သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာမှာ ဒီမိုကရေစီအရပ်သားအုပ်ချုပ်ရေး ပေါ်ပေါက်လာအောင် ဖိအားပေးလုပ်ဆောင်ဖို့ HRW တိုက်တွန်း


၂၀၂၁ ခုနှစ် နိုဝင်ဘာ ၂၉နေ့က ရန်ကုန်မြို့တွင်း ဒီမိုကရေစီအရေးဆန္ဒပြပွဲတခု
၂၀၂၁ ခုနှစ် နိုဝင်ဘာ ၂၉နေ့က ရန်ကုန်မြို့တွင်း ဒီမိုကရေစီအရေးဆန္ဒပြပွဲတခု

စစ်အာဏာသိမ်းပြီး နှစ်နှစ်တာကာလအတွင်း စစ်ကောင်စီက သေစေလောက်တဲ့ အင်အားသုံးဖိနှိပ်ချုပ်ချယ်မှုတွေ ပိုတိုးလုပ်ဆောင်လာတယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ HRW က ဒီကနေ့ပြောပါတယ်။ မြန်မာနိုင်ငံအတွင်း အခြေခံလွတ်လပ်ခွင့်တွေရှိဖို့နဲ့ ဒီမိုကရေစီ အရပ်သားအုပ်ချုပ်ရေး တည်ဆောက်ဖို့ စစ်ကောင်စီကို ဖိအားပိုတိုးပေးသင့်တယ်လို့ HRW က ပြောပါတယ်။

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့က စပြီးတော့အာဏာသိမ်း စစ်တပ်က အတိုက်အခံတွေကို ရက်ရက်စက်စက် နှိမ်နှင်းခဲ့သလို လွတ်လပ်စွာ ပြောဆိုခွင့်၊ စုဝေးခွင့်တွေကို ပြင်းပြင်းထန်ထန် ကန့်သတ်ခဲ့တယ်လို့လည်း ဖော်ပြပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဆန့်ကျင်ဆန္ဒပြသူတွေနဲ့ တက်ကြွလှုပ်ရှားသူ ၁၇,၀၀၀ ထက်မနည်းဖမ်းဆီးခံခဲ့ရပြီး၊ ၂,၉၀၀ လောက်သေဆုံးခဲ့တယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP စာရင်းတွေက ဖော်ပြတာပါ။

လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ မတရားဖမ်းဆီး၊ ညှဉ်းပန်းနှိပ်စက်၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေနဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်တာတွေကို လုပ်ခဲ့တဲ့ အကြောင်းနဲ့ အာဏာသိမ်းထားတဲ့ ၂ နှစ်တာကာလအတွင်း မြန်မာစစ်တပ်က လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ်လို့ HRW အာရှရေးရာ ညွှန်ကြားရေးမှူး Elaine Pearson က ပြောပါတယ်။

သက်ဆိုင်ရာအစိုးရတွေအနေနဲ့ သဘာဝဓာတ်ငွေ့၊ သတ္တု၊ ကျောက်မျက်ရတနာနဲ့ သစ်တင်ပို့မှုတွေကရတဲ့ စစ်တပ် အဓိက နိုင်ငံခြားဝင်ငွေအရင်းမြစ်တွေကို ပစ်မှတ်ထား ပိတ်ဆို့သင့်တဲ့အကြောင်းလည်း HRW က ပြောပါတယ်။

မြန်မာနိုင်ငံမှာ အနည်းဆုံး လူပေါင်း ၁၇.၆ သန်းဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ အရေးပေါ်လိုအပ်နေတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး UNOCHA က ခန့်မှန်းပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း ပဋိပက္ခတွေကြောင့် ပြည်တွင်းမှာ လူ ၁ သန်းကျော် အိုးအိမ်စွန့်ခွါထွက်ပြေးခဲ့ရသလို နောက်ထပ် ဒုက္ခသည် ၇၀,၀၀၀ လောက် အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေးခဲ့ကြရပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode]







XS
SM
MD
LG