သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အာဆီယံကိုယ္စားလွယ္သစ္ ျမန္မာ့အေရး ဘယ္လိုကိုင္တြယ္မလဲ


Menteri Luar Negeri Indonesia Retno Marsudi. (Kemenlu RI)

ျမန္မာ့ႏိုင္ငံဆိုင္ရာအထူးကိုယ္စားလွယ္အဖြဲ႕႐ုံးကို ဦးေဆာင္သြားမယ့္ အာဆီယံ အထူးကိုယ္စားလွယ္၊ အင္ဒိုနီးရွား ႏိုင္ငံျခားေရးဝန္ႀကီးဟာ ျမန္မာ့အေရးကိစၥမွာ ဘယ္လိုခ်ဥ္းကပ္ ညႇိႏႈိင္းသြားမလဲဆိုတာ အမ်ားက စိတ္ဝင္တစား ရွိေနၾကပါတယ္။ အဖြဲ႕အစည္းအားလုံးနဲ႔ ပူးေပါင္းေဆာင္႐ြက္သြားမယ္ဆိုတဲ့ အာဆီယံ အထူးကိုယ္စားလွယ္ရဲ႕ ေျပာၾကားမႈအေပၚမွာ ႏိုင္ငံေရး ေလ့လာသုံးသပ္သူရဲ႕ အျမင္အမ်ိဳးမ်ိဳး ရွိေနပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကသတင္းေပးပို႔တာကို ကိုသားၫြန႔္ဦး ေျပာျပမွာပါ။

အေရွ႕ေတာင္အာရွ ႏိုင္ငံမ်ားအသင္း အာဆီယံရဲ႕ အလွည့္က်ဥကၠ႒ျဖစ္လာတဲ့ အင္ဒိုနီးရွားႏိုင္ငံရဲ႕ ႏိုင္ငံျခားေရးဝန္ႀကီး Retno Marsudi ဟာ ျမန္မာႏိုင္ငံအတြက္ အထူးကိုယ္စားလွယ္အဖြဲ႕ကို ဖြဲ႕စည္းသြားဖို႔ ရွိေနပါတယ္။ ဒီအဖြဲ႕ကို သူကိုယ္တိုင္ ဦးေဆာင္သြားမွာျဖစ္ၿပီး ဘယ္ေလာက္အထိ ေအာင္ျမင္ေအာင္ စြမ္းေဆာင္ႏိုင္မလဲ ဆိုတဲ့အေပၚမွာ အမ်ိဳးမ်ိဳး အျမင္ရွိၾကပါတယ္။ ပဋိပကၡျဖစ္ပြားေနတဲ့ အဖြဲ႕အစည္းအားလုံးနဲ႔ ပူးေပါင္းေဆာင္႐ြက္ဖို႔ထက္ တိုင္းရင္းသား ျပည္သူလူထုရဲ႕ ေတာင္းဆိုခ်က္ကိုသာ အာဆီယံအေနနဲ႔ အေလးထားသင့္တယ္လို႔ ႏိုင္ငံေရး ေလ့လာသူတခ်ိဳ႕က ျမင္ပါတယ္။

အင္ဒိုနီးရွား ႏိုင္ငံျခားေရးဝန္ႀကီးဟာ သံခင္းတမန္ခင္းကေန ျပႆနာရဲ႕ အေျဖကိုရဖို႔ စိတ္ဝင္စားေနပုံရေၾကာင္း ျမန္မာ့လူ႔အခြင့္အေရးအဖြဲ႕ BHRN ရဲ႕ အမႈေဆာင္ ၫႊန္ၾကားေရးမႉး ဦးေက်ာ္ဝင္းက ေျပာပါတယ္။ စစ္ရာဇဝတ္မႈေတြက်ဴးလြန္တယ္လို႔ ႏိုင္ငံတကာမွာစြပ္စြဲခံေနရတဲ့ ေအာဏာသိမ္းျမန္မာစစ္ေကာင္စီနဲ႔ ေစ့စပ္ေဆြးေႏြးလို႔ေတာ့ အဆင္မေျပႏိုင္ဘူးလို႔ သူ႔အေနနဲ႔ အင္ဒိုနီးရွားႏိုင္ငံျခားေရးဝန္ႀကီးနဲ႔ ဒီကေန႔ ဂ်ကာတာၿမိဳ႕မွာ ေတြ႕ဆုံစဥ္ ဦးေက်ာ္ဝင္းက ရွင္းျပခဲ့တယ္လို႔ ေျပာပါတယ္။

