ေဖေဖာ္ဝါရီလ ထဲ က်င္းပမယ့္ ADMM-Plus လို႔ေခၚတဲ့ အာဆီယံ ကာကြယ္ေရးဝန္ႀကီးမ်ားနဲ႔ မိတ္ဖက္ႏိုင္ငံမ်ား အစည္းအေဝးမွာ စစ္ေကာင္စီ ကာကြယ္ေရးဝန္ႀကီးဌာနကို ဖိတ္ၾကားထားတာဟာ အဆင့္ျမင့္ အႀကီးတန္းအရာရွိအဆင့္ေတြကို ဖိတ္ၾကားတာမဟုတ္ဘဲ လုပ္ငန္းအဆင့္အရာရွိေတြကိုပဲ ဖိတ္ၾကားတာျဖစ္တဲ့အေၾကာင္း အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီးဌာန အတိုင္ပင္ခံ ဒဲရစ္႐ိွဴေလး Derek Chollet က ကာကြယ္ေျပာဆိုသြား ပါတယ္။
ဒါဟာလည္း အာဆီယံအဖြဲ႕နဲ႔ အေမရိကန္ရဲ႕ ျမန္မာႏိုင္ငံအေပၚထားတဲ့ မူဝါဒေတြနဲ႔ ကိုက္ညီၿပီး ၿပီးခဲ့တဲ့ ၂ ႏွစ္အတြင္း ဒီအစည္းအေဝးေတြကို အြန္လိုင္းနဲ႔ လူကိုယ္တိုင္ပါဝင္တဲ့ hybrid ပုံစံ က်င္းပခဲ့တုန္းကလည္း ျမန္မာႏိုင္ငံ ဘက္က လုပ္ငန္း အဆင့္အရာရွိေတြပဲ တက္ေရာက္တာ၊ ဒါမွမဟုတ္ လုံးဝမတက္တာမ်ိဳးေတြပဲ ရွိတယ္လို႔ ဒီကေန႔တယ္လီဖုန္းနဲ႔ က်င္းပတဲ့ သတင္းစာရွင္းလင္းပြဲအတြင္းမွာ အတိုင္ပင္ခံ ရႈိေလးက ေျဖၾကားခဲ့တာပါ။
ဒီႏွစ္မွာေတာ့ ဒီအစည္းအေဝးေတြကို ထိုင္းႏိုင္ငံမွာ လူကိုယ္တိုင္ တက္ေရာက္ရမွာပါ။ ျမန္မာႏိုင္ငံတြင္း အၾကမ္းဖက္တာေတြ အဆုံးသတ္ဖို႔၊ မတရား ဖမ္းဆီးခံေနရသူေတြကို ျပန္လႊတ္ေပးဖို႔နဲ႔ ဒီမိုကေရစီစနစ္ ျပန္လည္ က်င့္သုံးဖို႔အေရး ျမန္မာကို ဖိအားေပးေတာင္းဆိုရာမွာ အေမရိကန္ျပည္ေထာင္စုက ႏိုင္ငံတကာအသိုင္းအဝိုင္းနဲ႔အတူ ပူေပါင္းပါဝင္သြားမွာ ျဖစ္ၿပီး ADMM-Plus အစည္းအေဝးေတြမွာ ထည့္သြင္း ေဆြးေႏြးသြားမွာ ျဖစ္တယ္လို႔လည္း ကာကြယ္ေရးဝန္ႀကီးဌာန ေျပာခြင့္ရ ဒုတိယဗိုလ္မႉးႀကီး Marty Meiners က ေျပာဆိုထားပါတယ္။
ADMM-Plus စစ္ဘက္ဆိုင္ရာ အစည္းအေဝးကို တက္ေရာက္ဖို႔ ျမန္မာစစ္တပ္ကို အေမရိကန္က ဖိတ္ၾကားတာ အခုပထမဆုံးအႀကိမ္ေတာ့ မဟုတ္ပါဘူး။ မႏွစ္က အစည္းအေဝးကို အြန္လိုင္းကတဆင့္ ျမန္မာက တက္ေရာက္ခဲ့ပါတယ္။ ၂၀၁၇ ခုႏွစ္ကေတာ့ ထိုင္းနဲ႔ အေမရိကန္ျပည္ေထာင္စု ပူးတြဲ စစ္ေရးေလ့က်င့္မႈ Cobra Gold မွာ ျမန္မာႏိုင္ငံကို ေလ့လာသူအျဖစ္ ဖိတ္ၾကားခဲ့ဖူးပါတယ္။
[Unicode]
အာဆီယံကာကွယ်ရေးဝန်ကြီးအစည်းအဝေး စစ်ကောင်စီလုပ်ငန်းအဆင့်ကိုယ်စားလှယ်ကိုသာ ဖိတ်ခြင်းဖြစ် (ကန်နိုင်ငံခြားရေး အတိုင်ပင်ခံ Derek Chollet)
