ အာဏာသိမ်းခဲ့တဲ့ ရာဇဝတ်သားအုပ်စုတစုက ဘယ်လိုလုပ်ပြီးတော့ သူတို့တွေနဲ့ ကျင်းပတဲ့ ရွေးကောက်ပွဲက တရားဝင် ဖြစ်လာပါ့မလဲဆိုတဲ့ မေးခွန်းကို မေးစရာ ရှိလာတယ်။ ဆိုတော့ စစ်တပ်က အာဏာသိမ်းထား၊ သိမ်းဖို့ ကြိုးပမ်းနေသရွေ့ အဲဒီကြားထဲက သူတို့လုပ်လာတဲ့ ရွေးကောက်ပွဲဆိုတာကလဲ ဒီအာဏာသိမ်းမှုကို အထောက်အကူပြုဖို့ဆိုသာလျှင် ဖြစ်တယ်ဆိုတာကို ကောင်းကောင်းသဘောပေါက်ကြတယ်။ ဒီဟာကို နိုင်ငံတကာက ဘယ်လိုမှ လက်ခံမှာ မဟုတ်ဘူးဆိုတာတော့ ရှင်းတယ်။

မေး ။ ။ ကျမနဲ့ မြန်မာသံအမတ်ကြီး ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ တွေ့ဆုံမေးမြန်းခံမှာလည်း သူ အဓိကပြောသွားတာက ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြန်မာ့အရေးကို ပထမဦးဆုံးအကြိမ် ဆုံးဖြတ်ချက်ကို လုံခြုံရေးကောင်စီမှာ ချမှတ်ခဲ့တဲ့အကြောင်းကလည်း ဒီအာဆီယံအဖွဲ့ဝင်နိုင်ငံတွေ - အထူးသဖြင့် အင်ဒိုနီးရှား၊ မလေးရှား၊ စင်္ကာပူတို့ရဲ့ တောင်းဆိုချက်တွေ ဖိအားပေးမှုတွေ ပါတယ်ဆိုတယ်ဆိုတော့ ရှေ့ဆက်ပြီးတော့ကော အင်ဒိုနီးရှားနိုင်ငံက အာဆီယံဥက္ကဋ္ဌ ဖြစ်လာချိန်မှာ မြန်မာနိုင်ငံအပြောင်းအလဲမှာ သူ့ရဲ့အခန်းကဏ္ဍက ဘယ်လောက်အထိ အရေးကြီးမယ်လို့ မြင်ပါသလဲရှင့်။