"က်ေနာ္တို႔ေတြဟာ စကားေျပာဖို႔၊ Solution တခု ေျပလည္ေရးရဖို႔အတြက္ စကားေျပာရတယ္ ဆိုတာကို ႏိုင္ငံေရးမွာ ခ်န္လွပ္ထားလို႔ မရဘူး၊ ဆုံးျဖတ္ခ်က္ဆိုတာ စားပြဲဝိုင္းကလာတယ္။ သို႔ေသာ္လည္း က်ေနာ္တို႔က ရာဇဝတ္သားနဲ႔ စားပြဲဝိုင္းတခုတည္းမွာ ထိုင္ဖို႔ေတာ့ အဆင္မေျပႏိုင္ဘူး။ အသက္ေပးၿပီး က်ေနာ္တို႔ဆီက လူငယ္ေတြ စေတးေနတယ္၊ တိုင္းရင္းသားေတြ တိုက္ပြဲဝင္ေနတယ္ ဒါေတြကို က်ေနာ္တို႔က မ်က္ကြယ္ျပဳလို႔ မရဘူး။ ဒါကေတာ္ေတာ္ အေရးႀကီးတဲ့ကိစၥ။ ဒါကိုမ်က္ကြယ္ျပဳတဲ့ ဘယ္တတိယႏိုင္ငံမဆို၊ ဘယ္ၾကားဝင္ႏိုင္ငံမဆို က်ေနာ္တို႔ လက္မခံဘူးဆိုတဲ့ ျပတ္သားတဲ့ အေျဖတခု ေပးထားဖို႔လိုတယ္။ အေျမာ္အျမင္မရွိတဲ့ ဦးေဆာင္မႈ မွန္သမွ် အားလုံးကိုလည္း လက္ခံလို႔မရဘူး။ တိုင္းရင္းသားေဒခံေတြ၊ လူငယ္ေတြ သူတို႔ရဲ႕ ေတာင္းဆိုခ်က္က ဘာလဲ၊ ဒါကိုနံပတ္တစ္ ျဖစ္ရမယ္။ ပါတီေပၚလစီေတြ၊ ပါတီေခါင္းေဆာင္ပိုင္းက ေျပာခဲ့တဲ့ ဆုံးမစကားေတြကို ဒီေနရာမွာ လာေျပာလို႔မရဘူး။ ယေန႔လက္ရွိ မ်က္ေမွာက္ကာလမွာ ျမန္မာျပည္အတြက္ အေကာင္းဆုံအေျဖက ဘာလဲဆိုရင္ စစ္တပ္က ႏိုင္ငံေရးက လုံးဝ၊ လုံးဝ ထြက္သြားဖို႔ပဲရွိတယ္။ ဒါကို က်ေနာ္တို႔က အဓိကေျပာရမွာ။ ဒါကို ဒီက meeting ထဲမွာ၊ ႏိုင္ငံျခားေရးဝန္ႀကီးနဲ႔လည္း meeting ျဖစ္တယ္၊ တျခား အုပ္စုေတြနဲ႔လည္း meeting ျဖစ္ေတာ့ က်ေနာ့ရဲ႕ အဓိက ဒီေန႔ေပးတဲ့ message ကေတာ့ အင္ဒိုနီးရွားရဲ႕အေပၚမွာ ဒီ message ပဲေပါ့ေနာ္။"