ဖေဖော်ဝါရီလ ထဲ ကျင်းပမယ့် ADMM-Plus လို့ခေါ်တဲ့ အာဆီယံ ကာကွယ်ရေးဝန်ကြီးများနဲ့ မိတ်ဖက်နိုင်ငံများ အစည်းအဝေးမှာ စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီးဌာနကို ဖိတ်ကြားထားတာဟာ အဆင့်မြင့် အကြီးတန်းအရာရှိအဆင့်တွေကို ဖိတ်ကြားတာမဟုတ်ဘဲ လုပ်ငန်းအဆင့်အရာရှိတွေကိုပဲ ဖိတ်ကြားတာဖြစ်တဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ ဒဲရစ်ရှိူလေး Derek Chollet က ကာကွယ်ပြောဆိုသွား ပါတယ်။
ဒါဟာလည်း အာဆီယံအဖွဲ့နဲ့ အမေရိကန်ရဲ့ မြန်မာနိုင်ငံအပေါ်ထားတဲ့ မူဝါဒတွေနဲ့ ကိုက်ညီပြီး ပြီးခဲ့တဲ့ ၂ နှစ်အတွင်း ဒီအစည်းအဝေးတွေကို အွန်လိုင်းနဲ့ လူကိုယ်တိုင်ပါဝင်တဲ့ hybrid ပုံစံ ကျင်းပခဲ့တုန်းကလည်း မြန်မာနိုင်ငံ ဘက်က လုပ်ငန်း အဆင့်အရာရှိတွေပဲ တက်ရောက်တာ၊ ဒါမှမဟုတ် လုံးဝမတက်တာမျိုးတွေပဲ ရှိတယ်လို့ ဒီကနေ့တယ်လီဖုန်းနဲ့ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲအတွင်းမှာ အတိုင်ပင်ခံ ရှိုလေးက ဖြေကြားခဲ့တာပါ။
ဒီနှစ်မှာတော့ ဒီအစည်းအဝေးတွေကို ထိုင်းနိုင်ငံမှာ လူကိုယ်တိုင် တက်ရောက်ရမှာပါ။ မြန်မာနိုင်ငံတွင်း အကြမ်းဖက်တာတွေ အဆုံးသတ်ဖို့၊ မတရား ဖမ်းဆီးခံနေရသူတွေကို ပြန်လွှတ်ပေးဖို့နဲ့ ဒီမိုကရေစီစနစ် ပြန်လည် ကျင့်သုံးဖို့အရေး မြန်မာကို ဖိအားပေးတောင်းဆိုရာမှာ အမေရိကန်ပြည်ထောင်စုက နိုင်ငံတကာအသိုင်းအဝိုင်းနဲ့အတူ ပူပေါင်းပါဝင်သွားမှာ ဖြစ်ပြီး ADMM-Plus အစည်းအဝေးတွေမှာ ထည့်သွင်း ဆွေးနွေးသွားမှာ ဖြစ်တယ်လို့လည်း ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး Marty Meiners က ပြောဆိုထားပါတယ်။
ADMM-Plus စစ်ဘက်ဆိုင်ရာ အစည်းအဝေးကို တက်ရောက်ဖို့ မြန်မာစစ်တပ်ကို အမေရိကန်က ဖိတ်ကြားတာ အခုပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ မနှစ်က အစည်းအဝေးကို အွန်လိုင်းကတဆင့် မြန်မာက တက်ရောက်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်ကတော့ ထိုင်းနဲ့ အမေရိကန်ပြည်ထောင်စု ပူးတွဲ စစ်ရေးလေ့ကျင့်မှု Cobra Gold မှာ မြန်မာနိုင်ငံကို လေ့လာသူအဖြစ် ဖိတ်ကြားခဲ့ဖူးပါတယ်။