ဖြေ ။ ။ ဒီစကားမပြောခင် ကျနော်တို့ အင်ဒိုနီးရှားနိုင်ငံရဲ့ နောက်ခံသမိုင်းကို နည်းနည်းကြည့်ဖို့လိုတယ်။ အင်ဒိုနီးရှားနိုင်ငံဆိုတာကလည်း တချိန်တုန်းက ဗမာပြည်လိုပဲ စစ်တပ်ရဲ့ အုပ်ချုပ်မှုလက်အောက်မှာ ရှင်သန်လာခဲ့ရတဲ့ နိုင်ငံတနိုင်ငံ ဖြစ်တယ်။ အဲဒီလိုအနေအထားကနေ ရုန်းထွက်လာခဲ့ပြီးတော့ ဒီမိုကရက်တစ်နိုင်ငံတနိုင်ငံ ဖြစ်မြောက်လာတဲ့အထိ သူတို့ ရောက်လာခဲ့တယ်။ သူတို့နိုင်ငံမှာလည်း လူမျိုးတုန်းသတ်ဖြတ်မှုတွေ ဖြစ်ခဲ့တယ်။ လူမျိုးတအုပ်စုနဲ့ တအုပ်စု ပဋိပက္ခတွေ ဖြစ်ခဲ့တယ်။ ဒီအပြောင်းအလဲတခုကို ရင်ဆိုင်ပြီးတော့ ရောက်လာတဲ့အပေါ်မှာ သူတို့တွေက မြန်မာပြည်ကို အဲဒီအမြင်နဲ့ လာမြင်ကြတယ်။ မြန်မာပြည်မှာကြတော့ အဲဒီလိုမျိုး မဟုတ်တော့ဘူး။ စစ်တပ်ကိုက ရှင်းရှင်းပြောရရင် အင်ဒိုနီးရှားစစ်တပ်က မျိုးချစ်စိတ်ဓါတ်၊ တိုင်းပြည်ချစ်စိတ် အများကြီးရှိတယ်လို့ ပြောရမယ်။ တိုင်းပြည်ပေါ်မှာ သူ စေတနာမှန်တယ်။ သူ့ရဲ့ အုပ်ချုပ်မှု၊ ထိန်းချုပ်မှုကို တဖြည်းဖြည်းလျှော့သွားခဲ့တယ်။ အရပ်သားအစိုးရအဖြစ် အပြီပြောင်းသွားခဲ့တယ်။ ဒါပေမဲ့ ကျနော်တို့ မြန်မာပြည်မှာတော့ စစ်တပ်က အဲဒီလိုမျိုး မဟုတ်ဘူး။ အထက်ပိုင်းတွေကြတော့ စီးပွားကောင်းကောင်းလုပ်တယ်။ သူတို့သားသမီးတွေကိုတော့ တကယ်ကမ္ဘာကျော်ကျောင်းတွေမှာ ကျောင်းတက်တယ်။ စားကောင်းသောက်ကောင်းတွေ စားကြတယ်။ အဆင့်မြင့်နေထိုင်ကြတယ်။ လက်အောက်ငယ်သားတွေ၊ အောက်ခြေတွေမှာ ပြန်ကြည့်၊ ဘယ်လိုနေကြလဲ။ ပိုက်ဆံတောင်းစားတဲ့ဘဝထက် သိပ်မသာဘူး။ သူတို့နေနေကြတဲ့ ဘဝတွေက။ ဆိုတော့ အင်ဒိုနီးရှားနဲ့ မြန်မာနဲ့ မတူတဲ့ ဒီအချက်က အဓိကဖြစ်တယ်။ နောက် အင်ဒိုနီးရှားနိုင်ငံနဲ့ မလေးရှားနိုင်ငံတို့က အာဆီယံမှာ ဒီမိုကရက်တစ်နိုင်ငံတွေ ဖြစ်တယ်။ ဘာတခု သူတို့ သွားစိုးရိမ်သလဲဆိုတော့ အကယ်လို့သာ မြန်မာပြည်က စစ်အာဏာသိမ်းတာ၊ ဒီမိုကရက်တစ်စနစ်ကို ဖြိုလဲမယ့် နည်းစနစ်တွေ၊ နိုင်ငံရေးလုပ်ရပ်တွေ ဖြစ်လာပြီဆိုရင် အခြားနိုင်ငံတွေအတွက် အန္တရာယ်ဆိုတာများ ဖြစ်လာမယ်လို့ မြင်ကြတယ်။ ကျနော်တို့ မြင်သလောက် မလေးရှားနိုင်ငံမှာ လေးငါးဆယ်နှစ်အတွင်းမှာ အစိုးရ အပြောင်းအလဲတွေ တော်တော်လေး ဖြစ်ခဲ့တယ်။ ဒါပေမဲ့ စစ်ကားတစီးမှ လမ်းပေါ်မှာ မတွေ့ခဲ့ရဘူး။ အင်ဒိုနီးရှားမှာလည်း ရွေးကောက်ပွဲတွေ ဖြစ်တယ်။ အမျိုးမျိုး နိုင်ငံရေး အပြောင်းအလဲတွေ ဖြစ်တယ်။ သူတို့မှာလည်း ဒါမျိုးတွေ မဖြစ်တော့ဘူး။ ဆိုတော့ လက်ရှိ မြန်မာပြည်ကို ပြန်ကြည့်မယ်ဆိုရင် စစ်တပ်က နေရာတကာမှာ ပါဝင်တယ်။ အားလုံးကို သူချယ်လည်တယ်။ သူက ဘာကိုဘန်းပြပြီး ချယ်လည်သလဲဆိုတော့ လူမျိုးရေး၊ ဘာသာရေးကို ဘန်းပြပြီးတော့ ချယ်လည်တယ်။ ဒါပေမဲ့ တကယ့်တကယ် ပြန်ကြည့်လိုက်မယ်ဆိုရင် သူတို့ သတ်တာဖြတ်တာ ဘယ်သူကို အဓိက သတ်နေလဲ။ လူနည်းစုတွေကို သတ်တာဖြတ်တာတွေ ရှိနေသလို၊ ကိုယ့်လူမျိုးတွေလည်း သတ်နေတာပဲ။ သူတို့က အဓိက သူတို့အာဏာကို ထိခိုက်လာမယ်ဆိုရင် ဘယ်သူ့မဆို သတ်မှာပဲ။ အဲဒီလို အနေအထားမျိုးရှိတဲ့ အတွေးအခေါ်ရှိတဲ့ စစ်တပ်ကို ဘယ်နိုင်ငံကမှ သူတို့ရဲ့ ပတ်ဝန်းကျင်မှာ ရှိနေတာကို မလိုလားဘူး။ သူတို့နိုင်ငံတွေရဲ့ လုံခြုံရေးအတွက်လည်း အင်မတန်မှ ကြောက်စရာကောင်းတဲ့ အနေအထား ရှိလာတယ်ဆိုတာကို သူတို့ နားလည်လာပြီ။ ဒီ့အပေါ်မှာ ကျနော်မြင်တာကတော့ မြန်မာပြည်ရဲ့ အခြေအနေ မပြောင်းလဲသရွေ့ ဒီလိုမျိုး စစ်တပ်က အန္တရာယ်ပြုန်ိုင်တဲ့ အနေအထား ရှိနေသရွေ့ ဒီနိုင်ငံတွေကတော့ သူတို့ရဲ့ ရပ်တည်ချက် ပြောင်းလဲလာမှာတော့ မဟုတ်ဘူး။

မအင်ကြင်းနိုင် ။ ။ ကျေးဇူးတင်ပါတယ် ကိုကျော်ဝင်း၊ အခုလို အချိန်ပေးပြီးတော့ ဗွီအိုအေမြန်မာပိုင်းက မေးတာတွေကို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင့်။ မြန်မာ့ဒီမိုကရေစီရေးရာကို ကြည့်ရှုနားထောင်တဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

XS
SM
MD
LG