ျမန္မာ့အေရးနဲ႔ပတ္သက္လို႔ အာဆီယံဘုံသေဘာတူညီခ်က္ ၅ ရပ္ ရွိတယ္ဆိုေပမယ့္၊ အာဆီယံႏိုင္ငံေတြအၾကား ျမန္မာ့အေရးခ်ည္းကပ္မႈမွာ မတူညီတာေတြရွိပါတယ္။ ထိုင္း၊ ကေမာၻဒီယား စတဲ့ႏိုင္ငံေတြက ျမန္မာစစ္ေကာင္စီကို နီးနီးကပ္ကပ္ဆက္ဆံၿပီး အေျပာင္းအလဲျဖစ္ေစဖို႔ လိုလားသလို၊ မေလးရွားလို ႏိုင္ငံမ်ိဳးကေတာ့ စစ္ေကာင္စီအျပင္ NUG အမ်ိဳးသားညီၫြတ္ေရးအစိုးရ၊ NUCC အမ်ိဳးသားညီၫြတ္ေရးအတိုင္ပင္ခံေကာင္စီတို႔ကိုပါ တရားဝင္ထိစပ္ ညႇိဳႏႈိင္းေဆြးေႏြးဖို႔ လိုလားပါတယ္။ ၿပီးခဲ့တဲ့လကတုန္းက ထိုင္းက ကမကထလုပ္ၿပီး ျမန္မာစစ္ေကာင္စီဝန္ႀကီးေတြကို ေခၚယူေဆြးေႏြးေတြ႕ဆုံတဲ့ အာဆီယံႏိုင္ငံျခားေရးဝန္ႀကီးတခ်ိဳ႕ရဲ႕ အလြတ္သေဘာေတြ႕ဆုံမႈဟာ အာဆီယံသေဘာထားနဲ႔မညီဘူးဆိုၿပီး စင္ကာပူဖက္က ကန႔္ကြက္တယ္ဆိုတဲ့ သတင္းေတြ ထြက္လာခဲ့ပါတယ္။ လက္ရွိ အလွည့္က်ဥကၠဌ အင္ဒိုနီးရွားႏိုင္ငံအေနနဲ႔ကေတာ့ အာဆီယံဘုံသေဘာထားေတြအတိုင္းပဲ အေကာင္အထည္ေဖာ္လိမ့္မယ္လို႔ ႏိုင္ငံေရးေလ့လာအကဲခတ္သူ ေဒါက္တာစိုင္းၾကည္ဇင္စိုးက ေျပာပါတယ္။

" အရင္ဆုံး အေလးထားၿပီးေတာ့ ဂ႐ုျပဳရမယ့္ဥစၥာက ၿပီးခဲ့တဲ့ ႏိုဝင္ဘာလတုန္းက ဘုံသေဘာတူညီခ်က္ ငါးရပ္ဆိုင္ရာ သုံးသပ္ခ်က္ေပါ့ေနာ္ ဆယ္ခ်က္ရွိတယ္၊ ဆယ္ခ်က္က အဓိက ဘုံသေဘာတူညီခ်က္ကို အေကာင္အထည္ေဖာ္လုပ္ဖို႔အတြက္ အခ်ိန္ကန႔္သတ္ခ်က္ သတ္မွတ္ဖို႔၊ ၿပီးရင္ တိုင္းတာလို႔ရမယ့္ အၫြန္းကိန္းေတြ အဲဒါေတြ ေဖာ္ထုတ္ဖို႔ဆိုတဲ့ဟာ ရွိတယ္။ အဲဒီဟာက ပိုအေရးႀကီးမယ္လို႔ က်ေနာ့အေနနဲ႔ ယူဆတယ္။ အဲဒီမွာ သူတို႔ဘုံသေဘာတူညီခ်က္ ငါးရပ္ကို အေကာင္အထည္ ေဖာ္ဖို႔အတြက္ အစီအစဥ္ေတြ ေရးဆြဲတဲ့အခ်ိန္မွာ ျငင္းရခုံရတာေတြ ရွိလိမ့္မယ္၊ ႏွစ္ဘက္လုံးကေတာ့ ကိုယ္နဲ႔မတည့္တဲ့သူကို ရန္သူ၊ အၾကမ္းဖက္လို႔ ေျပာေနၾကတာပဲ၊ ဒါေပမဲ့ က်ေနာ္တို႔ နားလည္ရမွာက five-point consensus ဟာ ျပည္တြင္းမွာရွိေနတဲ့ အင္အားစုအကုန္လုံးနဲ႔ စကားေျပာဖို႔ ညႇိႏႈိင္းဖို႔ဆိုတဲ့ အဓိကေသာ့ခ်က္ ျဖစ္ေနတယ္။"

စစ္ေကာင္စီအေနနဲ႔ သူတို႔စီစဥ္ထားတဲ့ ေ႐ြးေကာက္ပြဲလမ္းေၾကာင္းကိုပဲ ရႏိုင္သေလာက္ အေကာင္အထည္ေဖာ္ၿပီး၊ ေတြ႕ဆုံညႇိဳႏႈိင္းေရးအပါအဝင္ တျခားနည္းလမ္းေတြနဲ႔ ေျဖရွင္းဖို႔ ေတာင္းဆိုတာေတြကို လိုက္ေလ်ာမယ့္ပုံ မရွိဘူးလို႔ ႏိုင္ငံေရးပါတီတခ်ိဳ႕က ယူဆပါတယ္။

လူ႔အခြင့္အေရးအဖြဲ႕ႀကီး HRW ကလည္း အာဆီယံအေနနဲ႔ ျမန္မာစစ္တပ္ကို ပိုၿပီးျပင္းထန္တဲ့ အေရးယူမႈေတြကို လုပ္သင့္ေၾကာင္း ဒီေန႔ ၾကာသပေတးေန႔မွာ တိုက္တြန္းလိုက္ပါတယ္။ အာဆီယံအေနနဲ႔ ထိေရာက္တဲ့ အေရးယူမႈေတြ အတြက္လည္း ဦးစီးဦး႐ြက္လုပ္ဖို႔ အာဆီယံအလွည့္က် ဥကၠ႒ အင္ဒိုနီးရွားႏိုင္ငံကို HRW က တိုက္တြန္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

{Unicode}

အာဆီယံကိုယ်စားလှယ်သစ် မြန်မာ့အရေး ဘယ်လိုကိုင်တွယ်မလဲ

မြန်မာ့နိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်အဖွဲ့ရုံးကို ဦးဆောင်သွားမယ့် အာဆီယံ အထူးကိုယ်စားလှယ်၊ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဟာ မြန်မာ့အရေးကိစ္စမှာ ဘယ်လိုချဉ်းကပ် ညှိနှိုင်းသွားမလဲဆိုတာ အများက စိတ်ဝင်တစား ရှိနေကြပါတယ်။ အဖွဲ့အစည်းအားလုံးနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုတဲ့ အာဆီယံ အထူးကိုယ်စားလှယ်ရဲ့ ပြောကြားမှုအပေါ်မှာ နိုင်ငံရေး လေ့လာသုံးသပ်သူရဲ့ အမြင်အမျိုးမျိုး ရှိနေပါတယ်။ ဒီအကြောင်း ရန်ကုန်ကသတင်းပေးပို့တာကို ကိုသားညွန့်ဦး ပြောပြမှာပါ။

အရှေ့တောင်အာရှ နိုင်ငံများအသင်း အာဆီယံရဲ့ အလှည့်ကျဥက္ကဋ္ဌဖြစ်လာတဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး Retno Marsudi ဟာ မြန်မာနိုင်ငံအတွက် အထူးကိုယ်စားလှယ်အဖွဲ့ကို ဖွဲ့စည်းသွားဖို့ ရှိနေပါတယ်။ ဒီအဖွဲ့ကို သူကိုယ်တိုင် ဦးဆောင်သွားမှာဖြစ်ပြီး ဘယ်လောက်အထိ အောင်မြင်အောင် စွမ်းဆောင်နိုင်မလဲ ဆိုတဲ့အပေါ်မှာ အမျိုးမျိုး အမြင်ရှိကြပါတယ်။ ပဋိပက္ခဖြစ်ပွားနေတဲ့ အဖွဲ့အစည်းအားလုံးနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ထက် တိုင်းရင်းသား ပြည်သူလူထုရဲ့ တောင်းဆိုချက်ကိုသာ အာဆီယံအနေနဲ့ အလေးထားသင့်တယ်လို့ နိုင်ငံရေး လေ့လာသူတချို့က မြင်ပါတယ်။

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဟာ သံခင်းတမန်ခင်းကနေ ပြဿနာရဲ့ အဖြေကိုရဖို့ စိတ်ဝင်စားနေပုံရကြောင်း မြန်မာ့လူ့အခွင့်အရေးအဖွဲ့ BHRN ရဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ဦးကျော်ဝင်းက ပြောပါတယ်။ စစ်ရာဇဝတ်မှုတွေကျူးလွန်တယ်လို့ နိုင်ငံတကာမှာစွပ်စွဲခံနေရတဲ့ အောဏာသိမ်းမြန်မာစစ်ကောင်စီနဲ့ စေ့စပ်ဆွေးနွေးလို့တော့ အဆင်မပြေနိုင်ဘူးလို့ သူ့အနေနဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးနဲ့ ဒီကနေ့ ဂျကာတာမြို့မှာ တွေ့ဆုံစဉ် ဦးကျော်ဝင်းက ရှင်းပြခဲ့တယ်လို့ ပြောပါတယ်။

"ကျနော်တို့တွေဟာ စကားပြောဖို့၊ Solution တခု ပြေလည်ရေးရဖို့အတွက် စကားပြောရတယ် ဆိုတာကို နိုင်ငံရေးမှာ ချန်လှပ်ထားလို့ မရဘူး၊ ဆုံးဖြတ်ချက်ဆိုတာ စားပွဲဝိုင်းကလာတယ်။ သို့သော်လည်း ကျနော်တို့က ရာဇဝတ်သားနဲ့ စားပွဲဝိုင်းတခုတည်းမှာ ထိုင်ဖို့တော့ အဆင်မပြေနိုင်ဘူး။ အသက်ပေးပြီး ကျနော်တို့ဆီက လူငယ်တွေ စတေးနေတယ်၊ တိုင်းရင်းသားတွေ တိုက်ပွဲဝင်နေတယ် ဒါတွေကို ကျနော်တို့က မျက်ကွယ်ပြုလို့ မရဘူး။ ဒါကတော်တော် အရေးကြီးတဲ့ကိစ္စ။ ဒါကိုမျက်ကွယ်ပြုတဲ့ ဘယ်တတိယနိုင်ငံမဆို၊ ဘယ်ကြားဝင်နိုင်ငံမဆို ကျနော်တို့ လက်မခံဘူးဆိုတဲ့ ပြတ်သားတဲ့ အဖြေတခု ပေးထားဖို့လိုတယ်။ အမြော်အမြင်မရှိတဲ့ ဦးဆောင်မှု မှန်သမျှ အားလုံးကိုလည်း လက်ခံလို့မရဘူး။ တိုင်းရင်းသားဒေခံတွေ၊ လူငယ်တွေ သူတို့ရဲ့ တောင်းဆိုချက်က ဘာလဲ၊ ဒါကိုနံပတ်တစ် ဖြစ်ရမယ်။ ပါတီပေါ်လစီတွေ၊ ပါတီခေါင်းဆောင်ပိုင်းက ပြောခဲ့တဲ့ ဆုံးမစကားတွေကို ဒီနေရာမှာ လာပြောလို့မရဘူး။ ယနေ့လက်ရှိ မျက်မှောက်ကာလမှာ မြန်မာပြည်အတွက် အကောင်းဆုံအဖြေက ဘာလဲဆိုရင် စစ်တပ်က နိုင်ငံရေးက လုံးဝ၊ လုံးဝ ထွက်သွားဖို့ပဲရှိတယ်။ ဒါကို ကျနော်တို့က အဓိကပြောရမှာ။ ဒါကို ဒီက meeting ထဲမှာ၊ နိုင်ငံခြားရေးဝန်ကြီးနဲ့လည်း meeting ဖြစ်တယ်၊ တခြား အုပ်စုတွေနဲ့လည်း meeting ဖြစ်တော့ ကျနော့ရဲ့ အဓိက ဒီနေ့ပေးတဲ့ message ကတော့ အင်ဒိုနီးရှားရဲ့အပေါ်မှာ ဒီ message ပဲပေါ့နော်။"

မြန်မာ့အရေးနဲ့ပတ်သက်လို့ အာဆီယံဘုံသဘောတူညီချက် ၅ ရပ် ရှိတယ်ဆိုပေမယ့်၊ အာဆီယံနိုင်ငံတွေအကြား မြန်မာ့အရေးချည်းကပ်မှုမှာ မတူညီတာတွေရှိပါတယ်။ ထိုင်း၊ ကမ္ဘောဒီယား စတဲ့နိုင်ငံတွေက မြန်မာစစ်ကောင်စီကို နီးနီးကပ်ကပ်ဆက်ဆံပြီး အပြောင်းအလဲဖြစ်စေဖို့ လိုလားသလို၊ မလေးရှားလို နိုင်ငံမျိုးကတော့ စစ်ကောင်စီအပြင် NUG အမျိုးသားညီညွတ်ရေးအစိုးရ၊ NUCC အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီတို့ကိုပါ တရားဝင်ထိစပ် ညှိုနှိုင်းဆွေးနွေးဖို့ လိုလားပါတယ်။ ပြီးခဲ့တဲ့လကတုန်းက ထိုင်းက ကမကထလုပ်ပြီး မြန်မာစစ်ကောင်စီဝန်ကြီးတွေကို ခေါ်ယူဆွေးနွေးတွေ့ဆုံတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတချို့ရဲ့ အလွတ်သဘောတွေ့ဆုံမှုဟာ အာဆီယံသဘောထားနဲ့မညီဘူးဆိုပြီး စင်ကာပူဖက်က ကန့်ကွက်တယ်ဆိုတဲ့ သတင်းတွေ ထွက်လာခဲ့ပါတယ်။ လက်ရှိ အလှည့်ကျဥက္ကဌ အင်ဒိုနီးရှားနိုင်ငံအနေနဲ့ကတော့ အာဆီယံဘုံသဘောထားတွေအတိုင်းပဲ အကောင်အထည်ဖော်လိမ့်မယ်လို့ နိုင်ငံရေးလေ့လာအကဲခတ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုးက ပြောပါတယ်။

" အရင်ဆုံး အလေးထားပြီးတော့ ဂရုပြုရမယ့်ဥစ္စာက ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက ဘုံသဘောတူညီချက် ငါးရပ်ဆိုင်ရာ သုံးသပ်ချက်ပေါ့နော် ဆယ်ချက်ရှိတယ်၊ ဆယ်ချက်က အဓိက ဘုံသဘောတူညီချက်ကို အကောင်အထည်ဖော်လုပ်ဖို့အတွက် အချိန်ကန့်သတ်ချက် သတ်မှတ်ဖို့၊ ပြီးရင် တိုင်းတာလို့ရမယ့် အညွန်းကိန်းတွေ အဲဒါတွေ ဖော်ထုတ်ဖို့ဆိုတဲ့ဟာ ရှိတယ်။ အဲဒီဟာက ပိုအရေးကြီးမယ်လို့ ကျနော့အနေနဲ့ ယူဆတယ်။ အဲဒီမှာ သူတို့ဘုံသဘောတူညီချက် ငါးရပ်ကို အကောင်အထည် ဖော်ဖို့အတွက် အစီအစဉ်တွေ ရေးဆွဲတဲ့အချိန်မှာ ငြင်းရခုံရတာတွေ ရှိလိမ့်မယ်၊ နှစ်ဘက်လုံးကတော့ ကိုယ်နဲ့မတည့်တဲ့သူကို ရန်သူ၊ အကြမ်းဖက်လို့ ပြောနေကြတာပဲ၊ ဒါပေမဲ့ ကျနော်တို့ နားလည်ရမှာက five-point consensus ဟာ ပြည်တွင်းမှာရှိနေတဲ့ အင်အားစုအကုန်လုံးနဲ့ စကားပြောဖို့ ညှိနှိုင်းဖို့ဆိုတဲ့ အဓိကသော့ချက် ဖြစ်နေတယ်။"

စစ်ကောင်စီအနေနဲ့ သူတို့စီစဉ်ထားတဲ့ ရွေးကောက်ပွဲလမ်းကြောင်းကိုပဲ ရနိုင်သလောက် အကောင်အထည်ဖော်ပြီး၊ တွေ့ဆုံညှိုနှိုင်းရေးအပါအဝင် တခြားနည်းလမ်းတွေနဲ့ ဖြေရှင်းဖို့ တောင်းဆိုတာတွေကို လိုက်လျောမယ့်ပုံ မရှိဘူးလို့ နိုင်ငံရေးပါတီတချို့က ယူဆပါတယ်။

လူ့အခွင့်အရေးအဖွဲ့ကြီး HRW ကလည်း အာဆီယံအနေနဲ့ မြန်မာစစ်တပ်ကို ပိုပြီးပြင်းထန်တဲ့ အရေးယူမှုတွေကို လုပ်သင့်ကြောင်း ဒီနေ့ ကြာသပတေးနေ့မှာ တိုက်တွန်းလိုက်ပါတယ်။ အာဆီယံအနေနဲ့ ထိရောက်တဲ့ အရေးယူမှုတွေ အတွက်လည်း ဦးစီးဦးရွက်လုပ်ဖို့ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံကို HRW က တိုက်တွန်းထားပါတယ်။

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG